Showing posts with label ထားဝယ်သတင်း. Show all posts
Showing posts with label ထားဝယ်သတင်း. Show all posts

Saturday, February 2, 2013

ထားဝယ်စီးပွားရေးဇုန်ဖော်ဆောင်ရန် ဒီရေတောဧက ၆ဝဝဝ ကျော် ရှင်းလင်းလျှင် မုန်တိုင်းများ ဝင်ရောက်နိုင်ဟု ပညာရှင်များသုံးသပ်

နဘူးလယ်ချောင်းနှင့် မောင်းမကန်ကြားတွင် တည်ရှိသော ဒီရေတောဧက ၆ဝဝဝ ကျော်အား အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ရှင်းလင်းပါက မုန်တိုင်းများ ဝင်ရောက်နိုင်ရုံမျှမက အဘက်ဘက်က ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသဇလဗေဒပညာရှင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက သတိပေးပြောကြားသည်။”ဒီရေတောတွေ ပြုန်းတီးရင် မုန်တိုင်းတွေ ဖြစ်ပေါ်လာနိုင်တယ်။ ကျွန်တော်တို့ နိုင်ငံတင်မကဘူး၊ ကမ်းရိုးတန်းနိုင်ငံတွေဖြစ်တဲ့ အင်ဒို၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလည်း ဒီရေတောတွေရှိတယ်။ ဘင်္ဂလားဒေ့ရှ်ဆိုရင် ဒီရေတောတွေပြုန်းတီးခဲ့လို့ မုန်တိုင်းတွေ ခဏခဏဝင်ရောက်တယ်။ အခုဆိုရင် ဒီရေတောတွေ ပြန်စိုက်လာလို့ မုန်တိုင်းတွေ သိပ်မဝင်တော့ဘူး။ မုန်တိုင်းတွေ မဝင်လာနိုင်အောင် ဒီရေတောတွေက တားဆီးပေးထားတာပါ။ စီးပွားရေး ဦးစားပေးလုပ်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်ရင် လုံးဝသဘော မတူဘူး” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက ပြောသည်။

Saturday, January 12, 2013

မော်လမြိုင်တံတား ၂၄ နာရီဖွင့်ပြီ

ဇန်န၀ါရီလ(၁၀)ရက်နေ့မှစတင်ကာမွန်ပြည်နယ်၊မော်လမြိုင်ရှိသံလွင်တံတားကို (၂၄)နာရီဖွင့်လှစ်လိုက်
ခြင်းကြောင့် ရန်ကုန် -ထားဝယ် အဝေးပြေးကားများအနေဖြင့်မုတ္တမဘက်ကမ်းတွင်ညအိပ်ရပ်နားရန်မလိုတော့ဘဲတောက်လျှောက်သွားနိုင်ပြီဖြစ်ကြောင်းသိရသည်။၁၉၉၆ ခုနှစ်တွင် “နှင်းပွင့်”အဝေးယာဉ်လိုင်းဖြင့် ကဏ္ဍသစ်တစ်ရပ်ဖွင့်ခဲ့သည့် ထားဝယ်- ရန်ကုန်-ထားဝယ်အဝေးပြေးကားများပြေးဆွဲခဲ့ပြီး၊မုတ္တမတံတားတည်ဆောက်ပြီးစီးသည့်နောက်တွင်အချိန်ကန့်သတ်ချက်ဖြင့်တံတားဖွင့်၊ပိတ်ခြင်းကြောင့်ခရီးသွား
များအတွက်အခက်အခဲဖြစ်ပေါ်ခဲ့ပြီး၊အထူးသဖြင့် မြန်မာနိုင်ငံတောင်ဘက်ပိုင်းသို့ပြေးဆွဲသည့်ယာဉ်လိုင်းများ မုတ္တမတံတားထိပ်တွင်ညအိပ်ရပ်နားကာတံတားဖွင့်ချိန်စောင့်ဆိုင်းခဲ့ကြရသည်။ယခုအခါတံတားကို(၂၄)နာရီဖွင့်လှစ်လိုက်ပြီဖြစ်သဖြင့်ရန်ကုန်- ထားဝယ်ကားများအနေဖြင့် ယမန်နေ့မှစတင်ကာ ထားဝယ်သို့ နံနက်(၉)နာရီခွဲအချိန်တွင်ပင်ရောက်ရှိ

Monday, December 24, 2012

လူထုခေါင်းဆောင်ရဲ့မြိတ်တွင်ပြောသောစကားများ

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် ဒီမိုကရေစီကို မမျှော်လင့်သော် လည်း ရအောင်လုပ်ယူမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပြောကြား...............
၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိရေးနှင့် ဒီမိုကရေစီရရှိရေးကို
မမျှော်လင့်သော်လည်းရအောင်လုပ်ယူမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ကော့သောင်း-မြိတ် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၂၂ ရက်တွင် မြိတ်မြို့ ဦးစိန်ဂျက် ခန်းမ၀န်းအတွင်း၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ပြည်သူများထံမှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိရန် မျှော်လင့်ပါသလားဟူသော မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။...

Friday, December 7, 2012

ကလုံးထာ ရေကာတာ စီမံကိန်းအပေါ် ဒေသခံများ ကန့်ကွက်

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အဓိက ရေအရင်းအမြစ်ဖြစ်လာမယ့် ကလုံးထာရေကာတာ တည်
ဆောက်မယ့် စီမံကိန်းအပေါ် ရေကာတာရဲ့ ရေနစ်မြုပ်ဧရိယာအတွင်းမှာ ရှိနေတဲ့ ကလုံးထာ ရွာသူ ရွာသားတွေက ကန့်ကွက်နေကြပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် တလိုင်းယာကျေးရွာအုပ်စုဝင် ကလုံးထာကျေးရွာမှာ အိမ်ထောင်စု ၁၈၂ စု၊ လူဦးရေ တထောင်ကျော်နဲ့ စိုက်ပျိုးမြေဧရိယာ ၉၂၄၀ ဧကရှိပြီး ကွမ်းသီး၊ သီဟိုဌ်၊ ရော်ဘာနဲ့ အုန်းပင် စတဲ့ နှစ်ရှည်ခံသီးပင်တွေကို အများစု စိုက်ပျိုးကြတာဖြစ်ပါတယ်။

ရွာသူရွာသားတွေကတော့ ဘိုးဘွားစဉ်ဆက်ကတည်းက စိုက်ပျိုးလာတဲ့ ဥယျာဉ်ခြံမြေတွေဟာ အခုမှ သီးပွင့်စပြုလာတဲ့အတွက် ရွာနေရာဟောင်းကို မဖယ်ပေးနိုင်ဘူးလို့ ပြောနေကြပါတယ်။ ဒါ့အပြင် ရွာသူ ရွာသားတွေ အနေနဲ့ တလိုင်းယာချောင်းအတွင်းမှာ တပိုင်တနိုင် ခဲသတ္တုကျင်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာလဲ ဖြစ်ပါတယ်။

အမြင့်ပေ ၃၀၀ ရှိတဲ့ ဒီရေကာတာကို တည်ဆောက်မယ်ဆိုရင် ကလုံးထာ ရွာဟာ ရေအကြီးအကျယ် နစ်မြုပ်နိုင်တဲ့ ဧရိယာအတွင်းမှာ ပါဝင်နေတဲ့အတွက် စီမံကိန်းဖော်ဆောင်မယ့် အီတာလျံ-ထိုင်း ကုမ္ပဏီ တာဝန်ရှိတဲ့သူတွေကတော့ ရွာကို ပြောင်းရွှေ့စေချင်နေတာ ဖြစ်ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်အတွက် အဓိက အထောက်အကူပြုမယ့် ရေကာတာ ဖြစ်တဲ့အတွက် မတည်ဆောက်နိုင် ဘူးဆိုရင် စီမံကိန်းတခုလုံး ပျက်သွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ရုပ်သံတင်းကြည့်လိုက    ဒီနေရာကိုသွားလိုက်ပါ

Thursday, November 8, 2012

ဒု-သမ္မတဦးဉာဏ်ထွန်း ထားဝယ်စီမံကိန်းကိစ္စ ထိုင်းနဲ့ဆွေးနွေး


 တနင်္သာရီတိုင်း၊ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်ခန့်ခွဲဖို့ ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းထဲမှာရှိတဲ့ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်စီမံ ခန့်ခွဲ သွားမယ့် ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်သွားမဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွေ ကိစ္စကို မြန်မာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနဲ့ ထိုင်းဝန်ကြီးချုပ် Yinluck Shinawatra တို့ဆွေးနွေးခဲ့ကြပြီးနောက်မှာ ပူးတွဲကော်မတီကို တရားဝင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ ပူးတွဲ အကောင်အထည်ဆက်ဖော်သွားမယ့် ထားဝယ်ရေနက်ဆိပ်ကမ်း ပါဝင်တဲ့ ထားဝယ် အထူးစီးပွားရေး စီမံကိန်းတွေကိစ္စကို ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ဖို့ မြန်မာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဟာ အင်္ဂါနေ့ ညနေပိုင်းကတည်းက ထိုင်းနိုင်ငံမှာ ရောက်ရှိနေ တာ ဖြစ်ပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့

Wednesday, October 10, 2012

ဒီလိုဆရာမျိုးထားဝယ်တက္ကသိုလ်မှာရှိနေပြီ

လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လို့ ဆိုပြီး တက္ကသိုလ်ဆရာတစ်ဦးအား တိုင်းဒေသကြီးအစိုးရမှ ဖိအားပေး။

လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လို့ ဆိုပြီး တက္ကသိုလ်ဆရာတစ်ဦးအား တိုင်းဒေသကြီးအစိုးရမှ ဖိအားပေး။
ထားဝယ်တက္ကသိုလ် စိတ်ပညာဌာနမှ ဆရာ ဦးဇော်သူရအား လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့်အတွက် တိုင်းဒေသကြီးအစိုးရမှ တဆင့် တက္ကသိုလ်အာဏာပိုင်များမှ ဖိအားပေးလျက်ရှိကြောင်း သိရသည်။
(၈.၉.၂၀၁၂) ရက်နေ့ မနက် (၁၁.၄၅) နာရီမိနစ်ခန့်တွင် ထားဝယ်တက္ကသိုလ် စိတ်ပညာဌာနမှူးမှ ဦးဇော်သူရအား တာဝန်ခံပါမောက္ခချုပ်နှင့် နေ့လည် (၂) နာရီတွင် လာရောက်တွေ့ဆုံပါရန် ပြောကြောင်း အသိပေးပါသည်။
ဆရာဦးဇော်သူရသည် နေ့လည် (၂) နာရီ၌ သွားရောက်ခဲ့ရာတွင် ထားဝယ်တက္ကသိုလ် အစည်းအဝေး ကျင်းပလေ့ရှိသောအခန်းတွင် တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ (တာဝန်ခံပါမောက္ခချုပ်၊ ဒု-ပါချုပ်၊ သင်တန်းရေးရာမှူး၊ စီမံ-ဘဏ္ဍာမှူးနှင့် ပါမောက္ခ (၃) ဦးတို့နှင့်အတူ အစည်းအဝေး ကျင်းပခဲ့ပါသည်။.......

Tuesday, October 9, 2012

ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံမှ တရားမ၀င် ဆိုင်ကယ်များကို အစိုးရတပ် ဖမ်းဆီးနေ


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ သပြုချောင်းရွာမှစ၍ အာရှလမ်းမကြီးတစ်လျှောက်တွင် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ တရားမ၀င် ခိုးဝင်လာသော ဆိုင်ကယ်များကို နယ်မြေခံ အစိုးရစစ်တပ်များက ဖမ်းဆီးအ ရေးယူလျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံအတွင်းရှိ ကန်ချနပူရီခရိုင်တွင် ဆိုင်ကယ်ပျောက်ဆုံးမှု များပြားလာသဖြင့် ထိုင်းအာဏာပိုင်များ ၏ အကူအညီတောင်းခံမှုကြောင့် ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ထိုင်းစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ကေ အိုင်စီသို့ ပြောသည်။
၎င်းက “အရင်က တရားဝင်ရော၊ တရားမ၀င်ရော အကုန်ရတယ်။ အခုနောက်ပိုင်း မရတော့ဘူး။ လမ်းတွေပိတ်ပြီးတော့ ဖမ်း တာ။ ပိုက်ဆံပေးလည်း မရတော့ဘူး။ ဆိုင်ကယ်လည်း အ၀င်မခံတော့ဘူး”ဟု ပြောဆိုသည်။.........

Sunday, September 30, 2012

စင်ကာပူ သဲတင် သင်္ဘော ထားဝယ် အထိ ခရီးဆန့်

စင်္ကာပူမှ သဲစုတ်ရေယာဉ်များ
ကုန်းမြေချဲ့ရန် သဲအမြဲစတေ လိုအပ်နေသော မြို့ပြကျွန်းနိုင်ငံ စင်ကာပူ သဲသယ်ယာဉ်များ ထားဝယ်မြစ်ဝ အထိ ခြေဆန့်ကာ သဲလာရောက်ဝယ်ယူရန် ရှိကြောင်း သဲတင်ပို့မည့် ကျော်ကျော်ဖြိုးကုမ္ပဏီ ထံမှ သိရသည်။
မြန်မာနိုင်ငံတောင်ပိုင်းမှ ကော့သောင်းဒေသတွင် သဲတူးဖော်ဝယ်ယူနေသော စင်ကာပူသဲတင် သင်္ဘောများသည် မြောက်ဘက် မိုင်လေးရာခန့်အကွာရှိ ထားဝယ်မြစ်ဝအထိ ခရ
ီးဆန့်လာခြင်းဖြစ်သည်။
ထားဝယ်မြစ်ကြောင်း ရှင်းလင်းရေး သောင်တူးသည်အနေဖြင့် ကျော်ကျော်ဖြိုး ကုမ္ပဏီမှ သဘောင်္ ရှစ် စင်း ဖြင့် သဲတူး၊ သဲသယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး ယခုလနောက်ဆုံးအပတ်တွင် စင်ကာပူမှ သဲဝယ်ယူမည့် သင်္ဘောရောက်ရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံမှ

အချိန်မီ မပြီး၍ မြိတ် - မောတောင် လမ်းဖောက်လုပ်ခွင့် ယုဇနကုမ္ပဏီ ရုပ်သိမ်းခံရ

 
ယုဇနကုမ္ပဏီက ဖောက်လုပ်နေ သော မြိတ်-တနင်္သာရီ-မောတောင် လမ်းစီမံကိန်း လမ်းပိုင်းအချို့ ကို သတ်မှတ်အချိန်မီမပြီးစီး၍ ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဦးသန်းအောင်က ပြောကြား သည်။
ယုဇနကုမ္ပဏီသည် မောတောင် လမ်းစီမံကိန်းအတွက် လွန်ခဲ့သည့် ၂ နှစ် ခန့်ကတည်းက 
လုပ်ကိုင်ခွင့်ရထားသော် လည်း လုပ်ငန်းအကောင်အထည်ဖော် ရာတွင် တိုးတက်မှုမရှိသည့်အတွက် B.O.T ကိုပြန်ရုပ်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။
တည်ဆောက်ဆဲတနင်္သာရီ-မြိတ် လမ်းပိုင်းကို ပြန်လည်လုပ်ကိုင်ခွင့်ပေး ရန်

Thursday, September 20, 2012

တိုင်းရင်းသားဒေသများရှိ စီမံကိန်းများ အကြောင်းဦးအောင်မင်းပြောပြီ



တိုင်းရင်းသားဒေသများရှိ စီမံကိန်းများ အကြောင်း. . .
(ဧရာဝတီ မေး၊ ၀န်ကြီး ဦးအောင်မင်းဖြေ)

မေး ။ ။ တိုင်းရင်းသားနယ်တွေက စီးပွားရေးလုပ်ငန်းတွေ၊ Development project တွေကျတော့ရော၊ နိုင်ငံတော်ရဲ့ Project တွေလည်း အဲဒီမှာ ရှိတာရှိတယ်။ ကချင်မှာလည်း ရှိတယ်၊ ရှမ်းနယ်မှာလည်း ရှိတယ်။ ကရင်နယ်မှာလည်း ရှိတယ်။ ထားဝယ် ရေနက်ဆိပ်ကမ်းဆိုရင်လည်း အညိုရောင်နယ်မြေတွေမှာ အခု တည်ဆောက်ဖို့တွေ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး အကျိုးတူ ခံစားခွင့်ကိစ္စတွေကို တိုင်းရင်းသားဘက်က ပြောလာတာတွေ ရှိပါတယ်။ ဆိုတော့ အဲဒီကိစ္စတွေကို ၀န်ကြီး ဘယ်လိုကိုင်တွယ်ဖို့ မျှော်မှန်းထားပါသလဲ။ 

ဖြေ ။ ။ အခုကျနော်တို့ သူတို့နဲ့ စကားပြောနေတဲ့နေရာမှာ သူတို့နယ်မြေထဲမှာ ကျရောက်နေတဲ့၊ ဥပမာအားဖြင့် Project တွေ၊ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဒါတွေကို လုပ်မယ်ဆိုရင် သူတို့နဲ့ တိုင်ပင်ပြီးမှ၊ သဘောတူညီချက် ယူပြီးမှ လုပ်မယ်လို့ ကျနော်ပြောထားပြီးသား။ ထားဝယ်မှာ လုပ်တဲ့ Project ကတော့ ဒါအစိုးရ Project ပဲ။ အဲဒီမှာ ဖောက်မယ့် ရထားလမ်း၊ ကားလမ်းဆိုရင်တော့........


ထားဝယ် စီမံကိန်း ပြန်လည် သုံးသပ်ရန် ထိုင်း NGO အဖွဲ့ လေးဆယ်ကျော် တောင်းဆို

အစိုးရ ချင်း ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေသော ထားဝယ် စီမံကိန်းကို ပြန်လည် သုံးသပ်ရန် ထိုင်းနိုင်ငံ အခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGO) လေးဆယ် ကျော်က ထိုင်းအစိုးရကို တောင်းဆို လိုက်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြု လုပ်သော စက်တင်ဘာ ၁၈ ရက်နေ့တွင် NGO သုံးဆယ်က ထိုသို့  ပြန်လည် သုံးသပ်ရန် တောင်းဆို ချက်ကို လက်မှတ် ရေးထိုးခဲ့သော်လည်း နောက်တစ်ရက်တွင် ၄၂ ခုအထိ လက်မှတ်ရေး ထိုးခဲ့သည်.
ဒေသခံ များအပါအ၀င် စီမံ ကိန်းတွင် ပါဝင် ပတ်သက်သူ အားလုံး ပါဝင်သော နည်းလမ်း ကိုအသုံးပြု ၍ ဖြစ်နိုင် ဖွယ် လေ့လာမှု အားလုံး ပြန်လည် လုပ်ဆောင်ရန်၊ စီမံကိန်း ဆိုင်ရာ အချက်အလက် အားလုံး ထုတ်ဖော်ေ ပြောဆိုရန်၊ မြန်မာနိုင်ငံ ရှိ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ သည် ထားဝယ် စက်မှုဇုန် စီမံကိန်း ကဲ့သို့သော ကြီးမားသည့် စီမံကိန်းကြောင့်  ဖြစ်ပေါ်လာမည့် လူမှုရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာများကို ကိုင်တွယ်ရန် ပြည့်စုံ ကုံလုံမှု မရှိသေးဘဲ စီမံ ကိန်းကို လျှင်မြန်စွာ အကောင်အထည် ဖော်မည်ဆိုပါက ထိုင်း အစိုးရသည် မြန်မာနိုင်ငံ အတွင်းရှိ ဒေသခံ........

Thursday, September 6, 2012

ပုလောမြို့ ကန့်သန့်ရေပိုင်နက်ထဲမှာငါးဖမ်းနေ

၃.၉.၂၀၁၂  - စက်တင်္ဘလ ၃ ရက်နေ့ မှစတင်ကာ တနင်္သာရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ် အတွင်းရှိ ပြင်ဘုကြီး၊ ပြင်ဘုငယ် ၊ခန္တီ၊လိပ်ဥသောင်၊ ကံမော်ကြီး၊ ကင်းမော်ချုံ ကျေးရွာများ အနီးရေပြင်တွင် ဝါလပ်(ဒရွတ်တိုက်ဆွဲ ငါးဖမ်းရေယဉ်များဖြင့် ငါးဝင်ရောက်ဖမ်း နေသောကြောင့် သိရပါတယ်။

အဆိုပါ ကျေးရွာများမှ တနိုင်တပိုင် တနေ့လုပ် တနေ့စား ငါးဖမ်းလုပ်ကိုင် စားသောက် နေသော တံငါသည်များ၏ ငါးဖမ်းပိုက်များကို ပါတစ်ပါးတည်း ဆွဲယူသွားခြင်းကို ကြုံတွေ့နေရကြောင်း ဒေသခံ တံငါသည်များက Myanmar News Now ကို ပြောပါတယ်။

ငါးလုပ်ငန်း ဥပဒေအရ အဆိုပါ ငါးဖမ်းရေယဉ် (ဒရွတ်တိုက်ဆွဲ) များ ကမ်းခြေများ(ကျေးရွာ) အနီး ဝင်ရောက်ငါး ဖမ်းဆီးခွင့်မရှိပါ၊ အခုလို ငါးဖမ်းဆီးမှု ကြောင့် ဒေသခံ ငါးဖမ်းလုပ်သားများမှာ..........

Wednesday, September 5, 2012

ထားဝယ်စီမံကိန်း သေချာ ပြင်ဆင် သုံးသပ်ရန်လိုဟု ပညာရှင်များ ပြောကြား

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်း ကို အကောင်အထည် ဖော်ရာတွင် ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ် ပါက မြန်မာဘက်မှ စီးပွားရေး အရှ အကျိုး ခံစားရန် အခွင့်အလမ်း ပိုမို နည်းပါးပြီး ထားဝယ် ဒေသခံ များအနေဖြင့် ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုရေး ဆိုင်ရာ ပြဿနာများကို ပိုမို ခံစားနိုင် ဖွယ်ရှိသည်ဟု ထားဝယ် စီမံကိန်း ဆိုင်ရာ သုတေသီ များက ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မဟီလ်ဒေါ တက္ကသိုလ်တွင် ပြုလုပ်သည့် ထိုင်း လူမှု အဖွဲ့အစည်း များ ဦးဆောင်သော  “ထိုင်း-မြန်မာ ဆက်ဆံရေး (မတ်တဖွတ် မှ ထားဝယ်သို့)” ဆွေးနွေးပွဲ အပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ ထားဝယ် စီမံကိန်းကို သတိရှိစွာ အကောင်အထည် ဖော်ရန် ကျွမ်းကျင်သူ ပညာရှင် များက တိုက်တွန်း လိုက်ကြခြင်းဖြစ်သည်။........

Thursday, August 16, 2012

သတ္တုတွင်း စွန့်ပစ်မြေကြောင့် ချောင်းကောမှု တိုင်းအစိုရထံ ဒေသခံများ စာပို့


တနင်္သာရီတိုင်း  ဒေသကြီး၊ ထားဝယ်မြို့၏ အရှေ့ဖက်ရှိ ဟိန္ဒား သတ္တုတွင်း နယ်မြေအတွင်း မြန်မာ ပွန်ပီပက် ကုမ္ပဏီ (MPC) မှ မြေစာ စွန့်ပစ်မှုကြောင့် မြောင်းပြိုရွာမှ ဒေသခံများ ရင်ဆိုင် ရသည့် ပြဿနာများကို ကူညီဖြေရှင်း ပေးပါရန် အချက် သုံးချက်ပါ အိတ်ဖွင့်ပေးစာကို တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးသို့ ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ ခဲ့သည်။
စွန့်ပစ်မြေစာ များကြောင့် တိမ်ကောနေ သည့် မြောင်းပြိုချောင်း အား ရေစီးရေလာ ကောင်းမွန်အောင် ပြုပြင် ပေးရန်၊ သဲနှုံးမြေ ဖုံးလွှမ်း သွားသည့် သောက်သုံး ရေတွင်းများ၊ နေအိမ်များ၊ ရွာလမ်းများ၊ လယ်ယာ ဥယျာဉ်ခြံ မြေ များနှင့် သီးပင်စား ပင်များအတွက် ထိုက်တန်သည့် လျှော်ကြေးပေးရန်၊ မိမိ နေအိမ်များမှ မည်သည့် နေရာကိုမှ မပြောင်းရွှေ့စေရန် အချက်သုံးချက်ကို တောင်းဆိုသည်။

Friday, August 10, 2012

အခြေခံ အုပ်ချူပ်ရေး ပြုပြင် ဖွဲ့စည်းရေး တနင်္သာရီ တွင် ခြေလှမ်းစ


 တနင်္သာရီ တိုင်းဒေသကြီး အတွင်း ခရိုင်း သုံးခုတွင် အခြေခံ အုပ်ချူပ်ရေး ပြုပြင် ဖွဲ့စည်းရေး ခြေလှမ်း အစ အဖြစ် ရပ်ကွက်ကျေးရွာ အုပ်ချူပ်ရေးမှုး အဆင့် အထိ သင်တန်း စတင်ပေး မည်ဟု တနင်္သာရီ တိုင်းဒေသကြီး အထွေထွေ အုပ်ချူပ်ရေး ဦးစီး ဌာန ထံမှ သိရသည်။
 အဆိုပါ သင်တန်းများကို ထားဝယ်၊ မြိတ်နှင့် ကော့သောင်း ခရိုင်တို့တွင် တပြိုင်နက် တည်း ပြုလုပ် မည်ဖြစ်ပြီး ဆင့်ပွား သင်တန်းပေး သည့် ပုံစံဖြင့် ပြုလုပ်မည် ဖြစ်သည်ဟု တိုင်း အုပ်ချူပ်ရေး ရုံးမှ ဒုတိယ ညွှန်ကြားရေးမှုး ဦးသန်းမြင့် က ဆိုသည်။
တိုင်းနှင့် ပြည်နယ် အသီးသီးမှ လက်ထောက် ညွှန်ကြားရေးမှုး များကို ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ်ရှိ အုပ်ချူပ်မှု ပညာ ဖွံ့ဖြိုးရေး သင်တန်းကျောင်း တွင် တက်ရောက် စေခဲ့ပြီး ဆင့်ပွား သင်တန်းကို တိုင်းဒေသ ကြီး အုပ်ချူပ်ရေး အဖွဲ့ရုံးတွင် ဇူလိုင်လ ၂၅ မှ ၂၇ ရက်နေ့အထိ သုံးရက်ပြု လုပ်ခဲ့သည်။

Saturday, August 4, 2012

ထားဝယ် အထူးစီးပွားရေးဇုန် သတင်းသုံးသပ်ချက်


ဗမာစစ်အစိုးရနဲ့ အီတာလျံ-ထိုင်း (Italian-Thai Development Public Company Limited) ကုမ္မဏီတို့ သဘောတူခဲ့ကြတဲ့ ထားဝယ် အထူးစီမံကိန်းဇုန်နဲ့ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့ မြန်မာနဲ့ ထိုင်းအစိုးရတို့ ဇူလိုင်လနှောင်းပိုင်းက နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုးကြပါတယ်။ ဒေသခံတွေရဲ့  ကန့်ကွက်မှု၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အား စီမံကိန်းကို ဇန္နဝါရီလအစောပိုင်းမှာ ဦးသိန်းစိန်အစိုးရက ရပ်ဆိုင်းမှု၊ ငွေရင်းအလုံအလောက်ရဖို့ ခက်ခဲမှု စတာတွေကြောင့် နှောင့်နှေးကြန့်ကြာမရေမရာ ဖြစ်နေတဲ့ စီမံကိန်းကို ဖြစ်မြောက်အောင်လုပ်ဖို့ ထိုင်းနဲ့ဗမာအစိုးရတို့က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး ၂၀၁၄ မှာ အာဆီယံဥက္ကဌလုပ်မယ့် ဗမာအစိုးရရဲ့  လိုအပ်ချက်တွေကို ကူညီရေး၊ လူသားစွမ်းရည်တိုးတက်ဖို့ ပူးတွဲဆောင်ရွက်ရေး၊.....

Tuesday, July 31, 2012

မောင်းမကန်မြေကိစ္စ အများပိုင် ကုမ္ပဏီထံ တောင်းဆိုချက်ပို့


တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မောင်းမကန် ကမ်းခြေ၏ မြောက်ဘက်တွင် ဟိုတယ် တည်ဆောက်ရန်  ကမ်းခြေ တစ်လျှောက် မြေဧက ၄၀၀ ခန့်အား လုပ်ပိုင်ခွင့် ရသည့် ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ ( DDPC ) အား မောင်းမကန် ဒေသခံ များက အချက် လေးချက် ပါဝင်သည့် အိတ်ဖွင့် ပေးစာကို ဇူလိုင်လ ၂၃ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့သည်။
DDPC မှ ၎င်းတို့ လုပ်ပိုင်ခွင့်ရသည့် မြေဧရိယာရှိ သီဟိုဠ်ပင် များအား ဘူဒိုဇာ များဖြင့် ရှင်းလင်း သဖြင့် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာ ကုမ္ပဏီနှင့် မောင်းမကန် ဒေသခံများ ၃ ကြိမ်မြောက် တွေ့ဆုံပြီး ချိန်တွင် ယင်းသို့အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းဖြစ်သည်။

လိုအပ်ချက်ကို ထောက်ပြရန် ထားဝယ် ၈၈ ကို တိုင်းဒေသကြီး ၀န်ကြီးချူပ် ပြောဆို

                                                   
တနင်္သာရီ တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် များတွင် လိုအပ်ချက် များ ရှိလျှင် ပွင့်ပွင့်လင်းလင်း လာရောက် ဆွေးနွေး အကြံပေးနိုင်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချူပ် ဦးမြတ်ကိုက  ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများ အား ဇူလိုင်လ ၂၇ ရက်နေ့ ၀န်ကြီးချူပ် ရုံးခန်း၌ တွေ့ဆုံစဉ် ပြောကြား လိုက်သည်။
ယင်းတွေ့ဆုံ ပွဲတွင် ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးကျော်ကျော်သက်၊ ဦးနေ၀င်းအောင်၊ ဦးကျော်သောင်း၊ ဦးသန်းမြင့်နှင့် ဒေါ်မိုမိုချစ်တို့ တက်ရောက် ခဲ့ပြီး  ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ရန် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ထံမှ သိရသည်။......

Sunday, July 29, 2012

ထားဝယ်မှာရေကြီးနေ

တနင်္သာရီတိုင်း ထားဝယ်မြို့ တော်မှာ မိုးသည်း ထန်သဖြင့် နေရာအနှံ အပြားမှာ ရေလွှမ်းမိုးနေ ပါတယ်။ ရေကြီး နေသော နေရာများသို့  လူမှုရေး ဆောင်ရွက် နေကြသည့် မျိုးဆက်သစ်တွေ ကျောင်းသားတွေ ထားဝယ်ကျောင်း သားသမဂ္ဂ မှကျောင်းသူ/သားများ ၊ NLD ပါတီဝင်များ နှင့် ပရဟိတ အသင်းများ က ရေဘေးဒုက္ခ ကြုံတွေ့ နေရသူတွေကို ကူညီစောင့် ရှောက်ပေးနေကြောင်း Myanmar News Nowမှ သတင်းရရှိပါတယ်။ ထားဝယ်မြို့ တော် ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ပြထားတဲ့ ထားဝယ်ရေကြီးမှု  မြင်ကွင်း ဓါတ်ပုံပေါင်း (၂၁)ပုံအား ကြည့် ရှုရန်   ဒီနေရာကို နှိပ်ပါ မိုးသည်းထန်သဖြင့် ရေကြီးနေသောနေရာများသို. လူမှုရေးဆောင်ရွက်နေကြသည့် မျိုးဆက်သစ်တွေ ဇူလိုင်(၂၉)ရက်နေ့  ည (၇) နာရီ ...ထမင်းထုပ်များဝေပေးနေစဉ်။ Abfsu Dawei NLD ထားဝယ် ရေဘေး ကူညီဆောင်ရွက်ပေးစဉ်

Friday, July 27, 2012

ထားဝယ်စီမံကိန်း အစိုးရချင်း သဘော တူညီမှု ထိုင်း အသာ ရဟုဆို


မြန်မာ သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သော ထားဝယ်နှင့် ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ လန်ချဘန် ရေနက်ဆိပ်ကမ်းအပါအ၀င် စက်မှုဇုန် စီမံကိန်းများချိတ်ဆက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်မှုများသည် ထိုင်းကို အသာရစေကြောင်း သြစတျေးလျနိုင်ငံ မက္ကိုင်းယားတက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ ရှောင်တာနဲက Dawei Watch သို့ ပြောကြားသည်။
သမ္မတ ဦးသိန်းစိန်၏ သုံးရက်တာ ခရီးစဉ်အတွင်း နည်းပညာပိုင်းဆိုင်ရာ၊ စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အပြင် စွမ်းအင်ကဏ္ဍ တို့တွင်လည်း နားလည်မှု စာချွန်လွှာ ထိုးခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ၂၀၁၄ ခု အာဆီယံ ဥက္ကဋ္ဌတာဝန်ယူရန် အရည်အသွေးမြှင့်တင်ရေး အပါအ၀င် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးအတွက်.........

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls