Monday, October 17, 2011

မြန်မာအသင်းကို မြန်မာတို့ အားပေးပုံ

ကမ္ဘောဒီးယားတွင် ယမန်နေ့က ပြုလုပ်သည့် မဲခေါင်ဒေသတွင်း ၆ နိုင်ငံ အသက် ၂၁ နှစ်အောက် ဖိတ်ခေါ်ဖလား ဗိုလ်လုပွဲတွင် မြန်မာပရိသတ်တချို့၏ အားပေးပုံကို Soccer Myanmar/Facebook တွင် အထက်ပါအတိုင်း တွေ့ရသည်။ ၎င်းတို့ထဲမှ တဦးကို ပုဆိုးခါးတောင်းကျိုက်၊ မင်ကြောင်ပုံ၊ အလံတို့ဖြင့် တွေ့ရသည်။ဗိုလ်လုပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် နိုင်သွားသည်။

ကမ္ဘောဒီးယားလူမျိုးတွေက ထိုင်းတွေကို မုန်းပြီး မြန်မာကို ချစ်ကြတယ်လို့ သိရပါတယ်။
သူတို့နိုင်ငံကို ထိုင်းတွေက မတရာကျူးကျော်ခဲ့၊ကျူးကျော်နေတုန်းလို့လဲ မြန်မာတွေ ထိုင်းကို ကျူးကျော်ခဲ့ပုံကို အရသာခံပြီးထိုင်းတွေကို နံနှိမ်ကြပါတယ်။ အထက်က မြင်နေရတဲ့ လူငယ်ကတော့ မြန်မာမဟုတ်ဘဲ ကမ္ဘောဒီးယားသား တစ်ယောက်ယောက်က အလောင်းဘုရား ဦးအောင်ဇေယျပုံ ဟန်ပြင်ထားတာဖြစ်နိုင်ပါတယ်။ မြန်မာဘက်ကို ကမ္ဘောဒီးယားတွေ အားပေးမှာကတော့ ၁၀၀% ရာနှုန်းပဲဗျို့၊ ထိုင်းတွေလဲ သနားပါတယ် ၊ သူတို့ရဲ့ မြို့ဟောင်း အယုဒ္ဓယမြို့လေး ရေလွှမ်းခံရ၊ တစ်နိုင်ငံလုံးနီးပါး ဒုက္ခ၊သုတ်ခများနေရတဲ့အထဲ ဘောလုံးပွဲကလဲရှုံးလိုက်သေးတယ်။ ကြည့်ရတာ သူတို့နိုင်ငံအရေးတွေးပြီး ဘောကန်နေရလို့ မြန်မာတွေနိုင်သွားတာပဲဖြစ်မှာပါလေ၊ အာဆီယံနိုင်ငံများ ဘယ်လောက် ညီလိုက်သလဲဆိုတာ ကြည့်ကြပေတော့ဗျာ၊ စင်ကာပူ၊ မလေးရှား၊ မြန်မာနိုင်ငံတွေလို အိမ်နီးချင်းတွေ သနားကရုဏာသက်ကြောင်း ၊ လိုအပ်တာရှိယင် ကူညီမှာဖြစ်ကြောင်း ထိုင်းနိုင်ငံကို သ၀ဏ်လွှာလေးဘာလေ ပို့ပြီး ထိုင်းပြည်သူတွေရဲ့ ဒုက်ခမီးတွေ ငြိမ်းပေးဖို့ မေ့နေကြပြီဗျို့၊ ညီလိုက်တဲ့ အာဆီယံ။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls