Monday, December 24, 2012

လူထုခေါင်းဆောင်ရဲ့မြိတ်တွင်ပြောသောစကားများ

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် ဒီမိုကရေစီကို မမျှော်လင့်သော် လည်း ရအောင်လုပ်ယူမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပြောကြား...............
၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိရေးနှင့် ဒီမိုကရေစီရရှိရေးကို
မမျှော်လင့်သော်လည်းရအောင်လုပ်ယူမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ကော့သောင်း-မြိတ် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၂၂ ရက်တွင် မြိတ်မြို့ ဦးစိန်ဂျက် ခန်းမ၀န်းအတွင်း၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ပြည်သူများထံမှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိရန် မျှော်လင့်ပါသလားဟူသော မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။...

Friday, December 7, 2012

ကလုံးထာ ရေကာတာ စီမံကိန်းအပေါ် ဒေသခံများ ကန့်ကွက်

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အဓိက ရေအရင်းအမြစ်ဖြစ်လာမယ့် ကလုံးထာရေကာတာ တည်
ဆောက်မယ့် စီမံကိန်းအပေါ် ရေကာတာရဲ့ ရေနစ်မြုပ်ဧရိယာအတွင်းမှာ ရှိနေတဲ့ ကလုံးထာ ရွာသူ ရွာသားတွေက ကန့်ကွက်နေကြပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် တလိုင်းယာကျေးရွာအုပ်စုဝင် ကလုံးထာကျေးရွာမှာ အိမ်ထောင်စု ၁၈၂ စု၊ လူဦးရေ တထောင်ကျော်နဲ့ စိုက်ပျိုးမြေဧရိယာ ၉၂၄၀ ဧကရှိပြီး ကွမ်းသီး၊ သီဟိုဌ်၊ ရော်ဘာနဲ့ အုန်းပင် စတဲ့ နှစ်ရှည်ခံသီးပင်တွေကို အများစု စိုက်ပျိုးကြတာဖြစ်ပါတယ်။

ရွာသူရွာသားတွေကတော့ ဘိုးဘွားစဉ်ဆက်ကတည်းက စိုက်ပျိုးလာတဲ့ ဥယျာဉ်ခြံမြေတွေဟာ အခုမှ သီးပွင့်စပြုလာတဲ့အတွက် ရွာနေရာဟောင်းကို မဖယ်ပေးနိုင်ဘူးလို့ ပြောနေကြပါတယ်။ ဒါ့အပြင် ရွာသူ ရွာသားတွေ အနေနဲ့ တလိုင်းယာချောင်းအတွင်းမှာ တပိုင်တနိုင် ခဲသတ္တုကျင်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာလဲ ဖြစ်ပါတယ်။

အမြင့်ပေ ၃၀၀ ရှိတဲ့ ဒီရေကာတာကို တည်ဆောက်မယ်ဆိုရင် ကလုံးထာ ရွာဟာ ရေအကြီးအကျယ် နစ်မြုပ်နိုင်တဲ့ ဧရိယာအတွင်းမှာ ပါဝင်နေတဲ့အတွက် စီမံကိန်းဖော်ဆောင်မယ့် အီတာလျံ-ထိုင်း ကုမ္ပဏီ တာဝန်ရှိတဲ့သူတွေကတော့ ရွာကို ပြောင်းရွှေ့စေချင်နေတာ ဖြစ်ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်အတွက် အဓိက အထောက်အကူပြုမယ့် ရေကာတာ ဖြစ်တဲ့အတွက် မတည်ဆောက်နိုင် ဘူးဆိုရင် စီမံကိန်းတခုလုံး ပျက်သွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ရုပ်သံတင်းကြည့်လိုက    ဒီနေရာကိုသွားလိုက်ပါ

Thursday, November 8, 2012

ဒု-သမ္မတဦးဉာဏ်ထွန်း ထားဝယ်စီမံကိန်းကိစ္စ ထိုင်းနဲ့ဆွေးနွေး


 တနင်္သာရီတိုင်း၊ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်ခန့်ခွဲဖို့ ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းထဲမှာရှိတဲ့ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်စီမံ ခန့်ခွဲ သွားမယ့် ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်သွားမဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွေ ကိစ္စကို မြန်မာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနဲ့ ထိုင်းဝန်ကြီးချုပ် Yinluck Shinawatra တို့ဆွေးနွေးခဲ့ကြပြီးနောက်မှာ ပူးတွဲကော်မတီကို တရားဝင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ ပူးတွဲ အကောင်အထည်ဆက်ဖော်သွားမယ့် ထားဝယ်ရေနက်ဆိပ်ကမ်း ပါဝင်တဲ့ ထားဝယ် အထူးစီးပွားရေး စီမံကိန်းတွေကိစ္စကို ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ဖို့ မြန်မာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဟာ အင်္ဂါနေ့ ညနေပိုင်းကတည်းက ထိုင်းနိုင်ငံမှာ ရောက်ရှိနေ တာ ဖြစ်ပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့

Friday, October 26, 2012

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထားဝယ်၌ ဆွေးနွေး



တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အစိတ်အပိုင်း တနေရာ 
တက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပူးပေါင်း ဆောင်ရွက်နိုင်မည့် သဘာဝ ပတ် ၀န်းကျင် ထိန်းသိမ်းရေး အခွင့်အလမ်း ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ တခုကို ထားဝယ်မြို့တွင် ယနေ့ ကျင်းပကြောင်း သိရသည်။ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး အသင်း (BANCA) နှင့် နိုင်ငံတကာ ရေအောက် သယံဇာတ ထိန်းသိမ်းရေး (FFI) အဖွဲ့တို့ က ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။
ထားဝယ် ဒေသတွင်းရှိ လူထုအခြေပြု လူမှုရေး အဖွဲ့အစည်းများ၊ ရပ်မိရပ်ဘများ၊ အစိုးရအဖွဲ့ ၀န်ကြီးများ၊ တာဝန်ရှိသူများ အပါအ၀င် နိုင်ငံရေးပါတီ ၄ ခုက အဖွဲ့ဝင် ၁၅၀ ခန့်တက်ရောက်ခဲ့ပြီး စာတမ်း ၇ စောင်ဖတ်ကြားခြင်းနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြောင်း BANCA (ဘန်ကာ)အဖွဲ့က ပြောပြသည်။

Wednesday, October 10, 2012

ဒီလိုဆရာမျိုးထားဝယ်တက္ကသိုလ်မှာရှိနေပြီ

လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လို့ ဆိုပြီး တက္ကသိုလ်ဆရာတစ်ဦးအား တိုင်းဒေသကြီးအစိုးရမှ ဖိအားပေး။

လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လို့ ဆိုပြီး တက္ကသိုလ်ဆရာတစ်ဦးအား တိုင်းဒေသကြီးအစိုးရမှ ဖိအားပေး
ထားဝယ်တက္ကသိုလ် စိတ်ပညာဌာနမှ ဆရာ ဦးဇော်သူရအား လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့်အတွက် တိုင်းဒေသကြီးအစိုးရမှ တဆင့် တက္ကသိုလ်အာဏာပိုင်များမှ ဖိအားပေးလျက်ရှိကြောင်း သိရသည်။
(၈.၉.၂၀၁၂) ရက်နေ့ မနက် (၁၁.၄၅) နာရီမိနစ်ခန့်တွင် ထားဝယ်တက္ကသိုလ် စိတ်ပညာဌာနမှူးမှ ဦးဇော်သူရအား တာဝန်ခံပါမောက္ခချုပ်နှင့် နေ့လည် (၂) နာရီတွင် လာရောက်တွေ့ဆုံပါရန် ပြောကြောင်း အသိပေးပါသည်။
ဆရာဦးဇော်သူရသည် နေ့လည် (၂) နာရီ၌ သွားရောက်ခဲ့ရာတွင် ထားဝယ်တက္ကသိုလ် အစည်းအဝေး ကျင်းပလေ့ရှိသောအခန်းတွင် တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ (တာဝန်ခံပါမောက္ခချုပ်၊ ဒု-ပါချုပ်၊ သင်တန်းရေးရာမှူး၊ စီမံ-ဘဏ္ဍာမှူးနှင့် ပါမောက္ခ (၃) ဦးတို့နှင့်အတူ အစည်းအဝေး ကျင်းပခဲ့ပါသည်။.......

Tuesday, October 9, 2012

ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံမှ တရားမ၀င် ဆိုင်ကယ်များကို အစိုးရတပ် ဖမ်းဆီးနေ


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ သပြုချောင်းရွာမှစ၍ အာရှလမ်းမကြီးတစ်လျှောက်တွင် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ တရားမ၀င် ခိုးဝင်လာသော ဆိုင်ကယ်များကို နယ်မြေခံ အစိုးရစစ်တပ်များက ဖမ်းဆီးအ ရေးယူလျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံအတွင်းရှိ ကန်ချနပူရီခရိုင်တွင် ဆိုင်ကယ်ပျောက်ဆုံးမှု များပြားလာသဖြင့် ထိုင်းအာဏာပိုင်များ ၏ အကူအညီတောင်းခံမှုကြောင့် ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ထိုင်းစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ကေ အိုင်စီသို့ ပြောသည်။
၎င်းက “အရင်က တရားဝင်ရော၊ တရားမ၀င်ရော အကုန်ရတယ်။ အခုနောက်ပိုင်း မရတော့ဘူး။ လမ်းတွေပိတ်ပြီးတော့ ဖမ်း တာ။ ပိုက်ဆံပေးလည်း မရတော့ဘူး။ ဆိုင်ကယ်လည်း အ၀င်မခံတော့ဘူး”ဟု ပြောဆိုသည်။.........

Sunday, September 30, 2012

စင်ကာပူ သဲတင် သင်္ဘော ထားဝယ် အထိ ခရီးဆန့်

စင်္ကာပူမှ သဲစုတ်ရေယာဉ်များ
ကုန်းမြေချဲ့ရန် သဲအမြဲစတေ လိုအပ်နေသော မြို့ပြကျွန်းနိုင်ငံ စင်ကာပူ သဲသယ်ယာဉ်များ ထားဝယ်မြစ်ဝ အထိ ခြေဆန့်ကာ သဲလာရောက်ဝယ်ယူရန် ရှိကြောင်း သဲတင်ပို့မည့် ကျော်ကျော်ဖြိုးကုမ္ပဏီ ထံမှ သိရသည်။
မြန်မာနိုင်ငံတောင်ပိုင်းမှ ကော့သောင်းဒေသတွင် သဲတူးဖော်ဝယ်ယူနေသော စင်ကာပူသဲတင် သင်္ဘောများသည် မြောက်ဘက် မိုင်လေးရာခန့်အကွာရှိ ထားဝယ်မြစ်ဝအထိ ခရ
ီးဆန့်လာခြင်းဖြစ်သည်။
ထားဝယ်မြစ်ကြောင်း ရှင်းလင်းရေး သောင်တူးသည်အနေဖြင့် ကျော်ကျော်ဖြိုး ကုမ္ပဏီမှ သဘောင်္ ရှစ် စင်း ဖြင့် သဲတူး၊ သဲသယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး ယခုလနောက်ဆုံးအပတ်တွင် စင်ကာပူမှ သဲဝယ်ယူမည့် သင်္ဘောရောက်ရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံမှ

အချိန်မီ မပြီး၍ မြိတ် - မောတောင် လမ်းဖောက်လုပ်ခွင့် ယုဇနကုမ္ပဏီ ရုပ်သိမ်းခံရ

 
ယုဇနကုမ္ပဏီက ဖောက်လုပ်နေ သော မြိတ်-တနင်္သာရီ-မောတောင် လမ်းစီမံကိန်း လမ်းပိုင်းအချို့ ကို သတ်မှတ်အချိန်မီမပြီးစီး၍ ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဦးသန်းအောင်က ပြောကြား သည်။
ယုဇနကုမ္ပဏီသည် မောတောင် လမ်းစီမံကိန်းအတွက် လွန်ခဲ့သည့် ၂ နှစ် ခန့်ကတည်းက 
လုပ်ကိုင်ခွင့်ရထားသော် လည်း လုပ်ငန်းအကောင်အထည်ဖော် ရာတွင် တိုးတက်မှုမရှိသည့်အတွက် B.O.T ကိုပြန်ရုပ်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။
တည်ဆောက်ဆဲတနင်္သာရီ-မြိတ် လမ်းပိုင်းကို ပြန်လည်လုပ်ကိုင်ခွင့်ပေး ရန်

Wednesday, September 26, 2012

ထားဝယ်တိုင်းသိသင့်တဲ့စီမံကိန်းအကြောင်း

                           ထားဝယ်စီမံကိန်းကြောင့်ဒေသခံများအခက်ခဲတွေ့နေရပုံ
ထိုင်းနိုငံမှာဆိုရင်ထိုင်းကုမ္ပဏီတွေအဲလောက်ဆိုးဝါးဝါးလုပ်ရဲ့မယ်မထင်ဘူး
ထိုင်းစီမံကိန်းတွေလုပ်တာမြင်ရသလောက် ပတ်ဝန်းကျင်မထိခိုက်အောင်တော်တော်လေး
လုပ်ပြီးမှစီမံကိန်းကိုစကြလို့ပါပဲ့။ အခုလုပ်ပုံကိုင်ပုံတွေက ထိုင်းတွေထားဝယ်တွေကို
စိတ်ဆင်းရဲအောင်တမင်များလုပ်နေသလားလို့ခံစားမိတယ်။တကယ်ဆိုအများသွား
လာတဲ့လမ်းတွေကိုအရင်ကောင်းအောင်လုပ်ပြီးမှစီမံကိန်းစသင့်တယ်။အခုဗွီဒိယိုထဲမှာ
မြင်ရသလောက်တော့တော်တော်စည်းမဲ့ကမ်းမဲ့လုပ်ရပ်တွေပါပဲ့။ငွေမရှိဘဲစီမံကိန်းစပြီး
လမ်းအူကြောင်းတွေပဲ့ဟန်ပြလုပ်နေတယ်။တကယ်ဆို သူတို့စမဲ့နေရာရာလမ်းကိုကောင်းအောင်
အရင်လုပ်သင့်တယ်။ဒေသခံ ဆိုတဲ့အတိုင်း ခံရတာတွေများလာတယ်။
တိုးတက်တာကနောက် အရင်ဆုံးထိုင်းတွေထားဝယ်ကအခြေနေကြည့်ပြီးပျော်နေလောက်ပြီ။
        အရင်က ဦးအောင်ဇေယျ ကထိုင်းကိုဝါးရင်းတုတ်နဲ့သိမ်းတယ်
         အခု ထိုင်းက ထားဝယ်ကိုစီမံကိန်းဆိုပြီးသိမ်းတယ်။စိတ်၁င်းရဲအောင်လုပ်နေတယ်။
ဝဋ်လည်တာလား  ကိုယ့်ဘက်ညံ့တာလား  ဆိုတာခွဲခွဲခြားခြားမြင်နေတယ်။
စီမံကိန်းကတော့တားလို့ရတော့မှာမဟုတ်တော့ဘူး။ မခံချင်လို့အကြမ်းဖက်လို့ကလဲမဖြစ်။
တိုးတက်ရင်ပြီးရောဆိုပြီး  လွှတ်ထားပြန်ကလဲမဖြစ်။  အဲဒီတော့လောလောဆယ်လုပ်နိုင်တာလေး
လုပ်လိုက်တယ်။ဒီဗွီဒီယိုကိုကြည့်ပြီးထားဝယ်တွေ နိုးကြားနိုင်ပါစေ။
         

Tuesday, September 25, 2012

မြိတ်မြို့ပေါ်က ဆိုင်ကယ်များလိုင်စင် ပြုလုပ်ရန်အတွက် အခက်ခဲကြုံတွေ့နေရ

တနသာင်္ရီတိုင်း ဒေသကြီး မြိတ်မြို့နယ် ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားရေးမှု ဦးစီးဠာနမှ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ က ည န ရုံးမှ မြိတ်ခရိုင်အတွင်းရှိ ဆိုင်ကယ်လိုင်စင်များ ပြုလုပ်ပေး လျက်ရှိနေကြောင်း ထိုင်းနိုင်ငံမှ တင်သွင်းလာသော ယိုးဒယားထုတ် ဆိုင်ကယ်များနှင့် ဗီယမ်နမ် နိုင်ငံတို့မှတင်သွင်းလာတဲ့ လိုင်စင်မဲ မော်တော်ယာဉ် ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေး လျှက်ရှိနေကြောင်း သိရှိရပါသည်...။

မြိတ်မြို့ နယ်အတွင်းရှိ နေ့စဉ် အစိုးရရုံး ဖွင့်ရက်များမှာ လိုင်စင်မဲ့ ဆိုင်ကယ်များ အောင်တိုဘာလ နောက်ဆုံး သတ်မှတ်ရက် နီးကပ်လာတာနဲ့အမျှ ဆိုင်ကယ်လိုင်စင်များ လာရောက်ပြုလုပ်နေ သူတွေ အထူးများပြားလျက်ရှိရာတနေ့ကို အစီးရေ
ရာနဲ့ချီလာ ရောက်ပြုလုပ်နေတဲက အထဲမှာ တနေ့ကို အစီးရေ ၃၀၀ မှ၄၀၀ အထိ လာရောက်ပြု လုပ်နေကြတယ်လို့ သိရပါတယ်။.......

Monday, September 24, 2012

ထိုင်းနိုင်ငံ Bangkok Bank နှင့် မြန်မာဘဏ်ချိတ်ဆက်မူ




ထိုင်းနိုင်ငံ ဘန်ကောက်ဘဏ် (Bangkok Bank ) သည်၊ မြန်မာနိုင်ငံမှ AGD, KBZ, Ayeyawady, Co-operative ဘဏ်များ နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်နိုင်ပြီးဖြစ်ကြောင်း ဘန်ကောက် ဘဏ်မှ သတင်း ထုတ်ပြန်ပါသည်။
AGD Bank ထဲသို့ မလေးရှားနိုင်ငံ May Bank ၊ CIMB Bank နှင့် IME ငွေလွှဲကောင်တာများမှ ငွေလွှဲပို့ပေးနိုင်ပြီးဖြစ် သ လို Bangkok Bank နှင့်လည်း ငွေလွှဲပေးပို့နိုင်ပြီး ဖြစ်ပါသည်။

ယခင်က ဘန်ကောက်ဘဏ်သည် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ နိုင်ငံခြား ကုန်သွယ်မှုဘဏ် စသည့် ဘဏ်(၂) ခုဖြင့်သာ ချိတ်ဆက်ဆောင်ရွက် နေခဲ့ပါသည်။ ယခု အချိန်၌ နိုင်ငံ (၂၆) နိုင်ငံရှိ ဘန်ကောက်ဘဏ် ခွဲများမှ တဆင့် မြန်မာနိုင်ငံသို့ ကုန် သွယ်ရေး ရင်းနှီးမှုများ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။........

ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်တွင် ဂျပန်က ရှယ်ယာအများ​ဆုံး​ အရင်း​နှီး​ထည့်​မည်

လအတန်ကြာ ညှိနှိုင်း​မှု​တွေ အဆင်မ​ပြေနဲ့​ အရင်း​နှီး​တွေ မပြည့်​အစုံ ဖြစ်​နေတဲ့​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်တည်​ဆောက်​ရေး​ လုပ်ငန်း​တွေ ဂျပန်က ဝင်လာတာ​ကြောင့်​ အ​ခြေအ​နေပြန်​ကောင်း​လာပါတယ်။
ပြီး​ခဲ့​တဲ့​ လတုန်း​က စီမံကိန်း​အ​ပေါ် ​ဒေသခံ​တွေရဲ့​ မ​ကျေမနပ် ကန့်​ကွက်မှု​တွေနဲ့​ ​ငွေ​ရေး​ကြေး​ရေး​ပိုင်း​ဆိုင်ရာ အဆင်မ​ပြေမှု​တွေ အ​ကြောင်း​ပေါင်း​ တိုက်ဆိုင်ပြီး​ ထား​ဝယ်စီမံကိန်း​ လုပ်ငန်း​တွေ ရပ်ဆိုင်း​လုနီး​နီး​ ဖြစ်​နေပါတယ်။
ပထမအရစ်အတွက် ကုန်ကျမယ့်​ အရင်း​နှီး​ အ​မေရိကန် ​ဒေါ်လာ ၈ ဒဿမ ၅ ဘီလီယံပြည့်​ဖို့​ ရှယ်ယာ​တွေ ​ခေါ်လို့​ မရ​သေး​တဲ့​အတွက် လမ်း​ဆောက်လုပ်​ရေး​၊​ တယ်လီကွန်မြူနစ်​ကေး​ရှင်း​ ကွန်ရက်၊​ ဆိပ်ကမ်း​နဲ့​ တခြား​ လိုအပ်တဲ့​ အ​ခြေခံအ​ဆောက်အအုံပိုင်း​ တည်​ဆောက်​ရေး​မှာ အခက်​တွေ့​ရပါတယ်။
အခု​တော့​ ထား​ဝယ်စီမံကိန်း​ဟာ မဟာဗျူဟာအရ အ​ရေး​ပါတာ​ကြောင့်​ ဂျပန်ကလည်း​ စီမံကိန်း​...

Saturday, September 22, 2012

မြိတ်တွင် ၈၈ အတု ပေါ်နေတယ်

 
ကျောက်မီးသွေး စက်ရုံနှင့် ပတ်သက်၍ မြိတ်မြို့တွင် ၈၈ မျိုးဆက်ကျောင်းသားများဟုဆိုကာ အဖွဲ့တု တစ်ခုပေါ်ပေါက်နေကြောင်း မြိတ်မြို့အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ကျောက်မီးသွေး စက်ရုံဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်နေချိန်တွင် ယင်းအဖွဲ့သည် ကျောက်မီးသွေး စက်ရုံ၏ ကောင်းကျိုးများကိုသာ လူထုကို ပြောဆို စည်းရုံးနေကြောင်း အထက်ပါ အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်းသား ဦးအောင်နိုင်ဦးက ရှင်းပြသည်။

Thursday, September 20, 2012

တိုင်းရင်းသားဒေသများရှိ စီမံကိန်းများ အကြောင်းဦးအောင်မင်းပြောပြီ



တိုင်းရင်းသားဒေသများရှိ စီမံကိန်းများ အကြောင်း. . .
(ဧရာဝတီ မေး၊ ၀န်ကြီး ဦးအောင်မင်းဖြေ)

မေး ။ ။ တိုင်းရင်းသားနယ်တွေက စီးပွားရေးလုပ်ငန်းတွေ၊ Development project တွေကျတော့ရော၊ နိုင်ငံတော်ရဲ့ Project တွေလည်း အဲဒီမှာ ရှိတာရှိတယ်။ ကချင်မှာလည်း ရှိတယ်၊ ရှမ်းနယ်မှာလည်း ရှိတယ်။ ကရင်နယ်မှာလည်း ရှိတယ်။ ထားဝယ် ရေနက်ဆိပ်ကမ်းဆိုရင်လည်း အညိုရောင်နယ်မြေတွေမှာ အခု တည်ဆောက်ဖို့တွေ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး အကျိုးတူ ခံစားခွင့်ကိစ္စတွေကို တိုင်းရင်းသားဘက်က ပြောလာတာတွေ ရှိပါတယ်။ ဆိုတော့ အဲဒီကိစ္စတွေကို ၀န်ကြီး ဘယ်လိုကိုင်တွယ်ဖို့ မျှော်မှန်းထားပါသလဲ။ 

ဖြေ ။ ။ အခုကျနော်တို့ သူတို့နဲ့ စကားပြောနေတဲ့နေရာမှာ သူတို့နယ်မြေထဲမှာ ကျရောက်နေတဲ့၊ ဥပမာအားဖြင့် Project တွေ၊ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဒါတွေကို လုပ်မယ်ဆိုရင် သူတို့နဲ့ တိုင်ပင်ပြီးမှ၊ သဘောတူညီချက် ယူပြီးမှ လုပ်မယ်လို့ ကျနော်ပြောထားပြီးသား။ ထားဝယ်မှာ လုပ်တဲ့ Project ကတော့ ဒါအစိုးရ Project ပဲ။ အဲဒီမှာ ဖောက်မယ့် ရထားလမ်း၊ ကားလမ်းဆိုရင်တော့........


ထားဝယ် စီမံကိန်း ပြန်လည် သုံးသပ်ရန် ထိုင်း NGO အဖွဲ့ လေးဆယ်ကျော် တောင်းဆို

အစိုးရ ချင်း ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေသော ထားဝယ် စီမံကိန်းကို ပြန်လည် သုံးသပ်ရန် ထိုင်းနိုင်ငံ အခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGO) လေးဆယ် ကျော်က ထိုင်းအစိုးရကို တောင်းဆို လိုက်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြု လုပ်သော စက်တင်ဘာ ၁၈ ရက်နေ့တွင် NGO သုံးဆယ်က ထိုသို့  ပြန်လည် သုံးသပ်ရန် တောင်းဆို ချက်ကို လက်မှတ် ရေးထိုးခဲ့သော်လည်း နောက်တစ်ရက်တွင် ၄၂ ခုအထိ လက်မှတ်ရေး ထိုးခဲ့သည်.
ဒေသခံ များအပါအ၀င် စီမံ ကိန်းတွင် ပါဝင် ပတ်သက်သူ အားလုံး ပါဝင်သော နည်းလမ်း ကိုအသုံးပြု ၍ ဖြစ်နိုင် ဖွယ် လေ့လာမှု အားလုံး ပြန်လည် လုပ်ဆောင်ရန်၊ စီမံကိန်း ဆိုင်ရာ အချက်အလက် အားလုံး ထုတ်ဖော်ေ ပြောဆိုရန်၊ မြန်မာနိုင်ငံ ရှိ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ သည် ထားဝယ် စက်မှုဇုန် စီမံကိန်း ကဲ့သို့သော ကြီးမားသည့် စီမံကိန်းကြောင့်  ဖြစ်ပေါ်လာမည့် လူမှုရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာများကို ကိုင်တွယ်ရန် ပြည့်စုံ ကုံလုံမှု မရှိသေးဘဲ စီမံ ကိန်းကို လျှင်မြန်စွာ အကောင်အထည် ဖော်မည်ဆိုပါက ထိုင်း အစိုးရသည် မြန်မာနိုင်ငံ အတွင်းရှိ ဒေသခံ........

Wednesday, September 19, 2012

အမေရိကန်မှာဒေါ်စုမိန့်ခွန်းပြောပြီ

ဒီနေ့ဟာ ကျမဘ၀မှာ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး နေ့တနေ့ပါပဲ။ ပါတီစွဲမခွဲပဲ ညီညီညွတ်ညွတ်နဲ့ အဝေးကလာတဲ့ ကျမလို သူစိမ်းတယောက်ကို အမေရိကန် ကွန်ဂရက် လွှတ်တော်ကြီးက ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်တမ်းမှာတော့ ဒီမှာရှိတဲ့သူ တော်တော်များများဟာ ကျမနဲ့သူစိမ်းပြင်ပြင်တော့
မဟုတ်ပါဘူး။ ဒီနေရာမှာ တွေ့ဖူးနေကျ မျက်နှာတွေတော်တော်များများရှိသလို၊ ကျမတို့နိုင်ငံ ကျမတို့ရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးမှုတွေကြောင့် နာမည်တွေ နဲ့ တကွ ရင်းနှီးကျွမ်းဝင်ပြီးသား သူ တွေလည်း ရှိနေတာမို့ပါ။.......

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမား တွေ့ဆုံ

ဓာတ်ပုံ- REUTERS
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စက်တင် ဘာ ၁၉ ရက်က အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် တွေ့ဆုံခဲ့သည်။ အိုဘားမားသည် နေအိမ်အကျယ်ချုပ် ၁၅ နှစ် ကျခံခဲ့ရသော နိုဗယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ လာရောက်သည့် ၁၇ ရက်တာ ခရီးစဉ်အတွင်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

Sunday, September 16, 2012

ထားဝယ်စီမံကိန်းစာချုပ်ပြန်ချုပ်မည်ဟုဆို

ထားဝယ်အထူး စီးပွားရေးဇုန်ဧရိယာ အတွင်းရှိ လုပ်ငန်းခွင်တစ်နေရာအား
စက်တင်ဘာလအတွင်းက တွေ့ရစဉ်

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၏ မူဘောင် သဘောတူစာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆို သွား မည်ဖြစ်ပြီး လက်ရှိတွင် ကြန့်ကြာနေသည့် စီမံကိန်းလုပ်ငန်းများအား လျင်မြန်စွာ အကောင်အထည် ဖော်နိုင် ရန် အစိုးရအချင်းချင်း ဆက်သွယ်မှုဖြင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထားဝယ် အထူး စီးပွား
ရေးဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့ (ယာယီ)ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

Thursday, September 6, 2012

မြိတ်ရှော့ပင်း စင်တာတွင် ကာစီနို လောင်းကစား ၀ိုင်းများဖြင့် စည်ကားနေ


မြိတ်ရှော့ပင်း စင်တာ အပေါ်ထပ်ရှိ ကစားဝိုင်း တခုကို တွေ့ ရစဉ်
တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ  မြိတ်ရှော့ပင်း စင်တာ အပေါ်ထပ်ရှိ သီးသန့် အခန်းထဲမှာ ကာစီနို လောင်းကစား ၀ိုင်းများဖြင့် စည်ကားနေ ကြောင်းသိရပါတယ်။

အခန်းတံခါးဝမှာ အသက်ဆယ့်ခြောက် နှစ်အောက် မ၀င်ရဟု စာကပ်ထားပေမယ့် အခန်းတွင်းမှာတော့ ကျောင်းသားလူငယ်များ နဲ့ စည်ကားနေပါတယ်။ လောင်းကစားဝိုင်းများ တင်းကြပ်နေချိန်မှာ မြိတ်ရှော့ပင်စင်တာ ပေါ်မှာတော့ ပေါ်ပေါ်ထင်ထင် ဖွင့်ထားဖြစ်ပါတယ်။

နေ့စဉ်နီးပါး လာကစားနေသော အမျိုးသမီးတစ်ဦးအား မေးကြည့်ရာ သူမတွင်စုစုပေါင်း ငွေကျပ်တစ်သိန်းနီးပါး ရှုံးနေပြီဟု Myanmar News Now ကို ပြောပါတယ်။

ကစားရာမှာ ပိုက်ဆံနဲ့  မဟုတ်ပဲ coil ဖြင့်ကစားရပြီး  coil တစ်ပြားကို ငွေကျပ်တစ်ရာဖြင့် ကောင်တာမှာ လဲလှယ်ပေးပါတယ်။ အနိုင်ရရှိသော coil များကိုမူ လုံးဝ လုံးဝ ပြန်မလဲပေးပါဟု အခန်း နံရံတွင် စာကပ်ထားတာလည်း တွေ့ ရပါတယ်။ ......

ပုလောမြို့ ကန့်သန့်ရေပိုင်နက်ထဲမှာငါးဖမ်းနေ

၃.၉.၂၀၁၂  - စက်တင်္ဘလ ၃ ရက်နေ့ မှစတင်ကာ တနင်္သာရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ် အတွင်းရှိ ပြင်ဘုကြီး၊ ပြင်ဘုငယ် ၊ခန္တီ၊လိပ်ဥသောင်၊ ကံမော်ကြီး၊ ကင်းမော်ချုံ ကျေးရွာများ အနီးရေပြင်တွင် ဝါလပ်(ဒရွတ်တိုက်ဆွဲ ငါးဖမ်းရေယဉ်များဖြင့် ငါးဝင်ရောက်ဖမ်း နေသောကြောင့် သိရပါတယ်။

အဆိုပါ ကျေးရွာများမှ တနိုင်တပိုင် တနေ့လုပ် တနေ့စား ငါးဖမ်းလုပ်ကိုင် စားသောက် နေသော တံငါသည်များ၏ ငါးဖမ်းပိုက်များကို ပါတစ်ပါးတည်း ဆွဲယူသွားခြင်းကို ကြုံတွေ့နေရကြောင်း ဒေသခံ တံငါသည်များက Myanmar News Now ကို ပြောပါတယ်။

ငါးလုပ်ငန်း ဥပဒေအရ အဆိုပါ ငါးဖမ်းရေယဉ် (ဒရွတ်တိုက်ဆွဲ) များ ကမ်းခြေများ(ကျေးရွာ) အနီး ဝင်ရောက်ငါး ဖမ်းဆီးခွင့်မရှိပါ၊ အခုလို ငါးဖမ်းဆီးမှု ကြောင့် ဒေသခံ ငါးဖမ်းလုပ်သားများမှာ..........

Wednesday, September 5, 2012

ထားဝယ်စီမံကိန်း သေချာ ပြင်ဆင် သုံးသပ်ရန်လိုဟု ပညာရှင်များ ပြောကြား

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်း ကို အကောင်အထည် ဖော်ရာတွင် ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ် ပါက မြန်မာဘက်မှ စီးပွားရေး အရှ အကျိုး ခံစားရန် အခွင့်အလမ်း ပိုမို နည်းပါးပြီး ထားဝယ် ဒေသခံ များအနေဖြင့် ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုရေး ဆိုင်ရာ ပြဿနာများကို ပိုမို ခံစားနိုင် ဖွယ်ရှိသည်ဟု ထားဝယ် စီမံကိန်း ဆိုင်ရာ သုတေသီ များက ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မဟီလ်ဒေါ တက္ကသိုလ်တွင် ပြုလုပ်သည့် ထိုင်း လူမှု အဖွဲ့အစည်း များ ဦးဆောင်သော  “ထိုင်း-မြန်မာ ဆက်ဆံရေး (မတ်တဖွတ် မှ ထားဝယ်သို့)” ဆွေးနွေးပွဲ အပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ ထားဝယ် စီမံကိန်းကို သတိရှိစွာ အကောင်အထည် ဖော်ရန် ကျွမ်းကျင်သူ ပညာရှင် များက တိုက်တွန်း လိုက်ကြခြင်းဖြစ်သည်။........

ထိုင်းမှာရှိတဲ့ထားဝယ်တွေအိမ်ပြန်နိုင်တော့မည်

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေရသည့် အလုပ် သမားများ ပြန်လာနိုင်သည် အခင်း အကျင်း ဖြစ်ရန် ပြုလုပ် နေကြောင်း တနင်္သာရီတိုင်း ၀န်ကြီးချူပ် ဦးမြတ်ကို က ပြီးခဲ့သည့် ရက်ပိုင်းက ထားဝယ်မြို့တော် ခန်းမ တွင် ပြုလုပ်သည့်  ထားဝယ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ လီမိတက် (DDPC) ၏  ရှယ်ယာရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။
ဒေသခံများ ပြန်လာနိုင်ရန် လုပ်ဆောင် ရာတွင် မိမိ တစ်ဦးတည်း အနေနှင့်  မဖြစ်နိုင်ဘဲ DDPC အပါအ၀င် အားလုံးမှ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအတွက် အစိုးရ အနေနှင့် စိန်ခေါ်မှု များစွာ ရှိနိုင်သည်။
ညစ်ညမ်း အကြီးစား စက်ရုံ အများစုပါဝင်သည့် ထားဝယ် အထူးစီးပွားရေးဇုန်၊ စက်ရုံ လည်ပတ်ရန် လုပ်သား အင်အား ၁၈၀၀ ကျော် ရှိမည်ဟုဆိုသည့် လောင်းလုံးမြို့နယ်တွင် တည်ဆောက်မည့် ရေနံချက် စက်ရုံ များသည် ဒေသခံ များကို အလုပ်အကိုင် အခွင့်အလမ်း များစွာ ဖန်တီးနိုင် မည်မဟုတ်ဟု ဒေသခံ အများစု က မှတ်ချက်ပြုသည်။......

Thursday, August 30, 2012

ထားဝယ် စီမံကိန်းအတွက် ကလုံးထာ ကျေးရွာ ပြောင်းဖို့ ငြင်းဆန်


ရန်ကုန် (မဇ္ဈိမ) ။       ။ ရေကာတာ တည်ဆောက်ရန် အတွက် အိမ်ထောင်စု ၁၈ဝ ကျော်ရှိ ရွာတရွာကို ရွှေ့ပြောင်း
ပေးရန် ထားဝယ် ဖွံ့ဖြိုးမှု စီမံကိန်း ဆောင်ရွက်နေသည့် အီတာလျံ-ထိုင်းကုမ္ပဏီ ITD က ညှိနှိုင်းနေသော်လည်း ရွာသားများက ပြောင်းရွှေ့ရန် ငြင်းဆန်နေကြသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုရာ ကလုံးထာ
ကျေးရွာတွင် စိုက်ပျိုးမြေဧက တသောင်းကျော် ရှိသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့က ကလုံးထာရွာသို့ ITD ကုမ္ပဏီ ကိုယ်စားလှယ် ရောက်လာပြီး ပြောင်းရွှေ့စေလိုကြောင်း
ပြောဆိုခဲ့သည်ဟု ကျေးရွာရှိ ဓမ္မရက္ခိတာ ကျောင်းတိုက် ဆရာတော် ဦးပညာဝံသ က မိန့်သည်။

“ရွာသားတွေရဲ့ဆန္ဒက လျော်ကြေးပေးလည်း ဘိုးစဉ်ဘောင်ဆက် နေလာတဲ့ ဒီရွာက မပြောင်းချင်ကြဘူး။ စီမံကိန်း ဧရိယာမှာ နဘုလယ်ဒေသ ပါတယ်။ ဘုန်းဘုန်းတို့ရွာ မပါဘူး။ ဒါကြောင့် ပြောင်းဖို့ လက်မခံနိုင်ဘူး” ဟု မိန့်ကြား သည်။........

Thursday, August 16, 2012

သတ္တုတွင်း စွန့်ပစ်မြေကြောင့် ချောင်းကောမှု တိုင်းအစိုရထံ ဒေသခံများ စာပို့


တနင်္သာရီတိုင်း  ဒေသကြီး၊ ထားဝယ်မြို့၏ အရှေ့ဖက်ရှိ ဟိန္ဒား သတ္တုတွင်း နယ်မြေအတွင်း မြန်မာ ပွန်ပီပက် ကုမ္ပဏီ (MPC) မှ မြေစာ စွန့်ပစ်မှုကြောင့် မြောင်းပြိုရွာမှ ဒေသခံများ ရင်ဆိုင် ရသည့် ပြဿနာများကို ကူညီဖြေရှင်း ပေးပါရန် အချက် သုံးချက်ပါ အိတ်ဖွင့်ပေးစာကို တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးသို့ ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ ခဲ့သည်။
စွန့်ပစ်မြေစာ များကြောင့် တိမ်ကောနေ သည့် မြောင်းပြိုချောင်း အား ရေစီးရေလာ ကောင်းမွန်အောင် ပြုပြင် ပေးရန်၊ သဲနှုံးမြေ ဖုံးလွှမ်း သွားသည့် သောက်သုံး ရေတွင်းများ၊ နေအိမ်များ၊ ရွာလမ်းများ၊ လယ်ယာ ဥယျာဉ်ခြံ မြေ များနှင့် သီးပင်စား ပင်များအတွက် ထိုက်တန်သည့် လျှော်ကြေးပေးရန်၊ မိမိ နေအိမ်များမှ မည်သည့် နေရာကိုမှ မပြောင်းရွှေ့စေရန် အချက်သုံးချက်ကို တောင်းဆိုသည်။

Friday, August 10, 2012

အခြေခံ အုပ်ချူပ်ရေး ပြုပြင် ဖွဲ့စည်းရေး တနင်္သာရီ တွင် ခြေလှမ်းစ


 တနင်္သာရီ တိုင်းဒေသကြီး အတွင်း ခရိုင်း သုံးခုတွင် အခြေခံ အုပ်ချူပ်ရေး ပြုပြင် ဖွဲ့စည်းရေး ခြေလှမ်း အစ အဖြစ် ရပ်ကွက်ကျေးရွာ အုပ်ချူပ်ရေးမှုး အဆင့် အထိ သင်တန်း စတင်ပေး မည်ဟု တနင်္သာရီ တိုင်းဒေသကြီး အထွေထွေ အုပ်ချူပ်ရေး ဦးစီး ဌာန ထံမှ သိရသည်။
 အဆိုပါ သင်တန်းများကို ထားဝယ်၊ မြိတ်နှင့် ကော့သောင်း ခရိုင်တို့တွင် တပြိုင်နက် တည်း ပြုလုပ် မည်ဖြစ်ပြီး ဆင့်ပွား သင်တန်းပေး သည့် ပုံစံဖြင့် ပြုလုပ်မည် ဖြစ်သည်ဟု တိုင်း အုပ်ချူပ်ရေး ရုံးမှ ဒုတိယ ညွှန်ကြားရေးမှုး ဦးသန်းမြင့် က ဆိုသည်။
တိုင်းနှင့် ပြည်နယ် အသီးသီးမှ လက်ထောက် ညွှန်ကြားရေးမှုး များကို ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ်ရှိ အုပ်ချူပ်မှု ပညာ ဖွံ့ဖြိုးရေး သင်တန်းကျောင်း တွင် တက်ရောက် စေခဲ့ပြီး ဆင့်ပွား သင်တန်းကို တိုင်းဒေသ ကြီး အုပ်ချူပ်ရေး အဖွဲ့ရုံးတွင် ဇူလိုင်လ ၂၅ မှ ၂၇ ရက်နေ့အထိ သုံးရက်ပြု လုပ်ခဲ့သည်။

ထားဝယ် – မြိတ် မီးရထားလမ်း စီမံကိန်းကို ခေတ္တရပ်ဆိုင်း

ထားဝယ်-မြိတ် မီးရထားလမ်းမှ ဆိပ်ကမ်းဘူတာ
Photo : TKTK

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ထားဝယ်နှင့် မြိတ်မြို့တို့ကို ဆက်သွယ် ဖောက်လုပ်မည့် ထားဝယ် – မြိတ် မီးရထားလမ်း စီမံကိန်းအား ခေတ္တရပ်ဆိုင်းထားကြောင်း မီးရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး သူရ ဦးသောင်းလွင်က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် ပုလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှ (ခ ) ဦးလှမြင့်က ထားဝယ် – မြိတ် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း၏ ပုလော – သရက်ချောင်း လမ်းပိုင်း အကြမ်းဖောက်လုပ်ရာတွင် ပါဝင်ဆုံးရှုံးသွားသည့် ဒေသခံများ၏ ပိုင်ဆိုင်မှုအတွက် လျှော်ကြေးကိစ္စ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ်တွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။..

Saturday, August 4, 2012

ထားဝယ် အထူးစီးပွားရေးဇုန် သတင်းသုံးသပ်ချက်


ဗမာစစ်အစိုးရနဲ့ အီတာလျံ-ထိုင်း (Italian-Thai Development Public Company Limited) ကုမ္မဏီတို့ သဘောတူခဲ့ကြတဲ့ ထားဝယ် အထူးစီမံကိန်းဇုန်နဲ့ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့ မြန်မာနဲ့ ထိုင်းအစိုးရတို့ ဇူလိုင်လနှောင်းပိုင်းက နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုးကြပါတယ်။ ဒေသခံတွေရဲ့  ကန့်ကွက်မှု၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အား စီမံကိန်းကို ဇန္နဝါရီလအစောပိုင်းမှာ ဦးသိန်းစိန်အစိုးရက ရပ်ဆိုင်းမှု၊ ငွေရင်းအလုံအလောက်ရဖို့ ခက်ခဲမှု စတာတွေကြောင့် နှောင့်နှေးကြန့်ကြာမရေမရာ ဖြစ်နေတဲ့ စီမံကိန်းကို ဖြစ်မြောက်အောင်လုပ်ဖို့ ထိုင်းနဲ့ဗမာအစိုးရတို့က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး ၂၀၁၄ မှာ အာဆီယံဥက္ကဌလုပ်မယ့် ဗမာအစိုးရရဲ့  လိုအပ်ချက်တွေကို ကူညီရေး၊ လူသားစွမ်းရည်တိုးတက်ဖို့ ပူးတွဲဆောင်ရွက်ရေး၊.....

Tuesday, July 31, 2012

မောင်းမကန်မြေကိစ္စ အများပိုင် ကုမ္ပဏီထံ တောင်းဆိုချက်ပို့


တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မောင်းမကန် ကမ်းခြေ၏ မြောက်ဘက်တွင် ဟိုတယ် တည်ဆောက်ရန်  ကမ်းခြေ တစ်လျှောက် မြေဧက ၄၀၀ ခန့်အား လုပ်ပိုင်ခွင့် ရသည့် ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ ( DDPC ) အား မောင်းမကန် ဒေသခံ များက အချက် လေးချက် ပါဝင်သည့် အိတ်ဖွင့် ပေးစာကို ဇူလိုင်လ ၂၃ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့သည်။
DDPC မှ ၎င်းတို့ လုပ်ပိုင်ခွင့်ရသည့် မြေဧရိယာရှိ သီဟိုဠ်ပင် များအား ဘူဒိုဇာ များဖြင့် ရှင်းလင်း သဖြင့် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာ ကုမ္ပဏီနှင့် မောင်းမကန် ဒေသခံများ ၃ ကြိမ်မြောက် တွေ့ဆုံပြီး ချိန်တွင် ယင်းသို့အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းဖြစ်သည်။

လိုအပ်ချက်ကို ထောက်ပြရန် ထားဝယ် ၈၈ ကို တိုင်းဒေသကြီး ၀န်ကြီးချူပ် ပြောဆို

                                                   
တနင်္သာရီ တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် များတွင် လိုအပ်ချက် များ ရှိလျှင် ပွင့်ပွင့်လင်းလင်း လာရောက် ဆွေးနွေး အကြံပေးနိုင်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချူပ် ဦးမြတ်ကိုက  ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများ အား ဇူလိုင်လ ၂၇ ရက်နေ့ ၀န်ကြီးချူပ် ရုံးခန်း၌ တွေ့ဆုံစဉ် ပြောကြား လိုက်သည်။
ယင်းတွေ့ဆုံ ပွဲတွင် ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးကျော်ကျော်သက်၊ ဦးနေ၀င်းအောင်၊ ဦးကျော်သောင်း၊ ဦးသန်းမြင့်နှင့် ဒေါ်မိုမိုချစ်တို့ တက်ရောက် ခဲ့ပြီး  ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ရန် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ထံမှ သိရသည်။......

Sunday, July 29, 2012

ထားဝယ်မှာရေကြီးနေ

တနင်္သာရီတိုင်း ထားဝယ်မြို့ တော်မှာ မိုးသည်း ထန်သဖြင့် နေရာအနှံ အပြားမှာ ရေလွှမ်းမိုးနေ ပါတယ်။ ရေကြီး နေသော နေရာများသို့  လူမှုရေး ဆောင်ရွက် နေကြသည့် မျိုးဆက်သစ်တွေ ကျောင်းသားတွေ ထားဝယ်ကျောင်း သားသမဂ္ဂ မှကျောင်းသူ/သားများ ၊ NLD ပါတီဝင်များ နှင့် ပရဟိတ အသင်းများ က ရေဘေးဒုက္ခ ကြုံတွေ့ နေရသူတွေကို ကူညီစောင့် ရှောက်ပေးနေကြောင်း Myanmar News Nowမှ သတင်းရရှိပါတယ်။ ထားဝယ်မြို့ တော် ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ပြထားတဲ့ ထားဝယ်ရေကြီးမှု  မြင်ကွင်း ဓါတ်ပုံပေါင်း (၂၁)ပုံအား ကြည့် ရှုရန်   ဒီနေရာကို နှိပ်ပါ မိုးသည်းထန်သဖြင့် ရေကြီးနေသောနေရာများသို. လူမှုရေးဆောင်ရွက်နေကြသည့် မျိုးဆက်သစ်တွေ ဇူလိုင်(၂၉)ရက်နေ့  ည (၇) နာရီ ...ထမင်းထုပ်များဝေပေးနေစဉ်။ Abfsu Dawei NLD ထားဝယ် ရေဘေး ကူညီဆောင်ရွက်ပေးစဉ်

Friday, July 27, 2012

ထားဝယ်စီမံကိန်း အစိုးရချင်း သဘော တူညီမှု ထိုင်း အသာ ရဟုဆို


မြန်မာ သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သော ထားဝယ်နှင့် ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ လန်ချဘန် ရေနက်ဆိပ်ကမ်းအပါအ၀င် စက်မှုဇုန် စီမံကိန်းများချိတ်ဆက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်မှုများသည် ထိုင်းကို အသာရစေကြောင်း သြစတျေးလျနိုင်ငံ မက္ကိုင်းယားတက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ ရှောင်တာနဲက Dawei Watch သို့ ပြောကြားသည်။
သမ္မတ ဦးသိန်းစိန်၏ သုံးရက်တာ ခရီးစဉ်အတွင်း နည်းပညာပိုင်းဆိုင်ရာ၊ စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အပြင် စွမ်းအင်ကဏ္ဍ တို့တွင်လည်း နားလည်မှု စာချွန်လွှာ ထိုးခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ၂၀၁၄ ခု အာဆီယံ ဥက္ကဋ္ဌတာဝန်ယူရန် အရည်အသွေးမြှင့်တင်ရေး အပါအ၀င် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးအတွက်.........

Thursday, July 26, 2012

တိုးချဲ့ခွင့်သာ ရမယ်ဆိုရင် ထားဝယ်မှာသဘာဝနေရာတွေအများကြီး


မျှော်ရစ်ကမ်းခြေ တစ်နေရာ
photo : ကိုနဂါး
ထားဝယ်ကို နောက်ထပ် ကမ္ဘာလှည့် ခရီးသွားများ အခြေ ချရာ နေရာ တစ်ခုဖြစ်လာ မလား ဟု စောကျော သူများ ရှိသည်။ မြန်မာနိုင်ငံတောင်ဘက်ပိုင်း ထားဝယ်သည် သဘာဝ ပတ်ဝန်းကျင် အလှတွေ၊ သယံဇာတ အလှတွေ ရှိသော်ငြား အကြောင်းကြောင်းကြောင့် ပွင့်လင်း မြင်သာမှု မရှိခဲ့။
ယခုမူ ထားဝယ် စီမံကိန်း ကဲ့သို့သော အခင်းအကျင်း အသစ်များကြောင့် ခရီးသွား ဧည့်သည်များ ၀င်လာမစဲ ဖြစ်လာသည်။ ထို့ကြောင့် စီးပွားရေး ကြောင့်ပင်ဖြစ်စေ၊ သဘာဝ ပတ်ဝန်းကျင် အလှကြောင့် ပင်ဖြစ်စေ၊ ခရီးသွား ဧည့်သည်တွေ လာခဲ့လျှင် ထိုခရီးသည်တွေ အတွက် မိမိတို့ ထားဝယ်ဒေသ သည် အဆင်သင့် ဖြစ်ပြီလား ။ အမှန်တကယ် ခရီးသွားများ အခြေချ သင့်သောနေရာ ဖြစ်ပါသလား။ ဘာကြောင့်နည်း။ ဘာတွေ ပြင်ဆင်ထားဖို့လိုအပ်သနည်း၊......

Wednesday, July 25, 2012

ထားဝယ်ဆိပ်ကမ်းစီမံကိန်းတွင် ဒေသခံတို့၏ အခက်အခဲများအား အလေးထားသင့်



ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ရာ၌ အစိုးရ၀န်ကြီးများ အနေဖြင့်   ဒေသခံများ၏ အခက်အခဲများ အပေါ် လေ့လာသုံးသပ် လုပ်ဆောင် သင့်ကြောင်း ဒေသခံလူမှုရေး အဖွဲ့အစည်းများက ဆိုသည်။

“ထားဝယ် ဒေသမှာ ကြုံတွေ့ နေရတဲ့ ပြသာနာက လျော်ကြေး ကိစ္စပဲ တိကျတဲ့ သတ်မှတ် ချက်မရှိဘဲ လျော်ကြေးကို   ပေးချင် သလိုတွေ ပေးနေကြတယ် ဘယ်သူမှ လက်မခံနိုင်ကြဘူး။ အဲ့ဒီလိုကိစ္စရပ်တွေရှိ နေတဲ့အတွက် အစိုးရပိုင်းက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး တိုင်ပင် ဆွေးနွေးတာတွေ မလုပ်ခင် ဒေသခံတွေနဲ့အရင်ဆုံးတွေ့ဖို့အပ်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ပေးပြီး ဒေသခံတွေရဲ့အသံကို နားထောင်ဖို့လိုတယ်။” ဟု ထားဝယ်မြို့နေ ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးဇော်သူရ က ပြောသည်။.........

Monday, July 23, 2012

သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ်တို့ တွေ့ဆုံ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့အား အစိုးရအိမ်တော်တွင် ဇူလိုင်လ ၂၃ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ တွေ့ဆုံခဲ့ကြပြီး အဆိုပါ တွေ့ဆုံမှုတွင် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် Weekly Eleven News ဂျာနယ်၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက သတင်းပေးပို့ခဲ့ပါသည်။....

Sunday, July 22, 2012

ထားဝယ်တွင်သဘာဝဓါတ်ငွေ့ဖြင့်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမည်


ကမ္ဘာကျော် စွမ်းအင်ကုမ္ပဏီများ အခြေစိုက် သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရောင်းချလျက်ရှိသော တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ဒေသကို သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းဒေသ တွင် ဖြန့်ဖြူးရောင်းချမည့် ဓါတ်ငွေ့များကို ထိုင်းနိုင်ငံ အခြေစိုက် PTTEP warn   စွမ်းအင် ကုမ္ပဏီက ပြန်လည်ရောင်းချသွားမည်ဖြစ်ပြီး ပထမ အဆင့်တွင် မဂ္ဂါဝပ် ၂၀ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ၊ ဒုတိယ အဆင့်တွင် မဂ္ဂါဝပ် ၃၀ သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံတို့ တည်ဆောက်၍ ဓါတ်အားဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း ယင်း တာဝန်ရှိသူက ပြောဆိုသည်......

ထားဝယ် နဘုလယ်ဒေသရဲ့ ထင်ရှားတဲ့ပုံပြင်တစ်ပုဒ်


                                                 နဘုလယ်ခြေတော်ရာ
နဘုလယ်ရွာကကျွဲမင်းနဲ့ဓာတ်ပုံရိုက်နေပုံ
 ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း ကြောင့် မြန်မာသိ၊ ကမ္ဘာသိ ဖြစ်လာတဲ့ နဘုလယ် ဒေသဟာ ထားဝယ် ခရိုင် အတွင်းမှာ ထူးခြားတဲ့ ကျေးရွာ အုပ်စုကြီး (တိုက်နယ်) တစ်ခု ဖြစ်ပါတယ်။ ဒေသိယ စကားပြောတဲ့ ထားဝယ် ဒေသအတွင်း မှာတင် ထားဝယ် ဒေသိယ စကားရဲ့ မျိုးကွဲ ဒေသိယ စကားလို့တောင် ပြောရလောက်တဲ့အထိ လေယူလေသိမ်း၊ ဝေါဟာရ အသုံးအနှုန်း ကအစ ကွဲပြားပါတယ်။ နဘုလယ် ဒေသိယ စကားဟာ ထားဝယ် အချင်းချင်းတောင် နားလည်ဖို့ ခက်တဲ့ ဒေသတွင်း မျိုးကွဲ ဒေသိယ စကားတစ်ခုပါ။ ထားဝယ်သူ၊ ထားဝယ်သား ၀န်းကျင်မှာ မိတ်ဆွေ သူငယ်ချင်း နဘုလယ် သားတွေနဲ့ တွေ့ရင် ‘ကျွဲနှင့်ကြွက် လဲပုံပြင်’ ကိုပြောပြီး နဘုလယ် သားတွေကို ချစ်စနိုးနဲ့ ကျီစယ် ပြောဆို တတ်ကြပါတယ်။ နဘုလယ် သားတွေကို ‘ကျွဲနှင့်ကြွက်’ အလဲခံ တဲ့အထိ ရိုးအလွန်း သူတွေလို့ ကျီစားလိုက် တာပါ။ ပုံပြင်လေးဟာ ဒီလိုပါ …….

မောင်းမကန်အနီး ကမ်းခြေမြေနေရာ ပိုင်ဆိုင်မှု အငြင်းပွား


ထားဝယ် စီမံကိန်းနှင့် ဆက်စပ် လျှက်ရှိသည့် မောင်းမကန် ကမ်းခြေတစ်လျှောက် ပြင်ကြီး ကျေးရွာ ကမ်းခြေတွင် ကျေးရွာ လူထုနှင့် လုပ်ငန်းရှင် များ ဧက တစ်ရာ နီးပါးရှိ ချဉ်ပေါင်ခင်း မြေယာ ပိုင်ဆိုင်မှု အငြင်းပွား လျှက်ရှိကြောင်း ဒေသခံ များထံမှ သိရသည်။
ထားဝယ် စီမံကိန်းနှင့် အခြား လျာထားဆက်စပ် စီမံကိန်းများကြောင့် ကမ်းခြေ တစ်လျှောက် မြေယာများ တန်ဖိုးမြင့်မား လာချိန် ၂၀၁၂ ခုနှစ် အစောပိုင်း မှစတင်၍ ယင်း ကျေးရွာပိုင် ကမ်းခြေနေရာ များကို အရောင်း အ၀ယ်ပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင် များက ယင်း ဧရိယာ အတွင်းတွင် နှစ်ရှည် ပင်များကို စတင် စိုက်ပျိုးခြင်း၊ ခြံစည်းရိုး သတ်မှတ်ခြင်း များ တပြိုင်နက်တည်း....

ထားဝယ်ဒေသ ချစ်စရာရေဓလေ့များ


   ထားဝယ် ရေအလှူ
ထားဝယ် တွင် နှစ်စဉ် မေလလောက်ဆို ကားများ ထွေလာဂျီ များပေါ် ရေစည် ပိုင်းပြတ်များ၊ ပလတ်စတစ်  ပုံးကြီး၊ ပုံးငယ်များ တင်လာသည့် လူအုပ်စုတို့  မြို့အထွက် ရွာတွေဆီသို့ အသီးသီး သွားကြသည်။
တစ်ချို့ လူစုများသည် ကားပေါ် အသံချဲ့စက် တင်၍ သီချင်း အကျယ်ကြီး ဖွင့်သွားသည်မှာ သင်္ကြန်ပွဲကဲ့သို့ပင်။
“ ရေရှားနေပြီ ထင်တယ် “ ဟုတစ်ယောက်က လှမ်းကြည့်ရင်း ပြောသည်။
ရေလှုထွက်သည့် ကားများမှာ တစ်နေ့ တစ်နေ့ ကား လေး ငါးဆယ်စီးမက ။ စနေ၊ တနင်္ဂနွေနေ....

တိုင်းအစိုးရ အဖွဲ့၏ အာဇာနည်နေ့ အထိမ်းအမှတ် အာရုံဆွမ်း ကပ်လှူပွဲ

၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက်နေ့ ၊ ယနေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် ထားဝယ်မြို့ သာသနာ့ ဗိမာန်တော်တွင် တနင်္သာရီတိုင်း အစိုးရ အဖွဲ့မှ သံဃာတော် ( ၁၀ ) ပါးအား ပင့်ဖိတ်ပြီး အာရုံဆွမ်း ကပ်လှူပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ဌာနဆိုင်ရာအသီးသီးမှ ၀န်ထမ်း များအပါအ၀င် လူပေါင်း ၃၀၀ ခန့်တက်ရောက်ခဲ့သည်။
၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အာရုံဆွမ်းကပ်လှုပွဲသို့ တက်ရောက်လာသူများကို တွေရရစဉ်
၆၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာရုံဆွမ်းဆက်ကပ်ပွဲသို့ တက်ရောက်လာသူများ
၆၅ နှစ်အမြောက် အာဇာနည်နေ့ အထိမ်းအမှတ်သံဃာတော်များကို အာရုံဆွမ်းဆက်ကပ်နေစဉ်

ထားဝယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ၏ အာဇာနည်နေ့အခမ်းအနား

၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် ၊ ယနေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည် နေ့တွင် ထားဝယ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်မှ သံဃာတော် ၅ ပါးအား အာရုံဆွမ်း ဆက်ကပ် လှူဒါန်းခဲ့သည်။ ထိုနောက် နံနက် ၇ နာရီ ခွဲခန့်တွင် ထားဝယ် ခရိုင် အုပ်ချူပ်ရေးမှူးရုံး ရှေ့ရှိ ဗိုလ်ချူပ်အောင်ဆန်း ၏ ပုံတူ ကြေးရုပ်ထု ရှေ့တွင် လွမ်းသူ့ ပန်းခွေချပြီး ၊ ထားဝယ်မြို့ အင်အယ်လ်ဒီ ရုံးခန်းတွင် လည်း လွမ်းသူ့ ပန်းခွေများကို ချကာ ကျဆုံး လေပြီးသော အာဇာနည် ခေါင်းဆောင်များကို အလေးပြုခဲ့ကြသည်။ အဆိုပါ အခန်းအနားသို့ ပါတီဝင် တစ်ရာ ခန့် တက်ရောက်ခဲ့သည်။
၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်လာသည့် ပါတီဝင်များ
နိုင်ငံတော်အလံ တစ်ဝက်လွင့်ထားသည့် အင်အယ်လ်ဒီ ရုံ ရှေ့ မြင်ကွင်း

လွမ်းသူ့ပန်းခွေများကို တွေ့ရစဉ်

လွမ်းသူ့ပန်းခွေ များနှင့် အတူ
လွမ်းသူ့ပန်းခွေ များနှင့် အတူ

ထားဝယ် ခရိုင် ကျောင်းသား သမဂ္ဂ၏ အာဇာနည်နေ့ အခမ်းအနား

၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် ၊ ယနေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ ၊ နံနက် ၆ နာရီတွင် ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂမှ ကျောင်းသူ ကျောင်းသား များသည် ထားဝယ်မြို့ ပခုက္ကူ ကျောင်းတိုက်တွင် သံဃာတော် ၁၃ ပါး အား အာရုံဆွမ်းများ ဆက်ကပ် လှုဒါန်းခဲ့သည်။ ထို့နောက် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ၄၀ ခန့်သည် ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများနှင့် အတူ ထားဝယ် ခရိုင် အုပ်ချူပ်ရေးမှူး ရုံးရှေ့ရှိ ဗိုလ်ချူပ်အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေ ချပြီး နိုင်ငံတော် သီချင်း သီဆိုကာ အလေးပြုခဲ့ကြသည်။
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များနှင့် အတူ
ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချ အလေးပြုနေစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များနှင့် အတူ
ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချရန် ရောက်လာစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များနှင့် အတူ
ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချရန် ရောက်လာစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များ ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချရန် ရောက်လာစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ရေစက်ချ အမျှယူနေစဉ်
From Dawei Watch facebook page

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls