Thursday, August 30, 2012

ထားဝယ် စီမံကိန်းအတွက် ကလုံးထာ ကျေးရွာ ပြောင်းဖို့ ငြင်းဆန်


ရန်ကုန် (မဇ္ဈိမ) ။       ။ ရေကာတာ တည်ဆောက်ရန် အတွက် အိမ်ထောင်စု ၁၈ဝ ကျော်ရှိ ရွာတရွာကို ရွှေ့ပြောင်း
ပေးရန် ထားဝယ် ဖွံ့ဖြိုးမှု စီမံကိန်း ဆောင်ရွက်နေသည့် အီတာလျံ-ထိုင်းကုမ္ပဏီ ITD က ညှိနှိုင်းနေသော်လည်း ရွာသားများက ပြောင်းရွှေ့ရန် ငြင်းဆန်နေကြသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုရာ ကလုံးထာ
ကျေးရွာတွင် စိုက်ပျိုးမြေဧက တသောင်းကျော် ရှိသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့က ကလုံးထာရွာသို့ ITD ကုမ္ပဏီ ကိုယ်စားလှယ် ရောက်လာပြီး ပြောင်းရွှေ့စေလိုကြောင်း
ပြောဆိုခဲ့သည်ဟု ကျေးရွာရှိ ဓမ္မရက္ခိတာ ကျောင်းတိုက် ဆရာတော် ဦးပညာဝံသ က မိန့်သည်။

“ရွာသားတွေရဲ့ဆန္ဒက လျော်ကြေးပေးလည်း ဘိုးစဉ်ဘောင်ဆက် နေလာတဲ့ ဒီရွာက မပြောင်းချင်ကြဘူး။ စီမံကိန်း ဧရိယာမှာ နဘုလယ်ဒေသ ပါတယ်။ ဘုန်းဘုန်းတို့ရွာ မပါဘူး။ ဒါကြောင့် ပြောင်းဖို့ လက်မခံနိုင်ဘူး” ဟု မိန့်ကြား သည်။........

Thursday, August 16, 2012

သတ္တုတွင်း စွန့်ပစ်မြေကြောင့် ချောင်းကောမှု တိုင်းအစိုရထံ ဒေသခံများ စာပို့


တနင်္သာရီတိုင်း  ဒေသကြီး၊ ထားဝယ်မြို့၏ အရှေ့ဖက်ရှိ ဟိန္ဒား သတ္တုတွင်း နယ်မြေအတွင်း မြန်မာ ပွန်ပီပက် ကုမ္ပဏီ (MPC) မှ မြေစာ စွန့်ပစ်မှုကြောင့် မြောင်းပြိုရွာမှ ဒေသခံများ ရင်ဆိုင် ရသည့် ပြဿနာများကို ကူညီဖြေရှင်း ပေးပါရန် အချက် သုံးချက်ပါ အိတ်ဖွင့်ပေးစာကို တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးသို့ ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ ခဲ့သည်။
စွန့်ပစ်မြေစာ များကြောင့် တိမ်ကောနေ သည့် မြောင်းပြိုချောင်း အား ရေစီးရေလာ ကောင်းမွန်အောင် ပြုပြင် ပေးရန်၊ သဲနှုံးမြေ ဖုံးလွှမ်း သွားသည့် သောက်သုံး ရေတွင်းများ၊ နေအိမ်များ၊ ရွာလမ်းများ၊ လယ်ယာ ဥယျာဉ်ခြံ မြေ များနှင့် သီးပင်စား ပင်များအတွက် ထိုက်တန်သည့် လျှော်ကြေးပေးရန်၊ မိမိ နေအိမ်များမှ မည်သည့် နေရာကိုမှ မပြောင်းရွှေ့စေရန် အချက်သုံးချက်ကို တောင်းဆိုသည်။

Friday, August 10, 2012

အခြေခံ အုပ်ချူပ်ရေး ပြုပြင် ဖွဲ့စည်းရေး တနင်္သာရီ တွင် ခြေလှမ်းစ


 တနင်္သာရီ တိုင်းဒေသကြီး အတွင်း ခရိုင်း သုံးခုတွင် အခြေခံ အုပ်ချူပ်ရေး ပြုပြင် ဖွဲ့စည်းရေး ခြေလှမ်း အစ အဖြစ် ရပ်ကွက်ကျေးရွာ အုပ်ချူပ်ရေးမှုး အဆင့် အထိ သင်တန်း စတင်ပေး မည်ဟု တနင်္သာရီ တိုင်းဒေသကြီး အထွေထွေ အုပ်ချူပ်ရေး ဦးစီး ဌာန ထံမှ သိရသည်။
 အဆိုပါ သင်တန်းများကို ထားဝယ်၊ မြိတ်နှင့် ကော့သောင်း ခရိုင်တို့တွင် တပြိုင်နက် တည်း ပြုလုပ် မည်ဖြစ်ပြီး ဆင့်ပွား သင်တန်းပေး သည့် ပုံစံဖြင့် ပြုလုပ်မည် ဖြစ်သည်ဟု တိုင်း အုပ်ချူပ်ရေး ရုံးမှ ဒုတိယ ညွှန်ကြားရေးမှုး ဦးသန်းမြင့် က ဆိုသည်။
တိုင်းနှင့် ပြည်နယ် အသီးသီးမှ လက်ထောက် ညွှန်ကြားရေးမှုး များကို ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ်ရှိ အုပ်ချူပ်မှု ပညာ ဖွံ့ဖြိုးရေး သင်တန်းကျောင်း တွင် တက်ရောက် စေခဲ့ပြီး ဆင့်ပွား သင်တန်းကို တိုင်းဒေသ ကြီး အုပ်ချူပ်ရေး အဖွဲ့ရုံးတွင် ဇူလိုင်လ ၂၅ မှ ၂၇ ရက်နေ့အထိ သုံးရက်ပြု လုပ်ခဲ့သည်။

ထားဝယ် – မြိတ် မီးရထားလမ်း စီမံကိန်းကို ခေတ္တရပ်ဆိုင်း

ထားဝယ်-မြိတ် မီးရထားလမ်းမှ ဆိပ်ကမ်းဘူတာ
Photo : TKTK

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ထားဝယ်နှင့် မြိတ်မြို့တို့ကို ဆက်သွယ် ဖောက်လုပ်မည့် ထားဝယ် – မြိတ် မီးရထားလမ်း စီမံကိန်းအား ခေတ္တရပ်ဆိုင်းထားကြောင်း မီးရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး သူရ ဦးသောင်းလွင်က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် ပုလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှ (ခ ) ဦးလှမြင့်က ထားဝယ် – မြိတ် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း၏ ပုလော – သရက်ချောင်း လမ်းပိုင်း အကြမ်းဖောက်လုပ်ရာတွင် ပါဝင်ဆုံးရှုံးသွားသည့် ဒေသခံများ၏ ပိုင်ဆိုင်မှုအတွက် လျှော်ကြေးကိစ္စ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ်တွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။..

Saturday, August 4, 2012

ထားဝယ် အထူးစီးပွားရေးဇုန် သတင်းသုံးသပ်ချက်


ဗမာစစ်အစိုးရနဲ့ အီတာလျံ-ထိုင်း (Italian-Thai Development Public Company Limited) ကုမ္မဏီတို့ သဘောတူခဲ့ကြတဲ့ ထားဝယ် အထူးစီမံကိန်းဇုန်နဲ့ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့ မြန်မာနဲ့ ထိုင်းအစိုးရတို့ ဇူလိုင်လနှောင်းပိုင်းက နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုးကြပါတယ်။ ဒေသခံတွေရဲ့  ကန့်ကွက်မှု၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အား စီမံကိန်းကို ဇန္နဝါရီလအစောပိုင်းမှာ ဦးသိန်းစိန်အစိုးရက ရပ်ဆိုင်းမှု၊ ငွေရင်းအလုံအလောက်ရဖို့ ခက်ခဲမှု စတာတွေကြောင့် နှောင့်နှေးကြန့်ကြာမရေမရာ ဖြစ်နေတဲ့ စီမံကိန်းကို ဖြစ်မြောက်အောင်လုပ်ဖို့ ထိုင်းနဲ့ဗမာအစိုးရတို့က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး ၂၀၁၄ မှာ အာဆီယံဥက္ကဌလုပ်မယ့် ဗမာအစိုးရရဲ့  လိုအပ်ချက်တွေကို ကူညီရေး၊ လူသားစွမ်းရည်တိုးတက်ဖို့ ပူးတွဲဆောင်ရွက်ရေး၊.....