Monday, October 17, 2011

Desktop icon toy v-4.5 (latest version)

ဒါကတော့ Desktop မှာ ရှိတဲ့ icon လေးတွေကို ပုံစံအမျိုးမျိုး လုပ်လို့ရတဲ့ program ပါ စက်ဝိုင်းပုံတို့ အသဲပုံတို့၊ နာရီပုံတို့ အစုံလုပ်လို့ရပါတယ် . ပြီးတော့ အခုတင်ပေးထားတဲ့ version က နောက်ဆုံးထွက် version ပါ. အထဲမှာ keygen ပါ ထည့်ပေးထားပါတယ် . keygen ကို မသုံးတတ်ရင် ပြောပါဦးမယ် . မိမိနာမည်ကို ရိုက်ထည့်ပြီး generate ကို နှိပ်လိုက်ပါ registration code တစ်နည်းအားဖြင့် serial number ပေါ်လာပါလိမ့်မယ် . အောက်က ပြောပြတဲ့အထဲမှာ ထည့်ရမှာပါ။

key ဘယ်လိုထည့်ရမလဲ။
  1. နာရီပုံစံနားတွေဘာတွေရှိတဲ့ taskbar ညာဖက်အခြမ်းမှာ Desktop icon toy icon လေး ပေါ်နေပါလိမ့်မယ်.
  2. သူ့ကို right click ထောက်လိုက်ပြီး option ကို ၀င်လိုက်ပါ။
  3. ပြီးလျှင် register info ကို နှိပ်လိုက်ပါ။
  4. အပေါ်မှာ keygen ကနေ ယူထားတဲ့ user name နဲ့ serial number ကို ရိုက်ထည့်ပြီး Ok ကို နှိပ်ပေးလိုက်ပါ။ ဒီမှာဆွဲလိုက်ပါ

adobe premiere video တည်းဖြတ်ခြင်းစာအုပ် (မြန်မာလို)

တောင်းထားတဲ့ ညီလေးတစ်ယောက်ရှိလို့ တင်ပေးလိုက်ပါတယ် . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် . ဦးအောင်လင်းရေးထားတဲ့ စာအုပ်လေးပါ။ လိုချင်တဲ့သူများ အောက်မှာ download လုပ်လိုက်ပါ . adobe premiere cs4 နဲ့ cs5 ကို နဲနဲအားတာနဲ့ တင်ပေးလိုက်ပါ့မယ် . တောင်းထားတာကလဲများတယ် ဆိုတော့ အတတ်နိုင်ဆုံးတော့ အားတဲ့အချိန်လေးကို ဖဲ့ပြီးတော့ တင်ပေးနေတာပါပဲ. တစ်ချို့မေးခွန်းတွေ ဖြေတာနောက်ကျ တဲ့အခါမျိုးမှာ နားလည်ပေးစေချင်ပါတယ် . ဒီမှာသွားဆွဲလိုက်ပါ

မြန်မာအသင်းကို မြန်မာတို့ အားပေးပုံ

ကမ္ဘောဒီးယားတွင် ယမန်နေ့က ပြုလုပ်သည့် မဲခေါင်ဒေသတွင်း ၆ နိုင်ငံ အသက် ၂၁ နှစ်အောက် ဖိတ်ခေါ်ဖလား ဗိုလ်လုပွဲတွင် မြန်မာပရိသတ်တချို့၏ အားပေးပုံကို Soccer Myanmar/Facebook တွင် အထက်ပါအတိုင်း တွေ့ရသည်။ ၎င်းတို့ထဲမှ တဦးကို ပုဆိုးခါးတောင်းကျိုက်၊ မင်ကြောင်ပုံ၊ အလံတို့ဖြင့် တွေ့ရသည်။ဗိုလ်လုပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် နိုင်သွားသည်။

ကမ္ဘောဒီးယားလူမျိုးတွေက ထိုင်းတွေကို မုန်းပြီး မြန်မာကို ချစ်ကြတယ်လို့ သိရပါတယ်။
သူတို့နိုင်ငံကို ထိုင်းတွေက မတရာကျူးကျော်ခဲ့၊ကျူးကျော်နေတုန်းလို့လဲ မြန်မာတွေ ထိုင်းကို ကျူးကျော်ခဲ့ပုံကို အရသာခံပြီးထိုင်းတွေကို နံနှိမ်ကြပါတယ်။ အထက်က မြင်နေရတဲ့ လူငယ်ကတော့ မြန်မာမဟုတ်ဘဲ ကမ္ဘောဒီးယားသား တစ်ယောက်ယောက်က အလောင်းဘုရား ဦးအောင်ဇေယျပုံ ဟန်ပြင်ထားတာဖြစ်နိုင်ပါတယ်။ မြန်မာဘက်ကို ကမ္ဘောဒီးယားတွေ အားပေးမှာကတော့ ၁၀၀% ရာနှုန်းပဲဗျို့၊ ထိုင်းတွေလဲ သနားပါတယ် ၊ သူတို့ရဲ့ မြို့ဟောင်း အယုဒ္ဓယမြို့လေး ရေလွှမ်းခံရ၊ တစ်နိုင်ငံလုံးနီးပါး ဒုက္ခ၊သုတ်ခများနေရတဲ့အထဲ ဘောလုံးပွဲကလဲရှုံးလိုက်သေးတယ်။ ကြည့်ရတာ သူတို့နိုင်ငံအရေးတွေးပြီး ဘောကန်နေရလို့ မြန်မာတွေနိုင်သွားတာပဲဖြစ်မှာပါလေ၊ အာဆီယံနိုင်ငံများ ဘယ်လောက် ညီလိုက်သလဲဆိုတာ ကြည့်ကြပေတော့ဗျာ၊ စင်ကာပူ၊ မလေးရှား၊ မြန်မာနိုင်ငံတွေလို အိမ်နီးချင်းတွေ သနားကရုဏာသက်ကြောင်း ၊ လိုအပ်တာရှိယင် ကူညီမှာဖြစ်ကြောင်း ထိုင်းနိုင်ငံကို သ၀ဏ်လွှာလေးဘာလေ ပို့ပြီး ထိုင်းပြည်သူတွေရဲ့ ဒုက်ခမီးတွေ ငြိမ်းပေးဖို့ မေ့နေကြပြီဗျို့၊ ညီလိုက်တဲ့ အာဆီယံ။

Saturday, October 15, 2011

Internet Download Manager 6.06 Beta Build 5

အထဲမှာ keygen ကော patch ကော နှစ်မျိုးစလုံး ထည့်ထားပေးပါ့တယ် . internet download manager ကတော့ အင်တာနက် သုံးတဲ့သူတိုင်း သုံးနေတာဖြစ်တဲ့အတွက် မရှိမဖြစ်လိုအပ်မယ်ထင်လို့ တင်ပေးလိုက်ပါတယ် . latest version ပါပဲ . အဆင်ပြေပါစေလို့ မျှော်လင့်ပါတယ် .

သွားဆွဲလိုက်ပါဒီမှာ

laptop ပြုပြင်နည်းနှင့်သိသင့်စရာများ (မြန်မာလို)

ဒါကတော့ laptop ပြုပြင်နည်းနှင့်သိသင့်စရာများ ဆိုတဲ့ စာအုပ်ကလေးပါ . သန်းထိုက်(ရွှေရိပ်)ရေးထားတာပါ. laptop နဲ့ desktop က သဘောတရားချင်း တူတယ်လို့ ဆိုပေမယ့် တည်ဆောက်ပုံချင်း နည်းနည်းလေး ကွဲပါတယ်. desktop ကကျတော့ ကျယ်ပြန့်တဲ့ casing ပုံးခွံထဲမှာ ထည့်ပြီး ပေါ့ပေါ့ပါးပါး သုံးလို့ရပေမယ့်. laptop ကျတော့ တစ်လက်မလောက်သာသာပဲ ရှိတဲ့ laptop အခွံထဲမှာ အားလုံး ပြွတ်သိပ်ပြီး ကွန်ပျူတာတစ်လုံးဖြစ်လာအောင် တပ်ဆင်ထားရတာ တစ်ကယ်တော့ မလွယ်ပါဘူး. desktop သမားများက (၂)နှစ် (၃)နှစ်လောက် ဖုံတက်ချင်တက်ဆိုပြီး ပစ်ထားပေမယ့် ပုံးကကျယ်တော့ လေ၀င်လေထွက်ကောင်းတယ်လေ. speed သိပ်ပြီး သိသိသာသာမကျဘူး. laptop ကျတော့ ၃ နှစ်လောက်လဲ ပစ်ထားမယ်. သန့်ရှင်းရေးလဲမလုပ်ဘူး. ဖြစ်သလိုသုံးမယ်ဆိုရင်တော့ speed သိသိသာသာကျပြီး laptop က ထွက်တဲ့ အပူချိန်ကလဲ သိသိသာသာ မြင့်တက်လာမှာဖြစ်ပါတယ်. ပြောတာနဲ့ ဘယ်ရောက်သွားမှန်း မသိတော့ဘူး. ဒီစာအုပ်ကလေးကို ဖတ်ပါ. သိသင့်တာလေးတွေ သိလာပါလိမ့်မယ်. လိုချင်ရင်အောက်မှာ Download လုပ်လိုက်ပါ.  ဒေါင်းလော့ဆွဲလိုက်ပါ  ဒီမှာလေ


computer service သမားများအတွက် Pc Mechanic (မြန်မာလို

ဒါကတော့ ဦးဇော်လင်း ရေးထားတဲ့ Pc Mechanic ဆိုတဲ့ စာအုပ်ပါ. Hardware သမားများအတွက် ဖြစ်ပါတယ်. ကွန်ပျူတာ တစ်လုံး တစ်စုံတစ်ရာ တစ်ခုခုဖြစ်ပြီ ဆိုရင် (တစ်နည်းအားဖြင့် ပျက်ပြီဆိုရင်) ဘာ့ကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ ကို ဖြစ်နိုင်ခြေတွေကို စဉ်ခြင်သုံးသပ်ရပါတယ်. ဒီစာအုပ်ကလေး မှာ ဖြစ်နိုင်ခြေတွေကို အခြေခံ သုံးသပ်တတ်အောင်လို့ ရေးပေးထား ပါတယ်. ဖြစ်နိုင်ခြေ အများဆုံးကို အရင်ဆုံးအဖြေရှာရမှာ ဖြစ်ပါတယ်. ဟိုဟာ ဟုတ်နိုးနိုး ဒီဟာဟုတ်နိုးနိုးနဲ့ စမ်းနေလို့ကတော့ တစ်ပတ်နေလဲ ကွန်ပျူတာရဲ့ ပျက်တာရဲ့ အဖြေကို သိရမှာ မဟုတ်ပါဘူး. အဲ့တော့ ကွန်ပျူတာ ပြင်မယ် service သမား တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်ထဲက အကြောင်းအရာတွေကို မဖြစ်မနေ သိထားရမှာ ဖြစ်ပါတယ်. စက်တစ်လုံးကို မီးပလပ်ထိုးပြီးတော့ ဖွင့်ကြည့်လိုက်တာနဲ့ အနည်းဆုံး ဖြစ်နိုင်ခြေ သုံးမျိုးလောက်ကို တန်းသိရပါမယ်. ဒီလိုသိနိုင်အောင်လဲ ဖြစ်နိုင်ခြေ ပြဿနာတွေကို လေ့လာထားရပါ့မယ်. မဟုတ်ရင် customar ရှေ့မှာ အထင်သေး ခံရတတ်မယ်မယ့်အပြင် အလုပ်ကိုလဲ နှောင့်နှေးစေပါတယ်. အဓိကပြောချင်တာကတော့ မိမိကိုယ်ကိုယ် service သမားလို့မှ ခံယူထားတယ်ဆိုရင်တော့ ဒီစာအုပ်လေးကို မဖြစ်မနေ ဖတ်ပေးပါလို့ တိုက်တွန်းချင်ပါတယ်. လိုချင်တဲ့သူများ  ဒီမှာ Download လုပ်လိုက်ပါ.

ထားဝယ်ရှင်ကိုးရှင်ဘုရားများ

မြန်မာပြည်တောင်ဘက်ပိုင်းကတနင်္သာရီ
တိုင်းဖွါး ထားဝယ်သားတွေအဖို့ဂုဏ်ယူစ
စရာခေတ်အဆက်ဆက်ကိုယ်းကွယ်ခဲ့
သောရှင်ကိုးရှင်ဘုရားများဖြစ်ပါတယ်။
လူမျိုးမခွဲကြေးဆိုပေမဲ့သမိုင်းကိုတော့
ညာလို့မရဘူး။အဲဒီသမိုင်းတွေဟာလူမျိုး
စုတွေရဲ့ဖြစ်တည်မူပဲ့။ဒေသတစ်ခုရဲ့သ
မိုင်းကြောင်းကိုသိရင်အဲဒီဒေသရဲ့လူမျိုးနွ
ယ်ကိုခန့်မှန်းလို့ရတယ်။များသောအားဖြစ်တော့ရှေးခေတ်လူကြီးတွေဟာလူမျိုးသမိုင်းတွေကိုဘုရားတည်ရင်းထားခဲ့
ကြတယ်။နောက်လူနောက်သားများ ကုသိုလ်ပွါးပြီး သမိုင်းအမှန်ကိုသိအောင်တည်ထားခဲ့ကြတယ်။ငါတို့ထားဝယ်
ကလူတွေ ထားဝယ်လူမျိုးမပြောက်အောင် ထားဝယ်သမိုင်း ဘုရားသမိုင်းတွေကိုသိထားသင့်တယ်။










...

Friday, October 14, 2011

ရခိုင်ရနာသိုက်ညွန်းစာအုပ်

စာရေး ဆရာ သန်းဆွေတင့် ရေးသားသော ရခိုင်သမိုင်း နောက်ခံ အခြေပြု “ ဘဲငါးရာတောင်ပေါ်က ရတနာသိုက်” ၀တ္ထု စာအုပ်ကို မိုးကျော် စာပေက ထုတ်ဝေ ဖြန့်ချီလိုက်ကြောင်း သတင်း ရရှိသည်။နိရဉ္စရာမှ မိုးကျော် စာပေအား အဆိုပါ စာအုပ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ ဆိုင်တာဝန်ခံမှ အဆိုပါ စာအုပ်နှင့် ပတ်သက်ပြီး ယခုလို ပြောကြားသည်။ " ဟုတ်ကဲ့အကို၊ စာအုပ်က ရခိုင်ဘက်က အကြောင်းကို အခြေခံပြီးရေးသားထားပါတယ်။ စာအုပ်ရောင်းဈေးက ၁၂၀၀ ကျပ်ပါ။ သိပ်အရောင်းရကြီးတော့ မဟုတ်ပါဘူး။ လူတွေက တစ်အုပ်စ နှစ်အုပ်စတော့ လာဝယ် နေကြတယ်။ စာအုပ် ကျေညာက စထွက်လာတုန်းဘဲ ရှိတော့ နောက်ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ မသိရသေးဘူးနော်" ဟု ပြောသည်။

ဘဲငါးရာတောင်ပေါ်က ရတနာသိုက် ၀တ္ထုနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ စာအုပ်စင် ကဏ္ဍက ဖေါ်ပြရာတွင် " အဆိုပါ စာအုပ်သည် ရာဇ၀င်ကို အခြေခံ ရေးသားထားသော ၀တ္ထု ဖြစ်ပြီး သက်တိုင်းရင်းသားတို့၏ မထင်မရှား ပျောက်ကွယ်နေသော ရာဇ၀င် တစ်ပိုင်းတစ်စကို အကြောင်းပြု ဖြစ်ပေါ်လာသော ရှားပါး ၀တ္ထု တစ်ပုဒ်ကား အမှန်ပင် ဖြစ်သည်" ဟု ဖေါ်ပြထားသည်။

ဘဲငါးရာတောင်ပေါ်က ရတနာသိုက် ၀တ္ထုစာအုပ်မှာ ရှေးရခိုင်ဘုရင်များ ဘဲငါးရာတောင်ပေါ်တွင် ၀ှက်ထားခဲ့သော ရတနာသိုက်ကို အခြေခံပြီး ရေးသားထားသော စာအုပ် ဖြစ်သဖြင့် ရတနာသိုက် တည်ရှိမူမှာ သမိုင်းဆိုင်ရာ အရ အချက်အလက်များ ကိုက်ညီမူ ရှိပါသလားဟု သမိုင်းသုတေသီ တစ်ဦး ဖြစ်သူ မြောက်ဦးမြို့မှ ဦးကျော်ထွန်းအောင်အား မေးမြန်းရာ သူက ယခုလို ပြောသည်။

" သမိုင်းအရ ခုနှစ် သက္ကရာဇ်တွေ အကုန်လုံးလွဲနေပါတယ်။ ဗမာ ရာဇ၀င်တွေအအရ ပုဂံက စောမွန်နှစ်နဲ့ ရခိုင်က စုလစန္ဒြားမင်းနောက်ပိုင်း ငမင်းငတုံး မင်းတို့ဟာ ခေတ်ပြိုင် မဟုတ်ဘူး။ နှစ်ပေါင်း ၅၀၀ လောက်ကွာနေပါတယ်။ စောမွန်နှစ်ဆိုတာက ပုဂံ ခေတ် အလယ်ပိုင်းလောက်မှာ ဖြစ်တယ်လို့ ဗမာရာဇ၀င်တွေမှာ ရေးတယ်။ ဒါကြောင့် သမိုင်းအရ ခုနှစ် သက္ကရာဇ်တွေ လွဲနေတာကို တွေ့ရပါတယ်" ဟု ပြောသည်။

သို့သော် အဆိုပါ ရတနာ သိုက်နဲ့ ပတ်သက်ပြီး ဆရာက ယခုလို ဆက်ပြောသည်။

" ရခိုင်မှာ ရှေးရခိုင်ဘုရင်တွေ ၀ှက်ထားခဲ့တဲ့ ရတနာသိုက်တွေ အများကြီးပါ။ ဒါပေမယ့် ဘဲငါးရာတောင်မှာ ၀ှက်ထားခဲ့တဲ့ ရတနာသိုက်ဟာ အမှန်တကယ် ရှိသလား မရှိဘူးလားဆိုတာကိုတော့ မပြောတတ်ဘူး။ ပါးစပ် ရာဇ၀င်မှာတော့ ရှိတယ်။ ဒါပေမယ့် ခုလို ထုတ်ဖေါ် ရေးသားတဲ့ အတွက် ရခိုင် လူမျိုးတွေ အတွက် အကျိုး ရှိမလား၊ မရှိဘူးလားဆိုရင် ဆရာအမြင်က အကျိုးမရှိဘူးလို့ မြင်တယ်။ ဘာကြောင့် အကျိုးမရှိဘူးလို့ ပြောရသလဲ ဆိုရင် အချိန်အခါ အခြေအနေက ဒီလို ကိစ္စတွေကို ထုတ်ဖေါ်ရေးသားဖို့ မသင့်တော်ဘူးလို့ ထင်တဲ့ အတွက်ပါ" ဟု ဆရာက ပြောသည်။

၎င်းပြင် ဆရာက ယခု စာအုပ်အား ဒေသအတွင်းမှ မူလတန်း ကျောင်းအုပ်ကြီး ဆရာတစ်ဦးမှ စတင် ထုတ်ဖေါ်ရေးသားရာမှ ယခုလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားကြောင်း ဆရာက ဆက်ပြောသည်။

"အဲဒီဆရာကြီးက ဒီစာအုပ်ကို ထုတ်ဖေါ်ရမယ်ဆိုတော့ မလုပ်သင့်ဘူးလို့ ကျနော်တို့က ထောက်ပြ ပြောဆိုပေမယ့် မရဘူး။ ဖေါ်ထုတ်ဖို့ လိုတယ်ဆိုပြီး ထုတ်ဖြစ်အောင် ထုတ်တယ်။ အဲဒီနောက်ပိုင်းမှာ ထွန်းကျော်ရီ (စစ်တွေ) က ဘဲငါးရာတောင်က ရတနာသိုက် အကြောင်းကိုရေးတယ်။ အခုတော့ ဆက်ပြီး ဆက်ပြီး ဒီရတနာသိုက်ကို ဖေါ်ထုတ်လာကြတာ ဖြစ်ပါတယ်" ဟု ပြောသည်။

အဆိုပါ ဘဲငါးရာတောင်ပေါ်က ရတနာသိုက် စာအုပ်ကို မိုးကျော်စာပေ အမှတ် (၃၈၅မျဉ်းစောင်း ၃၈၇)၊ ၂၉ လမ်းနှင့် ရွှေဘုံသာလမ်း (အထက်) ဖုန်း ၇၀၄၂၉၇၊ ၃၈၉၅၅၈၊ ၀၉ ၇၃၀ ၂၉၁ က ဖြန့်ချီလိုက်ကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------

ဘဲငါးရာတောင် ရတနာသိုက်နှင့် ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာနမှ ဖေါ်ပြခဲ့သော သတင်းကို အောက်တွင် ဖတ်ရှု့နိုင်ပါသည်။

ဘဲငါးရာတောင်တွင် ရှေးရခိုင် ဘုရင်များ၏ ၀ှက်ထားခဲ့သော ရတနာသိုက် ရှာတွေ့ပြီ ဖြစ်ကြောင်း ပြည်တွင်း မီဒီယာ တစ်ခုက ထုတ်ဖေါ်ရေးသား

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ဘဲငါးရာ တောင်အနီး ရှေးရခိုင် ဘုရင်များ မြှုပ်နှံထားသော ဘုရင့်ရတနာ သိုက်ကို ခေတ်မီ High Tech (NASA-Technology Digital Image)နည်းဖြင့် ရှာဖွေ တွေ့ရှိ နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြည်တွင်း မီဒီယာ တစ်ခုက ထုတ်ဖေါ် ရေးသားသည်။

မေသဇင်ဆိုသူ သတင်းထောက်ရေးသားသော သတင်းကို ဇွန်လ ၉ ရက်နေ့က ရန်ကုန် မီဒီယာ အုပ်စုက အင်တာနက် စာမျက်နာတွင် ထိုသို့ ထုတ်ဖေါ်ရေးသားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းတွင် ရှေးရခိုင် ဘုရင်များ မြှုပ်နှံထားသော ရတနာသိုက် နေရာကိုံငါ့ High Tech Geology (NASA ထုတ်ထားသော ဂြိုဟ်တု Lan-dsat-7 ETM+(2000) Digital Image Data ရှိ Spectrum လိုင်းများကို အထူးပြုလေ့လာခြင်း ဖြင့် ၎င်းင်းရတနာသိုက်များမြှုပ်နှံထားသည့် နေရာရှစ်နေရာတွေ့ရှိရသည်ဟု Global 9 Education မှသိရကြောင်း ဖေါ်ပြသည်။

ထို့ပြင် ယင်း နေရာများကို ကွင်းဆင်းတိုင်းတာပြီးမှ မြှုပ်နှံ သည့်နေရာကိုအတည် ပြုထားခြင်းဖြစ် ကြောင်း ဖေါ်ပြသည်။

''ဒီရှေးဟောင်းဘုရားတွေမြှုပ် နှံထားတဲ့နေရာကို တရားဝင်တူးဖော်ချင်ရင် နိုင်ငံတော်ကနေ တရားဝင်ခွင့်ပြုမိန့်တောင်း ခံရမယ်။ ပြီးရင် အဲဒီနေရာတွေကို ကွင်းဆင်း အသေးစိတ်တိုင်းထွာပြီးမှ စနစ်တကျ တူးဖော်သင့်ပါတယ်။ ရှေးဘုရင် တွေမြှုပ်နှံထားတဲ့ ရတနာသိုက်တကယ်ရှိပြီ ဆိုတာကိုတော့ အတည်ပြုလို့ရပါပြီ''ဟု ဒဂုံ တက္ကသိုလ်ဘူမိဗေဒဌာနမှအငြိမ်းစား ပါ မောက္ခ ဦးစိုးသိန်းက ပြောကြောင်း ဖေါ်ပြသည်။

ယင်းရတနာသိုက်နေရာအား လွန်ခဲ့သည့်ငါးလလောက်က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရဟု ပြောသည်။

ဘဲငါးရာတောင်သည် ရခိုင် ပြည်နယ် ပုဏ္ဏားကျွန်းမြို့၏ မြောက်ဘက် ၁၆ မိုင်အကွာ ကုလားတန်မြစ် အနောက် ဘက်ကမ်း ယိုးတရုတ်စံပြကျေးရွာကြီးအနီး စစ်တွေ-ရန်ကုန်ကားလမ်းမကြီး၏ အနောက်ဘက် တစ်မိုင်ခန့် အကွာတွင် တည်ရှိသည်။ တောင်ထိပ်၏ အမြင့်မှာ ပေ ၁၃၆၀ခန့် မြင့်မားပြီး အရှည် ၅၆၃ ပေ နှင့် အကျယ် ၄၆ပေရှိကာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၏ ဗဟိုချက်မတွင် တည် ရှိကြောင်း သိရသည်။

အဆိုပါတောင်တန်း၏ အနီး ၀န်းကျင်တွင် မြတ်စွာဘုရား၏ဓာတ်တော်၊ မွေတော်များဌာပနာသော သမိုင်းဝင်စေတီ တော်များတည်ရှိကာ ဤဘဲငါးရာတောင် ပေါ်တွင် ဘဲများ နေထိုင် ကျက်စား ခဲ့ဖူးကြောင်း၊ ယင်းကိုအစွဲပြု၍ဘဲငါးရာတောင်ဟုအမည် တွင်လာခြင်းဖြစ်ကြောင်းသိရသည်။ ရှေး ရခိုင်ဘုရင်များသည် စစ်ရှုံး၍ ဘေးလွတ်ရာ သို့ထွက်ပြေးသောအခါ ၎င်းင်းတို့သယ်ဆောင် နိုင်သော အဖိုးတန် ရတနာပစ္စည်းများ ပါတစ် ပါတည်းသယ်၍ ဘေးလွတ်ရာသို့ပြေးလေ့ရှိ သည်ဟု ဆိုသည်။

အေဒီ ၆၃၈ခုနှစ်တွင် နတ် ရွာစံ သောဝေသာလီခေတ်စန္ဒြားမင်းဆက် ကိုးဆက်မြောက် စူလစန္ဒြားမင်း နတ်ရွာစံစဉ် မိဖုရားကြီးစန္ဒာဒေ၀ီ၏သားတော်သက် မင်း ငအောင်လာမှ ထွက်ပြေးတိမ်းရှောင်စဉ်ပါ လာသော နန်းစဉ်ရတနာရွှေ၊ ငွေကျောက် သံပတ္တမြားတို့ကို ရန်သူ၏လက်မှလွတ်ကင်း စေရန် ဘဲငါးရာ တောင်ထိပ်ရှိ အနောက် တောင်ဘက်တွင် ယန္တရားအစီအမံများဖြင့် တွင်းတူးကာ မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါ ရတနာသိုက် မပျက်စီးမဆုံးရှုံးရအောင် ဘဲငါးရာရှင်မနှင့် နတ်ကောင်း နတ်မြတ်တို့အား ကူညီစောင့် ရှောက်ပေးတော်မူပါဟု တိုင်တည်ကာ အဓိ ဋ္ဌာန်ပြုထားခဲ့သည်ဟု ဆိုသည်။

အဆိုပါရတနာသိုက်အား မက် မောသော ပုဂံမင်းစောမွန်နစ်မှာစုံစမ်းရှာ ဖွေရင်း စမ်းမတွိမြို့ကို တိုက်ခိုက်ခဲ့ပြန်သည်။ ဘုရင်သက်မင်းငအောင်လာသည်လည်း မြှုပ် နှံထားခဲ့သည့်ရတနာတို့ကို မယူနိုင်တော့ဘဲ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်၌ပင် နတ်ရွာစံခဲ့သည်ဟု ဆိုသည်။

(စမ်းမတွိ-ကုလားတန်မြစ် လက်တက်တစ်ခုဖြစ်သော စမ်းမတွိချောင်း၊ ထိုနေရာတွင် နန်းမြို့ တည်ခဲ့ခြင်းဖြစ်သည်) ပုဂံမင်း ဘုရင် စောမွန်နစ်မှာလည်း အဆိုပါ ရွှေ၊ ငွေ၊ ရတနာများကို ရှာမတွေ့ခဲ့ဘဲ နောက်ပြန်လှည့်သွားခဲ့ရသည်ဟုဆိုသည်။

ဘဲငါးရာတောင်တွင် ရတနာ သိုက်ရှိသည်ဟု လူအများသိရှိလာသည့် အခါသိုက်တူးသမားများ မကြာခဏ လာ ရောက်ခဲ့ကြပြီး ရတနာသိုက်ရယူရန် ကြိုး စားခဲ့ကြသော်လည်း အကြောင်းတစ်ခုခု ကြောင့် အစီအစဉ်ပျက်သွားတတ်သည်ဟု ဘဲငါးရာတောင်မှ ရှေးလူကြီးများက ပြော ကြသည်။

ထို့ပြင် ဘဲငါးရာတောင်ရိပ်ထိုး သော ပတ်ဝန်းကျင်ကျေးရွာဒေသများတွင် ဘဲမွေးကာ စားသောက်ခြင်း၊ ဘဲဥစားခြင်း မရှိရဆိုသည့် အယူအဆမှာ ၎င်းင်းဒေသရှိ ရှေးဘိုးဘေးစဉ်ဆက်ကပင် ယုံကြည်ကျင့် သုံးလာခဲ့ကြသည်မှာ ဤတောင်၏ထူးခြား ချက်ပင်ဖြစ်ကြောင်းသိရသည်။ ယင်းတောင် တွင် နှစ်စဉ် တန်ဆောင်မုန်း လပြည့်နေ့ည ၌ အတ္တလောက၊ ပရလောက သားတို့လာ ရောက်ဆေးပေါင်းလေ့ ရှိသည်ဟု ဒေသခံ များက ယုံကြည်နေကြဆဲပင်ဖြစ်သည်။

''ပြီးခဲ့တဲ့ငါးလလောက်က ဖလား ၀ါးနယူးစ်ဂျာနယ်မှာ အခန်းဆက်ပါခဲ့တဲ့ ဦးထွန်းကျော်ရီ(စစ်တွေ)ရဲ့ ဆောင်းပါးကို ဖတ်ပြီး နှစ်ပတ်အတွင်းမှာပဲ ဒီရှေးဟောင်း ရတနာတွေ မြှုပ်နှံထားတဲ့နေရာကို ရှာခဲ့ တယ်။ အဲဒီနှစ်ပတ်အတွင်းမှာပဲ ရှာတွေ့ခဲ့ တာပါ။ အဲဒီနောက်ပိုင်း သတင်းထုတ်ပြန် ဖို့ တော်တော် လေး စဉ်းစားနေခဲ့ရတယ်။ မတော်လောဘသမားတွေနဲ့ မသမာသူတွေ သိသွားမှာ စိုးတယ်။ သမိုင်းဝင်လဲ ဖြစ်တာ ကြောင့် အစိုးရခွင့်ပြုချက်နဲ့မှ တူးခွင့်ရမှာ မို့လို့ပေါ့'' ဟု ဦးစိုးသိန်းက ဆက်လက်ပြော ပြခဲ့သည်။ အထက်ဖော်ပြပါသတင်းဆောင်း ပါးအား ဦးထွန်းကျော်ရီ(စစ်တွေ)၏ ဖလား ၀ါးနယူးစ် ဂျာနယ်အတွဲ(၆)၊ အမှတ်-၄၉နှင့် ၅၀တို့တွင် နှစ်ပတ်ဆက်တိုက်ဆောင်းပါး အဖြစ်ဖော်ပြခဲ့သည့် ကုလားတန်မြစ်အနောက် ဘက်ကမ်းမှ သမိုင်းဝင်ဘဲငါးရာတောင်နှင့် ထူးခြားသောဖြစ်ရပ်များေ ဆာင်းပါးအား ကိုးကား၍ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါ သည်။

မြို့တော်ဘန်ကောက်ရေလွှမ်းမှာကို ထိတ်လန့်တုန်လှုပ်နေကြ

သိပ္ပံနဲ့နည်းပညာဝန်ကြီး
ဖလော့ဖရာဆော့ပ်ဆူရာ့ဆ၀ါဒီးက ရေဘေးကင်းလွတ်တဲ့နေရာရွှေ့ပြောင်းရေး သတိပေး နှိုး ဆော်ချက်ကို မှားယွင်းတဲ့ ဘေးအန္တရာယ်သတိပေးမှုအဖြစ် ထုတ်ပြန်လိုက်ပြီးနောက်မှာ ဘန်ကောက် မြောက်ပိုင်းနဲ့ မြို့ တော်အတွင်းပိုင်ဒေသတွေမှာ နေသူတွေဟာ ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။
မနေ့ ညနေ ၆ နာရီ ၃၀ မီးနစ်ဝန်းကျင်လောက်က ဒွန်မောင်းလေဆိပ်မှာ ဖွင့်ထားတဲ့ ရေဘေးကယ်ဆယ်မှု......
စစ်ဆင်ရေး ဌာနမှာ ရွှေ့ပြောင်းရေးနဲ့ရေဘေးကယ်ဆယ်ရေး စစ်ဆင်ရေးအကြီးအကဲ၊ ဖလော့ဖရားဆော့ပ်က ဘန်ကောက်မြောက် ပိုင်းနဲ့ပထုမ်ဌာနီမှာနေတဲ့သူတွေအတွက် ရွှေ့ပြောင်းရေးသတိပေးနှိုးဆော်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ မစ္စတာ ဖလော့ ဖရားဆော့ပ်က ပထုမ်ဌာနီ၊ ဆမ်ခေါ့ခရိုင်က မြောက်ဖက်က စီးလာတဲ့ရေအဟုန်က ခလုန်ဘန်ဖရောက်ရပ် ကွက်က တူး မြောင်းဂိတ်တံခါးကို ချိုးဖျက်ပစ်လိုက်ပြီလို့ ကြေညာခဲ့တယ်။
လန်စစ်မြောက်ပိုင်းနေသူတွေ၊ ပထုမ်ဌာနီ၊ ခလုန်လူအန်းနဲ့လမ်လပ်ခါခရိုင်မှာ နေသူတွေ၊ ထမ္မာဆတ်တက္ကသိုလ်နဲ့ လန် စစ် တက္ကသိုလ်ဝင်းထဲ နေသူတွေ၊ ဘန်ကောက်၊ ဆိုင်းမိုင်ခရိုင်မှာနေသူတွေအကုန်လုံး ဘေးကင်းတဲ့နေရာကို ရွှေ့ကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီနေရာတွေမှာ ရေတမီတာလောက် လွှမ်းသွားနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဖလော့ဖရား ဆော့ပ် က ပြောပါတယ်။ “ဒါကြောင့် ဒွန်မောင်းလေဆိပ်ကို ချက်ချင်းပြောင်းကြဖို့၊ နာရီဘယ်လောက်ပဲ ကျန်တော့မလဲ ဆိုတာ အစိုးရအနေနဲ့ မပြောနိုင်ကြောင်း” ဖလော့ဖရားဆော့ပ်က ပြောပါတယ်။ ဒါပေမဲ့ ဒီလိုပြောအပြီး မကြာခင်မှာပဲ ရေဘေးကယ်ဆယ်ရေးဌာန၊ အကြီးအကဲ၊ တရားရေးဝန်ကြီး ဖရားချာဖရွမ်နော့က အေးအေးဆေးဆေး နေကြဖို့ ပြည် သူတွေကို ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီဌာနအနေနဲ့ ရွှေ့ပြောင်းရေးသတိပေးနှိုးဆော်ချက်ကို မထုတ်ပြန် ကြောင်း၊ အစိုးရက ဘန်ကောက်က ရေကြီးတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနေကြောင်း ရဲဗိုလ်ချုပ်ကြီး ဖရားချာ က ပြောပါတယ်။ ထိတ်လန့်တုန်လှုပ်စရာ မရှိပါဘူးလို့ ရဲဗိုလ်ချုပ်ကြီး ဖရားချာက ပြောပါတယ်။ ပြည်သူတွေအနေနဲ့ ဒီ ဌာနက ထုတ်ပြန်တဲ့ နောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်သင့်ပါတယ်လို့ သူက ထပ် ပြောပါတယ်။
မစ္စတာ ဖလော့ဖရားဆော့ပ်ရဲ့ မှားယွင်းထုတ်ပြန်ခဲ့တဲ့ ရွှေ့ပြောင်းရေးသတိပေးနှိုးဆော်ချက်ကို ၀န်ကြီးချုပ်ခွန်ယင်လပ်နဲ့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ အကြီးအကျယ်စိတ်ပျက်မိကြောင်း ရေဘေးကယ်ဆယ်ရေးဌာန သတင်းရပ်ကွက်က ပြောပါ တယ်။ ဘန်ကောက်အတွင်းပိုင်းဒေသတွေနဲ့ ရေဘေးအတားအဆီးတွေလုပ်ထားတဲ့ ဒေသတွေက ရေလွှမ်းတာတွေကို ကာကွယ်နိုင်မှာဖြစ်တယ်ဆိုတာ သူယုံကြည်တဲ့အကြောင်း  ၀န်ကြီးချုပ်က ပြောပါတယ်။
အောက်တိုဘာ ၁၄၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

ရေကြီးနေသောထိုင်း

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls