Sunday, July 22, 2012

ထားဝယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ၏ အာဇာနည်နေ့အခမ်းအနား

၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် ၊ ယနေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည် နေ့တွင် ထားဝယ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်မှ သံဃာတော် ၅ ပါးအား အာရုံဆွမ်း ဆက်ကပ် လှူဒါန်းခဲ့သည်။ ထိုနောက် နံနက် ၇ နာရီ ခွဲခန့်တွင် ထားဝယ် ခရိုင် အုပ်ချူပ်ရေးမှူးရုံး ရှေ့ရှိ ဗိုလ်ချူပ်အောင်ဆန်း ၏ ပုံတူ ကြေးရုပ်ထု ရှေ့တွင် လွမ်းသူ့ ပန်းခွေချပြီး ၊ ထားဝယ်မြို့ အင်အယ်လ်ဒီ ရုံးခန်းတွင် လည်း လွမ်းသူ့ ပန်းခွေများကို ချကာ ကျဆုံး လေပြီးသော အာဇာနည် ခေါင်းဆောင်များကို အလေးပြုခဲ့ကြသည်။ အဆိုပါ အခန်းအနားသို့ ပါတီဝင် တစ်ရာ ခန့် တက်ရောက်ခဲ့သည်။
၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်လာသည့် ပါတီဝင်များ
နိုင်ငံတော်အလံ တစ်ဝက်လွင့်ထားသည့် အင်အယ်လ်ဒီ ရုံ ရှေ့ မြင်ကွင်း

လွမ်းသူ့ပန်းခွေများကို တွေ့ရစဉ်

လွမ်းသူ့ပန်းခွေ များနှင့် အတူ
လွမ်းသူ့ပန်းခွေ များနှင့် အတူ

No comments:

Post a Comment