Tuesday, December 27, 2011

ခုံးကျော်တံတား ဖြတ်သန်းခကောက်ခံမည်ဆိုသည်မှာ လုံးဝမဟုတ်မှန်ကြောင်း ၀န်ကြီး ဦးစိုးသိန်း ပြောကြား

ရန်ကုန်တွင် ခုံးကျော်တံတားကြီးလေးစင်းကို အဆင့်နှစ်ဆင့်ခွဲခြား၍ လေးလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းခုံးကျော်တံတား ကြီးများတွင် ဖြတ်သန်းခကောက်ခံမည်ဆိုသည်မှာ လုံးဝမဟုတ်မှန်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
"ရန်ကုန်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ နိုင်ငံတော်သမ္မတကြီးက လမ်း ညွှန်လို့လုပ်တာပါ။ ရန်ကုန်မှာ အခု လူဦးရေခြောက်သန်းကျော်ရှိပါတယ်။ မကြာမီမှာ ၁၀သန်းအထိတိုးလာနိုင် ပါတယ်။ ဒီလိုပဲ ကားတွေကလဲတိုးလာ နေပါတယ်။ ဒါကြောင့် ယာဉ်ကြောကျပ် တဲ့နေရာတွေကို အရင်ဆုံး ယာဉ်ကြော ရှင်းသွားအောင်လုပ်မှာပါ။ ဒါကလဲYangon City Development Plan အရ အရင်ဆုံးဆောင်ရွက်တာဖြစ်ပါ တယ်။ ခုံးကျော်တံတားတွေမှာ ဖြတ် သန်းခကောက်ခံမယ်ဆိုတဲ့သတင်းတွေ ကတော့ မမှန်ကန်ပါဘူး။ ဘယ်နိုင်ငံ မှာမှလဲ ဒါမျိုးမရှိပါဘူး။ မမှန်ကန်တဲ့ သတင်းတွေပါ"ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
ခုံးကျော်တံတားတည်ဆောက် မည့်နေရာများမှာ လှည်းတန်း၊ တာမွေ၊ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံတို့ ဖြစ်ပြီး လှည်းတန်းလမ်းဆုံကို ကမ္ဘောဇ ဘဏ်ချေးငွေဖြင့်လည်းကောင်း၊ တာမွေ လမ်းဆုံကို   မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုး ရေးဘဏ်ချေးငွေဖြင့်လည်းကောင်း တည်ဆောက်သွားမည်ဖြစ်ကာ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံများကို ရွှေတောင်ကုမ္ပဏီက တည်ဆောက် သွားမည်ဟု သိရသည်။
"လာလောဆယ် ပထမအဆင့် မှာ လှည်းတန်းကို ရန်ကုန်-ပြည်လမ်း က ကားအသွားများတဲ့အတွက် ခုံးကျော် တံတားဆောက်ပါမယ်။ ဒုတိယအဆင့် မှာက တက္ကသိုလ်ရိပ်သာလမ်းနဲ့ လှည်းတန်းကို မြေအောက်လမ်းဖောက်ပေး ပါမယ်။ဒီလမ်းတွေက Free Ways တွ ဖြစ်လာပါမယ်။ စင်ကာပူက လမ်းတံတား ကျွမ်းကျင်ပညာရှင်တွေနဲ့လုပ်နေပါတယ်။ လတ်တလောမြေစမ်းသပ်နေပြီ။ အသေးစိတ်ပုံစံတွေကို ဆက်လုပ်နေပါ တယ်။ တာမွေမှာ ဗညားဒလနဲ့အရှေ့ ကျိုက္ကဆံလမ်းက အများဆုံးဖြစ်တဲ့အ တွက် ခုံးကျော်တံတားထိုးမှာဖြစ်ပါ တယ်။ မြေအောက်လမ်းကတော့ ရေ ၀ပ်တဲ့အတွက် အခြေအနေမပေးပါဘူး" ဟု အဆိုပါခုံးကျော်တံတားနှစ်စင်း ဆောက်လုပ်နိုင်ရန် ဆောင်ရွက်နေ သော ဦးခင်မောင်ဦးက ပြောသည်။
"လးလအတွင်း ခုံးကျော်တံတား တွေပြီးပါမယ်။ ပြီးရင် လှည်းတန်းက တက္ကသိုလ်ရိပ်သာလမ်းနဲ့ လှည်းတန်း လမ်းကို မြေအောက်လမ်းဖောက်သွား မှာပါ။ အိမ်၊ မြေတွေ မထိခိုက်အောင် လုပ်မှာဖြစ်သလို ဘာငွေမှကောက် စရာမရှိပါဘူး။ ရွှေဂုံတိုင်နဲ့ဘုရင့်နောင် လမ်းဆုံတွေအတွက်ကတော့ ဒီဇိုင်း တွေတက်မလာသေးပါဘူး။ ဘာတိုး ဂိတ်မှလဲ အဆင်းမှာရော အတက်မှာ ပါမရှိပါဘူး။ လူထုဆီက ငွေကောက်ခံ စရာမရှိပါဘူး"ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖြည့်စွက်ပြောကြားကြောင်း ရန်ကုန်တိုင်းမ် သတင်းမှာဖော်ပြထားပါသည်။ 

By: သစ်ထူးလွင်

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls