Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts
Monday, September 24, 2012
ထိုင်းနိုင်ငံ Bangkok Bank နှင့် မြန်မာဘဏ်ချိတ်ဆက်မူ
ထိုင်းနိုင်ငံ ဘန်ကောက်ဘဏ် (Bangkok Bank ) သည်၊ မြန်မာနိုင်ငံမှ AGD, KBZ, Ayeyawady, Co-operative ဘဏ်များ နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်နိုင်ပြီးဖြစ်ကြောင်း ဘန်ကောက် ဘဏ်မှ သတင်း ထုတ်ပြန်ပါသည်။
AGD Bank ထဲသို့ မလေးရှားနိုင်ငံ May Bank ၊ CIMB Bank နှင့် IME ငွေလွှဲကောင်တာများမှ ငွေလွှဲပို့ပေးနိုင်ပြီးဖြစ် သ လို Bangkok Bank နှင့်လည်း ငွေလွှဲပေးပို့နိုင်ပြီး ဖြစ်ပါသည်။
ယခင်က ဘန်ကောက်ဘဏ်သည် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ နိုင်ငံခြား ကုန်သွယ်မှုဘဏ် စသည့် ဘဏ်(၂) ခုဖြင့်သာ ချိတ်ဆက်ဆောင်ရွက် နေခဲ့ပါသည်။ ယခု အချိန်၌ နိုင်ငံ (၂၆) နိုင်ငံရှိ ဘန်ကောက်ဘဏ် ခွဲများမှ တဆင့် မြန်မာနိုင်ငံသို့ ကုန် သွယ်ရေး ရင်းနှီးမှုများ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။........
ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်တွင် ဂျပန်က ရှယ်ယာအများ​ဆုံး​ အရင်း​နှီး​ထည့်​မည်
လအတန်ကြာ ညှိနှိုင်း​မှု​တွေ အဆင်မ​ပြေနဲ့​ အရင်း​နှီး​တွေ မပြည့်​အစုံ ဖြစ်​နေတဲ့​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်တည်​ဆောက်​ရေး​ လုပ်ငန်း​တွေ ဂျပန်က ဝင်လာတာ​ကြောင့်​ အ​ခြေအ​နေပြန်​ကောင်း​လာပါတယ်။
ပြီး​ခဲ့​တဲ့​ လတုန်း​က စီမံကိန်း​အ​ပေါ် ​ဒေသခံ​တွေရဲ့​ မ​ကျေမနပ် ကန့်​ကွက်မှု​တွေနဲ့​ ​ငွေ​ရေး​ကြေး​ရေး​ပိုင်း​ဆိုင်ရာ အဆင်မ​ပြေမှု​တွေ အ​ကြောင်း​ပေါင်း​ တိုက်ဆိုင်ပြီး​ ထား​ဝယ်စီမံကိန်း​ လုပ်ငန်း​တွေ ရပ်ဆိုင်း​လုနီး​နီး​ ဖြစ်​နေပါတယ်။
ပထမအရစ်အတွက် ကုန်ကျမယ့်​ အရင်း​နှီး​ အ​မေရိကန် ​ဒေါ်လာ ၈ ဒဿမ ၅ ဘီလီယံပြည့်​ဖို့​ ရှယ်ယာ​တွေ ​ခေါ်လို့​ မရ​သေး​တဲ့​အတွက် လမ်း​ဆောက်လုပ်​ရေး​၊​ တယ်လီကွန်မြူနစ်​ကေး​ရှင်း​ ကွန်ရက်၊​ ဆိပ်ကမ်း​နဲ့​ တခြား​ လိုအပ်တဲ့​ အ​ခြေခံအ​ဆောက်အအုံပိုင်း​ တည်​ဆောက်​ရေး​မှာ အခက်​တွေ့​ရပါတယ်။
အခု​တော့​ ထား​ဝယ်စီမံကိန်း​ဟာ မဟာဗျူဟာအရ အ​ရေး​ပါတာ​ကြောင့်​ ဂျပန်ကလည်း​ စီမံကိန်း​...
Saturday, September 22, 2012
မြိတ်တွင် ၈၈ အတု ပေါ်နေတယ်
ကျောက်မီးသွေး စက်ရုံနှင့် ပတ်သက်၍ မြိတ်မြို့တွင် ၈၈ မျိုးဆက်ကျောင်းသားများဟုဆိုကာ အဖွဲ့တု တစ်ခုပေါ်ပေါက်နေကြောင်း မြိတ်မြို့အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
ကျောက်မီးသွေး စက်ရုံဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်နေချိန်တွင် ယင်းအဖွဲ့သည် ကျောက်မီးသွေး စက်ရုံ၏ ကောင်းကျိုးများကိုသာ လူထုကို ပြောဆို စည်းရုံးနေကြောင်း အထက်ပါ အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်းသား ဦးအောင်နိုင်ဦးက ရှင်းပြသည်။
Wednesday, September 19, 2012
အမေရိကန်မှာဒေါ်စုမိန့်ခွန်းပြောပြီ
ဒီနေ့ဟာ ကျမဘ၀မှာ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး နေ့တနေ့ပါပဲ။ ပါတီစွဲမခွဲပဲ ညီညီညွတ်ညွတ်နဲ့ အဝေးကလာတဲ့ ကျမလို သူစိမ်းတယောက်ကို အမေရိကန် ကွန်ဂရက် လွှတ်တော်ကြီးက ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်တမ်းမှာတော့ ဒီမှာရှိတဲ့သူ တော်တော်များများဟာ ကျမနဲ့သူစိမ်းပြင်ပြင်တော့
မဟုတ်ပါဘူး။ ဒီနေရာမှာ တွေ့ဖူးနေကျ မျက်နှာတွေတော်တော်များများရှိသလို၊ ကျမတို့နိုင်ငံ ကျမတို့ရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးမှုတွေကြောင့် နာမည်တွေ နဲ့ တကွ ရင်းနှီးကျွမ်းဝင်ပြီးသား သူ တွေလည်း ရှိနေတာမို့ပါ။.......
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမား တွေ့ဆုံ
ဓာတ်ပုံ- REUTERS
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စက်တင် ဘာ ၁၉ ရက်က အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် တွေ့ဆုံခဲ့သည်။ အိုဘားမားသည် နေအိမ်အကျယ်ချုပ် ၁၅ နှစ် ကျခံခဲ့ရသော နိုဗယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ လာရောက်သည့် ၁၇ ရက်တာ ခရီးစဉ်အတွင်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
Monday, July 23, 2012
သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ်တို့ တွေ့ဆုံ
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့အား အစိုးရအိမ်တော်တွင် ဇူလိုင်လ ၂၃ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ တွေ့ဆုံခဲ့ကြပြီး အဆိုပါ တွေ့ဆုံမှုတွင် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် Weekly Eleven News ဂျာနယ်၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက သတင်းပေးပို့ခဲ့ပါသည်။....
Tuesday, April 10, 2012
ကျန်းမာရေးဝန်ကြီးအမေရိကန်ထွက်လေ့လာပြီ
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဖေသက်ခင် (ဓါတ်ပုံ-Google Images)
အမေရိကန် နဲ့ မြန်မာ တို့ ဆက်ဆံရေး ပုံမှန် ဖြစ်အောင် ကြိုးစားမှု တစ်ခု အနေနဲ့ အမေရိကန်ဘက် က ပထမဦးဆုံး ဖိတ်ကြားတာ ကို ခံရတဲ့ မြန်မာ ကျန်းမာရေး ဝန်ကြီးဟာ ကျန်းမာရေး နဲ့ ပညာရေး ကိစ္စတွေ အဓိက ဆွေးနွေးဖို့ ဆိုပြီးတော့ အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိနေပါတယ်။ မြန်မာ နိုင်ငံ ကျန်းမာရေး နဲ့ ပညာရေး ကဏ္ဍတွေမှာ ကြုံနေရတဲ့ အခက်အခဲတွေ နဲ့ ဒီ ခရီးစဉ် အတွင်း မျှော်လင့်ချက် တွေကို တော့ ကိုဝင်းမင်းက အဖွဲ့ဝင် တစ်ဦးနဲ့ မေးမြန်း တင်ပြထားပါတယ်။
Sunday, April 1, 2012
အနိုင်စာရင်း
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
ကည်ထံမှ... ပြည်သူလူထုများသို့ .....။ ========================= ယနေ့ ကြားဖြတ်ကောက်ပွဲရလဒ်သည် ပြည်သူလူထု၏ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှုရကြောင်း သတင်းများတက်နေပါသည်။ ယခုလိုအချိန်မှာ... ထောက်ခံသော ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။ သို့ သော်လည်း.... တဖက်အဖွဲ့ အစည်း နှင့် ပုဂွိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်းဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအရာ အလုပ်အကိုင်များ လုံးဝရှောင်ရှားရမည် ဖြစ်သည်။ ပြည်သူသူ၏အောင်နိုင်မှုသည်... သိက္ခာရှိသောအောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်အားလုံး အထူးသတိပြုစေလိုသည်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
Photo- Khu Daun
NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း
၁။ ၀ါးခယ်မ ဧရာဝတီတိုင်း
၂။ မြန်အောင် ဧရာဝတီတိုင်း
၃။ မအူပင် ဧရာဝတီတိုင်း
၎။မြောင်းမြ ဧရာဝတီတိုင်း
၅။ဖျာပုံ၊ဒေးဒရဲ(အမျိုးသားလွှတ်တော်) ဧရာဝတီတိုင်း
၆။ ရေကြည် ဧရာဝတီတိုင်း
၇။ ပခုက္ကူ မကွေးတိုင်း
၈။ ရေစကြို မကွေးတိုင်း
၉။ မကွေး မကွေးတိုင်း
၁၀ ။ မြိုင် မကွေးတိုင်း
၁၁။ ပွင့်ဖြူ မကွေးတိုင်း
၁၂။ ကျောက်ပန်းတောင်း မန္တလေးတိုင်း
၁၃။ တံတားဦး မန္တလေးတိုင်း
၁၄။ ပြင်ဦးလွင် မန္တလေးတိုင်း
၁၅။ မဟာအောင်မြေ မန္တလေးတိုင်း
၁၆။ မထ္တီလာ မန္တလေးတိုင်း
၁၇။ ဒက္ခိဏသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၈။ ဥတ္တရသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၉။ တောင်ငူ ပဲခူးတိုင်း
၂၀။ ထန်းတပင် ပဲခူးတိုင်း
၂၁။ လက်ပံတန်း ပဲခူးတိုင်း
၂၂။ က၀ ပဲခူးတိုင်း
၂၃။ ကော့မှူး ရန်ကုန်တိုင်း
၂၄။ ဒဂုံဆိပ်ကမ်း ရန်ကုန်တိုင်း
၂၅။ လှည်းကူး ရန်ကုန်တိုင်း
၂၆။ မရမ်းကုန်း ရန်ကုန်တိုင်း
၂၇။ မင်္ဂလာတောင်ညွန့် ရန်ကုန်တိုင်း
၂၈။ စစ်ကိုင်း စစ်ကိုင်းတိုင်း
၂၉။ ပုလဲ စစ်ကိုင်းတိုင်း
၃၀။ မင်းကင်း စစ်ကိုင်းတိုင်း
၃၁။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် စစ်ကိုင်းတိုင်း
(အမျိုးသားလွှတ်တော်)
၃၂။ ကျွန်းစု တနင်္သာရီတိုင်း
၃၃။ လောင်းလုံ တနင်္သာရီတိုင်း
၃၄။ ပုသိမ် ဧရာဝတီတိုင်း
၃၅။ တောင်တွင်းကြီး မကွေးတိုင်း
၃၆။ နွားထိုးကြီး မန္တလေးတိုင်း
၃၇။ ပုဗ္ဗသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၈။ ဇဗ္ဗူသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၉။ မော်လမြိုင် မွန်ပြည်နယ်
၄၀။ သုံးခွ ရန်ကုန်တိုင်း
၄၁။ လားရှိုး ရှမ်းပြည်နယ်
NLD ကိုဂုဏ်ပြုကြပါစို့
Thursday, March 29, 2012
မြိတ်ဘက်မှာ ဒီလိုတောင်းနေတာကြာပြီ
တနင်္သာရီကမ်ရှိးတန်းတလျှောက်လက်နက်ကိုင်ဓါးမြတိုက်ဆက်ကြေးလိုက်တောင်းနေတဲ့က်လှေငယ်များမှာ
 ရေတပ်နဲ့ ကြည်းတပ် က စက်လှေများ ဖြစ်နေကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့  ရေတပ် စစ်သင်္ဘော အမှတ်( ၄၀၅ ) က တရားဝင်ငါးဖမ်းစက်
လှေများကို လက်နက်ငယ်  ( G 3 ' G 4 ) များဖြင့်လိုက်လန်ပြစ်ခတ်ဖမ်းဆီးကာ  ငါးဖမ်း
Monday, March 26, 2012
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာလာပြီ
မြိတ် ခရီးစဉ်တွင် ဒေသခံများကို နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Aung Koe / Facebook)
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို ယခင်လထဲက အထွေထွေ စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် လုံးဝ ကောင်းမွန်ကြောင်း တွေ့ရှိရပြီး မြိတ်ခရီးစဉ်၌ ရေယာဉ်အခက်ခဲကြောင့် မော်တော်ဘုတ်ငယ်များဖြင့် နေပူထဲတွင် အချိန်ကြာမြင့်စွာသွားလာခဲ့ရ၍ ပင်ပန်း မှုဒဏ်ခံရသကဲ့သို့ အလုပ်ဖိစီးမှုဒဏ်နှင့်
Sunday, March 25, 2012
အခွန်ကောက်မည်မကြာမှီ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ လစာခေါင်းစဉ်မှ ၀င်ငွေအပေါ် ၀င်ငွေခွန်ကို ဧပြီလမှ စတင်ပြီး ကောက်ခံတော့မည်ဖြစ်ကြောင်း ဦးစီးဌာနအတွင်း ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။
          ထိုညွှန်ကြားချက်တွင် အခွန်စည်းကြပ်ရန်အတွက် အသေးစိတ်တွက်ချက်နည်းများကို ဖော်ထားပါသည်။ ထိုသို့ တွက်ချက်ရာတွင် မူရင်းလစာအပြင် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀အပါဝ်င လစာဝင်ငွေ စုစုပေါင်းပေါ်တွင် ၁ % မှ ၃% အထိ ၀င်ငွေအဆင့်အလိုက်တွက်ချက်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
          ကာကွယ်ရေးဝန်ကြီးဌာန ပြန်တမ်းဝင်အရာရှိများအတွက် လစာမှ ၀င်ငွေခွန်တွက်ချက်ဖြတ်တောက်နုတ်ယူပေးသွင်းရန် ကိစ္စရပ်များကို ကာကွယ်ရေးဝန်ကြိးဌာန ငွေစာရင်းရုံးမှ တာဝန်ယူဆောင်ရွက်သွားရန်ဖြစ်ကြောင်း သိရှိရသည်။
Tuesday, March 6, 2012
မြန်မာ့လေကြောင်းလိုင်းလေယာဉ်ဘီးပေါက်
Add caption
မြန်မာနိုင်ငံအနှံအပြားသို့ ပြေးဆွဲနေသော မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်အမှတ် (XY-AGB-Forkker-F28) ဖလိုက်နံပါတ်(4401) သည် ၄-၃-၂၀၁၂ နေ့တွင် စစ်တွေခရီးသည်အား ၇း၃၀ အချိန်ကွင်းချိန်းသော လေယာဉ်သည် (၁၀) နာရီ အချိန်ခန့်တွင် ခရီးသည်များကို လေယာဉ်ပေါ်သို့ တင်ဆောင်ပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာရန် စတင်ချိန်၌ လေယာဉ်၏ နောက်ဘက်  ဘယ်တောင်ပံအောက်(ယာ)ဘီးမှာ ပေါက်နေကြောင်းသိရှိရ၍ ခရီးသည်များအား လေယာဉ်ပေါ်မှ ဆင်းခိုင်းပြီး နားနေဆောင်သို့ ပြန်လည်နေထိုင်ခွင့်ပြုခဲ့ရသည်။
ထို့နောက် နံနက်(၁၂း၅၀) ခန့်တွင် မြန်မာ့လေကြောင်းလိုင်းမှ ရန်ကုန်မှ ကျောက်ဖြူသို့ ပြေးဆွဲသော လေယာဉ် (AGF-MA-60)သည် ကျောက်ဖြူလေဆိပ်သို့ မဆင်းခဲ့ဘဲ စစ်တွေ လေဆိပ်သို့ ရောက်ရှိလာပြီး ၎င်းလေယာဉ်ပေါ်တွင် လဲလှယ်ရန်ပါရှိလာသော စပါယ်ယာဘီးနှင့်အတူ အင်ဂျင်နီယာ (၃)ဦးကို စစ်တွေလေဆိပ်သို့ လာရောက်ပို့ဆောင်ပေးခဲ့သည်။
၎င်းနောက် စစ်တွေရန်ကုန်ပြေးဆွဲမည့်လေယာဉ်အမှတ် (XY-AGB-Forkker-F28) လေယာဉ်အား ပြန်လည်ဘီးတပ်ဆင်ကာ စစ်တွေလေဆိပ်မှ နေ့လည် (၁း၀၀)နာရီအချိန်ခန့်တွင် ရန်ကုန်သို့ ထွက်ခွာသွားကြောင်းသိရသည်။
ခိုင်မြတ်စံ(PNG)  Hot News
Tuesday, February 7, 2012
ဒေါ်စုပုသိမ်ခရီးစဉ်
ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့တွင်းသို့ နေ့လည် ၁၁ နာရီခန့်တွင် ရောက်ရှိလာခဲ့ပြီး ကိုးသိန်းဘောလုံးကွင်းအတွင်း စောင့်ဆိုင်းနေကြသည့် သောင်းနှင့်ချီသော လူထုကြီးအား မိန့်ခွန်းပြောကြားခဲ့သည်။ (ဓာတ်ပုံ- ဥက္ကာကိုကို)
"ကျွန်မလည်း ဧရာဝတီတိုင်းသူလို့ ခေါ်လို့ရပါတယ်။ ပုသိမ် ပြည်သူပြည်သားတွေကို အင်မတန် ကျေးဇူးတင်ပါတယ်။ ပုသိမ်ကို ပြန်မရောက်တာ နှစ် ၂၀ရှိပါပြီ။ အရင်တစ်ခေါက်တုန်းကတော့ စက်ဘီးတွေနဲ့ ကြိုကြတယ်။ အခုကျတော့ ဆိုက်ကယ်တွေနဲ့ ကြိုကြတယ်။ ပုသိမ်ကိုလာတာဟာ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ အတွက် စည်းရုံးဖို့ လာတာပါ။ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံ အားပေး မဲပေးကြဖို့ ပြောချင်ပါတယ်။ ပြည်သူတွေကို အင်မတန် ကျေးဇူးတင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ တည်ထောင်ဖို့ဆိုရင် ပြည်သူတွေ ပါဝင်မှ ဖြစ်မှာပါ။ အထူးသဖြင့် လူငယ်တွေင်္ ပါဝင်စေချင်ပါတယ်။ ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်သွားတဲ့အခါ ပြည်သူတွေရဲ့ ဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါမယ်။ လူငယ်တွေ အနေနဲ့ အဆင့်မြင့်တဲ့ ပညာရေးကို သင်ယူစေချင်ပါတယ်။ ကျန်းမာရေးလည်း ဂရုစိုက်ဖို့ ပြောချင်ပါ တယ်။ ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်တာဟာ အချက်သုံးချက်ရှိပါတယ်။ တရားဥပဒေ စိုးမိုးရေး ပြည်တွင်းငြိမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတာတွေပါ။
ကျွန်မတို့နိုင်ငံမှာ ရွေးကောက်ပွဲဆိုတာ ခဏ ခဏ လုပ်နေတာ မဟုတ်ပါဘူး ဒါအတွက် ပြည်သူတွေ အားလုံးကူညီပေးပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့ ကိုးသိန်းဘောလုံးတွင်းအတွင်း ၁၈မိနစ်ကြာ ပြောဆိုခဲ့သော ပြောကြားချက်၌ ထည့်သွင်းပြောဆိုခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည် လူထုသို့ ဟောပြောလျက်ရှိ၊ ကြားဖြတ်ရွေးကောက်ပွဲ မှန်မှန်ကန်ကန် မျှမျှတတဖြစ်ရန် ပြည်သူအားလုံး ကူညီပါဟု ပြောကြားခဲ့သည်။ နောက်ဆုံးရရှိတဲ့ သတင်းအရတော့ ဒေါ်အောင်ဆန်းစုကြည် လူထုသို့ ဟောပြောမှု ပြီးဆုံးပြီလို့ သိရပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုးသိန်းဘောလုံးကွင်းအတွင်း လူထုဟောပြောပွဲအပြီး ပုသိမ်ဟိုတယ်တွင် နေ့လည်စာစားသောက်ရန် ရောက်ရှိနေပြီဖြစ်သည်။ နေ့လည်စာစားပြီးပါက မြောင်းမြသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။
Thursday, December 29, 2011
မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား
တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ် သီဟမျိုးမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ခွဲစိတ်ကုသမှုခံယူပြီးနောက် သတိလစ်မေ့မျောနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ဆေးရုံသို့ကိုယ်တိုင်သွားရောက် ကူညီလှူဒါန်းခဲ့သူများက ဒုတပ်ကြပ် သီဟမျိုးမှာ ၁၀ နာရီကျော်ကြာ သတိလစ်မေ့မျောနေရာမှ ယနေ့ညနေ ၃ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ယောင်ရမ်း၍ စကားတစ်ခွန်းပြောသည်ကို တွေ့ရကြောင်း ပြန်လည်ပြောပြသည်။
"မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား" ဟု အရေးပေါ်ခွဲစိတ်မှုပြုလုပ်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် ပြင်းထန်စွာ တုန်ယင်နေ၍ မိသားစုဝင်များက ဖိထားသည့်ကြားမှ ဒုတပ်ကြပ် သီဟမျိုးက ယောင်ရမ်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကိုယ်တိုင်သတိလစ်နေမေ့မျောနေသော်လည်း မီးလောင်မှုအတွက် ရတက်မအေးနိုင်ဘဲ ၁၀ နာရီကျော်အတွင်း ၎င်း၏ပြောစကားကြောင့် များစွာ စိတ်မကောင်းဝမ်းနည်းရကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှုလှူဒါန်းသော အလှူရှင်တစ်ဦးကပြောသည်။
အစောပိုင်းဖော်ပြခဲ့သည့် သတင်းများတွင် ဒုတပ်ကြပ် သီဟမျိုး ကွယ်လွန်ပြီဟု ဖော်ပြခြင်းကိုလည်း ကွယ်လွန်ခြင်းမဟုတ်ကြောင်း ပြင်ဆင်သိမှတ်ပေးစေလိုပါသည်။
 7Day News Journal
အမျိုးသမီးတစ်ဦးမီးဖွားပြီး သေဆုံးခဲ့မှုအပေါ် ရွှေဂုံတိုင်ဆေးရုံနှင့်လူနာရှင်များ အငြင်းပွါး
သေဆုံးသူရဲ့ ဓါတ်ပုံမဟုတ်ပါ Google Images မှ ခွဲစိတ်ခန်းနမူနာဓါတ်ပုံကို ဖော်ပြခြင်းသာဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အထူးကုဆေးရုံကြီးတွင် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးမီးဖွား ပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့က သေဆုံးခဲ့ရမှုဖြစ်ပွားခဲ့ရာ ဆေးရုံကြီးမှ တာဝန်ကျ သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်များ၏ တာဝန် ပေါ့လျော့မှုကြောင့်ဖြစ်သည်ဟု ကျန်ရစ်သည့် မိသားစုများက စွပ်စွဲခဲ့သလို ဆေးရုံဘက်မှ တာဝန်ရှိသူများကလည်း ပြန်လည် ရှင်းလင်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင် မြို့နယ်၊ ကွက်သစ်ဖြတ်လမ်းတွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် မခင်ခင်ဌေးသည် ခုနစ်လရှိပြီဖြစ်သည့် ကိုယ်ဝန်ကို အဆိုပါဆေးခန်းကြီးတွင် ပုံမှန်ထိုင်သည့် သားဖွားနှင့် မီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာတင် မောင်အေးထံတွင် အပ်နှံထားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
အဆိုပါ ဆရာဝန်ကြီး မရှိသည့်အခါ တွင် ၎င်း၏ လက်ထောက် ဆရာဝန် ဒေါက်တာနိုင်ဝင်းဆိုသူနှင့် ဆက်လက် ပြသခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာလ ၉ ရက်နေ့မှစတင်ခါ ၀မ်းတွင်းမှ ကလေး၏ ပုံမှန်မဟုတ်သော အနေအထားကြောင့် မခင်ခင်ဌေးအား ဓာတ်မှန်ရိုက်ကြည့် ခဲ့ရာတွင် ၀မ်းတွင်းရှိ ခုနစ်လသားအရွယ် မိန်းကလေးငယ်မှာ လှုပ်ရှားခြင်းမရှိတော့သောကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဆေးရုံ တက်ရန် ဒေါက်တာနိုင်ဝင်းမှ ညွှန်ကြားခဲ့ပြီး အဆိုပါနေ့တွင်ပင် ၀မ်းတွင်းမှ ကလေး သေဆုံးပြီဖြစ်ကြောင်း ဆရာဝန်က အတည်ပြု ပြောကြားခဲ့သည်ဟု ဆိုသည်။
"ကလေးသေနေပြီလို့ ဆရာဝန်က ပြောကြားတဲ့အတွက် အဲဒီနေ့မှာပဲ ခွဲစိတ်ပေးဖို့ မိသားစုဝင်တွေက တာဝန်ကျ ဆရာဝန်တွေ ကိုကော ဒေါက်တာ နိုင်ဝင်းကိုပါ အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စနေနေ့ (ဒီဇင် ဘာလ ၁၀ ရက်နေ့) ညနေမှာ ဒေါက်တာနိုင်ဝင်း လာကြည့်ပြီး ခွဲဖို့ မလိုဘဲ ဆေးသွင်းပြီး ရိုးရိုး မွေးမယ်လို့ ပြောပါတယ်" ဟု မခင်ခင်ဌေး၏ အစ်ကိုရင်းဖြစ်သူ ကိုမြင့်အောင်က ပြောသည်။
ရိုးရိုးမွေးဖွားနိုင်ရန် ဆေးများသွင်းထားခဲ့ရာ နောက်တစ်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညပိုင်းအထိ ဆေးရုံမှ မည်သို့မျှ ခွဲစိတ် ကုသမှုများ မပြုလုပ်ပေးခဲ့ဘဲ ည ၁၁ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် သားအိမ်ပွင့်ကာ ကလေးထွက်လာသည်နှင့် တစ်ပြိုင်နက် မိခင်ပါ တစ်ခါတည်း အသက်မရှူတော့ကြောင်း မခင်ခင်ဌေး၏ မိခင်ဒေါ်သီတာဝင်းက ပြောသည်။
"သမီးက အသက်မရှူတော့ဘူး။ ကလေးလည်းထွက်လာရော သူလည်း နှစ်ချက်လောက် ရှိုက်ပြီး ငြိမ်သွားတယ်။ နောက် ည ၁ နာရီကျော်မှ မေ့ဆေးဆရာ ၀န်တွေကော ဒေါက်တာ နိုင်ဝင်းပါ ရောက်လာတယ်။ သူတို့က မျိုးစုံစစ်ဆေးကြတယ်။ ဒါပေမယ့် အသက်မရှိတော့ဘူး"ဟု ၎င်းက ပြောသည်။
ဆေးရုံမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာဒေါ်ဌေးဌေးကြည်ကလည်း ဒီဇင်ဘာလ ၉ ရက်နေ့တွင် ၀မ်းတွင်းမှ ကလေး သေဆုံး ကြောင်း ဓာတ်မှန်ရိုက် ယူ၍ သိရှိပြီးနောက် ဒီဇင်ဘာ ၁၀ ရက် နေ့တွင် ရွှေဂုံတိုင် ဆေးရုံတွင် တက်ရောက်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်အစောပိုင်းတွင်သေဆုံးခဲ့သည်ဟု မြန်မာတိုင်း(မ်)ကိုပြောသည်။
သားဖွားနှင့် မီးယပ်အထူးကု ဆရာ ၀န် ဒေါက်တာနိုင်ဝင်းကလည်း ယခုကဲ့ သို့သေဆုံးမှုမှာ မခွဲစိတ်ခြင်းကြောင့် သေဆုံးရခြင်းမဟုတ် ဟုပြောသည်။
သန္ဓေသားမှာ ရက်သတ္တပတ် ၂၄ ပတ်သာရှိပြီး မိခင်မှာလည်း အသက် ၂၃ နှစ်သာရှိသေးသည့်အတွက် နောက်ထပ် ကလေး မွေးဖွားရ လွယ်ကူစေရန် သားအိမ်ပွင့်ဆေးကို အသုံးပြု၍ ရိုးရိုး မွေးဖွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာနိုင်ဝင်းက ပြောသည်။
"ပုံမှန်ဆိုရင် အပတ် ၄၀ ရှိမှ နေ့စေ့ လစေ့ဖြစ်တယ်။ အခု ကလေးက ၂၄ ပတ်ပဲရှိပြီး တစ်ပေါင် သာသာပဲရှိတယ် ဆိုတော့ ခွဲပြီး ထုတ်ရမယ့် ထုံးစံမရှိဘူး။ အမေကလည်း သားဦးဆိုတော့ အရင် ခွဲကြောင်းတွေလည်း မရှိတဲ့အတွက် ဒီလိုခွဲမွေးလိုက်ရင် နောက်တစ် ယောက်ကိုလည်း ခွဲမွေးရဖို့ များသွားပြီ။ ဒီလို လူနာမျိုးကို ၁၀၀ မှာ ၉၉ ယောက်ကို ရိုးရိုးပဲမွေးပါတယ်"ဟု ၎င်းက ပြောသည်။
ထို့ကြောင့် သားအိမ်ပွင့်ဆေးကို ထည့်သွင်းခဲ့ပြီး မွေးဖွားရန်စောင့်ဆိုင်း ခဲ့သည်ဟု၎င်းက ပြောသည်။ လူနာမှာ နာကျင်သောကြောင့် လူနာရှင်ဘက် မှ ခွဲစိတ်မွေးရန်တောင်းဆိုခဲ့သည့် အတွက် နားလည်စေရန် အခြေအနေ ကို ရှင်းလင်းပြခဲ့သည်ဟု ၎င်းက ပြောသည်။
"အိုဂျီတစ်ယောက် အနေနဲ့ ကြည့်ရင် ဒီကေ့စ်မျိုးကခွဲစိတ်ရမယ့်အထဲမှာ မပါ ပါဘူး။ မခွဲစိတ်ခဲ့တဲ့အတွက် သေဆုံးရတာ မဟုတ်ပါဘူး" ဟု ဒေါက်တာနိုင် ၀င်းက ပြောသည်။
သေဆုံးရသည့် အကြောင်းရင်းမှာ လူနာမှာ ကလေးမွေးဖွားရန် သားအိမ်ဝ ပွင့်ချိန်တွင် ရေမြွှာရေ သွေးကြောတွင်း ရောက်ရှိပြီး ထိုမှတစ်ဆင့် အဆုတ်နှင့် နှလုံးသို့ ရောက်ရှိသွားခဲ့ပြီး သွေးသွားသည့် လမ်းကြောင်းတွင် ရေများဝင်လာသည့်အတွက် သွေးကြော များမှာ ရပ်တန့်၍ ပိတ်သွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
"ရောဂါကြီးကြီးမားမားလည်း မရှိ၊ ထုံဆေးထိုးတာ၊ ညှပ်ဆွဲတာတွေလည်း မရှိတဲ့အတွက် ဒါကြောင့် သေဆုံးရတာလို့ပဲ ယူဆလို့ရ ပါတယ်"ဟု ၎င်းက ပြောသည်။
"ဒီလို ကိစ္စမျိုးက ဖြစ်တောင့် ဖြစ်ခဲပါ။ မွေးလူနာတစ်သိန်းမှာ တစ်ယောက် လောက်ပဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပေါ့လျော့မှု ကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ မခွဲစိတ်လို့ သေရတာလည်း မဟုတ်ပါဘူး"ဟု ၎င်းက ပြောသည်။
မိခင်ဝမ်းအတွင်း ကလေးသေဆုံး ရမှုမှာလည်း မိခင်တွင် ထိခိုက်ဒဏ်ရာ ရခြင်း၊ သွေးဆင်းခြင်း၊ သွေးသွန်ခြင်း မရှိသည့်အတွက် ကလေး၏မွေးရာပါ ချို့ယွင်းချက်ကြောင့် ဖြစ်နိုင်ကြောင်း ဒေါက်တာနိုင်ဝင်းကပြောသည်။ ဆေးရုံက သေဆုံးသည့်အကြောင်းကို သေချာစွာသိရန် ရန်ကုန်ဆေးရုံ ကြီးသို့ ပို့ဆောင်မည် ပြောသော်လည်း ဓလေ့ထုံးစံအရ ရင်ခွဲစစ်ဆေးသည်ကို မလိုလားဘဲ မိသားစုက အလောင်းကို သာ ပြန်လည်ရယူလိုသောကြောင့် ပြန်လည်သယ်ယူကြောင်း၊ ဆေးရုံက လက်မှတ်ရေးထိုးပေးခဲ့ကြောင်း ဦးမြင့်အောင်က ပြောသည်။
"ကျွန်တော်တို့ တရားလည်းမစွဲပါ ဘူး။ ဆေးရုံကို ကုန်ကျစရိတ်တွေ တွက် ပေးဖို့ ပြောတဲ့အခါ လုံးဝမယူတော့ပါဘူး။ ပေးစရာ မလိုဘူးလို့ ပြောတယ်။အိမ်ပြန်ရောက်တော့ ရပ်ကွက်က ဆရာ ၀န်တစ်ဦးဆီက သေဆုံးကြောင်း လက် မှတ်ယူပြီး နောက်တစ်နေ့မှာ ရေဝေး မှာချခဲ့ပါတယ်"ဟု ၎င်းက ပြောကြားသည်။
ဆေးကုသစရိတ်များ တောင်းခံခြင်း မရှိသောကြောင့် မခင်ခင်ဌေး အဆိုပါ ဆေးရုံတွင် တက်ရောက်ကုသခဲ့သည့် ဆေးရုံမှတ်တမ်း များလည်း မရရှိခဲ့ကြောင်း သူကဆက်ပြောသည်။
ထိုသို့ သေဆုံးရမှုအပေါ် စိတ်မ ကောင်းသဖြင့် ဆေးရုံဘက်မှ ကျသင့် ငွေကို တောင်းခံခြင်းမပြုခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ ဒေါ်ဌေးဌေးကြည် က ပြောသည်။
အသက် ၂၃ နှစ်အရွယ်ရှိ မခင်ခင်ဌေးသည် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် စီးပွားရေးဆိုင်ရာ အထူးပြုဘွဲ့များ ရယူခဲ့ကာ မကြာ သေးမီးကပင် ရန်ကုန်တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရန် အစပျိုးခဲ့သည်။
ယမုံဖူးသစ်နှင့် ကျော်ဆုမွန်  (မြန်မာ့တိုင်းမ်)
Wednesday, December 28, 2011
စက်ဆန်းမီးကြောင့် အိမ်ထောင်စု ၁၀၈၀ စု၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆၊ ပျက်စီးအိမ် ၁၂၄ လုံးရှိကြောင်းသိရ
အက်ဆစ်ကန် အနီး မီးငြှိမ်းသတ်နေသည့် မီးသတ်ဝန်ထမ်းများ
မီးလောင်မှုအပြီး စုံစမ်းစစ်ဆေးမှုများအရ မီးလောင်မှုဖြစ်ပွားရခြင်းမှာ သိုလှောင်ပစ္စည်းများ အပူလွန်ကဲခြင်းကြောင့် ဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“လုံခြုံရေး မီးတစ်လုံးပဲရှိတဲ့နေရာက ၀ါယာရှောခ်မဖြစ်နိုင်ပါဘူး။ ၀ါယာရှော့ခ်ဆိုရင် ဖြူးပြတ်ရမယ်။ ကျွန်တော်တို့စစ်ဆေးတွေ့ရှိမှုအရ ၀ါယာရှော့ခ်လုံးဝ မဟုတ်ပါဘူး”ဟုမင်္ဂလာတောင်ညွန့် လျှပ်စစ် (၂)မှ လက်ထောက်အင်ဂျင်နီယာ ဦးတင်ထွန်းက သုံးသပ်သည်။
နောက်ဆုံးရရှိသော သတင်းအရ အိမ်ထောင်စု ၁၀၈၀ စု၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆၊ ပျက်စီးအိမ် ၁၂၄ လုံးရှိကြောင်းသိရသည်။
နေအိမ်များ ပျက်စီးဆုံးရှုံးရခြင်းမှာ မီးလောင်မှုကြောင့် မဟုတ်ဘဲ ပေါက်ကွဲမှုကြောင့်ပျက်စီးဆုံးရှုံးခြင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်တစ်မြို့လုံးတုန်ဟီး
အောင် ပေါက်ကွဲခဲ့သည့် အက်ဆစ်ကန်နေရာကို တွေ့ရစဉ်။
ပေါက်ကွဲမှူကြောင့် မြေတွင်းကြီးမှာ ၁၀ ပေခန့်အနက်ရှိသည်။ထိုကျင်းအ
နီးတစ်ဝိုက်ရှိ
(ပေ ၅၀၀ခန့်အတွင်းရှိ) အဆောက်အအုံအားလုံး နီးပါးမှာလည်း မုန်တိုင်းတိုက်ခတ်ခံရသည့်အ
လား ပြိုကျပျက်စီးနေသည်ကိုတွေ့ရသည်။
ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထား
သည့် မဟာဝိဇယာရာမ ဘုန်းကြီးကျောင်း မှ ကလေးငယ်တစ်ဦး။
Tuesday, December 27, 2011
ရွှေည၀ါ ဆရာတော် တရားပွဲများ ကျင်းပရန် ထိုင်းနိုင်ငံ သို့ ရောက်ရှိနေ
ရန်ကုန်မြို့ ကြည့်မြင်တိုင်သာဓုကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သော ရွှေည၀ါဆရာတော် ဦးပညာသီဟ သည်  ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချိုင်နှင့် ကန်ချနဘူရီ အရပ်ရှိ မြန်မာလူမျိုး ရွေ့ ပြောင်းအလုပ်လုပ်ကိုင်သူများ အတွက် တရားဒေဿနာများ ဟောကြားပေးရန်  ထိုင်းနိုင်ငံဘန်ကောက်မြို့ သို့ ဒီဇင်ဘာလ ၂၇ နေ့ လည် ပိုင်းက လေကြောင်းဖြင့် ရောက်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် အလုပ်လုပ်ကိုင်နေသော တပည့်ဒါယိကာ၊ဒါယိကာမ များ၏ ပင့်ဖိတ်ချက်အရ သြ၀ါဒ မြွက်ကြားပေးရန် နှင့် တရားပွဲများကျင်းပ ဟောပြောပေးရန် ရောက်လာခဲ့တာပါ။
ကန်ချနီဘူရီ အရပ်ရှိ မြန်မာလူမျိုးအများစု အလုပ်လုပ်ကိုင်ရာ နာနတ်သီးစက်ရုံမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ နဲ့ ၂၉ ရက် နေ့ ညတို့ မှာ တရားဟောပြောဖို့ စီစဉ်ထားပြီး၊မဟာချိုင် အရပ်ရှိ ၀ပ်ဟုတ် တွင် တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညမှာ ဟောပြောမှာပါ။ ဒီဇင်ဘာ ၃၁ ရက်နေ့ မှာလည်း ၀ပ်စီမိန် နဲ့ ဝပ်ကန်ဖ တို့ မှာ သြ၀ါဒမြွက်ကြားပွဲနှင့် တရားပွဲ လေးပွဲ ခန့် ကို သီးခြားနေရာတွေမှာလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ မဟာချိုင်ရှိ ၀ပ်ကြပ် တွင် ဇန်န၀ါရီလ ၁ ရက်နေ့ ညမှာ ဟောပြောမှာ ဖြစ်ပြီး ဇန်န၀ါရီလ ၂ ရက်နေ့ မှာတော့ ထိုင်းနိုင်ငံတောင်ပိုင်းရှိရွေ့ပြောင်းအလုပ်သမားများအခွင့်အရေးဆောင်ရွက်နေတဲ့ကွန်ယက်က ဆရာတော်ဆီက သြ၀ါဒ ခံယူပွဲ နဲ့ တရားပွဲ ကို ပြုလုပ်မှာ ဖြစ်ပါတယ်။
ဘားမားဗီဂျေ
ခုံးကျော်တံတား ဖြတ်သန်းခကောက်ခံမည်ဆိုသည်မှာ လုံးဝမဟုတ်မှန်ကြောင်း ၀န်ကြီး ဦးစိုးသိန်း ပြောကြား
ရန်ကုန်တွင် ခုံးကျော်တံတားကြီးလေးစင်းကို အဆင့်နှစ်ဆင့်ခွဲခြား၍ လေးလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းခုံးကျော်တံတား ကြီးများတွင် ဖြတ်သန်းခကောက်ခံမည်ဆိုသည်မှာ လုံးဝမဟုတ်မှန်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
"ရန်ကုန်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ နိုင်ငံတော်သမ္မတကြီးက လမ်း ညွှန်လို့လုပ်တာပါ။ ရန်ကုန်မှာ အခု လူဦးရေခြောက်သန်းကျော်ရှိပါတယ်။ မကြာမီမှာ ၁၀သန်းအထိတိုးလာနိုင် ပါတယ်။ ဒီလိုပဲ ကားတွေကလဲတိုးလာ နေပါတယ်။ ဒါကြောင့် ယာဉ်ကြောကျပ် တဲ့နေရာတွေကို အရင်ဆုံး ယာဉ်ကြော ရှင်းသွားအောင်လုပ်မှာပါ။ ဒါကလဲYangon City Development Plan အရ အရင်ဆုံးဆောင်ရွက်တာဖြစ်ပါ တယ်။ ခုံးကျော်တံတားတွေမှာ ဖြတ် သန်းခကောက်ခံမယ်ဆိုတဲ့သတင်းတွေ ကတော့ မမှန်ကန်ပါဘူး။ ဘယ်နိုင်ငံ မှာမှလဲ ဒါမျိုးမရှိပါဘူး။ မမှန်ကန်တဲ့ သတင်းတွေပါ"ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
ခုံးကျော်တံတားတည်ဆောက် မည့်နေရာများမှာ လှည်းတန်း၊ တာမွေ၊ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံတို့ ဖြစ်ပြီး လှည်းတန်းလမ်းဆုံကို ကမ္ဘောဇ ဘဏ်ချေးငွေဖြင့်လည်းကောင်း၊ တာမွေ လမ်းဆုံကို   မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုး ရေးဘဏ်ချေးငွေဖြင့်လည်းကောင်း တည်ဆောက်သွားမည်ဖြစ်ကာ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံများကို ရွှေတောင်ကုမ္ပဏီက တည်ဆောက် သွားမည်ဟု သိရသည်။
"လာလောဆယ် ပထမအဆင့် မှာ လှည်းတန်းကို ရန်ကုန်-ပြည်လမ်း က ကားအသွားများတဲ့အတွက် ခုံးကျော် တံတားဆောက်ပါမယ်။ ဒုတိယအဆင့် မှာက တက္ကသိုလ်ရိပ်သာလမ်းနဲ့ လှည်းတန်းကို မြေအောက်လမ်းဖောက်ပေး ပါမယ်။ဒီလမ်းတွေက Free Ways တွ ဖြစ်လာပါမယ်။ စင်ကာပူက လမ်းတံတား ကျွမ်းကျင်ပညာရှင်တွေနဲ့လုပ်နေပါတယ်။ လတ်တလောမြေစမ်းသပ်နေပြီ။ အသေးစိတ်ပုံစံတွေကို ဆက်လုပ်နေပါ တယ်။ တာမွေမှာ ဗညားဒလနဲ့အရှေ့ ကျိုက္ကဆံလမ်းက အများဆုံးဖြစ်တဲ့အ တွက် ခုံးကျော်တံတားထိုးမှာဖြစ်ပါ တယ်။ မြေအောက်လမ်းကတော့ ရေ ၀ပ်တဲ့အတွက် အခြေအနေမပေးပါဘူး" ဟု အဆိုပါခုံးကျော်တံတားနှစ်စင်း ဆောက်လုပ်နိုင်ရန် ဆောင်ရွက်နေ သော ဦးခင်မောင်ဦးက ပြောသည်။
"လးလအတွင်း ခုံးကျော်တံတား တွေပြီးပါမယ်။ ပြီးရင် လှည်းတန်းက တက္ကသိုလ်ရိပ်သာလမ်းနဲ့ လှည်းတန်း လမ်းကို မြေအောက်လမ်းဖောက်သွား မှာပါ။ အိမ်၊ မြေတွေ မထိခိုက်အောင် လုပ်မှာဖြစ်သလို ဘာငွေမှကောက် စရာမရှိပါဘူး။ ရွှေဂုံတိုင်နဲ့ဘုရင့်နောင် လမ်းဆုံတွေအတွက်ကတော့ ဒီဇိုင်း တွေတက်မလာသေးပါဘူး။ ဘာတိုး ဂိတ်မှလဲ အဆင်းမှာရော အတက်မှာ ပါမရှိပါဘူး။ လူထုဆီက ငွေကောက်ခံ စရာမရှိပါဘူး"ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖြည့်စွက်ပြောကြားကြောင်း ရန်ကုန်တိုင်းမ် သတင်းမှာဖော်ပြထားပါသည်။ 
By: သစ်ထူးလွင်
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls