Thursday, November 17, 2011

ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​ဖွံ့​ဖြိုး​တိုး​တက်မှု – အပိုင်း​ ၎

Published on November 17, 2011 by ထက်​အောင်   ·   No Comments

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်က ထိုင်း​နိုင်ငံရဲ့​မဟာဗျူဟာအကျိုး​စီး​ပွား
ထိုင်း​ နိုင်ငံဟာ ထား​ဝယ်​ဒေသကို ဘာဖြစ်လို့​ စိတ်ဝင်စား​ရတာလဲဆိုတဲ့​ အ​ခြေခံကျတဲ့​ ​မေး​ခွန်း​တခု ရှိ​နေပါတယ်။ အီတာလျံ-ထိုင်း​ကုမ္ပဏီရဲ့​ Marine Division က နိုင်ငံရပ်ခြား​ စီမံကိန်း​ ညှိနှိုင်း​ရေး​မှူး​ Sirapat Trinvuthipong ရဲ့​ အ​ဖြေက​တော့​ ထိုင်း​နိုင်ငံမှာ ဒီလို အချက်အချာကျတဲ့​ ပထဝီအ​နေအထား​မျိုး​ မရှိလို့​ပါတဲ့​။ ဒါ့​အပြင် ဒီ​မေး​ခွန်း​အတွက် တခြား​အ​ရေး​ကြီး​တဲ့​ အချက်အလက်​တွေ အခိုင်အမာရှိ​နေပါတယ်။
ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​စီမံကိန်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်အ​ပေါ် ထိုင်း​အစိုး​ရနဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေ မျက်စိကျ​နေတဲ့​ အချက်က​တော့​ စီမံကိန်း​ရဲ့​ အဓိကကဏ္ဍကြီး​ ၃ ခုဟာ မဟာဗျူဟာကျကျ အပြန်အလှန်ဆက်စပ်​နေတဲ့​အချက် ဖြစ်ပါတယ်။ အဲဒါ​တွေက​တော့​ ​ဒေသတွင်း​နဲ့​ နိုင်ငံတကာကုန်သွယ်​ရေး​နဲ့​ သယ်ယူပို့​ဆောင်​ရေး​ (Regional and Global Trade & Logistic) ကဏ္ဍ၊​ စက်မှုဇုန်ထူ​ထောင်​ရေး​ (Industrial Establishment) ကဏ္ဍနဲ့​ ထိုကဏ္ဍနှစ်ခုလုံး​ကို ဖြည့်​ဆည်း​ပေး​မယ့်​ သဘာဝအရင်း​အမြစ်များ​ ထုတ်ယူသုံး​စွဲခြင်း​ (Natural Resource Exploitation) ကဏ္ဍတို့​ပဲ ဖြစ်ပါတယ်။
ဒေသတွင်း​နဲ့​ နိုင်ငံတကာ ကုန်သွယ်​ရေး​နဲ့​ သယ်ယူပို့​ဆောင်​ရေး​မှာ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ရဲ့​ အနာဂတ် အလား​အလာအ​ပေါ် ထိုင်း​အစိုး​ရနဲ့​ အီတာလျံ-ထိုင်း​ကုမ္ပဏီတို့​ရဲ့​ ​မျှော်မှန်း​ချက်က​တော့​ ရှင်း​ပါတယ်။ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​က တဆင့်​ မဲ​ခေါင်​ဒေသနိုင်ငံ​တွေဖြစ်တဲ့​ ထိုင်း​၊​ လာအို၊​ က​မ္ဘောဒီယား​၊​ ဗီယက်နမ်နဲ့​ တရုတ်နိုင်ငံ ​တောင်ပိုင်း​ ကုန်တွင်း​ပိတ် ယူနန်ပြည်နယ်တို့​ရဲ့​ ထွက်ကုန်​တွေကို အ​ရှေ့​အလယ်ပိုင်း​၊​ အာဖရိကနဲ့​ ဥ​ရောပတို့​ဆီကို (တ​နေ့​တခြား​ အန္တရာယ်များ​လာတဲ့​ မလက်ကာ ​ရေလက်ကြား​ကို ဖြတ်သန်း​စရာမလိုဘဲ) တင်ပို့​နိုင်မှာဖြစ်ပါတယ်။ အပြန်အလှန်အား​ဖြင့်​ ကမ္ဘာ့​တဖက်ခြမ်း​က တင်သွင်း​ကုန်​တွေကိုလည်း​ မဲ​ခေါင်နိုင်ငံ​တွေဟာ ထား​ဝယ်​ရေနက် ဆိပ်ကမ်း​နဲ့​ ဆက်သွယ်ထား​တဲ့​ အာရှအ​ဝေး​ပြေး​လမ်း​ကြီး​ကတဆင့်​ သယ်​ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အီတာလျံ-ထိုင်းကုမ္ပဏီ
ဒီ​နေရာမှာ ထိုင်း​နိုင်ငံရဲ့​ အမျိုး​သား​အကျိုး​စီး​ပွား​ဆိုင်ရာ တွက်ချက်မှုက ဘန်​ကောက်မြို့​ကို မဲ​ခေါင်​ဒေသ ကုန်သွယ်​ရေး​နဲ့​ သယ်ယူပို့​ဆောင်​ရေး​ ဗဟိုချက်အဖြစ် ​မျှော်မှန်း​ထား​ပါတယ်။ ​ဒေသတွင်း​နိုင်ငံ​တွေရဲ့​ သယ်ယူပို့​ဆောင်​ရေး​ အ​ခြေခံအ​ဆောက်အုံပိုင်း​မှာ အဆင့်​အမြင့်​ဆုံး​ဖြစ်​နေတာ၊​ သယ်ယူပို့​ဆောင်​ရေး​ ဝန်​ဆောင်မှုပိုင်း​မှာ ​ခေတ်မီ​နေတာ၊​ ကမ္ဘာနဲ့​ချိတ်ဆက်ထား​နိုင်တဲ့​ ခိုင်မာတဲ့​ဈေး​ကွက်ရှိ​နေတာနဲ့​ မြန်မာ၊​ လာအို၊​ က​မ္ဘောဒီး​ယား​နဲ့​ ဗီယက်နမ်နိုင်ငံတို့​မှ သယ်ယူပို့​ဆောင်​ရေး​လမ်း​ကြောင်း​များ​ရဲ့​ ဆုံမှတ်ဖြစ်​နေတာ စတဲ့​အချက်​တွေဟာ ထိုင်း​နိုင်ငံအတွက် ​ဒေသတွင်း​စီး​ပွား​ရေး​ ဗဟိုချက် ဖြစ်လာနိုင်တဲ့​ အား​သာချက်​တွေဖြစ်ပါတယ်။ ဒါ့​အပြင် ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ကို တည်​ဆောက်စီမံခန့်​ခွဲခွင့်​ ရလိုက်ခြင်း​ဟာလည်း​ ဒီဆိပ်ကမ်း​ကတဆင့်​ အိန္ဒိယ ​ဈေး​ကွက်ကို ထိုင်း​ကုန်ပစ္စည်း​တွေ သယ်ယူပို့​ဆောင်စရိတ် သက်သက်သာသာနဲ့​ တိုး​ချဲ့​တင်ပို့​နိုင်​တော့​မှာ ဖြစ်ပါတယ်။
ဒုတိယအချက်ဖြစ်တဲ့ ​ ထား​ဝယ်​ဒေသမှာ စက်မှုဇုန်​တွေ ထူ​ထောင်​ရေး​ဟာလည်း​ ထိုင်း​နိုင်ငံမှာရှိတဲ့​ စက်မှုဇုန်​တွေ​ကြောင့်​ ဖြစ်​ပေါ်လာတဲ့​ သဘာဝပတ်ဝန်း​ကျင် ညစ်ညမ်း​မှုနဲ့​ ပြည်သူ့​ကျန်း​မာ​ရေး​ဆိုင်ရာ ပြဿနာ​တွေကို ​ဖြေရှင်း​ရှောင်လွှဲဖို့​ ဖြစ်ပါတယ်။
စက်မှုလုပ်ငန်း ​ရှင်​တွေ တ​နေ့​တခြား​ တိုး​ပြီး​ရင်ဆိုင်လာရတဲ့​ ထိုင်း​ပြည်သူ​တွေရဲ့​ ဆန့်​ကျင်မှု​တွေနဲ့​ ရလဒ်အ​နေနဲ့​ စက်မှုလုပ်ငန်း​တွေအ​ပေါ် ဥပ​ဒေအရ ပိုမိုတင်း​ကျပ်လာ ​နေတာ​ကြောင့်​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်ဟာ ထွက်​ပေါက်တခု ဖြစ်လာလိမ့်​မယ်လို့​ ထိုင်း​အစိုး​ရက ရှုမြင်ထား​ပါတယ်။
ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန် တည်​ဆောက်ခွင့်​ကို မြန်မာအစိုး​ရနဲ့​ အီတာလျံ-ထိုင်း​ကုမ္ပဏီတို့​ စာချုပ်ချုပ်ဆိုပြီး​ မကြာခင် ၂၀၁၀ ပြည့်​နှစ် နိုဝင်ဘာမှာ အဲဒီတုန်း​က ထိုင်း​ဝန်ကြီး​ချုပ် အဖိဆစ် ​ဝေ့​ချာချီဝ (Abhisit Vejjajiva) က “တချို့​စက်ရုံ​တွေက ထိုင်း​နိုင်ငံမှာ အ​ခြေချဖို့​ မသင့်​လျော်ပါဘူး​။ အဲ့​ဒါ​ကြောင့်​ ဒီစက်ရုံ​တွေကို အဲဒီမှာ (ထား​ဝယ်မှာ) တည်​ဆောက်ဖို့​ ဆုံး​ဖြတ်ခဲ့​တာပါ” လို့​ သူ့​ရဲ့​ အပတ်စဉ် ရုပ်မြင်သံကြား​ မိန့်​ခွန်း​တခုမှာ ​ပြောကြား​သွား​ပါတယ်။
၂၀၁၁ ခုနှစ် ဇွန်လထဲမှာပဲ ထိုင်း​စက်မှုလုပ်ငန်း​အသင်း​ချုပ်ရဲ့​ ဒု-ဥက္ကဋ္ဌ တာနစ်ဆို ရတ် (Tanit Sorat) က “မြန်မာ​တွေက သဘာဝပတ်ဝန်း​ကျင်ပြဿနာ​တွေကို လျစ်လျူရှုထား​တုန်း​ပါပဲ။ သဘာဝပတ်ဝန်း​ကျင်ကို ထိခိုက်​စေလို့​ ကမ္ဘာ့​တခြား​နေရာ​တွေမှာ တား​မြစ်ထား​တဲ့​ အကြီး​စား​စက်မှုလုပ်ငန်း​ကြီး​တွေအတွက် ထား​ဝယ်က အ​ဖြေတခုပါ” လို့​ AFP သတင်း​ဌာနနဲ့​ ​တွေ့​ဆုံ​မေး​မြန်း​ခန်း​တခုမှာ ​ပြောဆိုခဲ့​ပါတယ်။
ဒီ​ ပြောဆိုချက်​တွေအရ ထိုင်း​နိုင်ငံမှာ သဘာဝပတ်ဝန်း​ကျင်နဲ့​ လူ့​အဖွဲ့​အစည်း​ကို ထိခိုက်အန္တရာယ်ပြု​နေတဲ့​ စက်မှုလုပ်ငန်း​တွေရဲ့​ အ​ခြေအ​နေ ဘယ်​လောက်ဆိုး​ဆိုး​ရွား​ရွား​ ဖြစ်​နေသလဲဆိုတာ မှန်း​ကြည့်​နိုင်ပါတယ်။ (ထိုင်း​နိုင်ငံရဲ့​ အကြီး​ဆုံး​ မတ်တဖွတ် Map Ta Phut စက်မှုဇုန်အ​ကြောင်း​ ​ရှေ့​အပတ်​တွေမှာ ဆက်လက်​ဖော်ပြသွား​ပါမယ်။)
တတိယအချက်ဖြစ်တဲ့ ​ ထား​ဝယ်​ဒေသရဲ့​ သဘာဝအရင်း​အမြစ်​တွေ ထုတ်ယူသုံး​စွဲ နိုင်မှုမှာ မဟာဗျူဟာကျခြင်း​က ထိုင်း​နိုင်ငံအတွက် ပထမနဲ့​ ဒုတိယအချက်​တွေက ရည်မှန်း​ချက်​တွေ ​အောင်မြင်​ရေး​အတွက် အဓိကအ​ကြောင်း​ရင်း​ဖြစ်​နေပါတယ်။
တကယ်​တော့​ ထိုင်း​နိုင်ငံမှာ ထား​ဝယ်လို ​ရေနက်ဆိပ်ကမ်း​နဲ့​ စက်မှုဇုန် တွဲလျက်တည်​ဆောက်မယ့်​ မဟာဗျူဟာကျတဲ့​နေရာ ရှိသလို စီမံကိန်း​လည်း​ ​ရေး​ဆွဲ ထား​ပါတယ်။ မြန်မာနိုင်ငံရဲ့​တောင်ဘက်စွန်း​ ​ကော့​သောင်း​မြို့​က​နေ ​တောင်ဘက်ကို ဆက်ဆင်း​သွား​ရင် ထိုင်း​နိုင်ငံ​တောင်ပိုင်း​က ဆာထုန်​ဒေသ (Satun Province) မှာ ပတ်ဘာရာ (Pak Bara) ​ရေနက်ဆိပ်ကမ်း​နဲ့​ (Southern Seaboard Development Project) ကို ထိုင်း​အစိုး​ရက ​ရေး​ဆွဲအ​ကောင်အထည်​ဖော်ဖို့​ ကြိုး​စား​ခဲ့​တာ နှစ်အ​တော် ကြာပါပြီ။ ဒါ​ပေမယ့်​ ​ဒေသခံပြည်သူ​တွေရဲ့​ အပြင်း​အထန် ဆန့်​ကျင်ကန့်​ကွက်မှု​ကြောင့်​ အ​ကောင်အထည်မ​ဖော်နိုင်ဘဲ ရှိ​နေခဲ့​ပါတယ်။
ဒီအ​ခြေအ​ နေနဲ့​ပတ်သက်ပြီး​ ထိုင်း​အစိုး​ရရဲ့​ ကုန်သွယ်​ရေး​ဝန်ကြီး​ဟောင်း​တဦး​ လည်း​ဖြစ်၊​ အမျိုး​သား​စီး​ပွား​ရေး​နဲ့​ လူမှု​ရေး​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ဘုတ်အဖွဲ့​ (NESDB) ရဲ့​ ဒါရိုက်တာတဦး​လည်း​ဖြစ်ခဲ့​တဲ့​ နာရုန်ချိုင်း​ အကရာစန်နီး​ Narongchai Akrasanee က “ဟိုတုန်း​က ကျ​နော်တို့​ Southern Seaboard နဲ့​ Pak Bara ​ရေနက်ဆိပ်ကမ်း​အ ​ကြောင်း​ ​ပြော​လေ့​ရှိကြတယ်။ ဒါ​ပေမယ့်​ အခု​တော့​ အဲဒါ​တွေအား​လုံး​ကို ​မေ့​လိုက်ကြပါ​တော့​။ ထိုင်း​နိုင်ငံမှာ အဓိကရင်း​နှီး​မြှုပ်နှံမှု​တွေဖြစ်တဲ့​ သံမဏိစက်မှုလုပ်ငန်း​ကြီး​တွေ ထား​ဝယ်ကို ​သေချာ​ပေါက် ​ရွှေ့​ပြောင်း​ရ​တော့​မှာပါ။ ထိုင်း​ပြည်သူ​တွေက အဲဒီစက်မှုလုပ်ငန်း​ကြီး​တွေကို ဆန့်​ကျင်ကန့်​ကွက်​နေလို့​ ကျ​နော်တို့​ ဘယ်လိုမှ ​ရှေ့​ဆက်တိုး​လို့​မရတဲ့​ အ​ခြေအ​နေပါ” လို့​ ဘန်​ကောက်အ​ခြေစိုက် ​နေး​ရှင်း​ (The Nation) အင်္ဂလိပ်သတင်း​စာကို ၂၀၁၁ ခုနှစ် မတ်လထဲမှာ ​ပြောကြား​ခဲ့​ပါတယ်။
ဒါ​ပေမယ့်​ ထိုင်း​နိုင်ငံဟာ သူ့​နိုင်ငံတွင်း​မှာ ဒီလို ညစ်ညမ်း​တဲ့​စက်မှုလုပ်ငန်း​တွေ ဆက်လက်တိုး​ချဲ့​ထူ​ထောင်သွား​ဖို့​ အခက်ကြုံ​နေလို့​ ထား​ဝယ်ကို မျက်စိကျတာဟာ အ​ကြောင်း​အချက်တခုပဲ ဖြစ်ပါတယ်။ ဒီထက်အ​ရေး​ကြီး​တဲ့​ တခြား​မဟာဗျူဟာအကျိုး​စီး​ ပွား​တခုက​တော့​ တ​နေ့​တခြား​ လိုအပ်ချက်ကြီး​မား​လာ​နေတဲ့​ ထိုင်း​နိုင်ငံရဲ့​ စွမ်း​အင်လုံခြုံမှု ကို ဖြည့်​ဆည်း​ပေး​မယ့်​ မြန်မာပြည်က စွမ်း​အင်အရင်း​အမြစ်​တွေပဲ ဖြစ်ပါတယ်။ ဒါကို ထား​ဝယ်စီမံကိန်း​က ဘယ်လို ဖြည့်​စွမ်း​ပေး​နိုင်ပါသလဲ။
ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​ဟာ မြန်မာနိုင်ငံမှာ အကြီး​ဆုံး​ သဘာဝဓာတ်​ငွေ့​သိုက် ကြီး​ နှစ်ခုဖြစ်တဲ့​ မုတ္တမပင်လယ်​ကွေ့​က ရတနာနဲ့​ တနင်္သာရီကမ်း​ရိုး​တန်း​အလွန် အန်ဒမန် ပယ်လယ်ထဲက ရဲတံခွန်တို့​အကြား​မှာ ပထဝီအ​နေအထား​အရ မဟာဗျူဟာကျကျ တည်ရှိ​နေပါတယ်။ ဒီအချက်တခုတည်း​က အစဉ်တစိုက် ကြီး​ထွား​နေတဲ့​ နိုင်ငံရဲ့​ စွမ်း​အင် သုံး​စွဲမှုကို ဖြည့်​ဆည်း​နိုင်ဖို့​အတွက် မြန်မာနိုင်ငံက သဘာဝဓာတ်​ငွေ့​တင်ပို့​မှုကို အား​ကိုး​ ​နေရတဲ့​ ထိုင်း​နိုင်ငံကို ထား​ဝယ်စီမံကိန်း​မှာ ရင်း​နှီး​မြှုပ်နှံဖို့​ ဆွဲ​ဆောင်​နေတာပါ။
မုတ္တမပင်လယ်​ ကွေ့​ထဲက သဘာဝဓာတ်​ငွေ့​သိုက်​တွေမှာ ထိုင်း​နိုင်ငံက ဘယ်​လောက်များ​ ရင်း​နှီး​မြှုပ်နှံထား​သလဲဆိုတာ ​လေ့​လာကြည့်​ရ​အောင်ပါ။
ထိုင်း​ နိုင်ငံရဲ့​ အကြီး​ဆုံး​ရေနံကုမ္ပဏီစုကြီး​ရဲ့​ PTTEP (PTT Exploration and Production Public Company Ltd.) ကုမ္ပဏီရဲ့​ အင်တာနက်ဝက်ဆိုက်မှာ တင်ထား​တဲ့​ အချက်အလက်​တွေအရ PTTEP ဟာ မုတ္တမပင်လယ်​ကွေ့​ထဲက သဘာဝ ဓာတ်​ငွေ့​ ရှာ​ဖွေထုတ်လုပ်​ရေး​ လုပ်ကွက်အမှတ် M3, M4, M7, M9 နဲ့​ M11 တို့​ကို ၁၀၀ ရာခိုင်နှုန်း​အပြည့်​ ပိုင်ဆိုင်ထား​ပြီး​ အဲဒီလုပ်ကွက်​တွေအား​လုံး​ရဲ့​ အနီး​ဆုံး​နေရာဟာ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ပဲ ဖြစ်တယ်ဆိုတာကို ​အောက်ပါ​မြေပုံက ​ဖော်ညွှန်း​နေပါတယ်။

အီတာလျှံ-ထိုင်းကုမ္ပဏီရဲ့ Conceptual Plan ထဲက ရတနာနဲ့ ရဲတံခွန် ကမ်းလွန်သဘာဝဓာတ်ငွေ့မြေပုံ
ဒါ့​အပြင် ပြင်သစ်နိုင်ငံအ​ခြေစိုက် တိုတယ် (TOTAL) ​ရေနံကုမ္ပဏီကြီး​က တူး​ဖော် ထုတ်လုပ်ခွင့်​ ရထား​တဲ့​ သဘာဝဓာတ်​ငွေ့​တွင်း​တွေရဲ့​ ၂၅ ဒသမ ၅ ရာခိုင်နှုန်း​နဲ့​ မ​လေး​ရှား​နိုင်ငံအ​ခြေစိုက် ပတ်ထရိုနပ်စ် (Petronas) ​ရေနံကုမ္ပဏီကြီး​က တူး​ဖော်ထုတ် လုပ်​နေတဲ့​ သဘာဝဓာတ်​ငွေ့​တွေရဲ့​ ၁၉ ဒသမ ၃၁၇၈ ရာခိုင်နှုန်း​ကိုလည်း​ PTTEP က ပိုင်ဆိုင်ထား​ပါတယ်။
ဒါ​ကြောင့်​ သဘာဝဓာတ်​ငွေ့​သို​လှောင်ကန်​တွေ၊​ ဒီဓာတ်​ငွေ့​တွေကို အသင့်​သုံး​စွဲ နိုင်တဲ့​ အဆင့်​အထိ အရည်အဖြစ် သန့်​စင်​ပြောင်း​လဲမယ့်​ စက်ရုံ​တွေနဲ့​ ထား​ဝယ်​ရေနက် ဆိပ်ကမ်း​က​နေ ထိုင်း​နိုင်ငံ ကန်ချနပူရီခရိုင်အထိ ဓာတ်​ငွေ့​ပိုက်လိုင်း​ သွယ်တန်း​ တင်ပို့​ မယ့်​ အစီအစဉ်​တွေကို ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်စီမံကိန်း​ကြီး​မှာ ထိုင်း​နိုင်ငံရဲ့​ မဟာဗျူဟာ အကျိုး​စီး​ပွား​တွေအဖြစ် ​ရေး​ဆွဲထား​ပါတယ်။
ဒီလိုလုပ်နိုင်မယ်ဆိုရင် ထုတ်လုပ်စရိတ် အကုန်အကျ သက်သာပြီး​ ထိုင်း​နိုင်ငံ တွင်း​ ​လောင်စာဆီ​ဈေး​နှုန်း​ မြင့်​တက်မှုကို အစိုး​ရအ​နေနဲ့​ အထိုက်အ​လျောက် ထိန်း​ထား​ နိုင်မှာဖြစ်သလို ​ရေနံချက်စက်ရုံ​တွေနဲ့​ သဘာဝဓာတ်​ငွေ့​သန့်​စင်စက်ရုံ​တွေ​ကြောင့်​ ​နောက်ဆက်တွဲဖြစ်​ပေါ်လာမယ့်​ သဘာဝပတ်ဝန်း​ကျင်ညစ်ညမ်း​မှုပြဿနာ​တွေ ထိုင်း​နိုင်ငံ မှာ တိုး​ပွား​မလား​အောင် ​ရှောင်ရှား​ရာလည်း​ကျပါတယ်။
ထိုင်း​ နိုင်ငံရဲ့​ သဘာဝဓာတ်​ငွေ့​သုံး​စွဲမှုဟာ တ​နေ့​တခြား​ မြင့်​မား​လာ​နေပါတယ်။ ထိုင်း​အစိုး​ရရဲ့​ စွမ်း​အင်မူဝါဒနဲ့​ စီမံကိန်း​ဆိုင်ရာရုံး​ EPPO (Energy Policy and Planning Office of Thailand) ရဲ့​ ကိန်း​ဂဏန်း​အချက်အလက်​တွေအရ လွန်ခဲ့​တဲ့​ ၁၂ နှစ်တာ ကာလအတွင်း​ မြန်မာနိုင်ငံက​နေ ထိုင်း​နိုင်ငံကို တင်သွင်း​ခဲ့​တဲ့​ သဘာဝဓာတ်​ငွေ့​ ပမာဏဟာ ပထမ ၂ နှစ်ဖြစ်တဲ့​ ၁၉၉၈ နဲ့​ ၁၉၉၉ ခုနှစ်တို့​မှာ တ​နေ့​ကို ကုဗ​ပေသန်း​ပေါင်း​ ၂ သန်း​ စတင်တင်သွင်း​ခဲ့​ပြီး​ ​နောက်ပိုင်း​နှစ်​တွေမှာ တဖြည်း​ဖြည်း​မြင့်​မား​လာပြီး​ ၂၀၀၉ ခုနှစ်မှာ တ​နေ့​ကို ကုဗ​ပေသန်း​ပေါင်း​ ၈၀၃ သန်း​အထိ တိုး​တက်ခဲ့​ပါတယ်။ ဒါဟာဆိုရင် ထိုင်း​နိုင်ငံရဲ့​ ပြည်တွင်း​ သဘာဝဓာတ်​ငွေ့​ထုတ်လုပ်မှုရဲ့​ ၂၆ ဒသမ ၈၅ ရာခိုင်နှုန်း​ ရှိပါတယ်။
မြန်မာနိုင်ငံမှ ထိုင်း​နိုင်ငံသို့​ နှစ်စဉ်တင်သွင်း​သော သဘာဝဓာတ်​ငွေ့​ပမာဏ
Unit: MMSCFD

Energy Policy and Planning Office (EPPO), Thailand
ထိုင်း​အစိုး​ ရရဲ့​ Electricity Generating Authority of Thailand (EGAT) က ထုတ်ပြန်ထား​တဲ့​ “Summary of Thailand Power Development Plan 2010 – 2030” စီမံကိန်း​အစီရင်ခံစာက ၂၀၁၀ ပြည့်​နှစ်မှာ နိုင်ငံတွင်း​ လျှပ်စစ်ဓာတ်အား​သုံး​စွဲမှု အမြင့်​မား​ဆုံး​ ၂၃၂၃၉ မီဂါဝပ် ဖြစ်ပြီး​ ၂၀၃၀ ခုနှစ်မှာ ၅၂၈၉၀ မီဂါဝပ်အထိ တိုး​တက်လာ မယ်လို့​ တွက်ချက်ခန့်​မှန်း​ထား​ပါတယ်။ အဲဒါ​ကြောင့်​ လျှပ်စစ်ဓာတ်အား​ ထုတ်လုပ်ဖို့​အ တွက် သဘာဝဓာတ်​ငွေ့​လိုအပ်ချက်ကလည်း​ မြင့်​မား​လာမယ်ဆိုတာ ခန့်​မှန်း​နိုင်ပါတယ်။
ထိုင်း​ နိုင်ငံဟာ သဘာဝဓာတ်​ငွေ့​စွမ်း​အင်ကို လျှပ်စစ်ဓာတ်အား​ ထုတ်လုပ်တဲ့​နေရာ မှာ အများ​ဆုံး​အသုံး​ချပြီး​ စက်မှုလုပ်ငန်း​က ဒုတိယ​နေရာလိုက်ပါတယ်။ EPPO ရဲ့​ ကိန်း​ဂ ဏန်း​တွေအရ လျှပ်စစ်ဓာတ်အား​ထုတ်လုပ်​ရေး​မှာ သဘာဝဓာတ်​ငွေ့​သုံး​စွဲမှု ပမာဏဟာ တနိုင်ငံလုံး​ သဘာဝဓာတ်​ငွေ့​သုံး​စွဲမှု စုစု​ပေါင်း​ရဲ့​ ၆၈ ဒသမ ၃၂ ရာခိုင်နှုန်း​ (ကုဗ​ပေ ၂,၄၃၅ သန်း​) ရှိပြီး​ စက်မှုကဏ္ဍကသုံး​စွဲမှုမှာ ၁၀ ဒသမ ၈၅ ရာခိုင်နှုန်း​ (ကုဗ​ပေ ၃၈၇ သန်း​) ရှိပါတယ်။ ဒီပမာဏဟာ လွန်ခဲ့​တဲ့​ နှစ် ၂၀ က ကိန်း​ဂဏန်း​ဖြစ်တဲ့​ ၁၉၈၉ ခုနှစ် ထိုင်း​နိုင်ငံရဲ့​ သဘာဝဓာတ်​ငွေ့​သုံး​စွဲမှုပမာဏနဲ့​ နှိုင်း​ယှဉ်ရင် ၆ ဒသမ ၇ ဆ ​လောက် မြင့်​မား​လာတာကို ​တွေ့​ရပါတယ်။
လာမယ့်​ နှစ် ၂၀ အတွင်း​ ကြီး​ထွား​လာမယ့်​ ထိုင်း​စီး​ပွား​ရေး​က စွမ်း​အင်သုံး​စွဲမှု လိုအပ်ချက်ကို ဖြည့်​ဆည်း​နိုင်ဖို့​အတွက် မြန်မာနဲ့​ လာအိုတို့​နဲ့​ သဘာဝဓာတ်​ငွေ့​ပိုက် လိုင်း​တွေ၊​ လျှပ်စစ်မဟာဓာတ်အား​လိုင်း​တွေကို သွယ်တန်း​တည်​ဆောက်ပြီး​ နိုင်ငံရဲ့​ စွမ်း​အင်လုံခြုံ​ရေး​ အာမခံချက် ရရှိ​ရေး​အတွက် ထိုင်း​အစိုး​ရအ​နေနဲ့​ မဟာဗျူဟာ​မြောက် ကြိုး​စား​ အ​ကောင်အထည်​ဖော်​နေတာ ထိုင်း​ စွမ်း​အင်မူဝါဒနဲ့​စီမံကိန်း​တွေအရ ​တွေ့​ရပါ တယ်။
ရှေ့​တပတ်မှာ ထိုင်း​နိုင်ငံက စက်မှုလုပ်ငန်း​တွေ​ကြောင့်​ သဘာဝပတ်ဝန်း​ကျင် ညစ်ညမ်း​မှု အ​ခြေအ​နေ​တွေကို ဆက်လက်တင်ပြသွား​ပါမယ်။

ထားဝယ်”ကနှပ်”ဟင်း

တခါတလေ ကိုယ်တိုင်မချက်တက်. မချက်ဖြစ်တာလေးတွေကို သူများဆီက ကူးလာပါတယ်… အခု မနိုင်းနိုင်းစနေရဲ့ ဟင်းလက်ရာလေး ကို အိမ်ရှင်မ တွေအတွက် တင်ပေးလိုက်ပါတယ်…

ဒီတစ်ခါ သူချက်မှာက “ကနှပ်”လို့ခေါ်တဲ့ ထားဝယ်ဟင်းပါတဲ့….

ပါဝင်တဲ့ပစ္စည်းတွေက ပန်းမုန်လာ၊ ပဲတောင့်၊ ပဲပင်ပေါက်၊ ခရမ်းသီး၊ ကြက်သွန်ဖြူ/နီ၊ စပါးလင်၊ စိမ်းစားငပိ၊ နှမ်းတွေ ဖြစ်ပါတယ်။
ပထမဆုံး ကနှပ်ဟင်းအပေါ် ဖြူးထည့်မယ့် ငရုတ်သီးခြောက်၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို အရင်ဆီချက်လုပ်ထားရပါတယ်။

ရေကိုအရင်တည်ပြီး အဲဒီရေထဲ နနွင်း၊ ဆားနဲ့ ရှာလကာရည်ကို ထည့်ပါတယ်။ ရေဆူလာရင် ဆေးထားတဲ့ အသီးအရွက်တွေကို တစ်မျိုးချင်းစီ ထည့်ပြုတ်ပါတယ်။ (အနေတော်ပြုတ်ပါ.. အရမ်းနူးနေအောင် မပြုတ်ပါနဲ့)

နနွင်း၊ ရှာလကာရည်နဲ့ ပြုတ်ထားတဲ့ ပန်းမုန်လာ၊ ပဲတောင့်၊ ပဲပင်ပေါက်၊ ခရမ်းသီးတွေက ခပ်ချဉ်ချဉ်လေးဖြစ်ပြီး ဝါနေပါတယ်။

အဲဒီနောက် ဆီအိုးတည်ပြီး နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူ/နီ၊ စပါးလင်တွေကို နွမ်းသွားအောင်ကြော်ပါတယ်။ ငပိထည့်ကြော်ပါတယ်။ ကြော်လို့အားလုံးမွှေးကြိုင်လာရင် ပြုတ်ထားတဲ့ဟင်းရွက်တွေကို ထည့်ကြော်ပါတယ်။ ဆားအပေါ့အငန်ကို မြည်းစမ်းပြီးထည့်ပါတယ်။ နှမ်းဖြူးပါတယ်။ (အစပ်ကြိုက်ရင် ငရုတ်သီးမှုန့်ထည့်နိုင်ပါတယ်)
နောက်ပိတ်ဆုံး ကြော်ထားတဲ့ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ/နီတွေကို အပေါ်မှာ ဖြူးထည့်ပါတယ်။
ထားဝယ်”ကနှပ်”ဟင်းပါတဲ့….. (တကယ်ဆို အသီးအရွက်တွေကို ငပိနဲ့ကြော်လိုက်တာ၊ ငပိနံ့ကြောင့် ဘေးခန်းကတရုတ်ကြီး ထွက်မရိုက်ရုံတမယ်ပါပဲး) ဟင်းကိုစိတ်ဝင်စားရင် စမ်းချက်နိုင်ပါတယ်… :D
နိုင်းနိုင်းစနေ

Tuesday, November 15, 2011

ထားဝယ်မှာ လျှပ်စစ်ဓါတ်အားပေး စက်ရုံ ဆောက်မယ်


ဗမာပြည်၊ ထားဝယ်မြို့မှာ လျှပ်စစ် မဂ္ဂါဝပ် ၄၀၀၀ နီးပါးလောက် ထုတ်လုပ်နိုင်တဲ့ ကျောက်မီးသွေးလောင်စာသုံး လျှပ် စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ဖို့အတွက် ထိုင်းနိုင်ငံစတော့ရှယ်ယာ ရောင်းဝယ်ရေးအေဂျင်စီ စာရင်းဝင် ရတ်ချ (Ratch) လျှပ်စစ်ထုတ်လုပ်ရေးဦးပိုင်ကုမ္ပဏီနဲ့ အီတလီ-ထိုင်း ဖွံ့ဖြိုရေး ကုမ္ပဏီ (ITD) တို့ဟာ အစုစပ် စီးပွားဖက်အဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ မနေ့က လက်မှတ်ရေးထိုးလိုက်တဲ့ နားလည်မှုစာချွန်လွှာမှာ နောက်နှစ်မှာဖွဲ့မယ့်  ကုမ္ပဏီ သစ်ရဲ့ အစုရှယ်ယာ ၃၀%ကို Ratch ကုမ္ပဏီ က ပိုင်ဆိုင်မှာဖြစ်ပြီး ITD က ၇၀% ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။
ပထမ ၃နှစ်မှာ စီမံကိန်းတခုကို ၁၃၀ မဂ္ဂါဝပ်စီရှိတဲ့ အငယ်စားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း ၃ခုကို လုပ်ဆောင်မှာ ဖြစ် ပါတယ်။ သဘောတူညီချက်အရ ၆၀၀ မဂ္ဂါဝပ် ရှိတဲ့ စီမံကိန်း ၆ ခုကိုလည်း တည်ဆောက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ် အချိန်မှာ ဆောက်မလဲဆိုတာတော့ Ratch ကုမ္ပဏီ ရဲ့ဥက္ကဋ္ဌ ဖြစ်သူ နော့ဖိုးလ်မီလင်ထန်းဂွန်းက ပြောဆိုခြင်း မရှိပါဘူး။ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်ကတော့ ၁ မဂ္ဂါဝပ်ကို အမေရိကန်ဒေါ်လာ ၁.၅သန်း ကျမှာ ဖြစ်ပါတယ်။ Ratch ကုမ္ပဏီဟာ ထားဝယ်မှာ ရေနက်ဆိပ်ကမ်းအပါအ၀င် ဆက်စပ်နေတဲ့ ပူးတွဲစီမံကိန်းတွေအပေါ်မှာလည်း စိတ်ဝင်တစား ရှိပါတယ်လို့ နော့ဖိုးလ် က ပြောပါတယ်။ ဗမာပြည်ရဲ့ ထားဝယ်မြို့ဟာ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ ပြည်နယ်ရဲ့ အနောက်ဖက်မှာ တည်ရှိ ပါတယ်။
ထိုင်းနိုင်ငံရဲ့အကြီးဆုံး ကန်ထရိုက်လုပ်ငန်းရှင်ဖြစ်တဲ့ ထိုင်းနိုင်ငံစတော့ရှယ်ယာရောင်းဝယ်ရေးအေဂျင်စီ (SET)မှာ စာ ရင်းဝင်ထားတဲ့ ITD ကုမ္ပဏီ ဟာ ပထမအဆင့်အတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၈ဘီလျံတန်ဘိုးရှိတဲ့ ၁၀ နှစ် ကြာ စီမံကိန်းအတွက် မြန်မာအစိုးရနဲ့ သီးခြားသဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ စီမံကိန်း တခု လုံးဆို အမေရိကန်ဒေါ်လာ ၅၈ ဘီလျံလောက် ရှိနိုင်ပါတယ်။
“အဓိက ဒီလျှပ်စစ်စက်ရုံကို ဗမာပြည်မှာ ဆောက်မယ်လို့ခန့်မှန်းထားတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေ အတွက် လိုအပ်နေတဲ့လျှပ်စစ် ၀န်ဆောင်မှုပေးရေးကို ရည်ရွယ်ထားပါတယ်။ ပိုလျှံတဲ့ဟာကိုတော့ ထိုင်းနိုင်ငံလျှပ်စစ် စွမ်းအား ဖြည့်တင်းရေးအတွက် အသုံးပြုမှာ ဖြစ်တယ်” လို့ မစ္စတာ နော့ဖိုးလ်က ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ထိပ်တန်း စွမ်းအင် ကုမ္ပဏီကြီးတခုဖြစ်တဲ့ ထိုင်းနိုင်ငံရေနံ ကုမ္ပဏီ (PTT Plc)ကလည်း ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းမှာ ပါဝင်ဖို့ စိတ်ဝင်စားနေ ပါတယ်။ Ratch ကုမ္ပဏီက စေ့စပ်ညှိနှိုင်းနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄ ခု ထဲမှာ ထားဝယ်စီမံကိန်းက တခုအပါအ၀င် ဖြစ်ပြီး တခြား ၃ ခု လည်း နောက်နှစ်မှာ အပြီးသတ်ညှိနှိုင်းဆောင်ရွက်နိုင်မယ်လို့ ခန့်မှန်းရတယ်လို့ နော့ဖိုးလ်က ပြောပါ တယ်။
Ratch ဟာ လာအို၊ သြစတြေးလျနဲ့ဗမာနိုင်ငံတွေအပြင် ဖိလိပိုင်နဲ့အင်ဒိုနီးရှားလို အာဆီယံနိုင်ငံတွေကိုလည်း ရင်းနှီးမြုပ် နှံဖို့ ရွေးချယ်ထားပါတယ်။ ကုမ္ပဏီဟာ ဓါတ်အားပေးစက်ရုံတွေအပြင် သြစတြေးလျနဲ့အင်ဒိုနီးရှားနိုင်ငံ တွေက ကျောက် မီးသွေးတွင်းတွေမှာ အစုရှယ်ယာ ပါဝင်ထားပါတယ်။ သူ့ကုမ္ပဏီရဲ့ လျှပ်စစ်ထုတ်လုပ်နိုင်မှု ပမာဏဟာ ဒီနှစ် ၅၁၈၀ မဂ္ဂါ ၀ပ်ကနေ ၂၀၁၆ မှာ ၆၆၆၀ မဂ္ဂါဝပ်ထိ တိုးချဲ့ထုတ်မယ်လို့ Ratch က ဟောကိန်းထုတ်ထားပါတယ်။ ထိုင်း နိုင်ငံရဲ့ အကြီး ဆုံး ပုဂ္ဂလိက လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းက နောက်နှစ်မှာ သူ့လုပ်ငန်းတွေကို ဘတ်ငွေ ၁၂ ဘီလျံ ထိ တိုးချဲ့ဖို့ လျာ ထားပါတယ်။ Ratch ကုမ္ပဏီမှာ အကြွေးနဲ့ ရှယ်ယာတန်ဘိုးအချိုးအစားက ၁း၁ နဲ့ အကြွေးနဲ့ ရှယ်ယာတန်ဘိုး အသား တင်အချိုးအစားက ၀.၅း၁ ရှိပါတယ်။ငွေသားအနေနဲ့ ဘတ်ငွေ ၇ဘီလျံ-၈ဘီလျံ ရှိပြီး၊ အစုရှယ်ယာ ရှင်တွေကို ဒီဘင်ချာ အကြွေးလက်မှတ်တန်ဘိုးစုစုပေါင်း ဘတ်ငွေ ၇.၅ ဘီလျံ ထုတ်ပေးဖို့ ခွင့်ပြုလိုက်ပါတယ်။
ကုမ္ပဏီက နောက်နှစ် ဇွန်လမှာ Ratch-Australia ကော်ပိုရေးရှင်း မှာ သူ့ရဲ့ပိုင်ဆိုင်မှု ကို အခု ၅၆.၁၆% ရှိနေရာက နေ ၈၀% ထိ တိုးမြှင့်ဖို့ အတွက် ဘတ်ငွေ ၃ဘီလျံ သုံးစွဲမှာ ဖြစ်ပါတယ်။ ဒီကော်ပိုရေးရှင်းဟာ Transfield Services Infrastructure ကို အမည်ပြောင်းထားတာပါ။
နိုဝင်ဘာ ၁၅၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

Monday, November 14, 2011

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ့ဖွံ့ဖြိုးတိုးတက်မှု – အပိုင်း ၃

အထူးစီးပွားရေးဇုန်ရဲ့ အသွင်လက္ခဏာတွေနဲ့ တည်ဆောက်နေမှု အခြေအနေ

မြန်မာပြည်​ တောင်ဘက်​ ​မောင်းမကန်​ ကမ်းရိုးတန်းက စက်မှုတော်လှန်ရေးဟာ အန်ဒမန်​ ပင်လယ်ပြင်မှာ ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်လို့ ဒါမှမဟုတ် အင်အားပြင်း​ ငလျင်တခု လှုပ်ခတ်လို့ ဖြစ်ပေါ်လာတဲ့ ဆူနာမီ ဒီလှိုင်းကြီးအလား စတုရန်း ကီလိုမီတာ ၂၅၀ ကျယ်ဝန်းတဲ့ မြေပြင်တခုလုံးကို လုံး​ ၀ပြောင်းလဲသွားစေမှာပါ။ ဒီလောက်​ အကျယ်အ၀န်းရှိတဲ့ ထားဝယ် အထူးစီးပွားရေးဇုန်ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့က စီးပွားရေး​ အချက်အချာ မန်ဟန်တန် (Manhattan) ထက် လေးဆလောက် ကျယ်ဝန်းပြီး ထိုင်းနိုင်ငံရဲ့ အကြီးဆုံး မတ်တဖွတ် (Map Ta Phut) စက်မှုဇုန်ထက် ဆယ်ဆလောက် ကျယ်ဝန်းပါတယ်။
မောင်းမကန်​ ကမ်းခြေကို ၀င်ရောက်လာမယ့် နိုင်ငံခြား​ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI – Foreign Direct Investment) ဟာ မြန်မာ့စီးပွားရေးသမိုင်းမှာ စီးပွားရေး​ စီမံကိန်းတခုရဲ့ အရွယ်အစားနဲ့ ရင်နှီးမြှုပ်နှံမှုပမာဏအရ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ စီမံကိန်းကြီး ဖြစ်ပါတယ်။ ထားဝယ်နိုင်ငံတကာ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားတဲ့ အဲဒီဒေသမှာ တည်ဆောက်မယ့် စက်မှုလုပ်ငန်းတွေဟာ ပြည်ပတင်ပို့မှုကို အဓိကထားမှာဖြစ်ပြီး အကြီးစား၊ အလတ်စားနဲ့ အငယ်စား စက်မှုဇုန်တွေ ခွဲခြားထားတဲ့အပြင်၊ လာရောက်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံတကာကုမ္ပဏီတွေအတွက် ကျယ်ဝန်းကြီးမားတဲ့ ကုမ္ပဏီရုံးခန်းတွေ ဖွင့်လှစ်နိုင်တဲ့ စီးပွားရေး​ စင်တာတခုနဲ့ ခေတ်မီမြို့ပြအိမ်ရာစခန်းတွေ ပါဝင်တဲ့ အဆင့်မြင့် စက်မှုမြို့တော်တခုကိုလည်း တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။
ဒီစီမံကိန်းရဲ့ နောက်ကြောင်းရာဇ၀င်ကို လေ့လာကြည့်မယ်ဆိုရင် ၁၉၉၆ ခုနှစ်ကတည်းက ဂျပန်နိုင်ငံက Nippon Koei Co., Ltd က ထားဝယ်နဲ့ ထိုင်းနိုင်ငံ ကန်ချနဘူရီကို ဆက်သွယ်မယ့် ကားလမ်းဖောက်လုပ်ဖို့ လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီကတည်းက ထိုင်းနိုင်ငံက ထားဝယ်ဒေသမှာ ရေနက်ဆိပ်ကမ်း ဆောက်လုပ်ပြီး ဒေသတွင်း ကုန်သွယ်လမ်းကြောင်းအသစ်တခု ဖောက်လုပ်မှုကို စိတ်ဝင်စားခဲ့ပြီး​ ​မြန်မာစစ်အစိုးရနဲ့​ ​ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အာရှစီးပွားရေး​ အကျပ်အတည်းကြောင့် ထိုင်းစီးပွားရေးကို အကြီးအကျယ် ထိခိုက်ခဲ့တဲ့အတွက်​ ​ပြည်တွင်းစီးပွားရေး ပြန်လည်နာလန်ထူရေးကို ဦးစားပေးနေရလို့​ ​ထားဝယ်စီမံကိန်း​ ကိစ္စ ဆွေးနွေးမှုတွေကို ရပ်ထားခဲ့တာပါလို့ အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ Marine Division က နိုင်ငံရပ်ခြားစီမံကိန်း​ ညှိနှိုင်းရေးမှူး Sirapat Trinvuthipong နဲ့ တွေ့ဆုံစဉ်တုန်းက သူက ရှင်းပြခဲ့ပါတယ်။ အခုလည်း ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေး စီမံကိန်းပုံစံ ရေးဆွဲတဲ့အထဲမှာ Nippon Koei Co., Ltd လည်း ပါဝင်ပါတယ်။
၂၀၀၈ ခုနှစ် မေလထဲမှာ မြန်မာနဲ့ထိုင်းအစိုးရတို့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်ဆောက်လုပ်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး နောက်တလအကြာ ဇွန်လမှာ အီတာလျံ-ထိုင်း​ ကုမ္ပဏီနဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့ပါတယ်။ ထိုအချိန်ကစပြီး အီတာလျံ-ထိုင်း​ ကုမ္ပဏီဟာ​ ​ရေနက်ဆိပ်ကမ်း​ တည်ဆောက်မယ့်​ ​မောင်းမကန် ကမ်းရိုးတန်းတလျှောက်နဲ့ ထားဝယ်-ကန်ချနဘူရီ​ ​အဝေးပြေးကားလမ်း ဖောက်လုပ်ရေးအတွက် မြေပြင်လေ့လာ တိုင်းထွာမှုတွေ​ ​ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့​ ​မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့အကြား လုပ်ငန်းအကောင်အထည်ဖော်မှုဆိုင်ရာ စာချုပ်လက်မှတ်ထိုးခဲ့ပြီး တပြိုင်နက်တည်းမှာပဲ တည်ဆောက်မှုလုပ်ငန်းတွေကို စတင် အကောင်အထည်​ ​ဖော်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး အီတာလျံ-ထိုင်းကုမ္ပဏီဟာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်ဖို့ ၁၀၀ ရာခိုင်နှုန်း အခွင့်အာဏာရရှိသွားတဲ့ ပထမဆုံးနိုင်ငံခြားကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

ဘန်ကောက်ရှိ အီတာလျံ-ထိုင်းကုမ္ပဏီရုံးချုပ်တွင် ပြသထားသော ထားဝယ်စီမံကိန်း ပုံစံငယ်အဟောင်း (၀ဲ) နှင့် ထားဝယ်စီမံကိန်းရုံးတွင် ပြသထားသော ပုံစံအသစ် (ယာ)
အောက်မှာဖော်ပြထားတဲ့ စီမံကိန်းပုံစံဟာ အီတာလျံ-ထိုင်းကုမ္ပဏီက ၂၀၁၁ ခုနှစ် ဇွန်လမှာ တရားဝင်ထုတ်ပြန်ခဲ့တဲ့ပုံစံဖြစ်ပြီး ၂၀၀၉ ခုနှစ်တုန်းက ပထမရေးဆွဲခဲ့တဲ့ပုံစံနဲ့ ကွဲလွဲချက်တချို့ ရှိပါတယ်။ နဂိုမူလတုန်းက ရေနက်ဆိပ်ကမ်းကို သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ခံ ၂ ခုပဲ ရေးဆွဲခဲ့ပြီး အခုပုံစံမှာ ၃ ခု ပြောင်းလဲတည်ဆောက်မှာ ဖြစ်ပါတယ်။ တန်ချိန်ကြီးမားတဲ့ ရေနံတင်သင်္ဘောကြီးတွေနဲ့ ကုန်တင်သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မှာ​ ​ဖြစ်ပါတယ်။

ရင်းမြစ် – အီတာလျံ-ထိုင်းကုမ္ပဏီက တည်ဆောက်မည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းဒီဇိုင်းပုံစံ
ရေနက်ဆိပ်ကမ်းနဲ့အတူ သင်္ဘောတည်ဆောက် ပြုပြင်ထိန်းသိမ်းနိုင်တဲ့ သင်္ဘောကျင်းတခုလည်း တွဲရက်တည်ဆောက်မှာ ဖြစ်ပါတယ်။ ​ရေနက်ဆိပ်ကမ်းရဲ့ မြောက်ဘက်အစွန်းမှာ အကြီးစားရေနံဓာတုစက်မှုလုပ်ငန်း (Upstream Petrochemical Industries) တွေဖြစ်တဲ့ ရေနံချက်စက်ရုံနဲ့ ရေနံသိုလှောင်ကန်ကြီးတွေ၊ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ၊ ဓာတ်ငွေ့သိုလှောင်ကန်တွေနဲ့ သဘာဝဓာတ်ငွေ့နဲ့ထုတ်လုပ်မယ့် လျှပ်စစ်ဓာတ်အား ၆၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်တဲ့ Combined-cycle Power Plant တခုတို့ကို တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီနေရာမှာ ကမ်းစပ်တောင်ကုန်းတခု ရှိနေတဲ့အတွက် ဒီတောင်ကုန်းကိုဖြိုချပြီး ထွက်ရှိလာတဲ့ ကျောက်တုံးတွေကို ရေနက် ဆိပ်ကမ်း ဆောက်လုပ်တဲ့နေရာမှာ အသုံးပြုမယ်လို့ သိရပါတယ်။
ရေနက်ဆိပ်ကမ်းနဲ့ကပ်ရက် အတွင်းပိုင်းမှာ အကြီးစားရေနံဓာတုစက်မှုလုပ်ငန်း (Downstream Petrochemical Industries) တွေ တည်ဆောက်မှာ​ ​ဖြစ်ပါတယ်။ ရေနံဓာတုစက်မှုလုပ်ငန်းတွေကို Upstream နဲ့ Downstream ဆိုပြီး ခွဲခြားလေ့ရှိရာမှာ Upstream စက်မှုလုပ်ငန်းတွေမှာ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တွေကို ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သိုလှောင်၊ သန့်စင်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ Downstream စက်မှုလုပ်ငန်းတွေကတော့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တို့ကို သန့်စင်ပြီး ထွက်ရှိလာတဲ့ ဓာတ်ဆီ၊ ဒီဇယ်၊ လေယာဉ်ဆီ၊ ချောဆီ၊ သဘာဝဓာတ်ငွေ့အရည်နဲ့ တခြား ရေနံဓာတု အခြေခံ ကုန်ပစ္စည်းတွေဖြစ်တဲ့ ပလတ်စတစ်၊ သားရေတု၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စတဲ့ ကုန်ပစ္စည်းအများအပြားကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။
ရေနက်ဆိပ်ကမ်းရဲ့တောင်ဘက်အစွန်း ပင်လယ်ကမ်းစပ်မှာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး ကျောက်မီသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်မှာဖြစ်ပြီး မူလအစီအစဉ်မှာ မီဂါဝပ် ၄,၀၀၀ ထုတ်လုပ်ဖို့ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ထုတ်လုပ်မှုပမာဏကို လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁၀,၀၀၀ အထိ တိုးချဲ့ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားရဲ့ မီဂါဝပ် ၃,၆၀၀ ကို ထိုင်းနိုင်ငံကို လျှပ်စစ်တာဝါတိုင်ကြီးတွေနဲ့ သွယ်တန်းပြီး တင်ပို့ရောင်းချဖို့ အခုအခါ အီတာလျံ-ထိုင်းကုမ္ပဏီဟာ ထိုင်းနိုင်ငံရဲ့ အဓိက လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ချိနေတဲ့ အများပိုင်ကုမ္ပဏီကြီးဖြစ်တဲ့ EGAT (Electricity Generating Authority of Thailand) နဲ့ ညှိနှိုင်းဆောင်ရွက် နေပါတယ်။
ဓာတ်အားပေးစက်ရုံအတွက် လိုအပ်တဲ့ ကျောက်မီးသွေးကုန်ကြမ်းကို ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံပိုင်ဆိုင်ထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ကျောက်မီးသွေးမိုင်းကနေ ရယူမှာဖြစ်ကြောင်း အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ Marine Division က နိုင်ငံရပ်ခြားစီမံကိန်း ညှိနှိုင်းရေးမှူး Sirapat Trinvuthipong က ရှင်းပြခဲ့ပါတယ်။ (ကျောက်မီသွေးဓာတ်အားပေးစက်ရုံကြောင့် ဖြစ်ပေါ်တတ်တဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ပြည်သူ့ကျန်းမာရေးထိခိုက်မှုတွေကို နောက်အပိုင်းတွေမှာ ရေးသားဖော်ပြသွားပါမယ်။)
အထက်က ဖော်ပြထားတဲ့ စီမံကိန်းပုံစံကို လေ့လာကြည့်ရင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံရဲ့တောင်ဘက် ပန်းဒက်အင်းနဲ့ မောင်းမကန်ရွာတို့ တည်ရှိတဲ့ အစိမ်းနုရောင်ချယ်ထားတဲ့ မောင်းမကန်အပန်းဖြေစခန်းနေရာမှာ နိုင်ငံတကာအဆင့်မီ ဂေါက်သီးကစားကွင်းနဲ့ အထူးစက်မှုဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြမယ့် နိုင်ငံတကာကုမ္ပဏီကြီးတွေက အဆင့်မြင့်အရာရှိကြီးတွေ နေထိုင်ဖို့ အိမ်ယာစခန်းတွေ တည်ဆောက်ပါလိမ့်မယ်။

(ပုံစာ) ရင်းမြစ် – အီတာလျံ-ထိုင်းကုမ္ပဏီ၏ ထားဝယ်မြစ်တကြော တည်ဆောက်မည့် အဆင်မြင့်အိမ်ယာစခန်းများနှင့် စီးပွားရေးအဆောက်အအုံများပုံစံ။
ဒါ့အပြင် စီမံကိန်းဒေသရဲ့ ထားဝယ်မြစ်အနောက်ဘက်ခြမ်း အစိမ်းရောင်ချယ်ထားတဲ့ မြစ်ကမ်းရိုးတလျှောက်မှာ နိုင်ငံခြားက လာရောက်အလုပ်လုပ်ကိုင်ကြမယ့် ကျွမ်းကျင်လုပ်သား (ကော်လာဖြူ) တွေ၊ ထားဝယ်အထူးစီးပွားရေးဇုန်က ရရှိမယ့် စီးပွားရေးအခွင့်ထူးတွေကြောင့် မြန်မာပြည်အရပ်ရပ်က ပြောင်းရွှေ့အခြေချ ရင်းနှီးမြှုပ်နှံကြမယ့် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူလတ်တန်းစားအလွှာတွေကို ပစ်မှတ်ထားနိုင်ဖွယ်ရှိတဲ့ ခေတ်မီအိမ်ရာစခန်းတွေ တည်ဆောက်ပြီး အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်မှာဖြစ်ပါတယ်။
ရေဖြူမြို့ရဲ့ တ၀က်လောက်ဟာ ထားဝယ်မြစ်အနောက်ဘက်ခြမ်းမှာ တည်ရှိပြီး အဲဒီ ခေတ်မီအိမ်ရာစခန်းမြို့သစ်နေရာရဲ့ မြောက်ဘက်အစွန်းမှာ ကျရောက်နေပါတယ်။ ဒါ့အပြင် ကျောက်တောင်နဲ့ ဆင်ပုနစ်ကျေးရွာတို့ တည်ရှိနေပြီး အီတာလျံ-ထိုင်းကုမ္ပဏီ ကတော့ ရပ်ရွာတွေကို မရွှေ့ပြောင်းဘဲ ဆက်လက်ထားရှိဖို့ သူတို့ရဲ့ စီမံကိန်းပုံစံထဲမှာ ဖော်ပြထားပါတယ်။ အဲဒီအိမ်ရာစခန်းတွေနဲ့ကပ်လျက် မြောက်ဘက်ကို ဆက်သွားရင် အပြာရောင်ချယ်ထားတဲ့ ထားဝယ်မြစ်ကမ်းရိုးနဘေးမှာ တည်ဆောက်မယ့် အလတ်စားနဲ့ အငယ်စား စက်မှုဇုန်တခု ရှိပါတယ်။
စီမံကိန်းရဲ့အလယ်ပိုင်း ကြီးမားကျယ်ပြန့်တဲ့ အစိမ်းနုရောင်နဲ့ လိမ္မော်ရောင်ချယ်ထားတဲ့ မြေနေရာတွေမှာ အလတ်စားနဲ့ အငယ်စား စက်မှုလုပ်ငန်းတွေ တည်ဆောက်ဖို့ဖြစ်ပါတယ်။ အလတ်စားစက်မှုဇုန်မှာ မော်တော်ကားတပ်ဆင်ထုတ်လုပ်တဲ့စက်ရုံတွေ၊ ကားတာယာ စက်ရုံတွေ၊ အနည်ကျကျောက်လွှာတွေမှာ တွေ့ရှိရတတ်တဲ့ ဂျစ်ပဆမ်(Gypsum) ကနေ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ လူ့အသုံးအဆောင်ပစ္စည်းအမျိုးမျိုး ထုတ်လုပ် တဲ့ စက်ရုံတွေ ပါဝင်တယ်လို့ အီတာလျှံ-ထိုင်းကုမ္ပဏီရဲ့ စီမံကိန်းအစီအစဉ်မှာ ဖော်ပြထား ပါတယ်။ အငယ်စားစက်မှုဇုန်မှာ ကွန်ပျူတာအစိတ်အပိုင်းတွေထုတ်လုပ်တဲ့ စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံ၊ အစားအသောက်ထုပ်ပိုးတင်ပို့ တဲ့စက်ရုံ၊ ဆေးဝါးစက်ရုံတွေ ပါဝင်ပါတယ်။
အဲဒီလောက် ကြီးမားများပြားတဲ့စက်ရုံတွေ တည်ဆောက်ဖို့ လျှပ်စစ်မီးနဲ့ ရေ အလုံအလောက် ရရှိရေးဟာ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပြီး အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ စီမံကိန်းအထောက်အထားတွေအရ ထုတ်လုပ်မှုစရိတ်သက်သာတဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနဲ့ တနင်္သာရီမြစ်ပေါ် မှာ တည်ဆောက်မယ့် လျှပ်စစ်ဓာတ်အားမီဂါဝပ် ၁,၀၄၀ ထုတ်လုပ်နိုင်တဲ့ ရေအားလျှပ် စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အားတွေ ရယူမှာဖြစ်ပါတယ်။ စက်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ရေအရင်းအမြစ်ကို       ထားဝယ်မြစ်ရဲ့အရှေ့ဘက်ခြမ်းက ထားဝယ်မြစ်ထဲ စီးဝင်မယ့် တလိုင်းရာချောင်းကိုပိတ်၊ ရေကာတာတခု တည်ဆောက်ပြီး ရေသိုလှောင်ဖြန့် ဖြူးဖို့ စီစဉ်ထားတာ တွေ့ရပါတယ်။
အခုလောလောဆယ်မှာ အီတာလျံ-ထိုင်းကုမ္ပဏီဟာ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်အတွင်းရှိ လမ်းတွေကို မြေသားလမ်းချောအဖြစ် ပြုပြင်ပြီးဖြစ်သလို ရေနက်ဆိပ်ကမ်းနဲ့ ထိုင်း နိုင်ငံနယ်စပ် Puh Nam Ron ရွာအထိ ဆက်သွယ်မယ့် ၈ လမ်းသွား အဝေးပြေးလမ်းမ ကြီးရဲ့ ပထမအဆင့် လမ်းအူကြောင်း မြေသားလမ်း ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ အခုအခါ စီမံကိန်းဒေသရဲ့ တချို့အပိုင်းတွေမှာ လမ်းဖောက်လုပ်မှုကို ခေတ္တရပ်ဆိုင်းထားရတယ်လို့လည်း သိရပါတယ်။ လုပ်ငန်းရပ်ဆိုင်ထားရတဲ့ အကြောင်းရင်း နှစ်ခုရှိနိုင်ပါ တယ်။ တခုက မိုးရွာသွန်းမှုကြောင့် ဖြစ်နိုင်ပြီး၊ တခြားအကြောင်းရင်းကတော့ အဝေးပြေး ကားလမ်းမရဲ့ နယ်စပ်ဒေသ အစိတ်အပိုင်းတချို့ဟာ ကရင်အမျိုးသားအစည်းအရုံး (Karen National Union) ရဲ့ နယ်မြေတွေဖြစ်တဲ့အတွက် လုံခြုံရေးဆိုင်ရာ ပြဿနာ ကြောင့် ဖြစ်နိုင်ပါတယ်။
အဲဒီလောက်ကြီးမားတဲ့ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကြီးကို အမေရိ ကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံလောက် ရင်းနှီးပြီး တည်ဆောက်မယ့် ထိုင်းအစိုးရနဲ့ ကုမ္ပဏီတွေရဲ့ ထားဝယ်ဒေသက မဟာဗျူဟာအကျိုးစီးပွားတွေကို ရှေ့တပတ်မှာ တင်ပြ သွားပါမယ်။

Thursday, November 10, 2011

စစ်သားတွေထားဝယ်မှာအရင်ကထက်ပိုများလာ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) ထိန်းချုပ် ဒေသကို မြန်မာ အစိုးရက တပ်အင်အားများစွာတိုးချဲ့ထားသည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်ထားသော ကားလမ်း (ဓာတ်ပုံ - ကွယ် ကလူ)
ယင်းဒေသတွင် အစိုးရ တပ်ရင်း ၃ ရင်း လှုပ်ရှားနေသည့် အပြင် တပ်ရင်း ၈ ရင်းခန့် ထပ်မံ တိုးချဲ့ထားသောကြောင့် စစ်သည် အင်အား ၈၀၀ ခန့် ရှိနိုင်ကြောင်း သိရသည်။
အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ တိုးချဲ့ချထားခြင်း ဖြစ်ပြီး တပ် အင်အား တိုးချဲ့ရခြင်း အကြောင်းရင်းကို မသိရသေး ဟု KNU တပ်မဟာ ၄ ဒေသ မှ စောကွယ်ထူးဝင်း က ဧရာဝတီသို့ ပြောကြားသည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်သောကားလမ်းကို KNU တပ်မဟာ ၄ လှုပ်ရှားနေ သည့် ဒေသတွင် Italian-Thai Development (ITD) ကုမ္ပဏီက ဖောက်လုပ်နေပြီး ၀န်ထမ်းများ၊ မော်တော်ယာဉ်များ သွားလာခြင်း မပြုနိုင်ရန် KNU က ပိတ်ဆို့ထားကြောင်း သိရသည်။
သို့သော်လည်း စီမံကိန်းဒေသ အလုပ်သမားများ အတွက် ရိက္ခာသယ်ပို့ပေးသည့် မော်တော်ယာဉ် တချို့ကို KNUက သွားလာ ခွင့်ပြုထားသည်။
ဤသို့ အစိုးရ စစ်သည် အင်အား တိုးချဲ့နေခြင်းသည် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း လမ်းလုံခြုံရေးအတွက် KNU တပ် ဖွဲ့ဝင်များအား ဖိအားပေးနေခြင်းနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု KNU တပ်ဖွဲ့ဝင်ဟောင်းများက သုံးသပ်သည်။
ကွယ်ကလူ ကရင် သတင်းဌာနမှ အယ်ဒီတာ ကိုအယ်နာက ကန်ချနဘူရီ ထားဝယ် အဝေးပြေးကားလမ်း လုံခြုံရေးအတွက် ထားဝယ်ဒေသရှိ KNU တပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်ရန် နေပြည်တော်က အမိန့်ပေးထားသည်ဟု သတင်းရရှိကြောင်း
ဧရာဝတီ ကို ပြောသည်။
“အဝေးပြေးလမ်းမ ဖောက်နေတာကို အနှောင့်အယှက် ပေးသူတွေကို ရှင်းပစ်ဖို့ အမိန့်ပေးထားတယ်လို့ ကြားတယ်၊ လာမယ့် ပွင့်လင်းရာသီမှာ ထိုးစစ်ဆင်မယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အ၀န်းရှိကြောင်း စီမံ ကိန်း ဆောက်လုပ်ခွင့်ရ ITD ကုမ္ပဏီ၏ မှတ်တမ်းများအရ သိရသည်။
မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကုန်တင် သင်္ဘောကြီး ၂၅ စင်းတပြိုင် တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု သိရ သည်။
ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း၏ အရေးပါပုံ၊ စီမံကိန်းကြောင့် နိုင်ငံ၏စီးပွားရေး တိုးတက်လာနိုင်ပုံတို့ကို မြန်မာစာနယ်ဇင်းများတွင် ဖော်ပြ ခဲ့ပြီးဖြစ်သည်။
 

Monday, November 7, 2011

ထားဝယ်ရေနက် ဆိပ်ကမ်း ဧရိယာအတွင်းရှိ ခြံမြေများအား လျော်ကြေးငွေ ပေးအပ်နိုင်ရန်အတွက် ခြံပိုင်ရှင်များထံသို့ ငွေကြေးအဆိုပြုလွှာများ ပေးအပ်

တနင်္သာရီတိုင်း ဒေသကြီးရှိ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန်အတွင်း ပါဝင်သော နဘုလယ်ဒေသမှ ခြံမြေများအတွက် လျော်ကြေးငွေများ ပေးအပ်နိုင်ရန် ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူပြုအဖွဲ့မှ စီစဉ်လျက်ရှိရာ ဒေသခံခြံပိုင်ရှင်များ ဆီသို့ မိမိခြံမြေများ အတွက်ရရှိလိုသော ငွေကြေးအဆိုပြုလွှာများ ဖြည့်စွက်ရန်အတွက် လျှောက်လွှာများကို ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် တာဝန်ရှိသူများထံ ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။ ယင်းလျှောက်လွှာပေါ်တွင် မိမိ၏ ခြံအကျယ်အ၀န်းဧကနှင့် စိုက်ပျိုးထားသော နှစ် ရှည်ပင်များ၏ အမျိုးအစားနှင့် အရေအတွက်တို့ကို ရေးသားရပြီး ရရှိလို သော ငွေပမာဏကိုပါ ဖြည့်သွင်းရေးသားရကြောင်း သိရသည်။

စိုက်ပျိုးထားသော အပင်အမျိုးအစားနှင့် အထွက်နှုန်းတူပြီး ပိုင်ဆိုင်သော မြေဧက မတူသော်လည်း လျော်ကြေးငွေရရှိမှုမှာ အတူတူဖြစ်နေခြင်းကြောင့် မြေဧကပိုမိုပိုင်ဆိုင်သူများ နစ်နာလျက်ရှိ . . .
“ရွာလူကြီးက လျော်ကြေးငွေ လိုချင်ရင် လျှောက်လွှာပေါ်မှာ သူတို့ ရေတွက်ပေးထားတဲ့ အပင် အရေအတွက်နဲ့ အမျိုးအစားတွေကို တိတိ ကျကျရေးသားပြီး ရလိုတဲ့ ငွေပမာဏကိုပါ အဆိုပြုရေးသားဖို့ ပြောပါ တယ်။ အဒေါ့်မှာ သီဟိုဠ်ငါးဧက စိုက်ထားပြီး အပင်ကြီး ၅၀၀ ရှိတဲ့ အတွက် တစ်ပင်ကို ကျပ် ၄၀၀၀၀ နှုန်းနဲ့ ကျပ်သိန်း ၂၀၀ ရေးသွင်း အဆိုပြုခဲ့ပါတယ်။ သုံးလေးရက်ကြာတော့ ရွာလူကြီးကပြန်ခေါ်ပြီး အဒေါ့် ခြံက သိန်း ၂၀၀ မတန်ဘူး။ သိန်း ၉၀ ပဲတန်တယ်။ ယူချင်ယူ မယူချင်လည်း သဘောပဲလို့ ပြောပါတယ်။ သီဟိုဠ်တစ်ဧကက တစ်နှစ်မှာ အနည်းဆုံး ကျပ်လေးသိန်းလောက် ရပါတယ်။ ဒါပေမယ့် နောက်ဆိုရင် သူတို့ပေးတဲ့ဈေးတောင် မရမှာစိုးလို့  ပေးတဲ့အတိုင်း သဘောတူလက်မှတ် ထိုးပေးလိုက်ရတယ်။ သူတို့ပြောတော့ ရွာသူရွာသားတွေ မနစ်နာရအောင် လုပ်ပေးတာတဲ့။ အခုတော့ ဧကအလိုက် လျော်နေတော့ အဒေါ် တို့အတွက် အမျာကြီး နစ်နာရပါတယ်”ဟု ထိန်ကြီးရွာမှ သီဟိုဠ်ခြံပိုင် ရှင်တစ်ဦးက ပြောကြားခဲ့သည်။
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အထောက်အကူ ပြုအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဒေသခံများမှ လျော်ကြေးကိုမယူပါက လယ်ယာ၊ဥယျာဉ် နှင့် ခြံမြေများကို လက်ရှိထက်ပိုမို ကောင်းမွန်သော ခြံဖြင့်လဲပေးပြီး ပြည်သူများနစ်နာမှုမရှိအောင် အစွမ်းကုန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဒေသ အတွင်းရှိ ဒေသခံအများစု စိုက်ပျိုးထားသော အပင်အမျိုးအစားနှင့် အထွက်နှုန်းတူပြီး ပိုင်ဆိုင်သော မြေဧက မတူသော်လည်း လျော်ကြေးငွေရရှိမှုမှာ အတူတူဖြစ်နေခြင်းကြောင့် မြေဧကပိုမိုပိုင်ဆိုင်သူများ နစ်နာလျက်ရှိကြောင်းလည်း သိရှိ ရပါသည်။      

Saturday, November 5, 2011

မြန်မာ VS ဗီယက်နမ် သရေ

ယနေ့ ညပိုင်းက အင်ဒိုနီးရှား နိုင်ငံတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ဆီးဂိမ်းစ် အုပ်စု (ခ) ပွဲစဉ်တွင် တစ်ယောက်လျော့ မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့ ဂိုးမရှိ သရေဖြင့် ပြီးဆုံး သွားခဲ့သည်။

ပွဲအစ (၂)မိနစ်တွင်ပင် ဗီယက်နမ် ထောင့်ကန်ဘော စရ မြန်မာ တားဆီးနိုင်ခဲ့သည်။ ထို့နောက်တွင် တစ်ဖက်နှင့် တစ်ဖက် ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်း မရှိဘဲ ကွင်းလယ်တွင်သာ အပျက်များ နေခဲ့သည်။ (၁၆)မိနစ်တွင် ထောင့်ကန်ဘောအား နောက်ခံလူ ရှင်းထုတ်ရာ ကိုယ့်လူကိုယ် ပြန်ထိကာ ဂိုးရှေ့ ပြန်ရောက်ခဲ့သော်လည်း ဗီယက်နမ် တိုက်စစ်မှူးထက် သီဟစည်သူ လက်ဦးမှု ရယူနိုင်ခဲ့၍ သက်သာခဲ့သည်။ (၁၈)မိနစ်တွင် မြန်မာ အသင်း ထောင့်ကန်ဘော (၂)ကြိမ်ဆက် ကန်ခွင့် ရခဲ့သော်လည်း အပိုင် အခွင့်အရေး မရရှိခဲ့ပေ။ မိနစ် (၂၀)တွင် ဗီယက်နမ် တိုက်စစ်မှူး လီဗန်သန်း ဘောလုံး ဆွဲထွက်သည်အား ဇော်ဇော်ဦး တားရာမှ ဧရိယာ အပြင်အစပ်တွင် ပြစ်ဒဏ်ဘော ပေးခဲ့ရသည်။

ပွဲကစားချိန် (၂၈)မိနစ်တွင် ဗီယက်နမ် ကစားသမား လမ်အန်ကွင်း ဘယ်ခြမ်းမှ တစ်ကိုယ်တော် အစွမ်းဖြင့် ဧရိယာအတွင်း ဆွဲဝင် အပိုင် ကန်သွင်းခဲ့ရာ အပေါ်ထောင် သွားခဲ့၍ သက်သာခဲ့သည်။ ဗီယက်နမ် အသင်းသည် မြန်မာ အသင်းဘက်သို့ ဘယ်ညာ တောင်ပံ နှစ်ဖက်မှ ထိုးဖောက်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီး အဆင့်ဆင့် ဖျက်ထုတ်နေသည့် မြန်မာအသင်း ခံစစ်ကြောင်းကြောင့် အပိုင် အခွင့်အရေး ရသင့်သလောက် မရဘဲ ဖြစ်နေခဲ့သည်။

(၃၂)မိနစ်တွင် ဗီယက်နမ် အသင်းခေါင်းဆောင် ဖန်သန်းလောင် တစ်ကိုယ်တော် အစွမ်းဖြင့် ဧရိယာအတွင်း ဆွဲဝင်ကာ ဖြတ်တင်ပေးမှု အသုံးချမည့် တိုက်စစ်မှူး မရှိဘဲ ဖြစ်ခဲ့သည်။ မြန်မာအသင်းသည် ခံစစ်ကိုသာ အဓိက ဦးစားပေး ကစားနေခဲ့ပြီး တန်ပြန် ထိုးစစ်ဖြင့် ဂိုးရရှိရေး ကြိုးပမ်းခဲ့သည်။ (၃၄)မိနစ်တွင် ကြည်လင်း ကွင်းလယ်မှ ထိုးပေးသည့် ဘောလုံး ကျော်ကိုကိုနှင့် နားလည်မှု လွဲခဲ့၍ ဂိုးသမားဆီ ရောက်ခဲ့သည်။ (၃၇)မိနစ်တွင် ဗီယက်နမ် တိုက်စစ်မှူးအား ဇော်မင်းထွန်း အဖျက်ကြမ်းသည် ဆို၍ ဒိုင်ဖြစ်သူက ဧရိယာ အစပ်တွင် ပြစ်ဒဏ်ဘော သတ်မှတ်ခဲ့သည်။ ယင်း ပြစ်ဒဏ်ဘောအား အသင်းခေါင်းဆောင် ဖန်သန်းလောင် ကန်တင်ပေးခဲ့ရာ လမ်အန်ကွင်း ပိတ်သွင်း နိုင်ခဲ့ပြီး အောင်ပွဲ ခံခဲ့သော်လည်း စည်းကြပ်ဒိုင်က လူကျွံဘော သတ်မှတ် ပေးခဲ့သည်။ ထို့နောက်တွင် ဗီယက်နမ် အသင်းက ဆက်တိုက် ဖိကစားခဲ့ပြီး ဂိုးရရှိရေး ကြိုးပမ်းခဲ့သည်။ မိနစ် (၄၀)တွင် ငုရင်သရွန်ဟောင်း ဧရိယာ အစပ်မှ ကန်ချက် နောက်ခံလူ ထိထွက် သွားခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့ပြီး ယင်းထောင့်ကန်ဘောမှ တစ်ဆင့် ဗီယက်နမ် ကစားသမား တစ်ဦး အပြင်း ကန်သွင်းခဲ့ရာ နောက်ခံလူ ထိထွက်ခဲ့ပြန်သည်။ ပွဲချိန် (၄၃)မိနစ်တွင် ပြည့်ဖြိုးဦး နေရာတွင် အောင်မြင့်အေးအား လူစားဝင် ကစားစေခဲ့သည်။ ပထမပိုင်း (၄၅)မိနစ်တွင် နာကျင် အချိန်ပို (၁)မိနစ် သတ်မှတ် ပေးခဲ့ပြီး မြန်မာနှင့် ဗီယက်နမ် အသင်း ပရိသတ်များ၏ တခဲနက် အားပေးသံများလည်း ထွက်ပေါ် လာခဲ့သည်။
ဗီယက်နမ် အသင်းဘက် ဂိုးသွင်းရန် ကြိုးပမ်းနေသည့် အေးဆန်း

ပထမပိုင်း အပြီးတွင် မြန်မာနှင့် ဗီယက်နမ်တို့ ဂိုးမရှိ သရေသာ ဖြစ်နေခဲ့ပြီး (၄၆)မိနစ်တွင် ဗီယက်နမ် ကစားသမား တစ်ဦး ဧရိယာ ဘယ်ခြမ်းအတွင်း ဆွဲဝင်ကာ ဖြတ်တင်ပေးမှု နောက်ခံလူ အချိန်မီ ဖျက်ထုတ် နိုင်ခဲ့၍ သက်သာခဲ့သည်။ ဗီယက်နမ် အသင်းသည် ဒုတိယပိုင်း စသည်နှင့် ဂိုးရရှိရေး ပိုမိုဖိကစား လာခဲ့ပြီး မြန်မာ နောက်ခံလူများ ပိုမို အလုပ်များ ခဲ့ရသည်။ (၅၂)မိနစ်တွင် ကြည်လင်း ကွင်းလယ်မှ တစ်ကိုယ်တော် အစွမ်းဖြင့် ထိုးဖောက် ဆွဲဝင်သွားခဲ့ရာ နောက်ခံလူ ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခြင်း ခံခဲ့ရသည်။ (၅၃)မိနစ်တွင် တန်ပြန် တိုက်စစ်မှ တစ်ဆင့် ရွှေလှိုင်ဝင်း ဘယ်ခြမ်းမှ ဂိုးရှေ့ ဖြတ်ပို့ပေးရာ ဗီယက်နမ် နောက်ခံလူ တားဆီးခြင်း ခံခဲ့ရသည်။

(၅၅)မိနစ်တွင် ဗီယက်နမ် အသင်း ထောင့်ကန်ဘော ကန်ချက်အား သီဟစည်သူ ရှေ့တက် ပုတ်ထုတ် နိုင်ခဲ့ပြီး ဧရိယာ အပြင်စပ်တွင် အသင့် ရှိနေသည့် ကွင်းလယ်လူက မနားတမ်း အပြင်း ကန်သွင်းခဲ့ရာ တွင်လည်း သီဟစည်သူပင် လက်စွမ်းပြ ပုတ်ထုတ် နိုင်ခဲ့သည်။ (၅၆)မိနစ်တွင် အောင်မြင့်အေး ထိုးပေးသည့် ဘောလုံး ရန်အောင်ကျော် လွတ်ထွက် သွားခဲ့သော်လည်း လူကျွံ နေခဲ့သည်။ (၅၈)မိနစ်တွင် ဗဟို နောက်ချန် ခံစစ်မှူး အဖြစ် ကစားလျှက် ရှိသည့် မိုးဝင်း ဗီယက်နမ် တိုက်စစ်မှူး လွတ်ထွက် သွားသည်အား အလွတ် တားခဲ့သဖြင့် တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ် ခံခဲ့ရကာ မြန်မာတို့ (၁၀)ဦးတည်း ဆက်လက် ကစားခဲ့ရသည်။ ယင်း ပြစ်ဒဏ်ဘောအား ဗီယက်နမ် ကစားသမား ဟောင်ဗန်ဘင် ကန်သွင်းခဲ့ရာ သီဟစည်သူ ပုတ်ထုတ် နိုင်ခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။

(၆၁)မိနစ်တွင် မြန်မာ ကစားသမား တစ်ဦးအား ဗီယက်နမ် ကစားသမား ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ သော်လည်း မည်သည့်ကတ်မျှ ပြသခြင်း မရှိခဲ့ပေ။ (၆၅)မိနစ်တွင် မြန်မာအသင်း လူစားလဲမှု လုပ်ခဲ့ပြီး ကြည်လင်း နေရာ မင်းမင်းသူအား ထည့်သွင်း ကစားစေခဲ့သည်။ (၆၅)မိနစ်တွင် ဗီယက်နမ် အသင်း အပိုင် အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ သော်လည်း ကန်ချက် ဘေးထွက် သွားခဲ့သည်။ (၆၇)မိနစ်တွင် ဗီယက်နမ် အသင်းခေါင်းဆောင် ဖရီးကစ် ကန်ချက် ဂိုးပေါက်ဝရှိ တိုက်စစ်မှူး ခေါင်းပေါ် ကွက်တိ ရောက်ခဲ့သော်လည်း သီဟစည်သူ ပုတ်ထုတ် နိုင်ခဲ့သည်။

(၆၈)မိနစ်တွင် မြန်မာဂိုးနှင့် (၂၅)ကိုက် အကွာခန့်မှ ဗီယက်နမ် ဖရီးကစ် ကန်ခွင့်ရရှိခဲ့ သော်လည်း ငုရင် ဗန်ကွေရက် ကန်ချက်အား သီဟစည်သူ ကာကွယ်ခဲ့သည်။ ဗီယက်နမ် အသင်းသည် တစ်ယောက်လျော့ သွားသည့် မြန်မာ အသင်းဘက် အဆက်မပြတ် ထိုးဖောက်မှုများ ပြုလုပ် နေခဲ့ပြီး မြန်မာအသင်း နောက်ခံလူနှင့် ဂိုးသမားတို့ အသည်းအသန် ဖျက်ထုတ် နေခဲ့ရသည်။ (၇၄)မိနစ်တွင် ဗီယက်နမ် ကစားသမား ငုရင် ဗန်ကွေရက် ဧရိယာ အပြင်မှ ကန်ချက် အတော်လေး သေသပ် လှပသော်လည်း ဂိုးဘား ကပ်ကျော် သွားခဲ့သည်။ (၇၆)မိနစ်တွင် ဗီယက်နမ် နောက်ခံလူ အားနည်းချက်အား အခွင့်ကောင်း ရယူကာ အောင်မြင့်အေး တစ်ဦးတည်း လွတ်ထွက် သွားခဲ့သော်လည်း ဆန္ဒစောကာ ကန်သွင်း ခဲ့သဖြင့် ဂိုးသမား သက်သက်သာသာ ကာကွယ် သွားနိုင်ခဲ့သည်။

(၇၉)မိနစ်တွင် မြန်မာ အသင်းက ကျော်ကိုကို နေရာတွင် ကျော်ကျော်မျိုးအား ၀င်ကစား စေကာ တိုက်စစ်ထက် ခံစစ်ကို အဓိကထား ကစားခဲ့သည်။ ပွဲကစားချိန် (၈၃)မိနစ်ခန့်တွင် အင်ဒိုရောက် မြန်မာ ပရိသတ်များ၏ နိုင်ငံတော် သီချင်း သီဆိုသံများ ထွက်ပေါ် လာခဲ့သည်။ (၈၅)မိနစ်တွင် ဗီယက်နမ် အသင်း ဂိုးဧရိယာ အတွင်း အခွင့်အရေးများ ရရှိခဲ့သော်လည်း လျင်လျင်မြန်မြန် ကန်သွင်းနိုင်ခြင်း မရှိ၍ မြန်မာ နောက်ခံလူများ ဖျက်ထုတ် နိုင်ခဲ့သည်။ (၈၆)မိနစ်တွင် မြန်မာ အသင်းအတွက် အပိုင်အခွင့်အရေး အဖြစ် မင်းမင်းသူ ဖန်တီး ပေးရာမှ အောင်မြင်အေး ဂိုးသမားနှင့် တစ်ယောက်ချင်း ရင်ဆိုင် ကန်သွင်းခဲ့ရာ ကန်ချက် ပျော့၍ ဂိုးသမား ကာကွယ် သွားနိုင်ခဲ့သည်။ ထို့အတူ ဗီယက်နမ် အသင်း ဂိုးသွင်းခွင့် ချက်ချင်း ပြန်ရသော်လည်း သီဟစည်သူ အနာခံ ထွက်ပုတ် နိုင်ခဲ့၍ သက်သာခဲ့သည်။

ထို့နောက်တွင် ပွဲကစားချိန် မိနစ် (၉၀)ပြည့်၍ နာကျင် အချိန်ပို (၃)မိနစ် သတ်မှတ် ပေးခဲ့ကာ (၉၁)မိနစ်တွင် မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ ယင်း ပြစ်ဒဏ်ဘောအား ရန်အောင်ဝင်း ကန်သွင်းခဲ့ရာ ဘားထိ ထွက်ခဲ့၍ မြန်မာတို့ နစ်နာခဲ့ရသည်။ ထို့နောက် (၉၃)မိနစ် ပြည့်ခါနီးတွင် ဗီယက်နမ်တို့ ဖရီးကစ် ကန်ခွင့် ရခဲ့ပြီး အသင်းခေါင်းဆောင် ဖန်သန်းလောင် ကန်တင်ပေးရာ တိုက်စစ်မှူး အပိုင် ခေါင်းတိုက် ခဲ့သော်လည်း သီဟစည်သူ ကာကွယ် နိုင်ခဲ့ကာ ဂိုးမရှိ သရေဖြင့် ပွဲပြီးဆုံးခဲ့သည်။

Friday, November 4, 2011

ထိုင်းရေဘေးမြန်မာသံဃာတို့ကိုယ်တွေ့ကြုံ

ဝပ်တလုမ် ကျောင်းဆရာတော်ကျောင်းရေမြုပ်နေပုံ
ထိုင်းနိုင်ငံမှာနှစ်လလောက်ရွာလိုက်သောမိုးကြောင့်
ဘန်ကောက်မြို့မြို့နယ် ၃၀ လောက်ရေမြုပ်ကုန်တယ်
သဲအိပ်တွေတားထားပေမဲ့ မြေအောက်ကထွက်
လာတဲ့ရေတွေကိုမတားနိုင်ဘူးဖြစ်နေတယ်။
ရေများရေနိုင်ဆိုသလို နဂိုကမှပင်လယ်ရေမျက်နှာ
ပြင်ထက်နှိပ်နေသောဘန်ကောက်အနီးတ၀ိုက်မှာ
ရေတွေဘယ်ဆင်းရမှန်းမသိဘဲနှိပ်တဲ့နေရာတိုင်းကို
သွားနေကြတယ်။ သူတို့နိုင်ငံမှာရေတွေကြီးနေပေမဲ့
လျှပ်စစ်မီးမဖျက်ပါဘူး။ရေတွေပြတ်မသွားဘူး။
ကုန်ဈေးနှုံးတွေလဲပြောလောက်အောင်တက်မသွားဘူး
ဆိုတော့ သူတို့ရောက်နေတဲ့ဒုက္ခဆိုတာ ခံနိုင်ရည်တွေရှိနေနိုင်တယ်။ ချမ်းသာတဲ့နိုင်ငံမှာဒုက္ခဆိုတာခံနိုင်ရည်ထက်ပိုပြီးမရောက်ဘူးဆိုတာကိုယ်တွေ့သိလာရတယ်။ငါတို့မြန်မာနိုင်ငံ
မှာလဲဒီလိုသဘာဝဘေးတွေကြုံလာရင်ခံနိုင်ရည်ရှိအောင် ရင်ဆိုင်တတ်အောင်ဘန်ကောက်သားတွေရဲ့နည်းတွေအတုယူပြီး ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး
အခုတော့ရေလွတ်ရာကိုပြေးလိုက်အုံးမယ်။



Wednesday, November 2, 2011

ကမ္ဘာကျော်ဘော်ဒါဆောင်များ



အမေရိကန် သတင်းသမား တစ်ယောက်ဖြစ်တဲ့ ဆစ်ဒနီ ဂျေ ဟားရစ် ဆိုသူက ''ပညာရေးရဲ့ အဓိက ရည်ရွယ်ချက်ဟာ ပြတင်းတံခါးတွေကို အလင်းတံခါးတွေ ဖြစ်အောင် မှန်တွေတပ်လိုက်ဖို့ပဲ'' လို့ ပြောသွားတဲ့စကား မှတ်သားလောက်ပါတယ်။
 ကမ္ဘာလောကကြီးကို ရှုမြင်နိုင်အောင် ဖွင့်ပေးလိုက်ဖို့ လိုပါတယ်။ ဖောက်ထွင်းမြင်နိုင်အောင် ကြည့်ခွင့်ပေးဖို့ လိုပါတယ်။ ပညာရေးကို တံခါးပိတ်၊ အလုံပိတ်မထားဘဲ ကမ္ဘာကြည့် ကြည့်မြင်နိုင်အောင် လမ်းဖွင့်ပေးဖို့ လိုပါတယ်။
သုတေသီတွေက ဘော်ဒါဆောင်နေပြီး ပညာသင်ကြားနေကြတဲ့ ကလေးတွေဟာ အခြား သူတွေထက်ပိုပြီး လွတ်လပ်တယ်လို့ပြောကြတယ်။ စည်းကမ်းနဲ့ချုပ်ကိုင်ထားပြီး ပိုကောင်းအောင်၊ ပိုတော်အောင် လုပ်ဆောင်နိုင်ကြတဲ့အတွက် တက္ကသိုလ်တွေထက် သာတယ်လို့ပြောကြတယ်။ ဒါပေမဲ့ ဒီလိုစည်းကမ်းစနစ်နဲ့ ချုပ်ကိုင်တုပ်နှောင်ထားတာကိုလည်း ဝေဖန်ဆန်းစစ်စရာတွေ ဖြစ်လာတယ်။ စည်းကမ်းရှိမှ တိုးတက်မှာလား၊ တိုးတက်ရင် စည်းကမ်းရှိမှာလားဆိုတာတွေဟာ ပြောစရာဖြစ်လာတယ်။
ဘော်ဒါဆောင်တွေကနေ ပညာသင်ကြားပေးတဲ့ စနစ်ဟာ ကလေးတစ်ယောက်ရဲ့ဘဝကို ဘယ်လောက်အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားနိုင်သလဲ။ သိသာတဲ့ အချက်ကတော့ အင်္ဂလိပ်လို အထူးလေ့ကျင့်တဲ့ဘော်ဒါတွေမှာ အင်္ဂလိပ်လို အပြောတွေက ထူးခြားစွာ တိုးတက်သွားတာပါပဲ။
နိုင်ငံတကာဘော်ဒါကျောင်းတွေမှာ အများဆုံး အသုံးပြုကြတဲ့ ဘာသာစကားကတော့ အင်္ဂလိပ်ဘာသာ စကားပါ။ စီးပွားရေး၊ အိုင်စီတီ၊ သိပ္ပံကျောင်းတွေမှာ အင်္ဂလိပ်စာကိုပဲ အဓိက သင်ကြတာများတယ်။ ပြဋ္ဌာန်းချက်တွေကလည်း အင်္ဂလိပ်လို တပြေးညီ၊ ပြောဆိုသုံးစွဲကြတာကလည်း အင်္ဂလိပ်လိုဆိုတော့ အားလုံး စံတစ်ခုထဲအောက်မှာ ရောက်ကုန်ကြတယ်။ ဒီတော့ သင်ကြား သင်ယူမှုဖြစ်စဉ်မှာ ပိုပြီးလွယ်ကူ အဆင်ပြေသွားတယ်။
ဘော်ဒါကျောင်းတွေမှာ ကိုယ့်ကျောင်းသတ်မှတ်ချက်အလိုက် အင်္ဂလိပ်စာ ကျွမ်းကျင်မှု မတူညီကြဘူး။ ဒါပေမဲ့ ပြဋ္ဌာန်းချက်ကရှိပြီးသားဖြစ်နေလို့ နောက်ဆုံးမှာ အားလုံး အဆင်ပြေ သွားကြတာများတယ်။
အခြားတိုင်းတပါးမှာ ပညာသွားရှာချင်ကြတဲ့ အာရှတိုက်သားတွေရဲ့ အဓိကဒုက္ခကတော့ ဘာသာစကားပဲ။ အစောပိုင်းကတည်းက ဒီပြဿနာကို ဖြေရှင်းလာရင် ပိုပြီးအဆင်ပြေတာပေါ့။ အင်္ဂလိပ်စာ အင်္ဂလိပ်စကားကို ကိုယ့်သားသမီးအတွက် မျိုးစေ့ချပေးတာဟာ ကမ္ဘာကိုရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ခြင်းလို့ မိဘတိုင်းက သဘောပေါက်လာကြတယ်။
နိုင်ငံခြားသွားပြီးတော့ ကျောင်းအိပ်ကျောင်းစားထားတယ်ဆိုတာ ပညာရေးတစ်ခုတည်း ကြည့်လို့မရဘူး။ ကလေးရဲ့ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ဘဝတစ်သက်တာ အခြေခိုင်ရေးတွေကို ပျိုးထောင် ပေးလိုက်တာလို့ မှတ်ယူထားနိုင်ရမယ်။
ထိပ်တန်းဘော်ဒါကျောင်းတွေမှာ သာမန် ကျောင်းတွေထက် သာတဲ့အချက်တွေ အများကြီးရှိတာကို မငြင်းနိုင်ပါဘူး။ စာသင်ခန်းသေးသေး၊ လူဦးရေ အကန့်အသတ်၊ ဆရာကျောင်းသား သင်ကြား သင်ယူမှုမှာ အာရုံစိုက်နိုင်ရေး၊ ကျောင်းသားဗဟိုပြု ပညာရေးစနစ်တွေကို အကောင်းဆုံး အကောင် အထည်ဖော်နိုင်အောင် အားထုတ်နေကြတယ်ဆိုတာ သိသာမြင်သာတဲ့ အချက်ဖြစ်ပါတယ်။
ဘော်ဒါ ကျောင်းကောင်းကောင်းတွေမှာ သာမန်ကျောင်းတွေ စိတ်ကူးယဉ်လို့မရနိုင်တဲ့ အချက်တွေကို အများကြီး ရှိနေတာကလည်း အမှန်ပဲ။ ကောင်းကောင်းပေး၊ ကောင်းကောင်းမွေးဆိုတဲ့ စနစ်အတိုင်း ဖြစ်မယ် ထင်ပါတယ်။
အထူးသဖြင့်တော့ ကျောင်းပြင်ပလှုပ်ရှားမှု ဥပမာ အားကစားလုပ်ငန်းတွေမှာ အခြားကျောင်းတွေထက် ထူးချွန်တဲ့ကျောင်းသားတွေ မွေးထုတ်ပေး နိုင်တာကလည်း အထင်အရှားပဲ။
ဘော်ဒါကျောင်းတွေက စည်းကမ်းတင်းကျပ်တယ်ဆိုပေမယ့် လွတ်လပ်စွာပညာသင်ရှာခွင့်၊ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင်နေခွင့်တွေကိုတော့ အများကြီး အခွင့်အလမ်းတွေ ပေးထားတယ်။ ဂီတ၊ အနုပညာ၊ စာပေ၊ အားကစားတွေမှာ အခြားကျောင်းတွေထက်သာအောင် လုပ်ပေးတယ်။
မိသားစုဆက်သွယ်ခွင့်၊ အင်တာနက်သုံးခွင့်၊ မိုဘိုင်းဖုန်း သုံးခွင့်တွေကိုလည်း သူ့ အတိုင်းအတာလောက်ပဲ ခွင့်ပြုထားတာတွေ့ရတယ်။ တစ်ပတ်ကို ကျောင်းပိတ်ရက်တွေပဲ ဖုန်းနဲ့ အင်တာနက် သုံးခွင့်ပြုတာမျိုးတွေပေါ့။
နိုင်ငံခြားမှာ ဘော်ဒါကျောင်းသွားထားမယ်ဆိုတဲ့ မိဘတွေအနေနဲ့ ခေါင်းရှုပ်ကြရပါတယ်။ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့တွေမတူတဲ့နိုင်ငံရပ်ခြားကို ကိုယ့်သားသမီးတွေကိုပို့ဖို့ စဉ်းစားကြရ တယ်။
ဒီကဏ္ဍမှ ကမ္ဘာ့ထိပ်တန်း ဘော်ဒါကျောင်း ၁ဝ ကျောင်းကို ဖော်ပြလိုက်ပါတယ်။ လေ့လာသိမြင်နိုင် အောင်လို့ပါ။ တကယ့်နာမည်ကျော် ကျောင်းကြီးတွေပါ။
JFK Internarional (ဆွစ်ဇာလန်)

ဆွစ်ဇာလန်နိုင်ငံမှာ ဘော်ဒါကျောင်းကွဲ အမျိုးမျိုးရှိတယ်။ ဒီကျောင်းတွေအထဲက JFK ကျောင်းကို အကောင်းဆုံးလို့ သတ်မှတ်ထားတယ်။ အဲ့လ်ပ်တောင်တန်းရဲ့ တောင်ခြေမှာရှိတဲ့ ရွာလေးတစ်ရွာမှာ ဖွင့်ထားတယ်။ အဓိက အင်္ဂလိပ်ဘာသာစကားနဲ့ပဲ သင်တယ်။ နိုင်ငံတကာစံအတိုင်းသင်တယ်။
ကျောင်းသားက တစ်ကျောင်းလုံးမှာမှ ၆ဝ ကနေ ၇ဝ လောက်ပဲ လက်ခံတယ်။ အသက်ကလည်း ၅ နှစ်ကနေ ၁၄ နှစ်အတွင်းလို့ ကန့်သတ်ထားတယ်။ ပညာရေးမှာ နိုင်ငံတကာကနေ ဒီကျောင်းကို တက်ခွင့်ရဖို့ အတော်လေးကြိုးစားကြတယ်။ တက်ခွင့်ရရင်လည်း ဂုဏ်ယူကြတယ်။
ကလေးတွေကို ကိုယ့်သားသမီးနဲ့မခြား မိသားစုအသွင် စောင့်ရှောက်ထိန်းသိမ်းပေးတယ်။ JFK ကျောင်းမှာ ကွန်ပျူတာကို သင်ထောက်ကူအဖြစ် အဓိထားပြီးကိုင်ကြရတယ်။ ကလေးတိုင်းရဲ့ ပင်ကိုယ်အရည်အသွေး ဖော်ထုတ်ရေး၊ အစွမ်းပြနိုင်ရေးကို ဦးစားပေးထားတယ်။
ကနေဒီကျောင်းဟာ ငြိမ်းချမ်းအေးဆေးပြီး ကလေးတွေဖွံ့ဖြိုးတိုးတက်မှု အရမ်းကောင်းတယ်လို့ နာမည်ကြီးတယ်။ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းတွေအတိုင်း ပြဋ္ဌာန်းသင်ကြားတယ်။ ကျောင်းတွင်းလှုပ်ရှားမှု တွေမှာ ပါဝင်ကြရတယ်။ လေ့လာရေးခရီးတွေထွက်တယ်။ အားကစား လှုပ်ရှားမှုတွေမှာ ပါဝင်ကြရတယ်။
ဒီကျောင်းဘာကြောင့် အောင်မြင်ရသလဲဆိုတော့ ကလေး တစ်ဦးချင်းလိုအပ်ချက်ကို အသေးစိတ် စေတနာနဲ့ ဖြည့်ဆည်ပေးနိုင်တာကြောင့်လို့ဆိုတယ်။ အသေးစိတ်သိချင်ရင် http://www.jfk.ch/ မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။
Branksome Hall (ကနေဒါ)

၁၉ဝ၃ ခုနှစ်ကတည်းက ထူထောင်ထားတဲ့ကျောင်းပါ။ ပထမတန်းစားကျောင်းစာရင်းဝင်ပြီး နေ့တက်ကျောင်းနဲ့ ဘော်ဒါကျောင်း နှစ်မျိုးရောထားတယ်။ အမျိုးသမီးသီးသန့်ကျောင်းဖြစ်တယ်။ မူကြိုကနေ တက္ကသိုလ်ဝင်တန်း အထိ အတန်းတွေကို ဖွင့်လှစ်သင်ကြားပေးတယ်။
ကျောင်းအနေနဲ့ လွတ်လပ်စွာ ကိုယ်ပိုင်ရပ်တည်နေတဲ့ကျောင်းတစ်ကျောင်းဖြစ်ပြီး အစိုးရထံက အထောက်အပံ့ မယူဘူး။ နေ့တက်နဲ့ ဘော်ဒါနေကိုလည်း ခွဲခြားသင်ကြားပေးခြင်းမရှိဘူး။ တစ်တန်းတည်းသင်ပေးတယ်။ အဆောင်နေစောင့်ရှောက်မှုက သီးခြားခွဲထားတယ်။ ကမ္ဘာအနှံ့ နာမည်ကျော်ဆရာတွေကို စုဆောင်းထားပြီး ပညာသင်ကြားပေးတယ်။
ဒီကျောင်းမှာ လွတ်လပ်တဲ့စသင်ရိုးပြဋ္ဌာန်းချက်များနဲ့ သင်ကြားပေးတာကြောင့် ဒီကျောင်းက ကလေးတွေဟာ တွေးခေါ်စွမ်းအား၊ စူးစမ်းလေ့လာအားတွေ အရမ်းကောင်းတယ်လို့ နာမည်ကြီး တယ်။ ပြဋ္ဌာန်းချက်ကတစ်ပိုင်း၊ ကိုယ်ကြိုက်တာကို ရွေးချယ်ရတာကတစ်ပိုင်း ပေါင်းစပ်သင်ပေး တယ်။ ကမ္ဘာ့အဆင့်မီပညာရေးကိုပဲ ဦးတည်သင်ကြားပေးတယ်။
ဒီကျောင်းမှာ ၈ တန်းကနေ ၁၂ တန်းအထိကိုလည်း လာတက်လို့ရတယ်။ အဆောင်နေ ကျောင်းသူတွေကို ဂရုစိုက်စောင့်ရှောက်တာကလည်း အထူးကောင်းမွန်တယ်။ နိုင်ငံတကာ နာမည်ကျော် ဆရာ ဆရာမတွေရဲ့ လက်ထဲကိုထည့်ထားပေးတာကြောင့် ဒီကျောင်းထွက်တွေဟာ ကမ္ဘာ့အဆင့်မြင့်တက္ကသိုလ်ကြီးတွေကို ရောက်သွားကြတာ များတယ်။
Diocesan School (နယူးဇီလန်)

အမျိုးသမီးသီးသန့်ကျောင်းဖြစ်တယ်။ Auckland တက္ကသိုလ်လက်အောက်မှာ ဖွင့်ထားတယ်။ နယူးဇီလန်မှာ ထိပ်တန်းကျောင်းတစ်ကျောင်းဖြစ်တယ်။ ရာစုနှစ်ဝက်လောက်သက်တမ်းရှိပြီဖြစ်တဲ့ ဒီကျောင်းကို သမီးတွေ၊ အဖွားတွေ၊ မြေးမြစ်တွေအဆင့်အထိ ကျောင်းလာအပ်ကြတဲ့ မြင်ကွင်းတွေကို ယနေ့တိုင်တွေ့ရတယ်။ သမိုင်းဝင်ကျောင်းအဖြစ်လည်း နိုင်ငံသားတွေက အလေးထားကြတယ်။
ခေတ်အမီဆုံး သင်ထောက်ကူပစ္စည်းတွေကို အမြဲတန်းဖြည့်ဆည်းပေးနေပြီး၊ သင်ယူမှုအတွက် အကောင်းဆုံး ရုပ်ပတ်ဝန်းကျင်အနေအထား၊ အနားယူအပန်းဖြေစရာ အခြေအနေပေါင်းများစွာကိုလည်း ဖန်တီးပေးထား သေးတယ်။ နှစ်စဉ် အဆင့်မြှင့်ရေးကိုပဲ အလေးထားတယ်။ နိုင်ငံအတွင်း ကျောင်းသူတွေသာမက နိုင်ငံတကာကျောင်းသားတွေလည်း ဒီကျောင်းတက်ခွင့်ရရေးအတွက် ကြိုးစားကြတယ်။ ဘော်ဒါဆောင်ကလည်း ကျောင်းသူ ၃၅ ယောက်ပဲ လက်ခံပေးတယ်။ စိတ်ပါဝင်စားသူတွေ http://www.diocesan.school.nz/default.aspx မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။
Westminister School (အင်္ဂလန်)

ဒီကျောင်းထွက်တွေကတော့ နာမည်ကျော် သရုပ်ဆောင်တွေ၊ အဆိုကျော်တွေ၊ စူပါစတားတွေများတယ်။ လန်ဒန်ပါလီမန်အဆောက်အအုံနဲ့ ဝက်စ်မင်စတာကျောင်းတော်ကြီးရဲ့ ဘေးမှာ ထူထောင်ထားတဲ့ ကျောင်းဖြစ်တယ်။ နိုင်ငံတကာမှာ အလွတ်လပ်ဆုံး ဘော်ဒါကျောင်းတစ်ကျောင်းဖြစ်သလို၊ နေ့တက် ကျောင်းနဲ့ပါ တွဲဖက်ထားတယ်။
မူလက ဒီကျောင်းဟာ ဘာသာရေးဆိုင်ရာ ရဟန်းဖြစ်သင်ကျောင်းဖြစ်တယ်။ နှစ်ထောင်ချီပြီး တည်တန့်ခဲ့တဲ့ ကျောင်းကြီးလည်းဖြစ်တယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက အဲဒီကျောင်းထွက် ၅ဝ ရာခိုင်နှုန်းလောက်ကို အောက်စ်ဖို့ဒ်တက္ကသိုလ်ကြီးနဲ့ ကင်းဘရစ်ခ်ျတက္ကသိုလ်တို့က လက်ခံခဲ့တယ်။ ေ
ကျာင်းထွက် ၄၅ ရာခိုင်နှုန်းလောက်ကို အခြားတက္ကသိုလ်တွေက လက်ခံပြီး၊ ၅ ရာခိုင်နှုန်း ကတော့ အမေရိကန်ကိုထွက်ပြီး ပညာဆက်သင်ကြတယ်။ အသေးစိတ်လေ့လာချင်ရင် http://www.westminster.ac.uk/schools/business မှာလေ့လာ နိုင်ပါတယ်။
Charterhouse School (အင်္ဂလန်)

၂ဝ၁၁ ခုနှစ်မှာ ချာတာဟောက်စ် ကျောင်းတော်ကြီးရဲ့ နှစ် ၄ဝဝ ပြည့်အခမ်းအနားကို ကျင်းပနိုင်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ ပုဂ္ဂလိကပညာရေးကို အကောင်းဆုံး အကောင်အထည်ဖော်ပေးနိုင်တဲ့ သမိုင်းဝင်ကျောင်း ကြီးတစ်ကျောင်းလို့လည်းပြောနိုင်တယ်။ ပညာရေးမှာ အင်တိုက်အားတိုက်စွမ်းဆောင်ပေးနေသလို၊ တိုးတက်အောင်မြင်တဲ့ သင်ကြားရေးစနစ်တွေကြောင့် နာမည်ကြီးတယ်။
ဒီကျောင်းထွက်တွေဟာ ဗြိတိန်က တက္ကသိုလ်ကောင်းကောင်းတွေကို ဝင်ခွင့်ရကြတယ်။ ဒီကျောင်းရဲ့ ထူးခြားချက်က စာမေးပွဲရမှတ်တွေကို ဦးစားပေးအဆင့်မှာ မထားဘူး။ လွတ်လပ်စွာ စူးစမ်းလေ့လာမှု၊ ဖော်ထုတ်နိုင်မှု၊ စိတ်ပါဝင်စားမှုတွေအလိုက် အကဲဖြတ်တယ်။
ကျောင်းသားတွေကို ကျောင်းသင်ပညာရေး ပြဋ္ဌာန်းချက်များတွေထက် ကျောင်းပြင်ပ ပညာရေးမှ လေ့လာတွေ့ရှိချက်တွေကို ဦးစားပေးတယ်။ အားကစားနဲ့ ကျောင်းစာပြင်ပ လှုပ်ရှားမှုတွေကို အားပေးတယ်။ ယောက်ျားလေးတွေကို အသက် ၉ နှစ်ပြည့်ရင် ဘော်ဒါလက်ခံတယ်။ ဒါပေမယ့် ၁၃ နှစ် ပြည့်မှ လာအပ်ကြတာများတယ်။
နိုင်ငံရပ်ခြား ကျောင်းသားတွေကိုတော့ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံစစ်ဆေးမှုတွေ ပြန်လုပ်တယ်။ နှစ်စဉ် ဇန်နဝါရီလမှာ ကျောင်းသားတွေကို စတင်လက်ခံတယ်။ ကျောင်းသူ ၅ဝ လောက်ပဲ ဒီကျောင်းမှာ လက်ခံတယ်။ အသေးစိတ် သိရှိလိုသူတွေ http://www.charterhouse.org.uk/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
UWCSEA Vision (စင်ကာပူ)

United World College of South East Asia (UWCSEA) ကျောင်းဟာ စင်ကာပူမှာ ကျောင်းဝင်း ကြီးနှစ်ခုရှိတယ်။ ပညာရေးမှာ နိုင်ငံတကာအဆင့် ထက်မနိမ့်တဲ့ပညာရေးကို အလေးပေးမယ်ဆိုပြီး ကတိတွေ ပေးထားတယ်။
ဒီကျောင်းဟာ ကမ္ဘာ့ အကောင်းဆုံး ကောလိပ် ၁၃ ကျောင်းထဲမှာ ဒုတိယ လိုက်တယ်။ United World College (UWC) လှုပ်ရှားမှုမှာလည်းပါဝင်ထားပြီး နိုင်ငံတကာက ပညာရေးမှာ နားလည်မှုရှိရေး၊ စည်းလုံးညီညွတ်ရေး၊ ယဉ်ကျေးမှုရှိရေး၊ အမျိုးသားရေး၊ ငြိမ်းချမ်းရေးပေါင်းစည်းပြီး အနာဂတ်မှာ တည်ငြိမ်အေးချမ်းတဲ့ ကမ္ဘာကြီးဖြစ် အောင်တည်ဆောက်ရေးဆိုတဲ့ ဦးတည်ချက်တွေနဲ့ ဆောင်ရွက်နေတယ်။
နိုင်ငံတကာပညာရေးကို ဦးတည်ထားတာကြောင့် အသင်းအဖွဲ့လိုက်လှုပ်ရှားဆောင်ရွက်နိုင်မှု၊ ခေါင်းဆောင်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ စတာတွေကို အလေးပေးသင်ကြားတယ်။ ဒီကျောင်းမှာ သူငယ်တန်းကနေ ၁၂ တန်းအထိသင်ကြားပေးတယ်။ အထူးသဖြင့် နိုင်ငံတကာ သတ်မှတ်ချက်စံအတိုင်း စာမေးပွဲတွေကို အောင်မြင်လာသူတွေကို လက်ခံတတ်တယ်။ အသေးစိတ် သိချင်ရင် http://www.uwcsea.edu.sg/page.cfm?p=1092 မှာ ဝင် ရောက်စုံစမ်းနိုင်ပါတယ်။
Woodstock Schnool (အိန္ဒိယ)

ဟိမဝန္တာတောင်ခြေမှာ ထူထောင်ထားတဲ့ ဒီကျောင်းဟာ အိန္ဒိယလူ့မလိုင် အထက်တန်းစားတွေအတွက် အထူးဖွင့်လှစ်ထားတဲ့ ကျောင်းတစ်ကျောင်းပါ။ ၁၈၅၄ ခုနှစ်လောက်ကတည်းက ထူထောင်ထားတယ်။ အိန္ဒိယသာသနာပြုနဲ့ လူမှုဝန်ထမ်းလုပ်ငန်းတွေအတွက် အထူးရည်ရွယ်ချက်နဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်တယ်။ ဒီအစဉ်အလာကို ဆက်ထိန်းပြီး ယနေ့အထိ ထူးချွန်ထက်မြက်တဲ့ နိုင်ငံသားကောင်းတွေ မွေးထုတ်ပေးနေတဲ့ ကျောင်းအဖြစ်ရပ်တည်နေခဲ့တယ်။
နိုင်ငံသူ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ရေးကို ဦးတည်ဖွင့်လှစ်ခဲ့တာကြောင့် ပညာရေးမှာလည်း နိုင်ငံတကာအဆင့်ပညာရေးကို အဓိကထားသင်ကြားတယ်။ အထူးသဖြင့် ခရစ်ယန် ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေ လွန်ကဲနေတဲ့ အနောက်တိုင်းသား အထင်ကြီး လူတန်းစား တစ်စုအတွက် ပညာရေးလို့တောင် ပြောနိုင်တယ်။
အသက် ၃ နှစ်ကနေ အသက် ၁၈ နှစ်အတွင်း စတင်လက်ခံသင်ကြားပေးတယ်။ ဘော်ဒါကိုတော့ အဆင့် ၃ တန်းကျမှ စပြီးလက်ခံတယ်။ နိုင်ငံခြား တိုင်းပြည်တွေက ကျောင်းသား တွေထက် အိန္ဒိယ နိုင်ငံအတွင်း ငွေကြေးချမ်းသာသူ လူ့မလိုင်သားသမီးတွေ လာတက်တဲ့ ကျောင်းအဖြစ်ထင်ရှားတယ်။ အသေးစိတ်သိချင်ရင် http://woodstockschool.in/မှာ ဝင်ရောက် စုံစမ်းနိုင်ပါတယ်။
Dulwich College Management International (အာရှ)

DCMI ကျောင်းဟာ အာရှတိုက်မှာရှိတဲ့ ကျောင်းတွေနဲ့ ချိတ်ဆက်ပညာသင်ကြားနိုင်ဖို့ အဂင်္လန်နိုင်ငံမှာ အခြေစိုက်ဖွင့်လှစ်ထားတဲ့ကျောင်းတစ်ကျောင်းဖြစ်တယ်။ လန်ဒန်မှာတော့ လွတ်လပ်တဲ့ကျောင်းတစ် ကျောင်းအဖြစ်နာမည်ကြီးတယ်။ DCMI ကို တရုတ် မှာ ရှန်ဟိုင်းကောလိပ်ခွဲ တစ်ခုအနေနဲ့ ဖွင့်လှစ်ထားတယ်။ အဆင့်အတန်းမခွဲ နိုင်ငံရပ်ခြားက ရောက်လာတဲ့ ကျောင်းသားတွေကို ပညာသင်ကြားရေးအတွက် ဖွင့်လှစ်ထားတာဖြစ်တယ်။ ရှန်ဟိုင်းကောလိပ် လက် အောက်ခံအဖြစ် တရုတ်မှာရှိတဲ့ ပေကျင်း၊ စူဇောင်း၊ ဇူဟိုင်းမြို့တွေမှာ ကျောင်းခွဲတွေဖွင့်ထားသလို၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာလည်း ကျောင်းခွဲ တစ်ကျောင်းရှိတယ်။
DCMI ကို မူလတန်းအဆင့်မှာ ဘာသာစကား နှစ်မျိုးနဲ့သင်တယ်။ သူမူလကျောင်းရဲ့ brand name ကို Windsor လို့ခံယူထားတယ်။ ဒေသဆိုင်ရာတွေမှာ A-level နဲ့ advanced level တွေကို သင်ကြားပေးတယ်။ အာရှတိုက်မှာ နိုင်ငံတကာကျောင်းတွေထဲရဲ့ ထိပ်တန်းစာရင်းမှာရှိတဲ့ ကျောင်းတစ်ကျောင်းဖြစ်တယ်။ အသေးစိတ်သိချင်ရင် http://www.dulwich.org.uk/ Parents_Home_1.aspx?id=1:29438&id= 1:29436 မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Canadian Academy (ဂျပန်)

ဂျပန်နိုင်ငံ ကိုဘေးမြို့ပေါ်က ရော့ကိုကျွန်းမှာဖွင့်လှစ်ထားတယ်။ ကမ္ဘာ့အဆင့်မီ ကျောင်းတစ်ကျောင်း ဖြစ်ရေးအတွက် သာသနာပြုတွေကနေစတင်ထူထောင်ခဲ့တယ်။ ဒီကျောင်းဟာ ပုဂ္ဂလိက ကျောင်းတစ်ကျောင်း ဖြစ်ပြီး ဂျပန်ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု ကျောင်းတစ်ကျောင်းလည်း ဖြစ်တယ်။
ဒီကျောင်းထွက်တွေဟာ အမေရိကန်အထက်ကျောင်းတွေကို တက်နိုင်တဲ့ အသိအမှတ်ပြု လက်မှတ်နဲ့ နိုင်ငံတကာ အသိအမှတ်ပြု ဒစ်ပလိုမာလက်မှတ်တွေရတယ်။ ကျောင်းသားတွေကို နိုင်ငံတကာအဆင့်မီရေး လေ့ကျင့်ပြုစုပေးတယ်။
ခုဆိုရင် မြောက်အမေရိကတိုက်က ကျောင်းသား ၁၇ ရာခိုင်နှုန်း၊ ဥရောပက ၇ ရာခိုင်နှုန်း၊ အာရှတိုက်က ၅၅ ရာခိုင်နှုန်းနဲ့ ကျန် နိုင်ငံတွေက ၂ဝ ရာခိုင်နှုန်းလောက် လာတက်ကြတယ်။ အဆင့် ၉ ကနေ အဆင့် ၁၂ အထိကျောင်း သားတွေကို ကျောင်းအိပ်ကျောင်းစားလက်ခံတယ်။ အဆောင်ဆိုပေမယ့် တကယ့်မိသားစုနဲ့ မခြား နေထိုင်နိုင်အောင် စီစဉ်ပေးထားတယ်။ အသေးစိတ်သိချင်ရင် http://www.canacad.ac.jp/ မှာ လေ့လာနိုင်ပါတယ်။
Geelong Grammar School (ဩစေၾတးလ်)

ကျောင်း ၅ ကျောင်းခွဲဖွင့်ထားတယ်။ Bostock, Toorak, Timbertop မြို့တွေမှာ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေဖွင့်ထားပြီး Geelong Grammar ကျောင်းဆိုပြီးတော့ သီးခြားဖွင့်ထားသေးတယ်။ ဒီကျောင်းကတော့ အသက်အရွယ်မရွေးတက်နိုင်တယ်။ ခုဆိုရင် ကျောင်းသက် နှစ်ပေါင်း ၁၅ဝ ကျော်ပြီ။ ဩစတြေးလျနိုင်ငံမှာတော့ ဂုဏ်သိက္ခာအရှိဆုံး အဆင့်အမြင့်ဆုံကျောင်းအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာ ချားလ်စ်မင်းသား ကိုယ်တိုင် Timbertop ကိုလာပြီး ဖွင့်လှစ်ပေးခဲ့တယ်။
ဒီဂရမ်မာကျောင်းဟာ ဩစတြေးလျနိုင်ငံရဲ့ နိုင်ငံတကာကျောင်းသားတွေ မျက်စိအကျဆုံး ကျောင်းကြီး တစ်ကျောင်းလည်းဖြစ်တယ်။ Corio မှာဖွင့်ထားတဲ့ ဘော်ဒါကျောင်းက အားကစားသမားတွေ မွေးထုတ်ပေးတယ်။ ကျောင်းစာနဲ့ ပြင်ပပညာ ပေါင်းစပ်ရေးလှုပ်ရှားမှုပေါင်း ၁ဝဝ ကျော်လောက် ရှိတယ်။ စိတ်ပညာနဲ့ ဝိဇ္ဇာပညာရပ်တွေသင်ကြားရာမှာလည်း နာမည်ကြီးတယ်။ ကျောင်းသားတွေကို အကောင်းမြင်စိတ်ထားနိုင်ရေး လေ့ကျင့်ပြုစုပေးနေတဲ့အတွက် ထင်ရှားတယ်။ အသေးစိတ် သိချင်ရင် http://www.ggs.vic.edu.au/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
တင်ညွန့်

Tuesday, November 1, 2011

ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​စီး​ပွား​ရေး​ အနာဂတ် – အပိုင်း​ (၂)

မောင်း​မကန်ကမ်း​ရိုး​တန်း​က ထား​ဝယ်​ကျေး​လက်​ဒေသရဲ့​ လူမှုစီး​ပွား​ဘဝပုံရိပ်လွှာ

တနင်္သာရီကမ်း​ရိုး​တန်း​က ​မောင်း​မကန်ကမ်း​ခြေဟာ ​ဖြောင့်​တန်း​လှပပြီး​ လူသား​ရဲ့​ပြုပြင်မှု မခံရ​သေး​တဲ့​ ပကတိ သဘာဝ ကမ်း​ခြေတခုပါ။ ဒါ​ပေမယ့်​ လမ်း​ပန်း​ဆက်သွယ်​ရေး​ ခက်ခဲတာ​ကြောင့်​ ရခိုင်ပြည်နယ်က ငပလီကမ်း​ခြေ၊​ ဧရာဝတီတိုင်း​က ​ငွေ​ဆောင်နဲ့​ ​ချောင်း​သာကမ်း​ခြေ​တွေ​လောက် ​မောင်း​မကန် ကမ်း​ခြေဟာ ခရီး​သွား​လုပ်ငန်း​ ဖွံ့​ဖြိုး​မှု မရှိခဲ့​ပါဘူး​။
မောင်း​ မကန်ကမ်း​ခြေရဲ့​ လက်ရှိအ​ခြေအ​နေနဲ့​ မြန်မာနိုင်ငံရဲ့​ ဖွံ့​ဖြိုး​မှုဟာ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၅၀ က ထိုင်း​နိုင်ငံ နဲ့​ ဆင်တူပြီး​ အရိုင်း​လွင်ပြင်သာသာပဲ ရှိတယ်လို့​ အီတာလျှံ – ထိုင်း​ကုမ္ပဏီရဲ့​ ထား​ဝယ်စီမံကိန်း​ မန်​နေဂျာ Surin Vichian က ​ပြောဖူး​ပါတယ်။ ထိုင်း​နိုင်ငံက ကမ္ဘာ​ကျော် ဖူး​ခက်ကမ်း​ခြေနဲ့​ နှိုင်း​ယှဉ်ရင် ​မောင်း​မကန်ဟာ ​တော်​တော် ​ခေတ်​နောက်ကျ ကျန်ရစ်တဲ့​ ကမ်း​ခြေတခု ဖြစ်​နေပါတယ်။
ဒါ​ပေမယ့်​ ထား​ဝယ်​ဒေသမှာ သူရဲ့​ပင်ကိုယ်မူလတန်ဖိုး​တွေ ရှိ​နေပါတယ်။ ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်အတွက် အချက်အချာကျတဲ့​ ထား​ဝယ်ခရိုင်၊​ ​ရေဖြူမြို့​နယ်ထဲက နဘုလယ်​ဒေသမှာ ထား​ဝယ်သား​ အချင်း​ချင်း​တောင် နား​လည်ရ ခက်တဲ့​ ​ရှေး​ထား​ဝယ်စကား​အသုံး​အနှုန်း​တွေကို ယ​နေ့​တိုင် ထိန်း​သိမ်း​သုံး​စွဲ​နေတဲ့​ လူ့​အဖွဲ့​အစည်း​တခု ရှိ​နေပါတယ်။ ​ဒေသခံ​တွေရဲ့​ အစဉ်အလာယုံကြည်မှုအရ သည်​နေရာဟာ ထား​ဝယ်လူမျိုး​တွေရဲ့​ ဇစ်မြစ်​နေရာဌာန တခုဆိုတာကို​တော့​ သိသူ ရှား​ပါလိမ့်​မယ်။
ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်က​နေ တိုင်း​ပြည်အတွက် ရရှိလာမယ့်​ အကျိုး​ကျေး​ဇူး​က ​နောင် ၁၀ နှစ် ခန့်​ကြာမှ မြင်​တွေ့​နိုင်မှာ ဖြစ်​ပေမယ့်​ ​ဒေသခံ​တွေက​တော့​ ပြဿနာ​ပေါင်း​စုံနဲ့​ ရင်ဆိုင်​နေရပါပြီ။ ဘာသာ​ရေး​နဲ့​ ယဉ်​ကျေး​မှု အမှတ်လက္ခဏာ​တွေနဲ့​ ပင်ကိုယ်သဘာဝအတိုင်း​ ရှိ​နေ​သေး​တဲ့​ ​မောင်း​မကန် ကမ်း​ရိုး​တန်း​မှာ ​ဆောက်လုပ်မယ့်​ စက်မှုဇုန် စီမံကိန်း​ကြီး​ဟာ ​ဒေသခံပြည်သူ​တွေရဲ့​ လူ​နေမှုပုံသဏ္ဍာန်နဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​ လုပ်ငန်း​တွေကို လုံး​ဝ​ပြောင်း​လဲပစ် လိုက်မှာ ဖြစ်ပါတယ်။ ဘိုး​ဘွား​စဉ်ဆက် ပိုင်ဆိုင်ခဲ့​တဲ့​ ​မြေယာ​တွေကိုလည်း​ စက်မှုဇုန် အတွင်း​ စ​တေး​ပစ်တာ ခံကြရပါ​တော့​မယ်။ ဘာသာ​ရေး​နဲ့​ယဉ်​ကျေး​မှုအ​မွေအနှစ်များ​ ကိန်း​ဝပ်တဲ့​ အ​ဆောက်အဦး​တွေလည်း​ အဖျက်ဆီး​ခံကြရပါ​တော့​မယ်။
နဘုလယ်​ကျေး​ ရွာအုပ်စုဖြစ်တဲ့​ လဲ​ရှောင်၊​ ပရဒတ်၊​ ထိန်ကြီး​၊​ မယင်း​ကြီး​၊​ မူး​ဒူး​ကျေး​ရွာတို့​ကို မကြာခင်မှာ စတင် ​ပြောင်း​ရွှေ့​ရမယ်လို့​ ​ဒေသအာဏာပိုင်​တွေက ရွာသား​တွေကို အ​ကြောင်း​ကြား​ထား​ပါတယ်။ ​ဒေသခံ​တွေရဲ့​ ခန့်​မှန်း​ခြေအရ ရွာ ၅ ရွာ ​ပေါင်း​ လူဦး​ရေ ၁၀,၀၀၀ ​ကျော်တယ်လို့​ ဆိုပါတယ်။ နဘုလယ်​ဒေသဟာ ပင်လယ်ကမ်း​ခြေနဲ့​ နီး​ပေမယ့်​ ရာဘာနဲ့​ သီဟိုဠ်ခြံစိုက်ပျိုး​ရေး​လုပ်ငန်း​တွေကို အဓိကလုပ်ကိုင်ကြပါတယ်။
ဒေသခံ​တွေ​ ပြောပြချက်အရ ​ပြောင်း​ရွှေ့​ချထား​မယ့်​နေရာက နဘုလယ်ရဲ့​ ​မြောက်ဘက် သိပ်မ​ဝေး​လှတဲ့​ ဘဝါကမ်း​ခြေဖြစ်ပါတယ်။ ​နေရာသစ်ဟာ ငါး​ဖမ်း​ လုပ်ငန်း​ လုပ်ကိုင်ရာ​ဒေသဖြစ်ပြီး​ ​မြေပြန့်​ နည်း​ပါး​ ​တောင်ကုန်း​တွေများ​တဲ့​ အတွက် ဥယျာဉ်ခြံလုပ်ငန်း​နဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​တဲ့​ နဘုလယ်သား​တွေအတွက် အသက်​မွေး​ဝမ်း​ကြောင်း​ လုပ်ငန်း​ အခက်အခဲ ​တွေ့​နိုင်တယ်လို့​ ဆိုပါတယ်။ ဘဝါကမ်း​ခြေဟာ ​မြေလွတ်​မြေရိုင်း​များ​သာဖြစ်တဲ့​အတွက် ​ပြောင်း​ရွှေ့​ခံရသူ​တွေ အတွက် ခြံစိုက်ပျိုး​ရေး​လုပ်ငန်း​ကို လုပ်မယ်ဆိုရင် အစက​နေ ပြန်လည်ထူ​ထောင်ရမယ့်​ အ​ခြေအ​နေဖြစ်ပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ဒေသတွင် ကျရောက်နေသော ကျေးရွာ ၁၉ ရွာကို ပြောင်းရွှေ့နေရာချထားမည့် စီမံကိန်းမြေပုံ
မွေး​ရပ်​ မြေကို စွန့်​ခွာလာရတဲ့​ ​ဒေသခံ​တွေဟာ လူမှုဘဝနဲ့​ ယဉ်​ကျေး​မှု တန်ဖိုး​တွေကို လည်း​ လက်လွှတ်ဆုံး​ရှုံး​မှာဖြစ်ပါတယ်။ ဆုံး​ရှုံး​သွား​တဲ့​ အိုး​အိမ်​မြေယာ​တွေအတွက် မျှတသင့်​လျော်တဲ့​ ​လျော်​ကြေး​ရရှိတဲ့​တိုင်​အောင် ​နေရာသစ်မှာ ဘဝကို ပြန်စရမှာ ဖြစ်တဲ့​အတွက် လူမှုဝန်ထုပ်ဝန်ပိုး​ကြီး​တွေက မိသား​စုများ​စွာရဲ့​ပခုံး​ပေါ် ကျ​ရောက်ဖိစီး​ လာ​တော့​မှာ ဖြစ်ပါတယ်။ ​ခေတ်သစ် စက်မှု​တော်လှန်​ရေး​တရပ်ကို ကိုယ်​တွေ့​ ခံစား​ယုံက လွဲပြီး​ တခြား​ရွေး​ချယ်စရာလမ်း​ မရှိပါဘူး​။
မြန်မာနိုင်ငံရဲ့ ​ကျေး​ရွာတိုင်း​လိုလိုမှာ ဘုန်း​တော်ကြီး​ကျောင်း​များ​နဲ့​ ​စေတီပုထိုး​များ​ ရှိကြပါတယ်။ ဘာသာ​ရေး​ အ​ဆောက်အအုံ​တွေဟာ ​ကျေး​ရွာလူမှုဘဝတခုလုံး​ကို ဟန်ချက်ညီ​အောင် စုစည်း​ထိန်း​ကျောင်း​ထား​နိုင်တဲ့​ လူမှုအ​ခြေခံ အ​ဆောက်အအုံ ​တွေဖြစ်ပါတယ်။ ​ကျေး​ရွာ​တွေကို ​ရွှေ့​ပြောင်း​ခိုင်း​ ​ပေမယ့်​ ဒီလို ဘာသာ​ရေး​ဆိုင်ရာ ဘုန်း​တော်ကြီး​ကျောင်း​တွေနဲ့​ ​စေတီပုထိုး​တွေကို မဖျက်ဆီး​ဘဲ နဂိုအတိုင်း​ ထား​ရှိခွင့်​ပြုမယ်လို့​ ထိုင်း​ကုမ္ပဏီနဲ့​ မြန်မာအာဏာပိုင်​တွေက ​ပြောဆို​နေပါတယ်။ ဒါ​ပေမယ့်​ “ဘုန်း​ကြီး​ကျောင်း​တွေကို ချန်ထား​ခဲ့​ပြီး​ ရွာ​တွေ အကုန်လုံး​ ​ပြောင်း​ရွှေ့​ခိုင်း​တော့​ ဘုန်း​ကြီး​တွေ ဘယ်က ဆွမ်း​၊​ ကွမ်း​နဲ့​ အသက်ဆက်ရမှာလဲ၊​ ဘုန်း​ကြီး​ဆိုတာ ဒကာမရှိတဲ့​နေရာမှာ မရှင်သန်နိုင်ဘူး​လို့​ ​ဝေဖန်​နေကြပါတယ်။
စီမံကိန်း​ ဒေသဟာ သတင်း​မီဒီယာ​လောကနဲ့​ အလှမ်း​ဝေး​နေတာရယ်၊​ လွတ်လပ်တဲ့​ ပြည်တွင်း​ပြည်ပက ဖွံ့​ဖြိုး​ရေး​ သု​တေသီ​တွေ၊​ စီး​ပွား​ရေး​ပညာရှင်​တွေနဲ့​ သဘာဝပတ် ဝန်း​ကျင်ဆိုင်ရာပညာရှင်​တွေ သွား​ရောက်​လေ့​လာခွင့်​မရတဲ့​အတွက် ထား​ဝယ် ​ဒေသခံ​တွေရဲ့​ လူသား​လုံခြုံမှု (Human Security) ဟာ လူမသိသူမသိ ခြိမ်း​ခြောက်ခံ​နေရပါတယ်။
စီမံကိန်း​ဒေသက ​ကျေး​ရွာ​တွေ ​ပြောင်း​ရွှေ့​ရေး​နဲ့​ ရွာသား​တွေ ဆုံး​ရှုံး​ခဲ့​ရမှုများ​အ​ပေါ် ​လျော်​ကြေး​ပေး​ရေး​ကိစ္စ​တွေက အီတာလျံ- ထိုင်း​ကုမ္ပဏီ ရင်ဆိုင်​ဖြေရှင်း​ရမယ့်​ လတ်တ​လောပြဿနာ​တွေပါ။ မြန်မာစစ်အစိုး​ရက အရပ်သား​ အစိုး​ရကို အာဏာမလွှဲမီ ဇန်နဝါရီမှာ ထုတ်ပြန်ခဲ့​တဲ့​ “ထား​ဝယ်အထူး​ စီး​ပွား​ရေး​ဇုန်ဥပ​ဒေ” ထဲမှာ စီမံကိန်း​ကြောင့်​ နစ်နာဆုံး​ရှုံး​မှုအတွက် ​ဒေသခံ ရွာသား​တွေကို ​လျော်​ကြေး​ပေး​ရန် ရင်း​နှီး​မြှုပ်နှံသည့်​ကုမ္ပဏီများ​က တာဝန်ယူရမယ် လို့​ ဥပ​ဒေရဲ့​ ပုဒ်မ ၃၄ မှာ ​အောက်ပါ အတိုင်း​ ​ဖော်ပြထား​ပါတယ်။
“ဗဟိုအဖွဲ့​က ခွင့်​ပြုထား​သည့်​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်အတွင်း​ရှိ ​မြေ​ပေါ်တွင်၊​ လူ​နေအိမ်​ခြေများ​၊​ အ​ဆောက်အအုံများ​၊​ လယ်ယာဥယျာဉ်ခြံ​မြေများ​၊​ သီး​ပင်စား​ပင်များ​၊​ စိုက်ခင်း​များ​ စသည်တို့​ကို ​ပြောင်း​ရွှေ့​ရှင်း​လင်း​ပေး​ရန်ရှိပါက ယင်း​တို့​အား​ ​ပြောင်း​ရွှေ့​နေရာချထား​ခြင်း​နှင့်​ ​လျော်​ကြေး​ပေး​ခြင်း​တို့​အတွက် ကုန်ကျစရိတ်များ​ကို ရင်း​နှီး​တည်​ဆောက်သူ သို့​မဟုတ် ရင်း​နှီး​မြှုပ်နှံသူက ကျခံရမည်။ ထို့​အပြင် ​ပြောင်း​ရွှေ့​ရသူများ​အတွက် မူလအဆင့်​အတန်း​ထက် မနိမ့်​ကျ​စေရန်နှင့်​ ယင်း​တို့​၏ အ​ခြေခံလိုအပ်ချက်များ​ ပြည့်​စုံ​စေရန် ​ဆောင်ရွက်​ပေး​ရမည်။ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန် စီမံခန့်​ခွဲမှု ​ကော်မတီသည် အဆိုပါလုပ်ငန်း​များ​ အဆင်​ပြေ​ချော​မွေ့​စေ​ရေး​အတွက် လိုအပ်သလို ညှိနှိုင်း​ဆောင်ရွက်​ပေး​မည်” လို့​ ​ဖော်ပြထား​ပါတယ်။
ဥပ​ဒေပါစကား​ ရပ်​တွေက ​ဒေသခံ​တွေရဲ့​နစ်နာမှု​တွေကို ကာကွယ်​ပေး​ထား​တာ ​တွေ့​ရ​ပေမယ့်​ ​မြေပြင်​ပေါ်မှာ လက်​တွေ့​အ​ကောင်အထည်​ဖော်​နေတဲ့​ အ​ခြေအ​နေ ​တွေနဲ့​ ကင်း​ကွာ​နေတာ​တွေရှိပါတယ်။ ​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်မယ့်​ ကမ်း​ခြေအနား​က သူ့​ရဲ့​နေအိမ် တဲကပြင်​ပေါ်မှာ ထိုင်ရင်း​ အသက် ၆၀ ခန့်​ရှိ ထား​ဝယ်သား​ အဖိုး​အိုက “ကျုပ်ရဲ့​ သီဟိုခြံထဲက​နေ လမ်း​ ​ဖောက်​နေတာ ပြီး​သွား​ပြီ။ ရွာလူကြီး​က​တော့​ ​လျော​ကြေး​ရမယ် ​ပြောတာပဲ၊​ တကယ်က လမ်း​မ​ဖောက်ခင်ကထဲက ​ပေး​သင့်​ တာ​ပေါ့​” လို့​ အီတာလျံ – ထိုင်း​ကုမ္ပဏီရဲ့​ နည်း​လမ်း​မကျပုံကို ရှင်း​ပြပါတယ်။ အာဏာပိုင်​တွေအ​ရေး​ယူမှာ စိုး​ရိမ်တဲ့​အတွက် အဖိုး​အိုက သူ့​ရဲ့​နာမည်ကို မထုတ်​ဖော်​စေချင်ပါဘူး​။
အီတာလျံ - ထိုင်းကုမ္ပဏီက ခန့်ထားသော “ပြန်လည် နေရာချထားမှု ညှိနှိုင်းရေးအရာရှိ” မြန်မာလူမျိုး ဦးအောင်ဇော်ဝင်းက ရွာသားများအား ဤပုံစံကို ဖြန့်ဝေ ပေးပြီး ခုတ်လှဲခံရမည့် သစ်ပင်အမျိုးအစား၊ သက်တမ်း နှင့် အ ရေအတွက်ကို ဖြည့် သွင်းကာ သ ဘောတူ ကြောင်း လက်မှတ် ရေထိုး ခိုင်း ။
စီမံကိန်း​ ဒေသက ထား​ဝယ်​ဒေသခံ​တွေဟာ ​ကျေး​လက်​နေလူတန်း​စား​ အလွှာဖြစ်ပြီး​ အတန်း​ပညာတတ်​မြောက်မှု နည်း​ပါး​ပေမယ့်​ ထိုင်း​နိုင်ငံက အထင်ကရ နိုင်ငံတကာကုမ္ပဏီကြီး​တခုရဲ့​လုပ်ရပ်ဟာ တရား​နည်း​လမ်း​မကျဘူး​ဆိုတာကို​တော့​ သူတို့​ သိ​နေကြပါတယ်။ ဒါ​ပေမယ့်​ ​ဒေသအာဏာပိုင်​တွေရဲ့​ ဖိအား​ပေး​မှု​အောက်မှာ ဘယ်လိုမှ ငြင်း​ဆန်လို့​မရတဲ့​ အ​ခြေအ​နေနဲ့​ ကြုံ​တွေ့​နေရပါတယ်။
မကြာခင်က ပြုလုပ်ခဲ့​တဲ့​ ​ဒေသခံဥယျာဉ်ခြံ​မြေပိုင်ရှင်​တွေနဲ့​ ​တွေ့​ဆုံတဲ့​ အစည်း​အ​ဝေး​တခုမှာ အီတာလျံ – ထိုင်း​ကုမ္ပဏီက ခန့်​အပ်ထား​တဲ့​ ပြန်လည်​နေရာ ချထား​မှု ညှိနှိုင်း​ရေး​အရာရှိ မြန်မာလူမျိုး​ ဦး​အောင်​ဇော်ဝင်း​ (​ခေါ်) Aubrey G. Winbaw က လမ်း​ဖောက်လုပ်ရာမှာ ခုတ်လှဲခဲ့​တဲ့​ ရာဘာပင်၊​ သီဟိုပင်၊​ ကွမ်း​သီး​ပင် စတဲ့​ ​ဒေသခံ​တွေအတွက် ဝင်​ငွေရရှိတဲ့​ သစ်ပင်အမျိုး​အစား​တိုင်း​ကို ​လျော်​ကြေး​ ​ပေး​မယ်လို့​ အာမခံ ​ပြောဆိုခဲ့​ပါတယ်။ ရွာသား​တွေက သစ်ပင်တပင်ရဲ့​ တန်ဖိုး​နဲ့​ ဘယ်အချိန်မှာ ​လျော်​ကြေး​ပေး​မလဲလို့​ ​မေး​တဲ့​အခါ ဦး​အောင်​ဇော်ဝင်း​က ကုမ္ပဏီအ​နေနဲ့​ မသတ်မှတ်ရ​သေး​ကြောင်း​၊​ အစည်း​အ​ဝေး​ မထိုင်ရ​သေး​ကြောင်း​ ပြန်​ပြောခဲ့​ပါတယ်။
ဒါ​ပေမယ့်​ အထက်က​ဖော်ပြထား​တဲ့​ ဇယား​ကွက်ပုံစံကို အီတာလျံ – ထိုင်း​ကုမ္ပဏီနဲ့​ ​ဒေသခံအာဏာပိုင်​တွေက ​ကျေး​ရွာ​တွေကို တရွာဝင်တရွာထွက် ဥယျာဉ်ခြံပိုင်ရှင် ​တွေနဲ့​ ​တွေ့​ဆုံပြီး​ သူတို့​ခြံ​မြေထဲက ခုတ်လှဲမယ့်​သစ်ပင်​တွေကို စာရင်း​ပြုစုပြီး​ သ​ဘောတူ​ကြောင်း​လက်မှတ်ထိုး​ခိုင်း​ခဲ့​တယ်။
ထိုပုံစံမှာ လက်မှတ်​ရေး​ထိုး​မယ့်​သူဟာ ဥယျာဉ်ခြံပိုင်ရှင်အပြင် အီတာလျံ-ထိုင်း​ ကုမ္ပဏီက အရာရှိတဦး​၊​ မြန်မာ​ဘောလုံး​အဖွဲ့​ချုပ်ဥက္ကဌ ပိုင်ဆိုင်တဲ့​ Max Myanmar ကုမ္ပဏီက အရာရှိတဦး​၊​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​၊​ မြို့​နယ်နှစ်ရှည်သီး​နှံအရာရှိနဲ့​ မြို့​နယ်​မြေစာရင်း​အရာရှိတို့​ ပါဝင်တယ်။ Max Myanmar ကုမ္ပဏီဟာ ထား​ဝယ် အထူး​စီး​ပွား​ရေး​ဇုန် ​ဆောက်လုပ်​ရေး​လုပ်ငန်း​တွေမှာ အီတာလျံ-ထိုင်း​ ကုမ္ပဏီနဲ့​ ပူး​ပေါင်း​တည်​ဆောက်မယ့်​ ပြည်တွင်း​ကုမ္ပဏီတခု ဖြစ်ပါတယ်။
အီတာလျံ-ထိုင်း ​ကုမ္ပဏီက လမ်း​ဖောက်လုပ်ရာမှာ ခုတ်လှဲရမယ့်​ ရာဘာပင်၊​ သီဟိုပင်၊​ ကွမ်း​သီး​ပင်​တွေအတွက် ဥယျာဉ်ခြံ ပိုင်ရှင်ရွာသား​တွေနဲ့​ ​လျော်​ကြေး​တန်ဖိုး​ သတ်မှတ်ခြင်း​ကိစ္စကို အရင်ဦး​ဆုံး​ နှစ်ဦး​သ​ဘောတူညှိနှိုင်း​မှုရယူခဲ့​ခြင်း​မရှိဘဲ သစ်ပင်​တွေခုတ်လှဲပြီး​ လမ်း​ဖောက်လုပ်တာကို သ​ဘောတူညီ​ကြောင်း​ ​ဒေသအာဏာပိုင်​တွေရဲ့​အကူအညီနဲ့​ ဖိအား​ပေး​ လက်မှတ်ထိုး​ခိုင်း​ခဲ့​ပါတယ်။ အဲ့​ဒီအတွက်​ကြောင့်​ ရွာသား​တွေမှာ သူတို့​ဆုံး​ရှုံး​နစ်နာမှု​တွေအတွက် တန်ရာတန်​ကြေး​ရရှိဖို့​ ကုမ္ပဏီနဲ့​ အ​ပေး​အယူလုပ်နိုင်တဲ့​ အင်အား​ (Bargaining Power) ဆုံး​ရှုံး​ခဲ့​ရပါတယ်။
အီတာလျံ-ထိုင်း ​ကုမ္ပဏီအ​နေနဲ့​ တဖက်မှာ ​ဒေသခံအာဏာပိုင်​တွေရဲ့​အကူအညီနဲ့​ စီမံကိန်း​ဒေသက ထား​ဝယ်​ကျေး​လက် လူထုအ​ပေါ် တဖက်သတ် ပြုမူ​ဆောင်ရွက်​နေသလို အခြား​တဖက်မှာ​တော့​ ရင်း​နှီး​မြှုပ်နှံသူ​တွေကို ဆွဲ​ဆောင်​ပြောဆို​နေပါတယ်။ ပြီး​ခဲ့​တဲ့​ ဇွန်လဆန်း​က ဘန်​ကောက်မြို့​မှာကျင်း​ပတဲ့​ ထား​ဝယ်စီမံကိန်း​အ​ပေါ် ရင်း​နှီး​မြုပ်နှံမယ့်​သူများ​ကို ရှာ​ဖွေဆွဲ​ဆောင်တဲ့​ ရှင်း​လင်း​ပွဲတခုမှာ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်မှာ စက်ရုံ​တွေ ​ဆောက်လုပ်ဖို့​ ​မြေကွက်​တွေ စတင် စရံသတ်ထား​နိုင်ပါပြီလို့​ ​ကြေညာခဲ့​ပါတယ်။

Upload တင်ခြင်း နှင့် Download လုပ်ခြင်း အကြောင်း

ကျွန်တော် ဒီနေ့တော့ မသိသေးတဲ့ သူများအတွက် Upload တင်ခြင်းနှင့် Download ချခြင်းဆိုတာကို ပို့စ်တစ်ခု အနေနဲ့ ရေးပေးသွားပါမယ် .. ကျွန်တော့်ကို အကိုတစ်ယောက် Uploading Site တွေအကြောင်း မေးထားတာ လေးတွေရှိတာနဲ့ ဗဟုသုတ အနေနဲ့လည်း Uploading ဆိုတာဘာကို ခေါ်တာ ဘာအတွက် အသုံးပြုတယ် ဆိုတာရယ် Downloading  ဆိုတာဘာကိုခေါ်တာ ဘာအတွက် အသုံးပြုတယ် ဆိုတာကို ကျွန်တော် ရေးပေးသွားပါမယ် .. ပြီးမှ Uploading ဆိုဒ်တွေအကြောင်းနဲ့ ဘယ်လိုအသုံးပြု ရတယ်ဆိုတာကိုပါ ဆက်ပြီးရေးပေးသွားပါမယ် .. ကျွန်တော် ဒီအကြောင်းကို ရေးချင်နေတာ ကြာပါပြီ .. အများစုက အင်တာနက်မှာ ကိုလိုချင်တာကို ဒေါင်းလော့ချမယ် အဲ့ဒါကို ဒေါင်းလော့ချတယ်လို့ ခေါ်တယ်ဆိုတာထက်ပိုပြီး မသိကြပါဘူး .. တစ်ခါတစ်လေ ပြောနေကြတာ ကြားရပါတယ် .. ငါအင်တာနက် ကနေ Upload တင်လိုက်တာ ဆိုပြီးတော့ အမှန်တော့ သူပြောချင်တာ ဒေါင်းလော့ ချတာကို ပြောချင်တာပါ .. အဲ့ဒီအတွက် မသိသေးတဲ့ သူများအတွက် ရည်ရွယ်ပြီးတော့ ကျွန်တော် ဒီပို့စ်လေးကို ကျွန်တော် နားလည်သလောက် ပြန်ပြီးတော့ ရေးပေးသွားပါမယ် .. 

အရင်ဆုံး Uploading and Downloading အကြောင်းမရေးခင် သူတို့ရဲ့သဘောတရားကို နည်းနည်းရှင်းပြပေး ပါမယ်.. တကယ်တော့ Upload တင်လိုက်တယ် ပြီးရင် ဒေါင်းလော့ ပြန်ချတယ် ဆိုတာ တကယ်တော့ File Sharing လုပ်တဲ့ သဘောမျိုးပါပဲ . ဥပမာ ။ ။ လူနှစ်ယောက်ရှိပါတယ် .. A နဲ့ B ပေါ့ဗျာ .. A က မလေးရှာမှာနေတယ် .. B က စင်္ကာပူမှာနေပါတယ်..  A အနေနဲ့ သူစက်ထဲမှာ ရှိတဲ့ Software တစ်ခုကို B ကိုပေးချင်ပါတယ် .. ဒါပေမယ့် သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်က တစ်နိုင်ငံစီ ဖြစ်နေပါတယ် .. အဲ့ဒီအတွက် A ကသူစက်ထဲမှာရှိတဲ့ Software တစ်ခုကို B ကိုအလွယ်တကူ ပေးနိုင်ဖို့အတွက် အင်တာနက် ပေါ်မှာရှိတဲ့ Free Uploading  Site တစ်ခုကို အသုံးပြုပါမယ်.. A  ကမိမိစက်ထဲမှာ ရှိတဲ့ Software ကို Free Uploading ဆိုဒ်ပေါ်ကို တင်လိုက်တယ် .. တင်ပြီးသွားပြီဆိုရင် B ကို Software တင်ထားတဲ့ ဆိုဒ်လိပ်စာ ပေးလိုက်ပါတယ်.. B ကအဲ့ဒီ ဆိုဒ်ပေါ်ကနေ A  တင်ထားတဲ့ ဆော့ဝဲလ်ကို ပြန်ပြီးတော့ ဒေါင်းလော့ ချပြီးယူလိုက်ပါတယ် .. အဲ့ဒီ နည်းနဲ့ မလေးရှားမှာ ရှိတဲ့ A  ရဲ့စက်ထဲမှာရှိတဲ့ Software ကို စင်္ကာပူမှာရှိတဲ့ B ကရရှိသွားမှာ ဖြစ်ပါတယ်.. ဒါကတော့ ဘာကြောင့် Upload တင်ရတယ် .. ဒေါင်းလော့ချရတယ် ဆိုတာကို သဘောတစ်ရား တစ်ခုအနေနဲ့ ပြောပြပေးတာပါ .. 
Upload  တင်ခြင်း 
ကျွန်တော် အပေါ်မှာပြောခဲ့သလိုပါပဲ .. Upload တင်တယ်ဆိုတာ မိမိဆီမှာ ရှိတဲ့ ပစ္စည်းတစ်ခုကို အင်တာနက် ပေါ်မှာရှိတဲ့ Free Uploading  ဆိုဒ်တစ်ခုကို သုံးပြီး သိမ်းထားတဲ့သဘောပါပဲ ဒီမှာ အားသာချက် တစ်ခုရှိတာက အဲ့ဒီ  Free Uploading ဆိုဒ်ပေါ်မှာ သိမ်းထားတဲ့  ပစ္စည်းကို ဘယ်သူကို မဆို ပြန်ပြီးတော့ ပေးလို့ရတာပါပဲ .. အခုကျွန်တော်တို့ လုပ်နေသလိုပေါ့ဗျာ .. Software လိုချင်တဲ့ သူတွေကတောင်းတယ် အဲ့ဒီအခါမှာ အဲ့ဒီတောင်းတဲ့သူမှမဟုတ်ပါဘူး တစ်ခြားလိုအပ်တဲ့ သူတွေကိုပါ ကျွန်တော်တို့က Uploading Site တစ်ခုပေါ်မှာ တင်ပြီးတာနဲ့ ပေးလို့ရပါတယ်.. ဒါကြောင့်အကြမ်းမျဉ်း မှတ်ထားရမှာက Uploading လုပ်တယ်ဆိုတာ မိမိတို့ဆီမှာ ရှိတာကို အင်တာနက်ပေါ်မှာ ရှိတဲ့ နေရာတစ်ခုမှာ တင်ပြီး ကိုယ်သိမ်းထားချင် လည်းထားမယ် သူများကိုပေးချင် တယ်ဆိုရင်လည်း သုံးမယ် ဆိုတာပါပဲ .. ကျွန်တော်တို့အနေနဲ့ ပိုက်ဆံပေးပြီး မသုံးနိုင်တဲ့ အတွက်  Free ရတဲ့ Uploading Site တွေကိုပဲ အသုံးပြုကြ ရတာဖြစ်ပါတယ် .. ကျွန်တော် Upload တင်တာနဲ့ ပါတ်သတ်ပြီး  အများစု အသုံးများ နေတဲ့  Mediafire နဲ့  Ifile.it မှာ  Upload ဘယ်လိုတင်ရတယ်ဆိုတာကို ပုံလေးတွေနဲ့ ရှင်းပြပေးသွား ပါမယ်..
Mediafire 
ဒီဆိုဒ်ကတော့ ကျွန်တော်တို့ ဒေါင်းလော့ချရတာ အဆင်ပြေဆုံး Uploading ဆိုဒ်တစ်ခုဖြစ်တဲ့ အတွက်အသုံးများ ကြပါတယ် .. Download ချဖို့အတွက် စောင့်စရာလည်းမလိုပဲ တိုက်ရိုက် ဒေါင်းလော့ချလို့ ရတာဖြစ်တဲ့ အတွက်ပိုပြီးတော့ အဆင်ပြေစေတာလည်း ဖြစ်ပါတယ်.. ဒီဆိုဒ်မှာ Upload တင်မယ်ဆိုရင် တစ်ကြိမ်တည်းနဲ့ အများဆုံး 200 MB သာခွင့်ပြုထားပါတယ် .. တစ်ကယ်လို့ ကျွန်တော်တို့က 200 MB ထက်ပိုပြီး တင်ချင်တယ်ဆိုရင် ဖိုင်တွေကို ခွဲပြီးတင်မှသာ အဆင်ပြေပါလိမ့်မယ် .. ကျွန်တော်တို့ အနေနဲ့ ဒီလိုဆိုဒ်တွေကို အသုံးပြုတဲ့အခါမှာ အနည်းဆုံး တစ်လကို နှစ်ကြိမ်လောက်တော့ ပုံမှန်အကောင့် ၀င်ပေးဖို့ လိုပါတယ် .. အကောင့်မ၀င်တာ ကြာတာနဲ့ မိမိတို့တင်ထားတဲ့ ဖိုင်တွေကို ဆိုဒ်ပေါ်ကနေ ဖျက်ပလိုက်မှာ ဖြစ်ပါတယ်.. ရက် 60 အထိစောင့်ပါလိမ့်မယ် .. သူကအကောင့်မ၀င်တာ ကြာလို့ ဆိုဒ်ပေါ်က ဖိုင်တွေကို မဖျက်ခင် အရင်ဆုံး သတိပေးတဲ့ E-Mail သုံးစောင်တိတိ ပို့ပါလိမ့်မယ် .. တကယ်လို့ ကျွန်တော်တို့က အကောင့်ထပ် မ၀င်ဖြစ်တော့ ဘူးဆိုရင်တော့ သူဆိုဒ်ပေါ်မှာ တင်ထားတဲ့ ဖိုင်တွေကို ဖျက်လိုက်မှာ ဖြစ်ပါတယ်.. ကျွန်တော်တို့ Upload မတင်ခင် အကောင့်တစ်ခုတော့ ဖောက်ဖို့လိုပါလိမ့်မယ် .. ဒါမှသာ မိမိတို့ တင်ထားတဲ့ ဖိုင်တွေကို ရေရှည်သိမ်းထားလို့ ရမှာဖြစ်ပါတယ်.. ဒီဆိုဒ်မှာ တင်တဲ့ File တွေအတွက် Storage size ကတော့ Unlimited ဖြစ်ပါတယ်.. ကျွန်တော် အောက်မှာ အသုံးပြုပုံ အဆင့်ဆင့်ကို ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. 
အောက်ကပုံအတိုင်း Upload တင်နေပါလိမ့်မယ် .. ကော်နက်ရှင်ကောင်းမယ် ဖိုင်ဆိုဒ်သေးမယ် ဆိုရင်တော့ မြန်မြန်ပဲပြီးပါလိမ့်မယ် .. ကောင်နက်ရှင် ကလည်းမကောင်း ဖိုင်ဆိုဒ်ကလည်း ကြီးမယ် ဆိုရင်တော့ ကြာပါလိမ့်မယ်..
Ifile.it
ဒီဆိုဒ်ကတော့ Upload တင်လို့ အကောင်း ဆုံးပဲဖြစ်ပါတယ် .. တင်ရတာလည်း မြန်သလို ကော်နက်ရှင် မကောင်းရင်တောင် Fail ဖြစ်တာ ရှားပါတယ်.. ဒီဆိုဒ်ကိုလည်း အများစု အသုံးပြုနေတာ ကြောင့်ရေးပေး တာဖြစ်ပါတယ် .. အပေါ်မှာပြောခဲ့ သလိုပါပဲ ဒီဆိုဒ်မှာလည်း ရက် 60 အတွင်း အကောင့်မ၀င် တော့ဘူးဆိုရင် တင်ထားတဲ့ File တွေကို ဖျက်ပစ်မှာ ဖြစ်ပါတယ်.. ဒီဆိုဒ်ကတော့ Upload တစ်ခါတင်ရင် File Size အများဆုံး 1 GB အထိ တင်ခွင့်ပြုပါတယ်.. ဒီဆိုဒ်ကလည်း Data Storage Size ကတော့ Unlimited ပဲဖြစ်ပါတယ် .. ကျွန်တော် ဒီဆိုဒ်ကို ဘယ်လိုအသုံးပြုပြီး Upload တင်ရမယ် ဆိုတာကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. 
အကောင့် ဖောက်ပြီးရင် အောက်က ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ် .. မိမိတို့ E-Mail ကိုပို့လာတဲ့ Verification  Link လေးကိုကလစ်ပေးပြီး Active လုပ်ပေးလိုက်ပါ..
မိမိတို့ အကောင့်ဝင်ပြီးပြီ ဆိုရင်တော့ အောက်ကပုံလေး အတိုင်း စပြီး Upload တင်လို့ရပါပြီ .. 
အောက်ကပုံအတိုင်း Upload တင်နေပါလိမ့်မယ်..
ဒါကတော့ ကျွန်တော်တို့ Uploading တင်ရခြင်း နဲ့ အသုံးများတဲ့ Uploading ဆိုဒ်တွေကို အသုံးပြုနည်း ပဲဖြစ်ပါတယ် .. ကျွန်တော် နောက်ထပ်အသုံးပြု လို့ရမယ့် Free Uploading Size တွေကို အောက်ကလင့်မှာ တင်ပေးထားတာ ရှိပါတယ် သွားကြည့်လိုက်ပါ..
 Download  ချခြင်း
ကျွန်တော် အပေါ်မှာ Upload တင်ခြင်းနဲ့ပါတ်သတ်ပြီး ရှင်းပြခဲ့ပြီး သွားပါပြီ .. Upload တင်တယ်ဆိုတာက ကိုယ့်ဆီမှာ ရှိတဲ့ဖိုင်တွေကို အင်တာနက်ပေါ်မှာ ရှိတဲ့ Free့ Uploading ဆိုဒ်တွေက တစ်ဆင့် ပေးတာဆိုရင် Download ချတယ် ဆိုတာကတော့ အဲ့ဒီ Free Uploading ဆိုဒ်ပေါ်မှာ တင်ထားပြီး မိမိတို့ကိုပေးတဲ့ ဖိုင်တွေကို ယူတာပဲ ဖြစ်ပါတယ် .. သူများတွေက Free Uploading ဆိုဒ်ပေါ်မှာ တင်ပြီးပြန် Share ပေးတာကို မိမိတို့က Download ချပြီးပြန်ယူ တာပဲဖြစ်ပါတယ် .. ဒါဆိုရင် Upload တင်တယ် ဆိုတာကတော့ ကိုယ့်ဆီက ပစ္စည်းကို Uploading Site တွေကိုကြားခံ အဖြစ်အသုံးပြုပြီး ယူတာဖြစ်ပြီး Download ချတယ်ဆိုတာကတော့ အဲ့ဒီ Uploading Site တွေပေါ်မှာ တင်ထားတာကို မိမိတို့က ပြန်ပြီးယူတာပဲ ဖြစ်ပါတယ် .. ဒီလောက် ဆိုရင်တော့ Uploading နဲ့  Downloading ကိုကွဲကွဲပြားပြား သိသွားပြီလို့ ထင်ပါတယ် .. ကျွန်တော် Download ချတာနဲ့ ပါတ်သတ်ပြီးတော့ သက်သက်ရေးမပေးတော့ ပါဘူး .. အားလုံးပဲ ဒေါင်းလော့ချနေတာဆိုတော့ နားလည်ပြီးသား ဖြစ်မယ်ထင်လို့ပါ .. ။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls