Monday, September 24, 2012

ထိုင်းနိုင်ငံ Bangkok Bank နှင့် မြန်မာဘဏ်ချိတ်ဆက်မူ




ထိုင်းနိုင်ငံ ဘန်ကောက်ဘဏ် (Bangkok Bank ) သည်၊ မြန်မာနိုင်ငံမှ AGD, KBZ, Ayeyawady, Co-operative ဘဏ်များ နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်နိုင်ပြီးဖြစ်ကြောင်း ဘန်ကောက် ဘဏ်မှ သတင်း ထုတ်ပြန်ပါသည်။
AGD Bank ထဲသို့ မလေးရှားနိုင်ငံ May Bank ၊ CIMB Bank နှင့် IME ငွေလွှဲကောင်တာများမှ ငွေလွှဲပို့ပေးနိုင်ပြီးဖြစ် သ လို Bangkok Bank နှင့်လည်း ငွေလွှဲပေးပို့နိုင်ပြီး ဖြစ်ပါသည်။

ယခင်က ဘန်ကောက်ဘဏ်သည် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ နိုင်ငံခြား ကုန်သွယ်မှုဘဏ် စသည့် ဘဏ်(၂) ခုဖြင့်သာ ချိတ်ဆက်ဆောင်ရွက် နေခဲ့ပါသည်။ ယခု အချိန်၌ နိုင်ငံ (၂၆) နိုင်ငံရှိ ဘန်ကောက်ဘဏ် ခွဲများမှ တဆင့် မြန်မာနိုင်ငံသို့ ကုန် သွယ်ရေး ရင်းနှီးမှုများ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။........


အမေရိကန် ဒေါ်လာဖြင့် ငွေလွှဲ ပို့လိုက်ပါက ဒေါ်လာဖြင့် ပြန်လည် ထုတ်ယူနိုင်သလို မြန်မာငွေဖြင့် ထုတ်ယူပါက ပေါက်ဈေး အတိုင်း ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ဘန်ကောက် ဘဏ်သည် တရုတ်၊ ဂျပန် နှင့် အာဆီယံ ဒေသတွင်းရှိ နိုင်ငံများတွင် ချိတ်ဆက်ဆောင်ရွက် နေသဖြင့် ၄င်းနိုင်ငံရှိ မြန်မာများလည်း မြန်မာနိုင်ငံသို့ ငွေလွှဲပို့နိုင်ပြီး ဖြစ်ပါသည်။

No comments:

Post a Comment