Friday, December 30, 2011
မိမိနှာခေါင်းကို မိမိပါးစပ်ဖြင့် ကိုက်ပြသူ
အင်တာနက်ခေတ်မှာထူးဆန်းတာတွေ မယုံကြည်စရာတွေ တစ်ခါမှမမြင်ဖူးတာတွေ မြင်လာတွေ့လာကြရတယ်။
အခုပုံကိုပဲ့ကြည့်လိုက်ပါ  ပါးစပ်နဲ့ နှာခေါင်းကိုကိုက်လိုက်တဲ့အခါမှာ လူပျိုကနေ လူအိုဘ၀ပုံကိုရောက်တော့တာပါပဲ့။
ကဲ ကိုယ့်နှာခေါင်းကို ပါးစပ်နဲ့ကိုက်မရဘူးလို့ ကိုယ့်လူကို ဘယ်သူပြောသလဲ ။ အခုပုံတွေကို ရှူစားကြည့်ု လိုက်ပါဦး ။ ဒီပုံထဲက လူဟာ သူ့နှာခေါင်းကို သူ့ပါးစပ်နဲ့ ရအောင်ကိုက်ပြသွားသဗျို့ ။ ကိုယ့်လူတို့လည်း ရမရ ဖြစ်နိုင်မဖြစ် နိုင်စမ်းကြည့်ကြပါဦး :P
ရေပေါ်ဘတ်စ်ကား
အနာဂါတ်မှာ တော်တော်အသုံးဝင်မဲ့ကားဖြစ်ဖို့များတယ် ။ ရေကြီးရင်လဲပူစရာမလိုဘူးကြိုက်တဲ့နေရာကိုသွားရုံပဲ့။ နောက်ဆိုကုန်း ရေ လေ သုံးမျိုးလုံးသုံးနိုင်တဲ့ ကားတွေများပေါ်လာတော့မယ်။ ပိုက်ဆံသာရှိလို့ကတော့လေ အကုန်ဝယ်ပစ်လိုက်မယ်။ အခုတော့ .......မွဲနေတုံး။
ကဲ သင်မြင်ဖူးရဲ့လား ။ ဒီဘတ်စကားကတော့ ရေပေါ်မှာ တင်သွားနိုင်ပါသတဲ့ ။ ခရီးသည်ပေါင်းများစွာ ကို တင်ဆောင်နိုင် တဲ့ ဒီအဆင့်မြင့်ယဉ်ဟာ ရေပေါ်မှာရော ကုန်းပေါ်မှာပါ ဘယ်နေရာမဆို သွားလာနိုင်ပါပြီ ဖြစ် ပါတယ် ။ ကြိုက်တဲ့နေရာကိုသာ ခရီးထွက်ပေတော့ :)
သက်တန့်ချို
ကြောက်မက်ဖွယ်ရာ ထင်ပေါ်လာသော ၀ိဥာဉ်ပုံရိပ်များ
လှိုဏ်ဂူအထဲတွင်မြင်ရသော ၀ိဥာဉ်ပုံရိပ် ။
အမှတ်တမဲ့ ကြည့်လိုက်တဲ့အခါ ထင်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာ ၀ိဥာဉ်ပုံရိပ်တွေကို ဆင်ဟွာ ကနေ ဖော်ပြပေးထားပါတယ် ။ ဖိုတိုရှော့ပညာမသုံးထားပဲ တကယ်မြင်ရတဲ့အတိုင်းဖော်ပြထားတာမို့ သရဲ တစ္ဆေ ကို စိတ်ဝင်စားသူတွေအဖို့ နှစ်သက်ဖွယ်ရာပါပဲ ။
စုံတွဲဘေးမှ ၀ိဥာဉ်ပုံရိပ် ။
မြင်ရလား ၀ိုးတိုးဝါးတားနဲ့ ။
ဒါကတော့ကြောက်ဖို့ကောင်းတယ် မြူတွေဝေ့ဆိုင်းလို့ ။
ဖြူဖြူအကွက်ကြီး ။
ထင်ထင်ရှားရှားကိုတွေ့ရတာ ။
မှင်စာလားမသိဘူး ။
သံတိုင်ကြားမှ ပိတ်မိနေသော ၀ိဥာဉ် ။
ဒါလည်း ထင်ထင်ရှားရှားတွေ့ရတယ် ။
Oh ! Ghost . . .
သက်တန့်ချို
ဂြိုလ်သားတွေကြောင့် ကိုယ်ဝန်ရသွားတဲ့ အီတလီအမျိုးသမီး
မယုံနိုင်ဖွယ်ရာပါပဲ ။ အီတလီအမျိုးသမီး Gionanna ဆိုသူဟာ ဂြိုလ်သားတွေရဲ့ အဓမ္မခေါ်ဆောင် အနိုင် ကျင့်ခြင်း ခံခဲ့ရပြီး ကိုယ်ဝန်ရခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ် ။ ဂြိုလ်သားတွေဟာ သူမ လေးနှစ် သမီး အရွယ် ကတည်းက သူမဆီကို ပထမဆုံးအကြိမ်လာရောက်ခဲ့ပါတယ် ။ အခုဆိုရင် သူမဟာ ၄၁ နှစ်ရှိပါပြီး ။ သူမဆီမှာ ဂြိုလ်သားတွေကြောင့် ရရှိခဲ့တဲ့ ဒါဏ်ရာဒါဏ်ချက်တွေလည်း ရှိနေတယ်လို့ပြောဆိုခဲ့ပါတယ် ။
စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ညဖက်တွေမှာ ဂြိုလ်သားတွေ လာရောက်လည်ပတ်ခဲ့တယ်ဆိုတဲ့ သက်သေတွေ ရှိနေတာပါပဲ ။
သူမကို အဓမ္မအနိုင်ကျင့်လိင်ဆက်ဆံခဲ့တဲ့ ဂြိုလ်သားကို သူမက ဓါတ်ပုံရိုက်ထားခဲ့ပါသတဲ့ ။
သူမ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖော့စပရပ် အလင်းရောင်လေး ။ ( ဂြိုလ်သားတွေလက်ချက်ကြောင့်ပါ )
ဒီလို မျိုး ဘဲဥပုံ ပျံသန်းနေတဲ့ အ၀ိုင်းအချပ်ကြီးတွေဟာ သူမ ဆီကို ပထမအကြိမ် လာလည် ကတည်း က တွေ့ခဲ့ရတယ် ။
သူမကို ဆရာဝန်တွေဆီပေးဖို့ စမ်းသပ်စေတဲ့အခါမှာတော့ သူမဆီမှာ ကလေးငယ်တစ်ယောက် ရဲ့ နှလုံး ခုန်သံတဲ့ တူတဲ့ rhythm ကို ရှာတွေ့ခဲ့ကြတယ် ။
အဲဒီနောက်မှာတော့ ဆရာဝန်က ထိတ်လန့်ဖွယ်ရာ ဂြိုလ်သားသန္ဓေသားကို တွေ့ခဲ့ရပါသတဲ့ ။
အမြီးလည်းပါတယ် ဒါပေမယ့် မျက်နှာကပိုပြီး ဆင်တူတယ် ။
ဘုရားဘုရား ဒီသတင်းသာ တကယ်ဆိုရင်တော့ ကမ္ဘာကြီးရဲ့ အနာဂါတ်မတွေးဝံ့စရာပါလား အမျိုးသမီးတွေ သတိသာ ထားနေကြပေတော့ဗျို့ ။
သက်တန့်ချို
မူရင်း - ဆင်ဟွာ
Thursday, December 29, 2011
မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား
တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ် သီဟမျိုးမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ခွဲစိတ်ကုသမှုခံယူပြီးနောက် သတိလစ်မေ့မျောနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ဆေးရုံသို့ကိုယ်တိုင်သွားရောက် ကူညီလှူဒါန်းခဲ့သူများက ဒုတပ်ကြပ် သီဟမျိုးမှာ ၁၀ နာရီကျော်ကြာ သတိလစ်မေ့မျောနေရာမှ ယနေ့ညနေ ၃ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ယောင်ရမ်း၍ စကားတစ်ခွန်းပြောသည်ကို တွေ့ရကြောင်း ပြန်လည်ပြောပြသည်။
"မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား" ဟု အရေးပေါ်ခွဲစိတ်မှုပြုလုပ်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် ပြင်းထန်စွာ တုန်ယင်နေ၍ မိသားစုဝင်များက ဖိထားသည့်ကြားမှ ဒုတပ်ကြပ် သီဟမျိုးက ယောင်ရမ်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကိုယ်တိုင်သတိလစ်နေမေ့မျောနေသော်လည်း မီးလောင်မှုအတွက် ရတက်မအေးနိုင်ဘဲ ၁၀ နာရီကျော်အတွင်း ၎င်း၏ပြောစကားကြောင့် များစွာ စိတ်မကောင်းဝမ်းနည်းရကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှုလှူဒါန်းသော အလှူရှင်တစ်ဦးကပြောသည်။
အစောပိုင်းဖော်ပြခဲ့သည့် သတင်းများတွင် ဒုတပ်ကြပ် သီဟမျိုး ကွယ်လွန်ပြီဟု ဖော်ပြခြင်းကိုလည်း ကွယ်လွန်ခြင်းမဟုတ်ကြောင်း ပြင်ဆင်သိမှတ်ပေးစေလိုပါသည်။
 7Day News Journal
အမျိုးသမီးတစ်ဦးမီးဖွားပြီး သေဆုံးခဲ့မှုအပေါ် ရွှေဂုံတိုင်ဆေးရုံနှင့်လူနာရှင်များ အငြင်းပွါး
သေဆုံးသူရဲ့ ဓါတ်ပုံမဟုတ်ပါ Google Images မှ ခွဲစိတ်ခန်းနမူနာဓါတ်ပုံကို ဖော်ပြခြင်းသာဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အထူးကုဆေးရုံကြီးတွင် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးမီးဖွား ပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့က သေဆုံးခဲ့ရမှုဖြစ်ပွားခဲ့ရာ ဆေးရုံကြီးမှ တာဝန်ကျ သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်များ၏ တာဝန် ပေါ့လျော့မှုကြောင့်ဖြစ်သည်ဟု ကျန်ရစ်သည့် မိသားစုများက စွပ်စွဲခဲ့သလို ဆေးရုံဘက်မှ တာဝန်ရှိသူများကလည်း ပြန်လည် ရှင်းလင်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင် မြို့နယ်၊ ကွက်သစ်ဖြတ်လမ်းတွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် မခင်ခင်ဌေးသည် ခုနစ်လရှိပြီဖြစ်သည့် ကိုယ်ဝန်ကို အဆိုပါဆေးခန်းကြီးတွင် ပုံမှန်ထိုင်သည့် သားဖွားနှင့် မီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာတင် မောင်အေးထံတွင် အပ်နှံထားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
အဆိုပါ ဆရာဝန်ကြီး မရှိသည့်အခါ တွင် ၎င်း၏ လက်ထောက် ဆရာဝန် ဒေါက်တာနိုင်ဝင်းဆိုသူနှင့် ဆက်လက် ပြသခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာလ ၉ ရက်နေ့မှစတင်ခါ ၀မ်းတွင်းမှ ကလေး၏ ပုံမှန်မဟုတ်သော အနေအထားကြောင့် မခင်ခင်ဌေးအား ဓာတ်မှန်ရိုက်ကြည့် ခဲ့ရာတွင် ၀မ်းတွင်းရှိ ခုနစ်လသားအရွယ် မိန်းကလေးငယ်မှာ လှုပ်ရှားခြင်းမရှိတော့သောကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဆေးရုံ တက်ရန် ဒေါက်တာနိုင်ဝင်းမှ ညွှန်ကြားခဲ့ပြီး အဆိုပါနေ့တွင်ပင် ၀မ်းတွင်းမှ ကလေး သေဆုံးပြီဖြစ်ကြောင်း ဆရာဝန်က အတည်ပြု ပြောကြားခဲ့သည်ဟု ဆိုသည်။
"ကလေးသေနေပြီလို့ ဆရာဝန်က ပြောကြားတဲ့အတွက် အဲဒီနေ့မှာပဲ ခွဲစိတ်ပေးဖို့ မိသားစုဝင်တွေက တာဝန်ကျ ဆရာဝန်တွေ ကိုကော ဒေါက်တာ နိုင်ဝင်းကိုပါ အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စနေနေ့ (ဒီဇင် ဘာလ ၁၀ ရက်နေ့) ညနေမှာ ဒေါက်တာနိုင်ဝင်း လာကြည့်ပြီး ခွဲဖို့ မလိုဘဲ ဆေးသွင်းပြီး ရိုးရိုး မွေးမယ်လို့ ပြောပါတယ်" ဟု မခင်ခင်ဌေး၏ အစ်ကိုရင်းဖြစ်သူ ကိုမြင့်အောင်က ပြောသည်။
ရိုးရိုးမွေးဖွားနိုင်ရန် ဆေးများသွင်းထားခဲ့ရာ နောက်တစ်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညပိုင်းအထိ ဆေးရုံမှ မည်သို့မျှ ခွဲစိတ် ကုသမှုများ မပြုလုပ်ပေးခဲ့ဘဲ ည ၁၁ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် သားအိမ်ပွင့်ကာ ကလေးထွက်လာသည်နှင့် တစ်ပြိုင်နက် မိခင်ပါ တစ်ခါတည်း အသက်မရှူတော့ကြောင်း မခင်ခင်ဌေး၏ မိခင်ဒေါ်သီတာဝင်းက ပြောသည်။
"သမီးက အသက်မရှူတော့ဘူး။ ကလေးလည်းထွက်လာရော သူလည်း နှစ်ချက်လောက် ရှိုက်ပြီး ငြိမ်သွားတယ်။ နောက် ည ၁ နာရီကျော်မှ မေ့ဆေးဆရာ ၀န်တွေကော ဒေါက်တာ နိုင်ဝင်းပါ ရောက်လာတယ်။ သူတို့က မျိုးစုံစစ်ဆေးကြတယ်။ ဒါပေမယ့် အသက်မရှိတော့ဘူး"ဟု ၎င်းက ပြောသည်။
ဆေးရုံမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာဒေါ်ဌေးဌေးကြည်ကလည်း ဒီဇင်ဘာလ ၉ ရက်နေ့တွင် ၀မ်းတွင်းမှ ကလေး သေဆုံး ကြောင်း ဓာတ်မှန်ရိုက် ယူ၍ သိရှိပြီးနောက် ဒီဇင်ဘာ ၁၀ ရက် နေ့တွင် ရွှေဂုံတိုင် ဆေးရုံတွင် တက်ရောက်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်အစောပိုင်းတွင်သေဆုံးခဲ့သည်ဟု မြန်မာတိုင်း(မ်)ကိုပြောသည်။
သားဖွားနှင့် မီးယပ်အထူးကု ဆရာ ၀န် ဒေါက်တာနိုင်ဝင်းကလည်း ယခုကဲ့ သို့သေဆုံးမှုမှာ မခွဲစိတ်ခြင်းကြောင့် သေဆုံးရခြင်းမဟုတ် ဟုပြောသည်။
သန္ဓေသားမှာ ရက်သတ္တပတ် ၂၄ ပတ်သာရှိပြီး မိခင်မှာလည်း အသက် ၂၃ နှစ်သာရှိသေးသည့်အတွက် နောက်ထပ် ကလေး မွေးဖွားရ လွယ်ကူစေရန် သားအိမ်ပွင့်ဆေးကို အသုံးပြု၍ ရိုးရိုး မွေးဖွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာနိုင်ဝင်းက ပြောသည်။
"ပုံမှန်ဆိုရင် အပတ် ၄၀ ရှိမှ နေ့စေ့ လစေ့ဖြစ်တယ်။ အခု ကလေးက ၂၄ ပတ်ပဲရှိပြီး တစ်ပေါင် သာသာပဲရှိတယ် ဆိုတော့ ခွဲပြီး ထုတ်ရမယ့် ထုံးစံမရှိဘူး။ အမေကလည်း သားဦးဆိုတော့ အရင် ခွဲကြောင်းတွေလည်း မရှိတဲ့အတွက် ဒီလိုခွဲမွေးလိုက်ရင် နောက်တစ် ယောက်ကိုလည်း ခွဲမွေးရဖို့ များသွားပြီ။ ဒီလို လူနာမျိုးကို ၁၀၀ မှာ ၉၉ ယောက်ကို ရိုးရိုးပဲမွေးပါတယ်"ဟု ၎င်းက ပြောသည်။
ထို့ကြောင့် သားအိမ်ပွင့်ဆေးကို ထည့်သွင်းခဲ့ပြီး မွေးဖွားရန်စောင့်ဆိုင်း ခဲ့သည်ဟု၎င်းက ပြောသည်။ လူနာမှာ နာကျင်သောကြောင့် လူနာရှင်ဘက် မှ ခွဲစိတ်မွေးရန်တောင်းဆိုခဲ့သည့် အတွက် နားလည်စေရန် အခြေအနေ ကို ရှင်းလင်းပြခဲ့သည်ဟု ၎င်းက ပြောသည်။
"အိုဂျီတစ်ယောက် အနေနဲ့ ကြည့်ရင် ဒီကေ့စ်မျိုးကခွဲစိတ်ရမယ့်အထဲမှာ မပါ ပါဘူး။ မခွဲစိတ်ခဲ့တဲ့အတွက် သေဆုံးရတာ မဟုတ်ပါဘူး" ဟု ဒေါက်တာနိုင် ၀င်းက ပြောသည်။
သေဆုံးရသည့် အကြောင်းရင်းမှာ လူနာမှာ ကလေးမွေးဖွားရန် သားအိမ်ဝ ပွင့်ချိန်တွင် ရေမြွှာရေ သွေးကြောတွင်း ရောက်ရှိပြီး ထိုမှတစ်ဆင့် အဆုတ်နှင့် နှလုံးသို့ ရောက်ရှိသွားခဲ့ပြီး သွေးသွားသည့် လမ်းကြောင်းတွင် ရေများဝင်လာသည့်အတွက် သွေးကြော များမှာ ရပ်တန့်၍ ပိတ်သွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
"ရောဂါကြီးကြီးမားမားလည်း မရှိ၊ ထုံဆေးထိုးတာ၊ ညှပ်ဆွဲတာတွေလည်း မရှိတဲ့အတွက် ဒါကြောင့် သေဆုံးရတာလို့ပဲ ယူဆလို့ရ ပါတယ်"ဟု ၎င်းက ပြောသည်။
"ဒီလို ကိစ္စမျိုးက ဖြစ်တောင့် ဖြစ်ခဲပါ။ မွေးလူနာတစ်သိန်းမှာ တစ်ယောက် လောက်ပဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပေါ့လျော့မှု ကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ မခွဲစိတ်လို့ သေရတာလည်း မဟုတ်ပါဘူး"ဟု ၎င်းက ပြောသည်။
မိခင်ဝမ်းအတွင်း ကလေးသေဆုံး ရမှုမှာလည်း မိခင်တွင် ထိခိုက်ဒဏ်ရာ ရခြင်း၊ သွေးဆင်းခြင်း၊ သွေးသွန်ခြင်း မရှိသည့်အတွက် ကလေး၏မွေးရာပါ ချို့ယွင်းချက်ကြောင့် ဖြစ်နိုင်ကြောင်း ဒေါက်တာနိုင်ဝင်းကပြောသည်။ ဆေးရုံက သေဆုံးသည့်အကြောင်းကို သေချာစွာသိရန် ရန်ကုန်ဆေးရုံ ကြီးသို့ ပို့ဆောင်မည် ပြောသော်လည်း ဓလေ့ထုံးစံအရ ရင်ခွဲစစ်ဆေးသည်ကို မလိုလားဘဲ မိသားစုက အလောင်းကို သာ ပြန်လည်ရယူလိုသောကြောင့် ပြန်လည်သယ်ယူကြောင်း၊ ဆေးရုံက လက်မှတ်ရေးထိုးပေးခဲ့ကြောင်း ဦးမြင့်အောင်က ပြောသည်။
"ကျွန်တော်တို့ တရားလည်းမစွဲပါ ဘူး။ ဆေးရုံကို ကုန်ကျစရိတ်တွေ တွက် ပေးဖို့ ပြောတဲ့အခါ လုံးဝမယူတော့ပါဘူး။ ပေးစရာ မလိုဘူးလို့ ပြောတယ်။အိမ်ပြန်ရောက်တော့ ရပ်ကွက်က ဆရာ ၀န်တစ်ဦးဆီက သေဆုံးကြောင်း လက် မှတ်ယူပြီး နောက်တစ်နေ့မှာ ရေဝေး မှာချခဲ့ပါတယ်"ဟု ၎င်းက ပြောကြားသည်။
ဆေးကုသစရိတ်များ တောင်းခံခြင်း မရှိသောကြောင့် မခင်ခင်ဌေး အဆိုပါ ဆေးရုံတွင် တက်ရောက်ကုသခဲ့သည့် ဆေးရုံမှတ်တမ်း များလည်း မရရှိခဲ့ကြောင်း သူကဆက်ပြောသည်။
ထိုသို့ သေဆုံးရမှုအပေါ် စိတ်မ ကောင်းသဖြင့် ဆေးရုံဘက်မှ ကျသင့် ငွေကို တောင်းခံခြင်းမပြုခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ ဒေါ်ဌေးဌေးကြည် က ပြောသည်။
အသက် ၂၃ နှစ်အရွယ်ရှိ မခင်ခင်ဌေးသည် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် စီးပွားရေးဆိုင်ရာ အထူးပြုဘွဲ့များ ရယူခဲ့ကာ မကြာ သေးမီးကပင် ရန်ကုန်တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရန် အစပျိုးခဲ့သည်။
ယမုံဖူးသစ်နှင့် ကျော်ဆုမွန်  (မြန်မာ့တိုင်းမ်)
Wednesday, December 28, 2011
စက်ဆန်းမီးကြောင့် အိမ်ထောင်စု ၁၀၈၀ စု၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆၊ ပျက်စီးအိမ် ၁၂၄ လုံးရှိကြောင်းသိရ
အက်ဆစ်ကန် အနီး မီးငြှိမ်းသတ်နေသည့် မီးသတ်ဝန်ထမ်းများ
မီးလောင်မှုအပြီး စုံစမ်းစစ်ဆေးမှုများအရ မီးလောင်မှုဖြစ်ပွားရခြင်းမှာ သိုလှောင်ပစ္စည်းများ အပူလွန်ကဲခြင်းကြောင့် ဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“လုံခြုံရေး မီးတစ်လုံးပဲရှိတဲ့နေရာက ၀ါယာရှောခ်မဖြစ်နိုင်ပါဘူး။ ၀ါယာရှော့ခ်ဆိုရင် ဖြူးပြတ်ရမယ်။ ကျွန်တော်တို့စစ်ဆေးတွေ့ရှိမှုအရ ၀ါယာရှော့ခ်လုံးဝ မဟုတ်ပါဘူး”ဟုမင်္ဂလာတောင်ညွန့် လျှပ်စစ် (၂)မှ လက်ထောက်အင်ဂျင်နီယာ ဦးတင်ထွန်းက သုံးသပ်သည်။
နောက်ဆုံးရရှိသော သတင်းအရ အိမ်ထောင်စု ၁၀၈၀ စု၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆၊ ပျက်စီးအိမ် ၁၂၄ လုံးရှိကြောင်းသိရသည်။
နေအိမ်များ ပျက်စီးဆုံးရှုံးရခြင်းမှာ မီးလောင်မှုကြောင့် မဟုတ်ဘဲ ပေါက်ကွဲမှုကြောင့်ပျက်စီးဆုံးရှုံးခြင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်တစ်မြို့လုံးတုန်ဟီး
အောင် ပေါက်ကွဲခဲ့သည့် အက်ဆစ်ကန်နေရာကို တွေ့ရစဉ်။
ပေါက်ကွဲမှူကြောင့် မြေတွင်းကြီးမှာ ၁၀ ပေခန့်အနက်ရှိသည်။ထိုကျင်းအ
နီးတစ်ဝိုက်ရှိ
(ပေ ၅၀၀ခန့်အတွင်းရှိ) အဆောက်အအုံအားလုံး နီးပါးမှာလည်း မုန်တိုင်းတိုက်ခတ်ခံရသည့်အ
လား ပြိုကျပျက်စီးနေသည်ကိုတွေ့ရသည်။
ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထား
သည့် မဟာဝိဇယာရာမ ဘုန်းကြီးကျောင်း မှ ကလေးငယ်တစ်ဦး။
Tuesday, December 27, 2011
စင်ကာပူဗီဇာကို အလုပ်သမားကတ်ပါမှ ထုတ်ပေးတော့မည်
စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်မည့်လုပ်သားများကို အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ထုတပေးသော အလုပ်သမားမှတ်ပုံတင်စမတ်ကတ်ဖြင့် လာရောက်လျှောက်ထားမှသာ ဗီဇာပေးတော့မည်ဖြစ်ကြောင်း အလုပ်မားညွှန်ကြားမှု ဦးစီးဌာနမှ ၂၁-၁၂-၂၀၁၁ ရက်က သိရသည်။
ယင်းကဲ့သို့ အလုပ်သမားမှတ်ပုံတင် စမတ်ကတ်ပါမှ စင်ကာပူအလုပ်အကိုင် အလုပ်လုပ်ခွင့် ဗီဇာပေးခြင်းကို ဆောင်ရွက်နိုင်ရေးအတွက် စင်ကာပူသံအမတ်ကြီးနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။ "မလေးရှားသံရုံးနဲ့ ဒီစနစ်ကိုစခဲ့တာ တော်တော်အောင်မြင်တယ်လို့ ပြောရမယ်။ အောင်တိုဘာလကနေ အခုအထိ မလေးရှားကိုသွားရောက်သူ ၃၀၀၀ ကျော်ပြီဆိုတာကို စမတ်ကတ်က မှတ်တမ်းတင်နိုင်ခဲ့တယ်။ ဒီကလေဆိပ်အထွက်မှာ စမတ်ကတ်နဲ့ ကွန်ပျူတာစနစ်ကို ဖြတ်ရတယ်။ လူက မလေးရှားရောက်သွားပြီဆိုရင်လည်း စမတ်ကတ်က အမှတ်အသားကို ကွန်ပျူတာက မှတ်သားပြီးသွားပြီ။ သူရဲ့ Biography အကုန်လုံးကိုပေါ့။ ဒီစနစ်နဲ့မှ လူဘယ်နှဦးဝင်ထွက်ရှိပြီး အသေးစိတ်အချက်အလက်ကို သိစေခဲ့တာဖြစ်တယ်" ဟု အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောကြားသည်။
"စင်ကာပူသံအမတ်ကြီးနဲ့ ညှိနှိုင်းခဲ့ကာ သဘောတူညီမှုရခဲ့လို့ စတင်တော့မှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အလုပ်သမားကတ်ပါမှ ဗီဇာထုတ်ပေးခြင်းစနစ်အတွက် အခြားသော မြန်မာနိုင်ငံသား အလုပ်သမားဈေးကွက်ရှိသည့် နိုင်ငံများ၏ သံရုံးများနှင့်လည်း ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမည်ဟု သိရကာ အလုပ်သမားမှတ်ပုံတင် စမတ်ကတ်အတွက် FEC ၁၀၀ ပေးဆောင်ရမည်ဖြစ်ပြီး မလေးရှားနိုင်ငံနှင့် အောက်တိုဘာလ ၂၄ ရက်ကစတင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်မြန်မာသတင်းဂျာနယ် မှ သိရသည်။
By: သစ်ထူးလွင်
ရွှေည၀ါ ဆရာတော် တရားပွဲများ ကျင်းပရန် ထိုင်းနိုင်ငံ သို့ ရောက်ရှိနေ
ရန်ကုန်မြို့ ကြည့်မြင်တိုင်သာဓုကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သော ရွှေည၀ါဆရာတော် ဦးပညာသီဟ သည်  ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချိုင်နှင့် ကန်ချနဘူရီ အရပ်ရှိ မြန်မာလူမျိုး ရွေ့ ပြောင်းအလုပ်လုပ်ကိုင်သူများ အတွက် တရားဒေဿနာများ ဟောကြားပေးရန်  ထိုင်းနိုင်ငံဘန်ကောက်မြို့ သို့ ဒီဇင်ဘာလ ၂၇ နေ့ လည် ပိုင်းက လေကြောင်းဖြင့် ရောက်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် အလုပ်လုပ်ကိုင်နေသော တပည့်ဒါယိကာ၊ဒါယိကာမ များ၏ ပင့်ဖိတ်ချက်အရ သြ၀ါဒ မြွက်ကြားပေးရန် နှင့် တရားပွဲများကျင်းပ ဟောပြောပေးရန် ရောက်လာခဲ့တာပါ။
ကန်ချနီဘူရီ အရပ်ရှိ မြန်မာလူမျိုးအများစု အလုပ်လုပ်ကိုင်ရာ နာနတ်သီးစက်ရုံမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ နဲ့ ၂၉ ရက် နေ့ ညတို့ မှာ တရားဟောပြောဖို့ စီစဉ်ထားပြီး၊မဟာချိုင် အရပ်ရှိ ၀ပ်ဟုတ် တွင် တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညမှာ ဟောပြောမှာပါ။ ဒီဇင်ဘာ ၃၁ ရက်နေ့ မှာလည်း ၀ပ်စီမိန် နဲ့ ဝပ်ကန်ဖ တို့ မှာ သြ၀ါဒမြွက်ကြားပွဲနှင့် တရားပွဲ လေးပွဲ ခန့် ကို သီးခြားနေရာတွေမှာလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ မဟာချိုင်ရှိ ၀ပ်ကြပ် တွင် ဇန်န၀ါရီလ ၁ ရက်နေ့ ညမှာ ဟောပြောမှာ ဖြစ်ပြီး ဇန်န၀ါရီလ ၂ ရက်နေ့ မှာတော့ ထိုင်းနိုင်ငံတောင်ပိုင်းရှိရွေ့ပြောင်းအလုပ်သမားများအခွင့်အရေးဆောင်ရွက်နေတဲ့ကွန်ယက်က ဆရာတော်ဆီက သြ၀ါဒ ခံယူပွဲ နဲ့ တရားပွဲ ကို ပြုလုပ်မှာ ဖြစ်ပါတယ်။
ဘားမားဗီဂျေ
ခုံးကျော်တံတား ဖြတ်သန်းခကောက်ခံမည်ဆိုသည်မှာ လုံးဝမဟုတ်မှန်ကြောင်း ၀န်ကြီး ဦးစိုးသိန်း ပြောကြား
ရန်ကုန်တွင် ခုံးကျော်တံတားကြီးလေးစင်းကို အဆင့်နှစ်ဆင့်ခွဲခြား၍ လေးလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းခုံးကျော်တံတား ကြီးများတွင် ဖြတ်သန်းခကောက်ခံမည်ဆိုသည်မှာ လုံးဝမဟုတ်မှန်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
"ရန်ကုန်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ နိုင်ငံတော်သမ္မတကြီးက လမ်း ညွှန်လို့လုပ်တာပါ။ ရန်ကုန်မှာ အခု လူဦးရေခြောက်သန်းကျော်ရှိပါတယ်။ မကြာမီမှာ ၁၀သန်းအထိတိုးလာနိုင် ပါတယ်။ ဒီလိုပဲ ကားတွေကလဲတိုးလာ နေပါတယ်။ ဒါကြောင့် ယာဉ်ကြောကျပ် တဲ့နေရာတွေကို အရင်ဆုံး ယာဉ်ကြော ရှင်းသွားအောင်လုပ်မှာပါ။ ဒါကလဲYangon City Development Plan အရ အရင်ဆုံးဆောင်ရွက်တာဖြစ်ပါ တယ်။ ခုံးကျော်တံတားတွေမှာ ဖြတ် သန်းခကောက်ခံမယ်ဆိုတဲ့သတင်းတွေ ကတော့ မမှန်ကန်ပါဘူး။ ဘယ်နိုင်ငံ မှာမှလဲ ဒါမျိုးမရှိပါဘူး။ မမှန်ကန်တဲ့ သတင်းတွေပါ"ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
ခုံးကျော်တံတားတည်ဆောက် မည့်နေရာများမှာ လှည်းတန်း၊ တာမွေ၊ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံတို့ ဖြစ်ပြီး လှည်းတန်းလမ်းဆုံကို ကမ္ဘောဇ ဘဏ်ချေးငွေဖြင့်လည်းကောင်း၊ တာမွေ လမ်းဆုံကို   မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုး ရေးဘဏ်ချေးငွေဖြင့်လည်းကောင်း တည်ဆောက်သွားမည်ဖြစ်ကာ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံများကို ရွှေတောင်ကုမ္ပဏီက တည်ဆောက် သွားမည်ဟု သိရသည်။
"လာလောဆယ် ပထမအဆင့် မှာ လှည်းတန်းကို ရန်ကုန်-ပြည်လမ်း က ကားအသွားများတဲ့အတွက် ခုံးကျော် တံတားဆောက်ပါမယ်။ ဒုတိယအဆင့် မှာက တက္ကသိုလ်ရိပ်သာလမ်းနဲ့ လှည်းတန်းကို မြေအောက်လမ်းဖောက်ပေး ပါမယ်။ဒီလမ်းတွေက Free Ways တွ ဖြစ်လာပါမယ်။ စင်ကာပူက လမ်းတံတား ကျွမ်းကျင်ပညာရှင်တွေနဲ့လုပ်နေပါတယ်။ လတ်တလောမြေစမ်းသပ်နေပြီ။ အသေးစိတ်ပုံစံတွေကို ဆက်လုပ်နေပါ တယ်။ တာမွေမှာ ဗညားဒလနဲ့အရှေ့ ကျိုက္ကဆံလမ်းက အများဆုံးဖြစ်တဲ့အ တွက် ခုံးကျော်တံတားထိုးမှာဖြစ်ပါ တယ်။ မြေအောက်လမ်းကတော့ ရေ ၀ပ်တဲ့အတွက် အခြေအနေမပေးပါဘူး" ဟု အဆိုပါခုံးကျော်တံတားနှစ်စင်း ဆောက်လုပ်နိုင်ရန် ဆောင်ရွက်နေ သော ဦးခင်မောင်ဦးက ပြောသည်။
"လးလအတွင်း ခုံးကျော်တံတား တွေပြီးပါမယ်။ ပြီးရင် လှည်းတန်းက တက္ကသိုလ်ရိပ်သာလမ်းနဲ့ လှည်းတန်း လမ်းကို မြေအောက်လမ်းဖောက်သွား မှာပါ။ အိမ်၊ မြေတွေ မထိခိုက်အောင် လုပ်မှာဖြစ်သလို ဘာငွေမှကောက် စရာမရှိပါဘူး။ ရွှေဂုံတိုင်နဲ့ဘုရင့်နောင် လမ်းဆုံတွေအတွက်ကတော့ ဒီဇိုင်း တွေတက်မလာသေးပါဘူး။ ဘာတိုး ဂိတ်မှလဲ အဆင်းမှာရော အတက်မှာ ပါမရှိပါဘူး။ လူထုဆီက ငွေကောက်ခံ စရာမရှိပါဘူး"ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖြည့်စွက်ပြောကြားကြောင်း ရန်ကုန်တိုင်းမ် သတင်းမှာဖော်ပြထားပါသည်။ 
By: သစ်ထူးလွင်
Monday, December 26, 2011
အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကျဉ်းထောင်များသို့ ပထမဆုံး အကြိမ် သွားရောက် လေ့လာမည်
အကြောင်းအမျိုးမျိုး ကြောင့် ပြစ် ဒဏ်ကျ ခံနေရသည့် အကျဉ်းသားများ အား ပြစ်ဒဏ် ကျခံခြင်းမှပြန်လည်လွှတ် ပေးရန် နိုင်ငံတော်သမ္မတထံသို့ နှစ် ကြိမ်တိုင်တိုင် တောင်းဆို ထားသည့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သည် ဒီဇင်ဘာ နှောင်းပိုင်းတွင် အ ကျဉ်းထောင် များသို့ ပထမဆုံး အကြိမ် သွားရောက် လေ့လာမည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်အဖွဲ့ဝင်နှစ်ဦးက ပြောကြားသည်။
အမျိုးသား လူ့အခွင့်အရေး ကော် မရှင် အနေဖြင့် အကျဉ်းထောင် များသို့ ပထမဆုံးအကြိမ် သီးသန့် သွားရောက် လေ့လာခြင်း ဖြစ်ကြောင်း ကော်မရှင် ဖွဲ့ဝင် ဒေါ်စန်းစန်းက မြန်မာပို့စ်ဂျာ နယ်သို့ပြောကြား သည်။
“အမျိုးသားလူ့အခွင့်အရေးကော် မရှင်အနေနဲ့ အကျဉ်းထောင် တွေကို သီးသန့် သွားရောက် လေ့လာတာက တော့ ဒါပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ကချင်ပြည်နယ် သွားတုန်း ကလည်း အ ကျဉ်းထောင် တွေကို လေ့လာခဲ့ပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဒေါ်စန်းစန်းက ပြောကြားသည်။
ထိုသို့ အမျိုးသားလူ့အခွင့်အ ရေးကော်မရှင် က အကျဉ်းထောင်များ သို့သွားရောက်ခြင်းကို ဒီဇင်ဘာ နှောင်း ပိုင်းတွင် ဆောင်ရွက် မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် နှစ်ဦး စလုံးကထုတ် ဖော် ပြောကြား ခဲ့သော်လည်း သွား ရောက်လေ့လာမည့် ရက်အတိအကျ ကိုမူ ထုတ်ဖော်ပြောကြားခြင်းမပြုပေ။
“ကော်မရှင်အနေနဲ့ prison visit သွားဖို့ရှိတယ်။ ဒီလထဲမှာပဲသွား မယ်။ late December လောက်ဖြစ် မယ်။ ရက်ကလည်း ရွေးရသေးတယ်” ဟု ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရန်ကုန် တက္ကသိုလ်၊ ဥပဒေ ပညာဌာန အငြိမ်းစားပါမောက္ခ / ဌာနမှူး ဒေါက် တာဒေါ်သန်းနွဲ့က မြန်မာပို့စ် ဂျာနယ် နှင့်တွေ့ဆုံစဉ် ပြောကြားသည်။
“ရှေ့အပတ် ထဲမှာ သွားဖို့များ တယ်။ လောလောဆယ် တော့ လျာ ထားတုန်းပဲ။ ဆရာမကြီး ပြောထားသ လိုပဲ။ ကျွန်မတို့က အကျဉ်းထောင် ထဲ ၀င်တာ၊ ထွက်တာက အစ စာသွား စာလာလိုတယ်လေ။ ဒါတွေကို လည်း စီစဉ်ရမှာပါ”ဟု ကော်မရှင်အဖွဲ့ဝင် ဒေါ်စန်းစန်းက ပြောကြားသည်။
ထိုသို့ သွားရောက်စစ်ဆေး ရာတွင် အဓိကအားဖြင့် ရန်ကုန်မြို့အနီး တစ် ၀ိုက်၌ တည်ရှိသော အကျဉ်းထောင် များ သို့ သွားရောက် လေ့လာမည်ဖြစ်ပြီး ရဲဘက် စခန်းများ သို့လည်းသွားရောက် မည်ဖြစ်ကြောင်း၊ သွားရောက် လေ့လာ မည့် အဖွဲ့တွင် အမျိုးသမီး commissioner  အနည်းဆုံး တစ်ဦး ပါဝင်မည် ဖြစ်ကြောင်း၊ အကျဉ်းထောင် နှင့် အ ကျဉ်းသားများ၏ အခြေအနေကို ခြုံငုံ လေ့လာပြီး တွေ့ရှိချက် များကို သက် ဆိုင်ရာ ဌာနများသို့ အကြောင်းကြား မည်ဖြစ်ကြောင်း သိရသည်။
“အဓိက အနေနဲ့ ရန်ကုန်ဧရိယာ မှာရှိတဲ့ အကျဉ်းထောင် တွေနဲ့ ရန်ကုန် အနီးအနား ပေါ့နော်။ ပြီးတော့ ရဲဘက် စခန်း တွေကိုလည်း ဖိတ်ခေါ်ထားပါ တယ်။ ကော်မရှင် အဖွဲ့ဝင်တွေလူခွဲပြီး သွားမယ်။ ဒါပေမဲ့ ဆရာမကြီး တို့ အ မျိုးသမီး commissioner ပါအောင် လိုက်မယ်။ ဆရာမကြီးတို့က သူတို့ရဲ့ နေထိုင်မှု တွေဘာတွေကို လေ့လာမယ်” ဟု ဒေါက်တာဒေါ်သန်းနွဲ့က ရှင်းပြ သည်။
“အခုအကျဉ်းထောင် တစ်ခုရယ်၊ ရဲဘက်စခန်း တစ်ခုစီရယ်ကို သွားရောက် လေ့လာမှာပါ။ ဘယ်နေရာ တွေဆိုတာ ကတော့ လောလောဆယ် တော့မသိ သေးဘူး။ ကော်မတီဝင် တွေ စုံညီအ စည်းအဝေးကို တနင်္လာနေ့ မှာလုပ်ပြီးမှ confirm ဖြစ်မယ်။ ကော်မရှင်ဥက္ကဋ္ဌ ကြီးအပါအ၀င် ရှစ်ဦးသွားမှာပါ။ အ ကျဉ်းသား တွေရဲ့အခြေအနေနဲ့ အ ကျဉ်းထောင်ရဲ့အခြေအနေ ကို ခြုံငုံ လေ့လာပြီးလိုအပ်ချက် တွေရှိရင် သက် ဆိုင်ရာကို တင်ပြသွားဖို့ရှိပါတယ်။ တွေ့ ရှိချက် တွေကို သက်ဆိုင်ရာဌာန တွေ ကို အကြောင်းကြား မှာပါ”ဟု ဒေါ် စန်းစန်းက ပြောကြားသည်။
ပြည်တွင်း အကျဉ်းထောင်များသို့ ၂၀၀၅ ခုနှစ်နှောင်းပိုင်းမှ စတင်၍၀င် ရောက်ခွင့်မရရှိခဲ့သော ICRC အဖွဲ့ ကို အစိုးရသစ် တာဝန်ယူပြီး သုံးလ အတွင်း ၀င်ရောက် ခွင့်ပြုခဲ့ကြောင်း၊ Water and Habitat အင် ဂျင်နီယာ ဆွစ်ဇာလန်နိုင်ငံသား မစ္စ တာအဲရစ်ဝိုင်ဆန် နှင့် ကွင်းဆင်း အရာ ရှိနှစ်ဦး မော်လမြိုင် အကျဉ်းထောင်သို့ ၀င်ရောက်လေ့လာ ခွင့်ရခဲ့ကြောင်း ဇူ လိုင် ၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြထားသည်။ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့်မူ ဒီဇင်ဘာလ ကုန်ပိုင်းတွင် သွားရောက် လေ့ လာမှုသည် ပထမဆုံး တရားဝင် prison visit အဖြစ်မှတ်တမ်းဝင်မည်ဖြစ် သည်။
ခိုင်လင်းကျော်၊ ထွန်းလင်း
မြန်မာပို့ စ်
ရွှေရတနာဆိုင်ကစတဲ့ ငွေလွှဲဈေးကွက်ပြိုကွဲမှု
ရွှေရတနာဆိုင်ကစတဲ့ ငွေလွှဲဈေးကွက်ပြိုကွဲမှု
ဝတ်မှုံ၊ စင်ကာပူ၊ ဒီဇင်ဘာ ၂၇၊ ၂၀၁၁
အသင့်တင့်ခိုင်လုံသော သတင်းဌာနမှ သတင်းအရ၊ ရွှေရတနာမိန်းမနှင့် အဖွဲ့သည် စနေ၊ တနင်္ဂနွေနေ့များက လက်ခံရရှိသည့် ငွေလွဲရန် ငွေဒေါ်လာများကို ဒီဇင်ဘာ ၁၉  (တနင်းလာနေ့) တွင် စတိသဘော ဘဏ်တွင်သွင်းပြခဲ့ပြီး၊ တနင်းလာ၊ အင်္ဂါနေ့တွင် ထပ်မံဝင်ရောက်လာသည့် ငွေများစွာ စုစည်းပြီး အစဖျောက်သွားခဲ့သည်။
အင်္ဂါနေ့ညတွင် ခန့်မှန်းချေ စင်ကာပူ ဒေါ်လာ သန်း ၄၀ ခန့်ဖြင့် ထွက်ပြေး၊ အစဖျောက်သွားသည်။ လန်ဒန်တွင် ဖမ်းမိသည် ဆိုသည်မှာ မဟုတ်ပါ။ လွတ်နေဆဲ ဖြစ်သည်။ ထိုအမျိုးသမီး ထွက်ပြေးသွားသည်ကို လွိုင်ဟိန်း ဇနီးမောင်နှံက သိလျှက်နှင့် ပင်နီစူလာဆိုင်များမှ ငွေများကို ဆက်လက် လက်ခံယူပြီး လက်ကျန် ဒေါ်လာ ၂ သန်းခန့်ကို လက်ကျန်ရှင်းပြီး အလစ်သုတ်၊ အစဖျောက်သွားပါသည်ဟု သတင်းများတွင် ထပ်မံပေါ်ပေါက်လာပြန်သည်။
 (မှတ်ချက် - သတင်းထွက်ကာစက ဒေါ်လာ ၄ သန်း ခန့် လိမ်ခံရသည် ဟု ဆိုပြီး၊ ယခုအခါ သန်း ၄၀ ကျော် ဖြစ်လာပါသည်။ အချို့ကလည်း ဘီလျှံဒေါ်လာဟု ဖေါင်းပွ ပြောဆိုနေကြပါသည်။)
 စူပါရိုင်ရယ် မှ အမျိုးသမီးကလည်း လန်ဒန်သို့ထွက်ပြေးသွားပြီး ပြန်လာပြီး ရှင်းရန်ရှိသည်။ သီရိမွန်မှ အမျိုးသမီးတစ်ယောက်သာ စင်ကာပူတွင် ဒိုင်ခံဖြေရှင်းနေရပါသည်။
ငွေလွှဲလုပ်ငန်းကို ဆိုင်များစွာက လုပ်ကိုင်နေရာ ထပ်ဆုံးခေါင်မှ ဒိုင်ကြီးများက ဈေးကစားပြီး သိမ်းဆည်းပါသည်။ ရွှေရတနာအမျိုးသမီးအုပ်စုက ငွေဈေးကစားနိုင်သောကြောင့် လူများ အထင်ကြီး၊ ယုံကြည်မှုကို ရအောင်လုပ်ပြီး အပိုင် လိမ်လည်သွားခြင်းဖြစ်သည်။
မြန်မာပြည်သို့ ငွေပို့သူများ ဒေါ်လာသိန်း၊ သန်းချီသော လုပ်ငန်းရှင်ကြီးများစွာ “လူယုံသတ်” ခံလိုက်ရပါသည်။ အဓိက ရွှေရတနာဆိုင်မှာ ခပ်တည်တည် ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး၊ လွိုင်ဟိန်းဆိုင်မှာ ပင်နီစူလာငွေလွှဲဆိုင်အသေးများမှ ငွေ စုစုပေါင်း ၂သန်းခန့်ကို ရွှေရတနာအကြောင်းပြပြီး ထပ်မံလိမ်သွားသောကြောင့် ခရစ်စမတ်နေ့ နေ့ခင်းမှာ ဆိုင်တွင “လူလိမ်လင်မယားစာ” နှင့် “လင်မယားဓါတ်ပုံကြီး” ပါကပ်ထားခြင်းခံရပါသည်။ ညပိုင်းတွင် လုံခြုံရေးမှ ခွာယူသွားပါသည်။
စုစုပေါင်း ဒေါ်လာ (သန်း ၄ ၊ ၅ သန်း သို့မဟုတ်က) သန်း ၄၀ ခန့်မှာ မြန်မာ - စင်ကာပူနိုင်ငံ စီးပွားရေးအတွက် ထိခိုက်မှုမရှိသော်လည်း၊ ခံလိုက်ရသောသူများမှာ တသက်စာ၊ ချွေးနှီးစာ များဖြစ်ပါသည်။
မြန်မာပြည်တွင်းမှ ခံလိုက်ရသော ငွေရှင်ကြီးများကလည်း တရားစွဲရေးအတွက်၊ မည်သို့လုပ်ရမည်ကို မသိကြသေးပါ။ ထိုငွေများအား ရွှေရတနာနှင့် လွိုင်ဟိန်း ထွက်ပြေးသွားသူများထံမှ ပြန်လည်ဖေါ်ထုတ်ရန် နည်းလမ်း ရှာနေဆဲပင်ဖြစ်သည်။
ငွေလွှဲခြင်းမှာ တရားမ၀င်လုပ်ငန်းဖြစ်သောကြောင့် သတင်းအတိအကျ ရယူစွဲဆွဲပြီး အစိုးရအမှု၊ တရားမမှု၊ ရာဇ၀တ်မှု တခုမဟုတ် တခုခု ဖြစ်ရန်မှာ ခက်ခဲနေပါသည်။
၂၆ ဒီဇင်ဘာ ရန်ကုန်မှ ELEVEN MEDIA သတင်းအရ၊ စင်ကာပူအစိုးရနယ်မြေတွင် အခြေပြု ဖြစ်ပွားသောကြောင့် စင်ကာပူအစိုးရ၏ ငွေကြေးဆိုင်ရာနံပါတ် (၁) အဖွဲ့ကြီးဖြစ်သော M.A.S  Monetary Authority of Singapore မှ တာဝန်ယူ စစ်ဆေးဖွယ်ရာ ရှိသည်ဟု ရေးသားထားပါသည်။
မြန်မာအစိုးရက အပြန်အလှန်ကူညီပြီး ငွေကြေး လောင်ဒရီ၊ ဟွန်ဒီလုပ်ငန်းများတွင် မသမာလုပ်သူများအား အရေးယူမည့် အလားအလာရှိသည်။ ထိုအမျိုးသမီးသည် စင်ကာပူနိုင်ငံသားဖြစ်ပြီး၊ တရုပ်နိုင်ငံကူးလက်မှတ်ကိုလည်း တရားမ၀င်ကိုင်ဆောင်ဟန် ရှိသောကြောင့် တရုပ်ပြည်အစိုးရနှင့်လည်း ဆက်နွယ်လျှက်ရှိသဖြင့် နိုင်ငံတကာ မသာမာလုပ်ရပ်ကြီးဖြစ်သည်။
သင်ခန်းစာယူစရာအဖြစ် -  ငွေကြေး၏ သားကောင်၊ လောဘသားကောင် ဖြစ်ခဲ့သူများ တခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသကဲ့သို့ ငွေကြေးနဲ့ လောဘဇော သာကောင်များဘ၀မှ လွတ်မြောက်စေလိုပါသည်။
ယခုနှစ် ဒီဇင်ဘာလ၊ ခရစ်စမတ်ပွဲတော်အတွင်း စင်ကာပူတွင် ၀မ်းနည်း၊ ၀မ်းသာ သတင်း၂ ခုသိရသည်။ ၀မ်းသာခြင်းမှာ ကျွန်တော် အနှစ် ၂၀ ကျော် ဆောင်ခဲ့သော ပြည်ပရောက် မြန်မာများဝင်ငွေခွန် နောက်လမှစပြီး ဆောင်စရာမလိုတော့ ဟူသောသတင်းဖြစ်ပါသည်။
ဝမ်းနည်းခြင်းမှာ မိတ်ဆွေများစွာ ငွေကြေး၏ သားကောင်ဘ၀တွင် ဒုက္ခရောက်သွားသောကြောင့် ဖြစ်သည်။
ပင်နီစူလာမှ ရွှေရတနာဆိုင် အမျိုးသမီးတဦးက ဒေါ်လာ သန်းပေါင်းများစွာနှင့် ပျောက်ဆုံးသွားခြင်း၊ သူ ပျောက်ဆုံးသွားသည်နှင့် လွိုင်ဟိန်းဆိုင်မှ ဇနီးမောင်နှံလည်း ပင်နီစူလာဆိုင်များ မှတဆင့် လွှဲပေးသည့် ငွေဒေါ်လာ သန်းဂဏန်းကို ဆက်လက်လက်ခံယူပြီး ထွက်ပြေးသွားခြင်းဖြစ်သည်။ 
အလုပ်သမားများ၏ ချွေးနှည်းစာလွှဲငွေများကို အခြားပင်နီစူလာဆိုင်များက မြန်မာပြည်တွင် ကျပ်ငွေဖြင့် ပြန်လည် ပေးသော်လည်း ထွက်ပြေးသွားသည့် လူလိမ်ဆိုင်များမှ ပြန်ရဖို့ တော်တော်ခက်သွားပါပြီ။ အထူးသဖြင့် ငွေနောက်လိုက်သူ များစွာ ခံလိုက်ရသည်။
ငွေလွှဲသူ အနည်းစုသာ ခံရသော်လည်း ယုံပြီး စီးပွားရေးအတွက် အပ်နှံငွေများမှာ ပလုံ ဖြစ်သွားပါတော့သည်။ ပင်နီစူလာတွင် ထိုသို့ငွေကြေးဆိုင်ရာ တရားမ၀င်လုပ်ဆောင်နေသည့် အုပ်စုအချို့ ရှိရာ ရွေရတနာဆိုင်မှာ ငွေလွှဲအုပ်စုတခုဖြစ်သည်။ အခြားငွေလွှဲအုပ်စုများမှာ ပုံမှန်လုပ်ဆောင်လျှက်ရှိပါသည်။
လွန်ခဲ့သော ၃နှစ်မှ စတင်ပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် ကျပ်ငွေတန်ဖိုးတက်လာသည်။ မြန်မာအစိုးရကလည်း အတိုးနှုန်း တနှစ် ၁၃ ရာနှုန်း တရားဝင် ခွင့်ပြုထားသည်။ တရားမ၀င် ငွေတိုးချေးစားသူများမှာ အတိုးနှုန်း ၃၆ ရာနှုန်းမှ လက်လီ အသေးစားချေးငွေများမှာ နေ့ပြန်တိုး ၅ကျပ်နှုန်း (၆၀ရာနှုန်း) အထိ ယူကြသည်။
စင်ကာပူရှိ ငွေစုဆောင်းထားသူများသည် ဘဏ်အတိုးနှုန်း ၀.၂ ရာနှုန်းမျှသာရပြီး၊ Fix Deposit ၂နှစ်အပ်နှံပါက အတိုးနှုန်းပိုမိုရသည်။ (Less than S$5,000 = 0.1875% p.a. More than S$5,000 to below S$50,000 = 0.30% p.a )။
 သို့သော် မြန်မာနိုင်ငံမှပေးသော ၁၃ရာနှုန်း မပြောနှင့် ၃ ရာနှုန်းပင် စင်ကာပူဘဏ်များက မပေးပါ။ ထိုအခါ စင်ကာပူဒေါ်လာ သောင်းဂဏန်း စုဆောင်းမိသူများသည် မိမိတို့ငွေများကို ယုံကြည်စိတ်ချသူ ပင်နီစူလာဆိုင်ပိုင်ရှင်များ (သို့မဟုတ်) လုပ်ငန်းရှင်များထံ အပ်နှံထားရသည်။
မြန်မာပြည်တွင် လုပ်ငန်းများထူထောင်ထားသော ဟိုတယ်၊ ခရီးသွားလုပ်ငန်းများမှာ လကုန်၊ နှစ်ကုန်လျှင် ကျပ်ငွေနှင့် လစာပေးရသောကြောင့် စင်ကာပူမှဒေါ်လာများ မြန်မာပြည်သို့ လွှဲခြင်းလုပ်ငန်းမှာ ဒီဇင်ဘာလကုန်တွင် အထူးများပြားလှပေသည်။
ယုံကြည်၍ အတိုးနှုန်းများများရရန် အပ်နှံထားသောငွေများကို ထိုမိန်မက အပိုင်သိမ်းပိုက်သွားဖြင်းဖြစ်သည်။ ထိုမိန်းမ ငွေကြေးအကြပ်အတည်းဆိုက်ရောက်နေသည်ကို လုပ်ငန်းရှင်များ ရိပ်မိသော်လည်း ထိုသို့လုပ်ရက်မည် လုံးဝမထင်မှတ်ခဲ့ပါ။
နောက်ဆုံးတွင် ပိုလျှံငွေ၊ စုဆောင်းငွေများကို အတိုးနှုန်း ပိုမိုတိုးပွားရလိုသူများစွာ၏ ငွေများ၊ စုစုပေါင်း ဒေါ်လာ သန်း၄၀ ကျော်သည်ဟု ဆိုပါသည်။ (YANGON, ELEVENDIA MEDIA သတင်းအရ အမေရိကန် ဒေါ်လာ ၁၅သန်းခန့် ဟု ဆိုသည်)။
မြန်မာပြည်တွင်လည်း ငွေတိုးပေးလုပ်ငန်းလုပ်သူများကို ဖမ်းဆီးပြီး .. စင်ကာပူတွင်မူ ထိုလုပ်ငန်းမှာ တရားမ၀င်ဖြစ်သောကြောင့် ရဲက ဖမ်းဆီးလောက်သည့်အဆင့် မရောက်သေးပါ။ ပြဿနာက ခံလိုက်ရသူများကို အလွန်ပူလောင် စိတ်သောကရောက်စေပါသည်။
သို့သော် ခပ်တည်တည်ဖွင့်နေသော ရွှေရတနာဆိုင်ကိုပင် လူအများအံ့သြနေဆဲဖြစ်သည်။
ငွေသည် ပူလောင်တတ်ပါသည်။
By: မိုးမခမီဒီယာ
အရိုးသားဆုံးတိုင်ပြည်မှ မျက်နှာပူစရာမြန်မာတို့လုပ်ရပ်အချို့
စင်ကာပူနိုင်ငံ ပင်နီစူလာပလာဇာတွင် ဖွင့်လှစ်ထားသော မြန်မာကုန်ပစ္စည်းမျိုးစုံ ရောင်းချသည့်ဆိုင်တစ်ဆိုင်မှ ပိုင်ရှင်အမျိုးသမီးမှ လွှဲငွေများကို အလွဲသုံးစားပြုပြီး တိမ်းရှောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စင်ကာပူနိုင်ငံရှိ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပေါ်လစီချမှတ်ခြင်းနှင့် စီးပွားရေးခိုင်မာမှုတို့အတွက် စိစစ် ဆောင်ရွက်ပေးလေ့ရှိသော အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် Monetary Authority of Singapore (MAS) မှလည်း ပင်နီစူလာပလာဇာ အခြေ စိုက် စီပွားရေးလုပ်ငန်းများသို့ ၀င်ရောက်ကာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားဖွယ်ရှိနေကြောင်းလည်း စင်္ကာပူအခြေစိုက် စီးပွားရေးလုပ်ငန်းရှင် များအကြားတွင် သတင်းထွက်ပေါ်လျက်ရှိပါသည်။
ပင်နီစူလာပလာဇာအတွင်းရှိ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများအကြားမှ ထွက်ပေါ်လာသောသတင်းအရ အဆိုပါဆိုင်ပိုင်ရှင် အမျိုးသမီးမှာ ခန့်မှန်းငွေ အမေရိကန် ဒေါ်လာ ၁၅ သန်းခန့်ကို အလွဲသုံးစားပြု လုပ်သွားခြင်းဖြစ် ကြောင်းနှင့် ပင်နီစူလာရှိ အခြားလွှဲငွေလုပ်ငန်း လုပ်ကိုင်သောကုမ္ပဏီအချို့မှ တစ်ဆင့်ခံ လွှဲအပ်ငွေများလည်း အပါအ၀င်ဖြစ်ကြောင်း သိရသည်။    
အဆိုပါသတင်းနှင့်ပတ်သက်ပြီး ပင်နီစူလာပလာဇာ တတိယထပ်တွင် မြန်မာကုန်ပစ္စည်းမျိုးစုံရောင်းချသည့် လုပ်ငန်းနှင့် ဟွန်ဒီလုပ်ငန်းလုပ်ကိုင် နေသူတစ်ဦးက ''ဒီဖြစ်စဉ်က ကျွန်တော်တို့လို လုပ်ငန်းတူအချင်းချင်းရော စီးပွားရေးလုပ်နေတဲ့သူတွေရော မြန်မာပြည်ကို ငွေပြန်ပို့နေတဲ့အလုပ် သမားတွေပါ ထိခိုက်နစ်နာသွားတာပါ။ ဒါက စလုံးကလွှဲတဲ့ငွေတွေ တင်မဟုတ်ပါဘူး။ တရုတ်၊ မလေးရှားဘက်တွေကလာတဲ့ လွှဲငွေတွေ၊ အပ်ငွေ တွေလည်း ပါတယ်လေ။ ကျွန်တော့်အသိ လုပ်ငန်းရှင် တစ်ယောက်က ဒေါ်လာ သုံးသိန်း၊ အချို့က လေး၊ ငါးသိန်း၊ တချို့က ၁၀ သိန်းပေါင်းလိုက်တော့ သန်းချီ ဖြစ်သွားတာပေါ့ဗျာ။ သူ့လက်ထဲမှာ အချိန်တစ်ခု ရသွား လို့လည်း ငွေတွေ ဒီလောက်အထိများများ ပါသွားတာပေါ့။ အရှင်းဆုံးပြောရရင် ကျွန်တော် တို့အသိုင်းအ၀ိုင်းမှာ တော်တော်ထိခိုက်သွားတယ်ဗျ။ ကစားဝိုင်းထဲမှာ၊ ဈေးကွက်ထဲမှာ ငွေမကျန်တော့သလိုပေါ့။ သူ့ဆီ ငွေအကုန်ပါသွားတော့ လုပ်ရကိုင်ရ ခက်သွားတာပေါ့။ အတိအကျ amount တစ်ခုကို မပြောနိုင်ကြပေမယ့် လက်ကြီးသမားတွေ လက်ကားဖြန့်နေတဲ့သူတွေ အကုန်နီးပါး ဒုက္ခရောက်သွားတယ်လို့ ကျွန်တော်ထင်တယ်။ ငွေပုံမှန်လွှဲနေတဲ့ လက်လီသမားတွေဆိုလည်း အယုံအကြည် ပျက်သွားတာပေါ့။ ကျွန်တော်တို့လုပ်ငန်းက ယုံကြည်မှုနဲ့လုပ်ကြတာ၊ ကျွန်တော်တို့အချင်းချင်းလည်း ယုံကြည်မှုနဲ့လုပ်ရတာ။ ပင်နီစူလာမှာရှိတဲ့ ကုမ္ပဏီ အတော်များများက ငွေတွေပါသွားမယ်လို့ ကျွန်တော်ထင်တယ်။ အခုဆိုင်ကို ဟန်မပျက်ဖွင့်နေတဲ့သူကတော့ ဘယ်လိုဆက်ရှင်းမယ် မသိသေးပါဘူး။ ဒီလုပ်ငန်းက လိုင်စင်လည်းရှိတာ မဟုတ်ဘူး။ လိုင်စင်အောက်မှာ လည်း လုပ်လို့မရဘူး။ လက်တလောမှာလည်း ယုံကြည်မှုနဲ့ အရင်လိုငွေလွှဲမယ့်သူတွေလည်း ရှားသွားပြီပေါ့။ ပင်နီစူလာမှာ ပုံမှန်အတိုင်းဖြစ်အောင် ကိုယ့်ဘာသာကိုယ်လုပ်နေ ကြရတာပေါ့။ MAS တို့လို အဖွဲ့အစည်း တွေကပါ လာစစ်မယ်၊ စုံစမ်းမယ်ဆိုတဲ့သတင်းတွေပဲ ကြားနေရလို့ ကျွန်တော်တို့လည်း စိတ်ပူနေရတာပေါ့ဗျာ''ဟု ရှင်းပြခဲ့သည်။
အဆိုပါဆိုင်မှာ လွန်ခဲ့သည့် ငါးနှစ်ခန့်မှစတင်ကာ ပင်နီစူလာပလာဇာတွင် အရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပင်နီစူလာပလာဇာတွင် ရုံးခန်းဖွင့်လှစ်ပြီး လွှဲငွေလုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီများမှာ စုစုပေါင်းခန့်မှန်းခြေ ကုမ္ပဏီ ၃၀ ခန့်ရှိကြောင်းသိရသည်။
EMG
Peninsula Plaza
The Monetary Authority of Singapore (MAS)
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls