Tuesday, April 17, 2012

TZK ရာဘာကုမ္ပဏီကြောင့် မလိဝမ်းရေတံခွန်ညစ်နွမ်း မှုများဖြစ်ပွား

            

မလိဝမ်းရေတံခွန်
ယခုအခါ မလိဝမ်းကျေးရွာ အထက်ပိုင်းမလိဝမ်းရေတံခွန်သို့စီးဆင်းရာ စမ်းချောင်းတစ်လျှောက်တွင် ၄င်ကုမ္ပဏီမှ ၀န်ထမ်းများ နေရာများချထားပေးရာမှ ၀မ်ထမ်းများ၏ အညစ်ကျေးများ၊ အမိုက်များ၊ မစင်နှုင့် စွန့်ပစ်ပစ္စည်းများကို ရေတံခွန်သို့စီး ဆင်းရာ တောင်ကြစမ်းချောင်းအတွင်သို့စွန့်ပစ်ခြင်း၊ ပေါင်းသတ် ၊မျက်သတ်ဆေးများ သုးံစွဲရာမှ ရေတံခွန်အတွင်း   သို့စီးဆင်းခြင်း၊ သဘာဝပါတ်ဝမ်းကျင်နှင့် ရေအရင်းမြစ်ကို ထိမ်းသိမ်းပေးသော သစ်ပင်ကြီးများကို ခုတ်ထွင်ရှင်းလင်း ခြင်းမှ ရေတံခွန်သို့စီးဆင်းရာ စမ်းချောင်များခန်းခြောက်ခြင်း စသည့် နောက်ဆက်တွဲဆိုးကြီးများ

ဆက်တိုက်ဖြစ်ပေါ် လာလျှက် ရှိပါသည်။

                  မလိဝမ်းရေတံခွန်သည် ကော့သောင်းမြို့နေပြည်သူများနှင့် ကော့သောင်းမြို့သို့ရောက်လာကြသော ပြည်တွင်း၊ပြည်ပဧည့်သည်များ လာရောက်အနားယူအပန်းဖြေရာ ကော့သောင်းမြို့၏ ထင်ရှားသောနေရာဖြစ်သည့်အ ပြင် မလိဝန်းရေတံခွန်မှ စီးဆင်းနေသည့်ရေကို တိုက်ရိုက်သုးံစွဲနေသည့် မလိဝမ်းမိဘမဲ့ဘုန်းတော်ကြီး ပညာသင်    ကျောင်း၊ မလိဝမ်းကွက်သစ်ကျေးရွာမှ အများပြည်သူများ တိုက်ရိုက်သုးံစွဲရာနေရာလည်း ဖြစ်ပါသည်။
                 ထို့ကြောင့် (TZK) ကုမ္ပဏီအနေဖြင့် လွတ်လပ်သော ဈေးကွက်စည်းပွားရေခေတ်ကြီးတွင် လွတ်လပ်စွာ စည်းပွားရှာဖွေသည်ကို မပြောလိုသောလည်း မိမိကုမ္ပဏီကြောင့် အများပြည်သူကို ထိခိုက်နစ်နာစေနိုင်သည့် လုတ် ဆောင်ချက်များကို ရှောင်ရှားသင့်ပြီး ကုမ္ပဏီ၏ စွန့်ပစ်ပစ္စည်းနှင့် အမိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ပေးပါရန် ကုမ္ပဏီတာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ ဌာနအကြီးကဲများအား တင်ပြတောင်းဆိုအပ်ပါတယ်။
ရေထုညစ်ညမ်းနေပုံ

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls