ကျွန်ုပ် ဘယ်သူလဲဆိုတာ သင်တို့ သိကြပါရဲ့လား။ ကျွန်ုပ်ဟာ သင်တို့အတွက် အကောင်းဆုံး လက်ဆောင်ကိုပေးခဲ့ သူပါ။ သင်တို့ရဲ့ဘဝအတွက် မရှိမဖြစ်အရာတစ်ခု ဖြစ်ပါတယ်။ ကျွန်ုပ်မရှိဘဲ သင်တို့ဘဝဟာ မရှင်သန်နိုင်ပါဘူး။ ကမ္ဘာလောကကြီးပေါ်က လူသားတွေ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ အတွက် ကျွန်ုပ်က ဘာတွေကို ပေးခဲ့တယ်ဆိုတာ သတိထားမိပါရဲ့လား။
ကျွန်ုပ်ဟာ သင်တို့အတွက် သန့်စင်ကြည်လင်နေတဲ့ ရေချိုတွေ ပေးခဲ့တယ်။.
ကြည်လင်ယာယာစွာ စီးဆင်းနေတဲ့ စမ်းချောင်းတွေ၊ မြစ်တွေကို ပေးခဲ့တယ်။
သာယာလှပတဲ့ ရေတံခွန် စိမ့်စိမ်းတွေ ပေးခဲ့တယ်
သစ်ပင်တွေ မျိုးစုံလှတဲ့ တောအုပ်တွေကို ပေးခဲ့တယ်.
အေးချမ်းသာယာလှတဲ့ ရေခဲတောင်တွေပေးခဲ့တယ်။.
ဖူးပွင့်ဝေဆာလှစွာ အရောင်အသွေးစုံပန်းကလေးတွေနဲ့ အလှပဆုံးရှုခင်းတွေ ပေးခဲ့တယ်။
မြေဆီမြေနှစ် ပြည့်ဝလှတဲ့ စိုက်ပျိုးမြေတွေ ပေးခဲ့တယ်။
မြစ်ချောင်းရေကန်တွေကို ညစ်နွမ်းအောင်လုပ်တယ်
ပင်လယ်ကမ်းခြေကို ညစ်ပတ်စေခဲ့တယ်
ကျွန်ုပ် သင်တို့အတွက် အကောင်းဆုံး လက်ဆောင်တွေပေးခဲ့တယ်။ ဒါပေမဲ့ သင်တို့ဟာ ကျွန်ုပ် ပေးထားတဲ့ အရာတွေကို တန်ဖိုးမထားခဲ့ကြဘူး... တန်ဖိုးကို မသိမြင်နိုင်ခဲ့ဘူး။ ကျွန်ုပ် ပေးတဲ့ သဘာဝအလှအပတွေကို ဖျက်ဆီးပစ်ခဲ့ကြတယ်။
မြစ်ချောင်းရေကန်တွေကို ညစ်နွမ်းအောင်လုပ်တယ်
ပင်လယ်ကမ်းခြေကို ညစ်ပတ်စေခဲ့တယ်
လူတစ်ချို့ရဲ့ နမော်နမဲ့နိုင်မှုကြောင့်တောမီးတွေလောင်စေတယ်
သစ်တောတွေ ပြုန်းတီးစေတယ်
သစ်ပင်တွေ လောင်စာအဖြစ် အသုံးချလို့ တောတွေ ကုန်ပြီ။
တောတောင်တွေ ဖျက်ဆီးကြတယ်
သင်တို့လူသားတွေအတွက် ကျွန်ုပ်ပေးထားတဲ့ သဘာဝအလှအပ အရင်းအမြစ်တွေကို သင့်တို့ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ကြပြီ။
ဒါတင်မက ကျွန်ုပ်ဟာ သင်တို့အတွက် သဘာဝ တောတိရိစ္ဆာန်တွေကိုလည်း လက်ဆောင် အဖြစ် ပေးခဲ့သေးတယ်။
ဒါပေမဲ့ သင်တို့ဟာ ကျွန်ုပ်ပေးတဲ့လက်ဆောင်တွေကို တန်ဖိုးမထားရက်စက် ကြမ်းတမ်းစွာ ဖျက်ဆီး ရက်ကြပါတယ်။
ဂုဏ်သိက္ခာအတွက် သတ်ကြတယ်
အမွှေးကိုလိုချင်လို့ သတ်တယ်
အဆီနဲ့အသားကိုလိုချင်လို့ သတ်တယ်
ရှားပါးလို့ ဖမ်းဆီးကြပြန်တယ်
အလှထားဖို့ သတ်ကြတယ်
အသုံးအဆောင်အတွက် သတ်ကြတယ်
ကျွန်ုပေးတဲ့ လက်ဆောင်တွေအားလုံး သင်တို့လူသားတွေကိုယ်တိုင် လောဘစိတ်ကြောင့် ဖျက်ဆီးကုန်ကြပြီ။ ကျွန်ုပ်ဟာ သင်တို့ကို အသက်ရှိတဲ့အရာတွေကို ပေးထားခဲ့ပါလျှက်နဲ့ အသက်သေအောင် သင်တို့ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြတယ်။
ဂုဏ်သိက္ခာနဲ့ သတ္တဝါတွေရဲ့အသက် ဘယ်ဒင်းက ပိုအရေးကြီးသလဲဆိုတာ ခွဲခြား နားမလည်တဲ့အခါ ကမ္ဘာကြီးဟာ လွင်တီးခေါင်ခေါင်ဖြစ်လို့ တောင်တွေ ကတုံး ဖြစ်သွားလိမ့်မယ်။
ဒီလို အရိပ်မဲ့၊ အကာအကွယ်မဲ့၊ သားကောင်တိရိစ္ဆာန်တွေ ကင်းမဲ့နေတဲ့ကမ္ဘာမြေကြီးကို သင့် မိသားစု နောင်လာနောက်သားတွေ အတွက် ချန်ရစ်ခဲ့လိုပါသလား။
ကျွန်ုပ်အတွက်၊ ကမ္ဘာမြေကြီးအတွက်၊ နောင်လာနောက်သားတွေအတွက် တစ်ခုခုတော့ လုပ်ပေးခဲ့ပါ။ သင်မှမလုပ်ရင် ဘယ်သူတွေ လုပ်မလဲ။ အခု မလုပ်ရင်ရော ဘယ်ချိန်မှ လုပ်မှာလဲ..
တိရိစ္ဆာန်တွေကို ကြင်နာပါ
သင်ကိုယ်တိုင် သစ်ပင်စိုက်ပျိုးပါ။
ကလေးတွေကိုလည်း သစ်ပင်ကို ချစ်ခင်မြတ်နိုးတတ်အောင်၊ သစ်ပင်တစ်ပင်ရဲ့ တန်ဖိုးကို နားလည်အောင်
သစ်ပင်စိုက်ပျိုးတတ်တဲ့ အကျင့်ကောင်းကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပါ။
ဒါဆိုရင် ကျွန်ုပ်အတွက် သင့်အတွက်၊ နောင်လာနောက်သားတွေအတွက် စိမ်းစိုလှပ သာယာတဲ့ ကမ္ဘာမြေကြီးဟာ ဆက်လက် တည်ရှိနေမှာပါ။ ကျွန်ုပ်ဟာ သင်တို့ကမ္ဘာမြေကြီးအတွက် လက်ဆောင်များစွာ ပေးထားခဲ့တဲ့ သဘာဝတရား ဖြစ်ပါတယ်။
No comments:
Post a Comment