 |
ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့တွင်းသို့ နေ့လည် ၁၁ နာရီခန့်တွင်
ရောက်ရှိလာခဲ့ပြီး ကိုးသိန်းဘောလုံးကွင်းအတွင်း စောင့်ဆိုင်းနေကြသည့်
သောင်းနှင့်ချီသော လူထုကြီးအား မိန့်ခွန်းပြောကြားခဲ့သည်။ (ဓာတ်ပုံ-
ဥက္ကာကိုကို)
"ကျွန်မလည်း
ဧရာဝတီတိုင်းသူလို့ ခေါ်လို့ရပါတယ်။ ပုသိမ် ပြည်သူပြည်သားတွေကို အင်မတန်
ကျေးဇူးတင်ပါတယ်။ ပုသိမ်ကို ပြန်မရောက်တာ နှစ် ၂၀ရှိပါပြီ။
အရင်တစ်ခေါက်တုန်းကတော့ စက်ဘီးတွေနဲ့ ကြိုကြတယ်။ အခုကျတော့ ဆိုက်ကယ်တွေနဲ့
ကြိုကြတယ်။ ပုသိမ်ကိုလာတာဟာ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ်
ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ အတွက် စည်းရုံးဖို့ လာတာပါ။ ကျွန်မတို့ရဲ့
ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံ အားပေး မဲပေးကြဖို့ ပြောချင်ပါတယ်။
ပြည်သူတွေကို အင်မတန် ကျေးဇူးတင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ
တည်ထောင်ဖို့ဆိုရင် ပြည်သူတွေ ပါဝင်မှ ဖြစ်မှာပါ။ အထူးသဖြင့် လူငယ်တွေင်္
ပါဝင်စေချင်ပါတယ်။ ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ
ရောက်သွားတဲ့အခါ ပြည်သူတွေရဲ့ ဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါမယ်။
လူငယ်တွေ အနေနဲ့ အဆင့်မြင့်တဲ့ ပညာရေးကို သင်ယူစေချင်ပါတယ်။ ကျန်းမာရေးလည်း
ဂရုစိုက်ဖို့ ပြောချင်ပါ တယ်။ ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲ
ဝင်ပြိုင်တာဟာ အချက်သုံးချက်ရှိပါတယ်။ တရားဥပဒေ စိုးမိုးရေး
ပြည်တွင်းငြိမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတာတွေပါ။
ကျွန်မတို့နိုင်ငံမှာ ရွေးကောက်ပွဲဆိုတာ ခဏ ခဏ လုပ်နေတာ မဟုတ်ပါဘူး ဒါအတွက်
ပြည်သူတွေ အားလုံးကူညီပေးပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့
ကိုးသိန်းဘောလုံးတွင်းအတွင်း ၁၈မိနစ်ကြာ ပြောဆိုခဲ့သော ပြောကြားချက်၌
ထည့်သွင်းပြောဆိုခဲ့ပါသည်။
| |

ဒေါ်အောင်ဆန်းစုကြည် လူထုသို့ ဟောပြောလျက်ရှိ၊ ကြားဖြတ်ရွေးကောက်ပွဲ
မှန်မှန်ကန်ကန် မျှမျှတတဖြစ်ရန် ပြည်သူအားလုံး ကူညီပါဟု ပြောကြားခဲ့သည်။
နောက်ဆုံးရရှိတဲ့ သတင်းအရတော့ ဒေါ်အောင်ဆန်းစုကြည် လူထုသို့ ဟောပြောမှု
ပြီးဆုံးပြီလို့ သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုးသိန်းဘောလုံးကွင်းအတွင်း လူထုဟောပြောပွဲအပြီး
ပုသိမ်ဟိုတယ်တွင် နေ့လည်စာစားသောက်ရန် ရောက်ရှိနေပြီဖြစ်သည်။
နေ့လည်စာစားပြီးပါက မြောင်းမြသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။
No comments:
Post a Comment