ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြု လုပ်သော စက်တင်ဘာ ၁၈
ရက်နေ့တွင် NGO သုံးဆယ်က ထိုသို့ ပြန်လည် သုံးသပ်ရန် တောင်းဆို ချက်ကို
လက်မှတ် ရေးထိုးခဲ့သော်လည်း နောက်တစ်ရက်တွင် ၄၂ ခုအထိ လက်မှတ်ရေး
ထိုးခဲ့သည်.
ဒေသခံ များအပါအ၀င် စီမံ ကိန်းတွင် ပါဝင် ပတ်သက်သူ အားလုံး ပါဝင်သော
နည်းလမ်း ကိုအသုံးပြု ၍ ဖြစ်နိုင် ဖွယ် လေ့လာမှု အားလုံး ပြန်လည်
လုပ်ဆောင်ရန်၊ စီမံကိန်း ဆိုင်ရာ အချက်အလက် အားလုံး ထုတ်ဖော်ေ ပြောဆိုရန်၊
မြန်မာနိုင်ငံ ရှိ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ သည် ထားဝယ် စက်မှုဇုန်
စီမံကိန်း ကဲ့သို့သော ကြီးမားသည့် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့်
လူမှုရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာများကို ကိုင်တွယ်ရန် ပြည့်စုံ ကုံလုံမှု
မရှိသေးဘဲ စီမံ ကိန်းကို လျှင်မြန်စွာ အကောင်အထည် ဖော်မည်ဆိုပါက ထိုင်း
အစိုးရသည် မြန်မာနိုင်ငံ အတွင်းရှိ ဒေသခံ........များနှင့် နိုင်ငံတကာ အသိုက်အ၀န်း ၏ မေးခွန်း ထုတ်ခံမည် ဖြစ်ကြောင်း ယင်းအဖွဲ့ များ၏ တောင်းဆို စာတွင် ဖော်ပြထားသည်။
သတင်းစာ ရှင်းလင်းပွဲကို ဘန်ကောက်မြို့ရှိ Student Christian Centre တွင် ကျင်းပခဲ့ပြီး Foundation for Ecological Recovery (FER)၏ ဥက္ကဋ္ဌ ဗီရာဝပ် ဒီရာပရာဆပ်၊ Ecological Alert and Recovery, Thailand (EARTH) ၏ ဒါရိုက်တာ ပန်ချွမ်တမ်၊ Social Thinker and Public Intellectual မှ ဆူလပ် စီဗရပ် တို့က ဦးဆောင် ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း ဖွံ့ဖြိုးရေး စီမံချက်အရ အကောင်အထည် ဖော်ခဲ့သော မတ်တာပွတ် စက်မှုဇုံကြောင့် ဒေသခံ များတွင် ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ဆိုးကျိုး များကို အဓိက ခံစား ခဲ့ရသည်။
ယင်း ဒေသခံများ၏ တောင်းဆို ချက်ကြောင့် ယင်းဒေသ ကို ညစ်ညမ်းမှု ထိန်းချုပ် ဒေသ အဖြစ်သတ်မှတ် ခဲ့ပြီး ထိုင်း ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ချိုးဖောက်မှုဖြင့် စီမံကိန်း ၇၆ ခုကို ရပ်တန့် ခဲ့ရသည်။
ထားဝယ်ဒေသ တွင် အကောင် အထည်ဖော်မည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး စက်မှုဇုန် မှာ ထိုင်းနိုင်ငံ ၏ မတ်တာပွတ် စက်မှု ဇုန်ထက် ၁၀ ဆခန့် ပို ကြီးမား မည်ဖြစ်ပြီး ယင်းစက်မှု ဇုန်မှ အဆိပ်သင့် ဓါတ်ငွေ့ ထုတ်လွှတ်မှု၊ လေထု ညစ်ညမ်းမှု၊ သန့်ရှင်းသော ရေ အရင်းအမြစ်များ၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း ဒေသများ ပျက်စီး ဆုံးရှုံးမှု၊ ဂေဟ စနစ်ပျက်စီးမှု အစရှိသည့် သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးများ ခံစားရမည် ဟု သုသေတီ များက သုံးသပ် ထားကြသည်။
“ထားဝယ် စီမံကိန်းလို စက်မှု ဇုန်တည်ဆောက် ခြင်းဟာ ဒေသခံ တွေအတွက် အကျိုးဖြစ်ထွန်းမယ့် အစား၊ အပျက် သဘောကို ဆောင်နေတယ်။ ထိုင်း အစိုးရ အနေနဲ့ ထားဝယ် စီမံကိန်းကို ဆန့်ကျင်တဲ့ ထိုင်းနဲ့ ထားဝယ် ဒေသခံတွေရဲ့ အသံကို နားထောင်ပြီး ထားဝယ် ဒေသမှာ မတ်တာပွတ် ပုံစံတူ စက်မှုဇုန် အကောင်အထည် ဖော်မှာကို ပြန်လည် စဉ်းစားစေ ချင်ပါတယ်”ဟု Ecological Alert and Recovery, Thailand (EARTH) ၏ ဒါရိုက်တာ ပန်ချွမ်တမ်က ပြောဆို သည်။
မြန်မာ အစိုးရ အနေဖြင့် စီမံကိန်း ကို ဆက်လက် လုပ်ဆောင် နေခြင်းမှာ ထားဝယ် ဒေသနှင့် ဆက်ဆိုင်သည့် သတင်း အချက်အလက် များကို ရရှိမှု ပေါ် မူတည်နိုင်ကြောင်း ၄င်းက ယူဆသည်။
ထိုင်းနိုင်ငံ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှု ဘုတ် အဖွဲ့မှ ရရှိသည့် အချက်အလက် များပေါ်သာ အခြေခံ ၍ လုပ်ဆောင် နေခြင်း (သို့မဟုတ်) ထိုင်းနှင့် မြန်မာ အစိုး ရနှစ်ရပ်လုံး မှ ထားဝယ် စီမံကိန်းနှင့် စပ်ဆက် သည့် မည့်သည့် ဆိုးကျိုး ကိုမှ မငဲ့ကွက် ပဲ စီမံကိန်း မှ ရရှိလာမည့် အကျိုးစီးပွား ကိုသာ ရှေ့တန်း တင်၍ ရှေ့ဆက်နေ ကြကြောင်း သူက သုံးသပ် သည်။
“ထိုင်း အစိုးရက ဒီ စီမံကိန်းကို ရှေ့ ဆက်လုပ် ကိုင်နေ တဲ့အပေါ် ကျွန်မ အနေနဲ့ အလွန်ပဲ ရှက်မိပါတယ်” ဟု ပန်ချွမ်တမ်က ဆိုသည်။
ထားဝယ် စီမံကိန်းကို အကောင်အထည် ဖော်မည့် စီမံကိန်း ဒေသမှ ရွာပေါင်း၂၁ ရွာ၊ ဒေသခံပေါင်း သုံးသောင်းကျော်၊ အိမ်ခြေ ၃၉၇၇ အိမ် ပြောင်းရွေ့ခံ ရဖွယ်ရှိသည်။
ရေသိုလှောင်ရန် ရေကာတာ ဆောက်လုပ် မည့် ဒေသမှ လူပေါင်း ၁၀၀ ကျော်နှင့် ထိုင်း-မြန်မာနယ်စပ် ကားလမ်း ဖောက်လုပ်သည့် လမ်းတလျှောက် ရွာ ငါးရွာမှ လူပေါင်း ၁၅၀၀ ကျော် ရွေ့ပြောင်းရ မည်ဟု ယင်းလူမှု အဖွဲ့အစည်း များ၏ လေ့လာချက် များက ဆိုသည်။
“ဒီ စီမံကိန်းဟာ သိန်းသန်းချီ လုပ်ကိုင် နေတဲ့ ကုမ္ပဏီ တွေကိုပဲ အကျိုးအမြတ် ဖြစ်ထွန်းစေပြီး ထားဝယ် ဒေသက သဘာဝ ပတ်ဝန်းကျင်နဲ့ သယံဇာတ တွေကို လုံးဝ ဖျက်ဆီး ပစ်မှာအမှန်ပဲ။ ကျွန်တော့် အနေနဲ့ ထိုင်း အစိုးရအနေ က မြန်မာတွေ အပေါ်မှာ အမြတ် ထုတ်သွားမှာ ကို လုံးဝ မလိုလားပါဘူး” ဟု Foundation for Ecological Recovery (FER) ၏ ဥက္ကဋ္ဌ ဗီရာဝပ် ဒီရာပရာဆပ် က ပြောကြားသည်။
ကြီးမားသော စက်မှု ဇုန် စီမံကိန်း များကြောင့် ဖြစ်ပေါ် လာမည့် ပြဿနာများ ကို ကိုင်တွယ်နိုင်ရန် မြန်မာနိုင်ငံ မှ ရင်းနှီးမြှပ်နှံ မှု ထိန်းချုပ်ရေး ဥပဒေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းချုပ်ရေး ဥပဒေ များရှိရန် လိုအပ်သည့် အပြင် ထားဝယ် စီမံကိန်း တခုလုံး အတွက် မဟာဗျူဟာ ကျသည့် ပတ်ဝန်းကျင် ဆိုင်ရာ သက်ရောက်မှု စစ်တမ်း၊ လူမှုရေးဆိုင်ရာ သက်ရောက်မှု စစ်တမ်းများကို ထိုင်း အစိုးရမှ လုပ်ဆောင် သင့်ကြောင်း ထိုင်းလူမှု အဖွဲ့ အစည်းများက တောင်းဆို ထားသည်။
စီမံကိန်း အဓိက တည်ဆောက် ခွင့်ရရှိထားသော အီတလျံ-ထိုင်း ကုမ္ပဏီ အနေနှင့် ဘဏ္ဍာငွေ ရှာဖွေရန် အကြပ်အတည်း ကြုံရပြီးနောက် ထိုင်းနှင့် မြန်မာ အစိုးရခြင်း ပူးပေါင်း ဆောင်ရွက်ရန် မြန်မာ သမ္မတဦးသိန်းစိန်၏ ထိုင်း ခရီးစဉ်အတွင်း နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးခဲ့သည်။
ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်းနှင့်ပတ်သက်သည့် စီမံချက် စာတမ်းကို မြန်မာ သို့ ထိုင်းအစိုးရ က ပေးပို့ထားပြီး ရင်းနှီးမြှပ်နှံမှု ပုံစံအသစ် ဖြင့် စီမံကိန်းကို ငွေကြေး ထောက်ပံ့ရန် စီစဉ်နေ သည်။
ထိုင်း ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ် တရာသည် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည် ဖော်ရေး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် ဆွေးနွေးရန် စက်တင်ဘာ ၁၉ မှ ၂၁ ရက်ထိ မြန်မာနိုင်ငံ သို့ လာရောက်ရန် စီစဉ် ထားသော်လည်း ရွှေ့ဆိုင်းခဲ့သည်။
ထားဝယ် စီမံကိန်း တည်ထောင် ဆောက်လုပ် ခွင့်ရထားသူ အီတလျံ-ထိုင်း ကုမ္ပဏီက ၎င်း၏ ရှယ်ယာ ပါဝင်မှုကို ၂၅ ရာခိုင်နှုန်းသို့ လျော့ချ လိုက်ကြောင်း ပြီးခဲ့သည် ရက်သတ္တပတ် ကလည်းကောင်း၊ Max Myanmar ကုမ္ပဏီက စီမံကိန်းတွင် ပါဝင်သော ရှယ်ယာ များကို တစ်ဖြည်းဖြည်းနှုတ် ထွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် နှစ်လ က လည်းကောင်း အသီးသီး ပြောဆိုခဲ့ ပြီးဖြစ်သည်။
Dawei Watch
No comments:
Post a Comment