Monday, December 24, 2012

လူထုခေါင်းဆောင်ရဲ့မြိတ်တွင်ပြောသောစကားများ

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် ဒီမိုကရေစီကို မမျှော်လင့်သော် လည်း ရအောင်လုပ်ယူမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပြောကြား...............
၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိရေးနှင့် ဒီမိုကရေစီရရှိရေးကို
မမျှော်လင့်သော်လည်းရအောင်လုပ်ယူမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ကော့သောင်း-မြိတ် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၂၂ ရက်တွင် မြိတ်မြို့ ဦးစိန်ဂျက် ခန်းမ၀န်းအတွင်း၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ပြည်သူများထံမှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိရန် မျှော်လင့်ပါသလားဟူသော မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။...

Friday, December 7, 2012

ကလုံးထာ ရေကာတာ စီမံကိန်းအပေါ် ဒေသခံများ ကန့်ကွက်

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အဓိက ရေအရင်းအမြစ်ဖြစ်လာမယ့် ကလုံးထာရေကာတာ တည်
ဆောက်မယ့် စီမံကိန်းအပေါ် ရေကာတာရဲ့ ရေနစ်မြုပ်ဧရိယာအတွင်းမှာ ရှိနေတဲ့ ကလုံးထာ ရွာသူ ရွာသားတွေက ကန့်ကွက်နေကြပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် တလိုင်းယာကျေးရွာအုပ်စုဝင် ကလုံးထာကျေးရွာမှာ အိမ်ထောင်စု ၁၈၂ စု၊ လူဦးရေ တထောင်ကျော်နဲ့ စိုက်ပျိုးမြေဧရိယာ ၉၂၄၀ ဧကရှိပြီး ကွမ်းသီး၊ သီဟိုဌ်၊ ရော်ဘာနဲ့ အုန်းပင် စတဲ့ နှစ်ရှည်ခံသီးပင်တွေကို အများစု စိုက်ပျိုးကြတာဖြစ်ပါတယ်။

ရွာသူရွာသားတွေကတော့ ဘိုးဘွားစဉ်ဆက်ကတည်းက စိုက်ပျိုးလာတဲ့ ဥယျာဉ်ခြံမြေတွေဟာ အခုမှ သီးပွင့်စပြုလာတဲ့အတွက် ရွာနေရာဟောင်းကို မဖယ်ပေးနိုင်ဘူးလို့ ပြောနေကြပါတယ်။ ဒါ့အပြင် ရွာသူ ရွာသားတွေ အနေနဲ့ တလိုင်းယာချောင်းအတွင်းမှာ တပိုင်တနိုင် ခဲသတ္တုကျင်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာလဲ ဖြစ်ပါတယ်။

အမြင့်ပေ ၃၀၀ ရှိတဲ့ ဒီရေကာတာကို တည်ဆောက်မယ်ဆိုရင် ကလုံးထာ ရွာဟာ ရေအကြီးအကျယ် နစ်မြုပ်နိုင်တဲ့ ဧရိယာအတွင်းမှာ ပါဝင်နေတဲ့အတွက် စီမံကိန်းဖော်ဆောင်မယ့် အီတာလျံ-ထိုင်း ကုမ္ပဏီ တာဝန်ရှိတဲ့သူတွေကတော့ ရွာကို ပြောင်းရွှေ့စေချင်နေတာ ဖြစ်ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်အတွက် အဓိက အထောက်အကူပြုမယ့် ရေကာတာ ဖြစ်တဲ့အတွက် မတည်ဆောက်နိုင် ဘူးဆိုရင် စီမံကိန်းတခုလုံး ပျက်သွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ရုပ်သံတင်းကြည့်လိုက    ဒီနေရာကိုသွားလိုက်ပါ