၃.၉.၂၀၁၂ - စက်တင်္ဘလ ၃ ရက်နေ့ မှစတင်ကာ တနင်္သာရီတိုင်း ဒေသကြီး၊
ပုလောမြို့နယ် အတွင်းရှိ ပြင်ဘုကြီး၊ ပြင်ဘုငယ် ၊ခန္တီ၊လိပ်ဥသောင်၊
ကံမော်ကြီး၊ ကင်းမော်ချုံ ကျေးရွာများ အနီးရေပြင်တွင် ဝါလပ်(ဒရွတ်တိုက်ဆွဲ
ငါးဖမ်းရေယဉ်များဖြင့် ငါးဝင်ရောက်ဖမ်း နေသောကြောင့် သိရပါတယ်။
အဆိုပါ
ကျေးရွာများမှ တနိုင်တပိုင် တနေ့လုပ် တနေ့စား ငါးဖမ်းလုပ်ကိုင် စားသောက်
နေသော တံငါသည်များ၏ ငါးဖမ်းပိုက်များကို ပါတစ်ပါးတည်း ဆွဲယူသွားခြင်းကို
ကြုံတွေ့နေရကြောင်း ဒေသခံ တံငါသည်များက Myanmar News Now ကို ပြောပါတယ်။
ငါးလုပ်ငန်း
ဥပဒေအရ အဆိုပါ ငါးဖမ်းရေယဉ် (ဒရွတ်တိုက်ဆွဲ) များ ကမ်းခြေများ(ကျေးရွာ)
အနီး ဝင်ရောက်ငါး ဖမ်းဆီးခွင့်မရှိပါ၊ အခုလို ငါးဖမ်းဆီးမှု ကြောင့် ဒေသခံ
ငါးဖမ်းလုပ်သားများမှာ..........
စားဝတ်နေရေး အတွက် ဒုက္ခကြုံတွေ့နေရကြောင်း ဒေသခံ
တံငါသည်များက ပြောပါတယ်။
တနသာင်္ရီတိုင်း ဒေသကြီး ပင်လယ်ပြင်
ကမ်းရိုးတမ်း တလျှောက် မြိတ်မြို့ရှိ ရေနေ သယံဇာတများ ထိန်းသိမ်းရေး အတွက်
ယခုနှစ် 2012 ခုနှစ်မှာ ဇွန်၊ ဇူလှိုင် ၊သြဂုတ်လများတွင်
မြိတ်ပင်လယ်ပြင်နှင့် ကမ်းရိုးတမ်းတလျှောက် ကမ်းနီး၊ကမ်းဝေး
ငါးဖမ်းရေယာဉ်များ
ငါးမဖမ်းဆီးခြင်း မပြုလုပ်ကြရန် တနသာင်္တိုင်း ရေလုပ်ငန်းဦးစီးဠာနမှ သတင်းထုတ်ပြန်ခဲ့ကြောင်းသိရှိရပါတယ်။
ဇွန်၊ ဇူလှိုင်၊ သြဂုတ်လများမှာ ဒေသအတွင်း ငါးပုဇွန်များ မျိုးပေါက်ပွားချိန်ဖြစ်သောကြောင့် ငါးဖမ်းရေယာဉ်များ
ငါးဖမ်းဆီးခြင်း မပြုလုပ်ကြရန် တားမြစ်ခဲ့ရာ ယခုအခါ ထိုတားမြစ်ရက်များ ပြည့်မှီကျော်လွန်လာပြီး ဖြစ်သောကြောင့် 1.9.2012
ရက်နေ့မှစတင်ကာ မြိတ်မြို့ရှိ ငါးလုပ်ငန်းများနဲ့ ရေလုပ်သားများက ဒေသအတွင်း ရေလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ခွင့် ရလာပြီမို့
ဒေသစီးပွားေ၇းတွေ ပြန်လည်ဦး မော့လာတော့ မယ်လို့ ငါးဖမ်လုပ်ငန်း သမားတွေ ကလည်း ပြောပါတယ်.။
ရေလုပ်ငန်းဦးစီးဠာနမှ
ငါးဖမ်းခွင့် ပြုလိုက်တာကြောင့် ငါးဖမ်းရေယာဉ်တွေ ဟာ ပင်လယ်ကမ်းရိုး
တန်းတလျှောက်မှာ အပြိုင်အဆိုင် ငါးဖမ်းနေကြတာ ဖြစ်ကြောင်း Myanmar News Now
မှ စုံစမ်းသိရှိရပါတယ်။
----



No comments:
Post a Comment