Friday, May 18, 2012

88ခေါင်းဆောင်များ ထားဝယ်မြို့တွင်လူထုအားတွေ့ဆုံ

လောင်းလုံမြို့နယ်၊ အောက်ရေဖြူကျေးရွာ ဆွေးနွေးပွဲအပြီးတွင် ဒေသခံတို့က ကချင်ဒေသရှိ စစ်ဘေးဒဏ်ခံ ပြည်သူများအတွက် လှူဒါန်းငွေ ၁၇၄,၀၀၀ ကျပ်ကို ၈၈မျိုးဆက်ကျောင်းသားများမှ တဆင့် ပေးအပ်လှူဒါန်းရာ မင်းကိုနိုင်က လက်ခံရယူခဲ့သည်။ (မေလ၊ ၁၅ရက်၊ ညနေ ၆ နာရီ)....

Wednesday, May 9, 2012

ထိုင်းနိုင်ငံ ၊လမ်းပန်းကျောင်းဗွီဒီယို

ထိုင်းနိုင်ငံ မှာမြန်မာကျောင်းတွေဟာ ထိုင်းသာသနာရေးရဲ့ လူမျိုးရေးမုန်းတီးချက်ကို
အခြေခံပြီးပြဌာန်းထားတဲ့ စည်းကမ်းတွေကြောင့် အသိမ်းခံကြရတယ်။
ကျောင်းထိုင်ဘုန်းကြီးမြန်မာ ဆရာတော် ထိုင်ပြီးရင် မြန်မာသံဃာဆက်ထိုင်ခွင့်မရှိပဲ
ထိုင်းသံဃာတွေသာကျောင်းထိုင်ရပါတယ်။ အဲဒီလိုနည်းနဲ့ ထိုင်းကမြန်မာကျောင်းတွေကို
သိမ်းပြီး နိုင်ငံခြားသားတွေကိုပြစားနေပါတယ်။ ရှေးမြန်မာလက်ရာတွေ ရှားပါးတဲ့အဆောက်
အဦးတွေဝမ်းနည်းစွာမြင်ကြရတယ်။ ကျောင်းကြီးတွေဟီးနေပေမဲ့ စာကျက်သံတစ်ချက်မကြားရတဲ့
ကျောင်းတွေမြင်လာရတော့ မြန်မာပြည်ကရွာကျောင်းတွေကို ချီးမွှမ်းမိတယ်။
လမ်းပန်းဆရာတော်ကဒါတွေကိုကြိုသိလို့ ထိုင်းကိုရင်လေးတစ်ပါးကို ပညာသင်ပေးပြီး
မြန်မာပြည်ကိုပို့ထားလိုက်တယ်။ စာတတ်ပေတတ်ဖြစ်လာတဲ့ ထိုင်းဥဇင်းကို လက်ထောက်ဘုန်းကြီး
ခန့်ထားလိုက်တယ်။ မြန်မာမှုတွလောလောဆယ်မပျောက်တော့ပဲနှစ်ပေါင်းမြောက်များစွာ
တည်နေတာကိုမြင်ရဖို့ရှိပေမဲ့ ထိုင်းဟာ နောက်ဆုံးတော့ထိုင်းပဲ့ဖြစ်သွားမလားဆိုတာ
စောင့်ကြည့် ကြည်ညိုနေရတော့မှာပါ။