Saturday, April 28, 2012

ထားဝယ် စီမံကိန်း ဂျပန် ၀င်ရောက်မည်


ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (Photo-Google Images)
ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်း အတွက် ငွေကြေးထောက်ပံ့ရန်ကူညီနိုင်ရန်

ဂျပန်-ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်သော သုံးနိုင်ငံ ပူးပေါင်းအဖွဲ့အစည်းတစ်ရပ် ထူထောင်ထားမည်ဖြစ်ကြောင်း အီတလျံ-ထိုင်း ကုမ္ပဏီ ဥက္ကဋ္ဌ ပရီချိုင်း က ပြောကြားသည်။

ထိုင်းနှင့် မြန်မာနိုင်ငံတို့ အဓိက ပူးတွဲ လက်မှတ်ရေးထိုးထားသော ယင်းစီမံကိန်းကို ချေးငွေ ဆက်လက် ထောက်ပံ့ရန် ဂျပန် အစိုးရက သဘောတူထားပြီးဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံရေနံကုမ္ပဏီ က မြန်မာလုပ်သားတွေ ဆန္ဒပြ

Add caption
 တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ အကောင်အထည်ဖော်နေတဲ့ ဇောတိက သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းက အလုပ်သမား ၇၀ ကျော်ကို စာချုပ်သက်တမ်း မပြည့်သေးဘဲ အလုပ်ဖြုတ်လိုက်လို့ ဒီကနေ့မနက်မှာ အလုပ်သမားတွေ ကုမ္ပဏီရှေ့ သွားရောက် ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

မုတ္တမ ကမ်းလွန်မှာရှိတဲ့ ရေဖြူမြို့နယ် ကန်ဘောက်ဒေသမှာ ထိုင်းနိုင်ငံရေနံ ရှာဖွေ ထုတ်လုပ်ရေး ကုမ္ပဏီ PTTEPI က အကောင်အထည်ဖော်နေတဲ့ ဓါတ်ငွေ့ စီမံကိန်းလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို လုပ်အားခ တစ်ရက် ကျပ် ငါးထောင်နှုန်းနဲ့ ၃ လ ဒါမှမဟုတ် ၆ လ စာချုပ်ချုပ်ဆိုပြီး
မြန်မာနိုင်ငံသားတွေကို ငှားရမ်း လုပ်ကိုင်နေပါတယ်။

Tuesday, April 17, 2012

TZK ရာဘာကုမ္ပဏီကြောင့် မလိဝမ်းရေတံခွန်ညစ်နွမ်း မှုများဖြစ်ပွား

            

မလိဝမ်းရေတံခွန်
ယခုအခါ မလိဝမ်းကျေးရွာ အထက်ပိုင်းမလိဝမ်းရေတံခွန်သို့စီးဆင်းရာ စမ်းချောင်းတစ်လျှောက်တွင် ၄င်ကုမ္ပဏီမှ ၀န်ထမ်းများ နေရာများချထားပေးရာမှ ၀မ်ထမ်းများ၏ အညစ်ကျေးများ၊ အမိုက်များ၊ မစင်နှုင့် စွန့်ပစ်ပစ္စည်းများကို ရေတံခွန်သို့စီး ဆင်းရာ တောင်ကြစမ်းချောင်းအတွင်သို့စွန့်ပစ်ခြင်း၊ ပေါင်းသတ် ၊မျက်သတ်ဆေးများ သုးံစွဲရာမှ ရေတံခွန်အတွင်း   သို့စီးဆင်းခြင်း၊ သဘာဝပါတ်ဝမ်းကျင်နှင့် ရေအရင်းမြစ်ကို ထိမ်းသိမ်းပေးသော သစ်ပင်ကြီးများကို ခုတ်ထွင်ရှင်းလင်း ခြင်းမှ ရေတံခွန်သို့စီးဆင်းရာ စမ်းချောင်များခန်းခြောက်ခြင်း စသည့် နောက်ဆက်တွဲဆိုးကြီးများ

Thursday, April 12, 2012

မြန်မာသင်္ကြန် တိုက်ရိုက်ကြည့်မယ်

နိုင်ငံခြားရောက်မြန်မာများအတွက်သင်္ကြန်အလွမ်းပြေကြည့်လို့ရပြီ။ စကိုင်းနက် တီဗွီကတိုက်ရိုက်ထုတ်
လွှင်ပေးနေပါတယ် ။ အရင်ဆုံး  tv player ကို  ဒီနေရာမှာဒေါင်းလော့ဆွဲလိုက်ပါ။
ဒေါင်းလော့ဆွဲပြီးရင် သွင်းနည်း လဲပြထားတယ် အဲဒီအတိုင်းသွင်းပါ။ သွင်းပြီးလို့စက်ထဲကိုရောက်လာ
ပြီဆိုရင် sersh ဘောက်မှာ 99221 လို့ရိုက်ထည့်ပါ။ မြန်မာအလံပေါ်လာပြီးတိုက်ရိုက်ထုတ်လွှင့်နေတာ
တွေ့ရပါလိမ့်မယ်။ မြန်မာသင်္ကြန်ကိုကြည့်ပြီး အဝေးရောက်မြန်မာတို့ အလွမ်းပြေကြပါစေ။

Tuesday, April 10, 2012

အရင်တုန်းကဟာသသင်္ကြန်စာ

 “ဗမာပြည်” အမည်ရှိသော ဗြဟ္မာမင်းဦးခေါင်းကို ကိုင်ထားသည့် သောကြာသားသည်
အစိမ်းရောင် အဝတ်ကို ဝတ်ဆင်လျှက် အင်္ဂါသမီးထံ လွှဲအပ်ရမည့်အစား “ပေးဘူး၊
ပေးဘူး” ဟု အတင်း ကာရော ငြင်းဆန်ကာ ဆက်လက် ကိုင်ဆောင် ထားဦးမည်
ဖြစ်သောကြောင့် မိုးတွင်းတွင် မိုးရွာလတ္တံ့၊ မိုးတဖြိုက်
နှစ်ဖြိုက်ရွာရုံမျှဖြင့် ရန်ကုန်တွင် ရေကြီးအံ့၊ ထီပေါက်သူများ ပိုက်ဆံ
ဝင်လတ္တံ့၊ လျှပ်စစ် မီးကြောင့်ဖြစ်သော ဓာတ်လိုက်ခြင်း အန္တရာယ်
ကင်းဝေးလတ္တံ့၊ ကိုရီးယားကား လူကြိုက်များလတ္တံ့၊ အင်တာနက် ဆက်သွယ် ရေး
နှေးအံ့၊ တိုင်းသူပြည်သားများမှာ ဆန်အစား ဆန်ကွဲကို စားရသောကြောင့်
အစာကြေလွယ်အံ့၊ ညဘက်မီးမှန်မှန် ပျက်သောကြောင့် စောစောအိပ်ရာဝင်ရ လတ္တံ့၊

ကျန်းမာရေးဝန်ကြီးအမေရိကန်ထွက်လေ့လာပြီ

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဖေသက်ခင် (ဓါတ်ပုံ-Google Images)
အမေရိကန် နဲ့ မြန်မာ တို့ ဆက်ဆံရေး ပုံမှန် ဖြစ်အောင် ကြိုးစားမှု တစ်ခု အနေနဲ့ အမေရိကန်ဘက် က ပထမဦးဆုံး ဖိတ်ကြားတာ ကို ခံရတဲ့ မြန်မာ ကျန်းမာရေး ဝန်ကြီးဟာ ကျန်းမာရေး နဲ့ ပညာရေး ကိစ္စတွေ အဓိက ဆွေးနွေးဖို့ ဆိုပြီးတော့ အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိနေပါတယ်။ မြန်မာ နိုင်ငံ ကျန်းမာရေး နဲ့ ပညာရေး ကဏ္ဍတွေမှာ ကြုံနေရတဲ့ အခက်အခဲတွေ နဲ့ ဒီ ခရီးစဉ် အတွင်း မျှော်လင့်ချက် တွေကို တော့ ကိုဝင်းမင်းက အဖွဲ့ဝင် တစ်ဦးနဲ့ မေးမြန်း တင်ပြထားပါတယ်။

Monday, April 9, 2012

သင်္ကြန် သမိုင်းအကြောင်း

သင်္ကြန် သမိုင်းကြောင်း

အီးမေးလ်က ရတဲ့သင်္ကြန်သမိုင်းလေး တင်ပေးလိုက်ပါတယ် သင်္ကြန် သမိုင်း …. ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာ ရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့လိုပါတယ်။ သင်္ကြန် မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတ

Sunday, April 1, 2012

အနိုင်စာရင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
ကည်ထံမှ... ပြည်သူလူထုများသို့ .....။ ========================= ယနေ့ ကြားဖြတ်ကောက်ပွဲရလဒ်သည် ပြည်သူလူထု၏ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှုရကြောင်း သတင်းများတက်နေပါသည်။ ယခုလိုအချိန်မှာ... ထောက်ခံသော ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။ သို့ သော်လည်း.... တဖက်အဖွဲ့ အစည်း နှင့် ပုဂွိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်းဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအရာ အလုပ်အကိုင်များ လုံးဝရှောင်ရှားရမည် ဖြစ်သည်။ ပြည်သူသူ၏အောင်နိုင်မှုသည်... သိက္ခာရှိသောအောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်အားလုံး အထူးသတိပြုစေလိုသည်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
Photo- Khu Daun
NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း
၁။ ၀ါးခယ်မ ဧရာဝတီတိုင်း
၂။ မြန်အောင် ဧရာဝတီတိုင်း
၃။ မအူပင် ဧရာဝတီတိုင်း
၎။မြောင်းမြ ဧရာဝတီတိုင်း
၅။ဖျာပုံ၊ဒေးဒရဲ(အမျိုးသားလွှတ်တော်) ဧရာဝတီတိုင်း
၆။ ရေကြည် ဧရာဝတီတိုင်း
၇။ ပခုက္ကူ မကွေးတိုင်း
၈။ ရေစကြို မကွေးတိုင်း
၉။ မကွေး မကွေးတိုင်း
၁၀ ။ မြိုင် မကွေးတိုင်း
၁၁။ ပွင့်ဖြူ မကွေးတိုင်း
၁၂။ ကျောက်ပန်းတောင်း မန္တလေးတိုင်း
၁၃။ တံတားဦး မန္တလေးတိုင်း
၁၄။ ပြင်ဦးလွင် မန္တလေးတိုင်း
၁၅။ မဟာအောင်မြေ မန္တလေးတိုင်း
၁၆။ မထ္တီလာ မန္တလေးတိုင်း
၁၇။ ဒက္ခိဏသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၈။ ဥတ္တရသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၉။ တောင်ငူ ပဲခူးတိုင်း
၂၀။ ထန်းတပင် ပဲခူးတိုင်း
၂၁။ လက်ပံတန်း ပဲခူးတိုင်း
၂၂။ က၀ ပဲခူးတိုင်း
၂၃။ ကော့မှူး ရန်ကုန်တိုင်း
၂၄။ ဒဂုံဆိပ်ကမ်း ရန်ကုန်တိုင်း
၂၅။ လှည်းကူး ရန်ကုန်တိုင်း
၂၆။ မရမ်းကုန်း ရန်ကုန်တိုင်း
၂၇။ မင်္ဂလာတောင်ညွန့် ရန်ကုန်တိုင်း
၂၈။ စစ်ကိုင်း စစ်ကိုင်းတိုင်း
၂၉။ ပုလဲ စစ်ကိုင်းတိုင်း
၃၀။ မင်းကင်း စစ်ကိုင်းတိုင်း
၃၁။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် စစ်ကိုင်းတိုင်း
(အမျိုးသားလွှတ်တော်)
၃၂။ ကျွန်းစု တနင်္သာရီတိုင်း
၃၃။ လောင်းလုံ တနင်္သာရီတိုင်း
၃၄။ ပုသိမ် ဧရာဝတီတိုင်း
၃၅။ တောင်တွင်းကြီး မကွေးတိုင်း
၃၆။ နွားထိုးကြီး မန္တလေးတိုင်း
၃၇။ ပုဗ္ဗသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၈။ ဇဗ္ဗူသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၉။ မော်လမြိုင် မွန်ပြည်နယ်
၄၀။ သုံးခွ ရန်ကုန်တိုင်း
၄၁။ လားရှိုး ရှမ်းပြည်နယ်