Showing posts with label ကွန်ပျူတာပြုပြင်နည်း. Show all posts
Showing posts with label ကွန်ပျူတာပြုပြင်နည်း. Show all posts

Saturday, October 15, 2011

laptop ပြုပြင်နည်းနှင့်သိသင့်စရာများ (မြန်မာလို)

ဒါကတော့ laptop ပြုပြင်နည်းနှင့်သိသင့်စရာများ ဆိုတဲ့ စာအုပ်ကလေးပါ . သန်းထိုက်(ရွှေရိပ်)ရေးထားတာပါ. laptop နဲ့ desktop က သဘောတရားချင်း တူတယ်လို့ ဆိုပေမယ့် တည်ဆောက်ပုံချင်း နည်းနည်းလေး ကွဲပါတယ်. desktop ကကျတော့ ကျယ်ပြန့်တဲ့ casing ပုံးခွံထဲမှာ ထည့်ပြီး ပေါ့ပေါ့ပါးပါး သုံးလို့ရပေမယ့်. laptop ကျတော့ တစ်လက်မလောက်သာသာပဲ ရှိတဲ့ laptop အခွံထဲမှာ အားလုံး ပြွတ်သိပ်ပြီး ကွန်ပျူတာတစ်လုံးဖြစ်လာအောင် တပ်ဆင်ထားရတာ တစ်ကယ်တော့ မလွယ်ပါဘူး. desktop သမားများက (၂)နှစ် (၃)နှစ်လောက် ဖုံတက်ချင်တက်ဆိုပြီး ပစ်ထားပေမယ့် ပုံးကကျယ်တော့ လေ၀င်လေထွက်ကောင်းတယ်လေ. speed သိပ်ပြီး သိသိသာသာမကျဘူး. laptop ကျတော့ ၃ နှစ်လောက်လဲ ပစ်ထားမယ်. သန့်ရှင်းရေးလဲမလုပ်ဘူး. ဖြစ်သလိုသုံးမယ်ဆိုရင်တော့ speed သိသိသာသာကျပြီး laptop က ထွက်တဲ့ အပူချိန်ကလဲ သိသိသာသာ မြင့်တက်လာမှာဖြစ်ပါတယ်. ပြောတာနဲ့ ဘယ်ရောက်သွားမှန်း မသိတော့ဘူး. ဒီစာအုပ်ကလေးကို ဖတ်ပါ. သိသင့်တာလေးတွေ သိလာပါလိမ့်မယ်. လိုချင်ရင်အောက်မှာ Download လုပ်လိုက်ပါ.  ဒေါင်းလော့ဆွဲလိုက်ပါ  ဒီမှာလေ။


computer service သမားများအတွက် Pc Mechanic (မြန်မာလို

ဒါကတော့ ဦးဇော်လင်း ရေးထားတဲ့ Pc Mechanic ဆိုတဲ့ စာအုပ်ပါ. Hardware သမားများအတွက် ဖြစ်ပါတယ်. ကွန်ပျူတာ တစ်လုံး တစ်စုံတစ်ရာ တစ်ခုခုဖြစ်ပြီ ဆိုရင် (တစ်နည်းအားဖြင့် ပျက်ပြီဆိုရင်) ဘာ့ကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ ကို ဖြစ်နိုင်ခြေတွေကို စဉ်ခြင်သုံးသပ်ရပါတယ်. ဒီစာအုပ်ကလေး မှာ ဖြစ်နိုင်ခြေတွေကို အခြေခံ သုံးသပ်တတ်အောင်လို့ ရေးပေးထား ပါတယ်. ဖြစ်နိုင်ခြေ အများဆုံးကို အရင်ဆုံးအဖြေရှာရမှာ ဖြစ်ပါတယ်. ဟိုဟာ ဟုတ်နိုးနိုး ဒီဟာဟုတ်နိုးနိုးနဲ့ စမ်းနေလို့ကတော့ တစ်ပတ်နေလဲ ကွန်ပျူတာရဲ့ ပျက်တာရဲ့ အဖြေကို သိရမှာ မဟုတ်ပါဘူး. အဲ့တော့ ကွန်ပျူတာ ပြင်မယ် service သမား တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်ထဲက အကြောင်းအရာတွေကို မဖြစ်မနေ သိထားရမှာ ဖြစ်ပါတယ်. စက်တစ်လုံးကို မီးပလပ်ထိုးပြီးတော့ ဖွင့်ကြည့်လိုက်တာနဲ့ အနည်းဆုံး ဖြစ်နိုင်ခြေ သုံးမျိုးလောက်ကို တန်းသိရပါမယ်. ဒီလိုသိနိုင်အောင်လဲ ဖြစ်နိုင်ခြေ ပြဿနာတွေကို လေ့လာထားရပါ့မယ်. မဟုတ်ရင် customar ရှေ့မှာ အထင်သေး ခံရတတ်မယ်မယ့်အပြင် အလုပ်ကိုလဲ နှောင့်နှေးစေပါတယ်. အဓိကပြောချင်တာကတော့ မိမိကိုယ်ကိုယ် service သမားလို့မှ ခံယူထားတယ်ဆိုရင်တော့ ဒီစာအုပ်လေးကို မဖြစ်မနေ ဖတ်ပေးပါလို့ တိုက်တွန်းချင်ပါတယ်. လိုချင်တဲ့သူများ  ဒီမှာ Download လုပ်လိုက်ပါ.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls