Thursday, March 29, 2012

မြိတ်ဘက်မှာ ဒီလိုတောင်းနေတာကြာပြီ

 
တနင်္သာရီကမ်ရှိးတန်းတလျှောက်လက်နက်ကိုင်ဓါးမြတိုက်ဆက်ကြေးလိုက်တောင်းနေတဲ့က်လှေငယ်များမှာ
 ရေတပ်နဲ့ ကြည်းတပ် က စက်လှေများ ဖြစ်နေကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့  ရေတပ် စစ်သင်္ဘော အမှတ်( ၄၀၅ ) က တရားဝင်ငါးဖမ်းစက်
လှေများကို လက်နက်ငယ်  ( G 3 ' G 4 ) များဖြင့်လိုက်လန်ပြစ်ခတ်ဖမ်းဆီးကာ  ငါးဖမ်း

Monday, March 26, 2012

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာလာပြီ

 
မြိတ် ခရီးစဉ်တွင် ဒေသခံများကို နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Aung Koe / Facebook)
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို ယခင်လထဲက အထွေထွေ စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် လုံးဝ ကောင်းမွန်ကြောင်း တွေ့ရှိရပြီး မြိတ်ခရီးစဉ်၌ ရေယာဉ်အခက်ခဲကြောင့် မော်တော်ဘုတ်ငယ်များဖြင့် နေပူထဲတွင် အချိန်ကြာမြင့်စွာသွားလာခဲ့ရ၍ ပင်ပန်း မှုဒဏ်ခံရသကဲ့သို့ အလုပ်ဖိစီးမှုဒဏ်နှင့်

Sunday, March 25, 2012

ကမ္ဘာဘဏ်ဥက္ကဌတောင်ကိုးရီးယားသားဖြစ်ဖို့ရှိ


(ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဖြစ်လာမယ့် ကိုရီးယားလူမျိုး မစ္စတာကင် ရဲ့ အနုပညာဗီဇ)
ကမ္ဘာ့ဘဏ်ကို စတင်ထူထောင်တဲ့အချိန်ကစလို့ နှစ်ပေါင်း ၇၀ လုံးလုံး ဥရောပသား လူဖြူတွေကချည်း ကြိုးကိုင်လာရကနေ အခုတော့ အာရှနွယ်ဖွားတယောက်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ ကိုရီးယားလူမျိုးတယောက်ကို ခန့်မလို့ လျာထားလိုက်တာပါ။ ကမ္ဘာ့ဘဏ် ဥက္ကဌနေရာကို မြန်မာလူမျိုးတယောက်ဖြစ်နိုင်၊ မဖြစ်နိုင် ကိစ္စကတော့ ဆက်ဆွေးနွေးတာပေါ့။
အာရှနွယ်ဖွားတယောက် ကမ္ဘာ့ဘဏ်ဥက္ကဌဖြစ်လာဖို့ အကြောင်းဖန်လာတဲ့ အကြောင်း

အခွန်ကောက်မည်မကြာမှီ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ လစာခေါင်းစဉ်မှ ၀င်ငွေအပေါ် ၀င်ငွေခွန်ကို ဧပြီလမှ စတင်ပြီး ကောက်ခံတော့မည်ဖြစ်ကြောင်း ဦးစီးဌာနအတွင်း ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။
          ထိုညွှန်ကြားချက်တွင် အခွန်စည်းကြပ်ရန်အတွက် အသေးစိတ်တွက်ချက်နည်းများကို ဖော်ထားပါသည်။ ထိုသို့ တွက်ချက်ရာတွင် မူရင်းလစာအပြင် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀အပါဝ်င လစာဝင်ငွေ စုစုပေါင်းပေါ်တွင် ၁ % မှ ၃% အထိ ၀င်ငွေအဆင့်အလိုက်တွက်ချက်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
          ကာကွယ်ရေးဝန်ကြီးဌာန ပြန်တမ်းဝင်အရာရှိများအတွက် လစာမှ ၀င်ငွေခွန်တွက်ချက်ဖြတ်တောက်နုတ်ယူပေးသွင်းရန် ကိစ္စရပ်များကို ကာကွယ်ရေးဝန်ကြိးဌာန ငွေစာရင်းရုံးမှ တာဝန်ယူဆောင်ရွက်သွားရန်ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့မှ ပြန်ရောက်ပြီး နေအိမ်တွင် အနားယူနေ

ဓါတ်ပုံ (AP)
မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်၊ (၀ိုင်ပီအိုင်) ည ၇ နာရီ ၅၀ မိနစ်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတင်ရသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယနေ့ညနေပိုင်း မြိတ်မြို့မှ ပြန်ရောက်လာပြီးနောက် နေအိမ်တွင်ပင် အနားယူနေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေး လိုက်ပါလျှက်ရှိသူ တဦးက ၀ိုင်ပီအိုင်သို့ အတည်ပြုပြောဆိုသည်။

Thursday, March 8, 2012

ထားဝယ်မောင်းမကန်ကမ်းခြေတွင်အမျိုးသမီးများနေ့ကျင်းပ


Add caption
                               
ယနေ့ကျရောက်သည့် (၁၀၁) ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ထားဝယ်ဒေသရှိ၊ မောင်းမကန်ကမ်းခြေတွင် ထားဝယ်ဒေသခံများက ကျင်းပခဲ့ကြပါသည်။
ထားဝယ်ဒေသတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် အဆိုပါ အမျိုးသမီးနေ့အခမ်းအနားသို့ ပရိသတ် ၁၅၀ ကျော် တက်ရောက်ခဲ့ပါသည်။  
တိုင်းရင်းသားဝန်ကြီး ဦးစောဟာဗွီက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ ‘ဖဲကြိုးဖြူနှင့် ကတိပြု’ အမည်ရ သီချင်းကို သီဆိုခြင်း၊ ထားဝယ်ရိုးရာ ရေအိုးရွက်အကနှင့် တခြားထားဝယ်ရိုးရာအကများဖြင့် တင်ဆက်ခြင်း၊ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသမီးများ၏

Wednesday, March 7, 2012

ထိုင်းပညာရေးအကြောင်း

Add caption

၂၀၁၅ ခုနှစ်မှာ ပေါ်ထွန်းလာမယ့် အာစီယံ ကွန်မြူနတီကို ရည်ရွယ်ပြီး ထိုင်းအစိုးရက ပညာရေးပြောင်းလဲဖို့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေတာကို ဘန်ကောက်ပို့စ်နဲ့ နေရှင်းသတင်းစာတွေမှာ နေ့စဉ်တွေ့နေရသည်။ အထူးသဖြင့် ကျောင်းသားတွေကို လက်ပ်တော့ ဝေငှတာနဲ့ ၂၀၁၂ ကို အင်္ဂလိပ်စာနှစ် သတ်မှတ်မှုအပေါ် ဝေဖန် ဆွေးနွေးငြင်းခုန်တာတွေ ပုံမှန် တွေ့ရသည်။
ဒါကြောင့် မောက္ခက ထိုင်းပညာရေးနဲ့ ပတ်သက်ပြီး ထိုင်း ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာ သင်ပေးနေတဲ့ မြန်မာ ဆရာမတစ်ဦးနှင့် ဘန်ကောက် Ramkhamhaeng တက္ကသိုလ်မှာ ပညာရေး မာစတာဘွဲ့ ကျမ်းပြုနေသူ မွန်ကျောင်းသူတစ်ဦးကို ဆက်သွယ် မေးမြန်းပြီး၊ သူတို့ အတွေ့အကြုံတွေကို တင်ပြလိုက်ရပါသည်။

ဆရာမ မမေ
ချင်းမိုင် Sarasas Witaed Lanna School သင်ကြားရေး အတွေ့အကြုံ
ထိုင်းနိုင်ငံက  ကျောင်းတစ်ကျောင်းမှာ စာသင်နေတဲ့ ကျမကို ထိုင်း ကလေးတွေကို စာသင်ရတာနဲ့ မြန်မာ ကလေးတွေကို စာသင်ရတာ ဘာကွာလဲ၊ ထိုင်းကျောင်းတွေရဲ့ သင်ကြားရေးစနစ်က

Tuesday, March 6, 2012

မြန်မာ့လေကြောင်းလိုင်းလေယာဉ်ဘီးပေါက်

Add caption

မြန်မာနိုင်ငံအနှံအပြားသို့ ပြေးဆွဲနေသော မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်အမှတ် (XY-AGB-Forkker-F28) ဖလိုက်နံပါတ်(4401) သည် ၄-၃-၂၀၁၂ နေ့တွင် စစ်တွေခရီးသည်အား ၇း၃၀ အချိန်ကွင်းချိန်းသော လေယာဉ်သည် (၁၀) နာရီ အချိန်ခန့်တွင် ခရီးသည်များကို လေယာဉ်ပေါ်သို့ တင်ဆောင်ပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာရန် စတင်ချိန်၌ လေယာဉ်၏ နောက်ဘက်  ဘယ်တောင်ပံအောက်(ယာ)ဘီးမှာ ပေါက်နေကြောင်းသိရှိရ၍ ခရီးသည်များအား လေယာဉ်ပေါ်မှ ဆင်းခိုင်းပြီး နားနေဆောင်သို့ ပြန်လည်နေထိုင်ခွင့်ပြုခဲ့ရသည်။
ထို့နောက် နံနက်(၁၂း၅၀) ခန့်တွင် မြန်မာ့လေကြောင်းလိုင်းမှ ရန်ကုန်မှ ကျောက်ဖြူသို့ ပြေးဆွဲသော လေယာဉ် (AGF-MA-60)သည် ကျောက်ဖြူလေဆိပ်သို့ မဆင်းခဲ့ဘဲ စစ်တွေ လေဆိပ်သို့ ရောက်ရှိလာပြီး ၎င်းလေယာဉ်ပေါ်တွင် လဲလှယ်ရန်ပါရှိလာသော စပါယ်ယာဘီးနှင့်အတူ အင်ဂျင်နီယာ (၃)ဦးကို စစ်တွေလေဆိပ်သို့ လာရောက်ပို့ဆောင်ပေးခဲ့သည်။
၎င်းနောက် စစ်တွေရန်ကုန်ပြေးဆွဲမည့်လေယာဉ်အမှတ် (XY-AGB-Forkker-F28) လေယာဉ်အား ပြန်လည်ဘီးတပ်ဆင်ကာ စစ်တွေလေဆိပ်မှ နေ့လည် (၁း၀၀)နာရီအချိန်ခန့်တွင် ရန်ကုန်သို့ ထွက်ခွာသွားကြောင်းသိရသည်။

  
ခိုင်မြတ်စံ(PNG)  Hot News

Monday, March 5, 2012

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာအတွင်းရှိ ဓနိတောများကို လျော်ကြေး စတင်ပေးအပ်

Add caption
ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်းရှိ ဓနိတောများ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ တည်ဆောက်ဆဲ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ဓနိတောများအား လျော်ကြေးငွေများ စတင်ပေးအပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူပြုအဖွဲ့(ယာယီ)မှ ပြုစုထားသော စာရင်းများအရ လျော်ကြေးငွေ ပေးအပ်ရန် သတ်မှတ်ထားသော စိုက်ပျိုးနိုင်သည့်မြေ (၃၅၈၄၇ ဧက)မှ ဓနိတော ၂၀၆ ဧကအတွက် လျော်ကြေးငွေ ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls