Saturday, December 17, 2011

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း သတင်းစာ ရှင်းလင်းပွဲ


တော်ဝင် နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်သော ထားဝယ် ရေနက်ဆိပ်ကမ်း သတင်းစာ ရှင်းလင်းပွဲ
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့၌ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ထားဝယ် ဒေသခံ ပြည်သူများ စုပေါင်းပြီး ထားဝယ် ရေနက်ဆိပ်ကမ်း
တည်ဆောက်မည့် စီမံကိန်းအပေါ် ပြည်သူများ၏ သဘောထား ၊ အမြင်များကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆို ကျင်းပခဲ့ကြပါသည်။
ထိုသတင်းစာ ရှင်းလင်းပွဲကို ထားဝယ် ဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (DDA) က ဦးစီးကျင်းပခဲ့ပါသည်။ ၎င်းသတင်းစာ ရှင်းလင်းပွဲတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
အဖွဲ့တွေမှ ပညာရှင်တွေ ၊ သတင်းထောက်တွေ နှင့် ဒေသခံတွေ ကိုယ်တိုင် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စတင် တည်ဆောက်ချိန်မှစပြီး ဒေသခံတွေဆီမှ သိမ်းဆည်းထားသော မြေနေရာများကို ယခုအချိန်ထိ လျော်ကြေး မပေးတဲ့အတွက် လျော်ကြေး
ရရှိလိုကြောင်း ဒေသခံတွေမှ ပြောဆိုခဲ့ပါသည်။
ထိုသတင်းစာ ရှင်းလင်းပွဲတွင် တက်ရောက် လာသော ဒေသခံ ကိုယ်စားလှယ် များအနက် လက်ရှိ တည်ဆောက် နေသော စီမံကိန်းကို ကိုယ်စားလှယ် ၈ ဦးသည် ဆန့်ကျင်
တားဆီးလိုစိတ် မရှိပါ။ စီမံကိန်း နယ်မြေထဲ ပါသွားသော အိမ်ခြံမြေ ဥယျာဉ်တွေကို ညီမျှသော တန်ဖိုးနှင့် လျော်ကြေး ပေးဖို့ ၊ ယခင်ရှိနေသော ယဉ်ကျေးမှု နယ်မြေတွေကို
မပျက်စီးစေရန် စသည့် ထားဝယ် ဒေသခံ၏ ဆန္ဒတွေကို တောင်းဆို ခဲ့ကြပါသည်။
ထိုထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ စတုရန်း ကီလိုမီတာ ၂၅၀ အကျယ်အဝန်းကို အသုံးပြုမှာဖြစ်ပြီး ရွာပေါင်း ၁၉ ရွာ လူဦးရေ ၃၂၀၀၀ ကျော် ရွှေ့ပြောင်းပေးရမှာ
ဖြစ်ပါသည်။

No comments:

Post a Comment