Friday, December 16, 2011

ကချင်ပြည်နယ်မှ သဘာဝအလှများ

မြန်မာပြည်ကကချင်ပြည်နယ်ဟာ တောတောင် ရေမြေ သဘာဝအလှတွေ များပြားလှတဲ့ နေရာတစ်ခုဖြစ်သလို အဖိုးတန် သယံဇာတများလည်း ပေါကြွယ်ဝလှပါတယ်.. စာရေးသူ စာရေးဖြစ်ပြီးတဲ့ နောက်ပိုင်း ကချင်ပြည်နယ်ရဲ့ နေရာ အချို့က စာရေးသူရောက် ခဲ့တဲ့ နေရာတွေရဲ့ အကြောင်းတွေ၊ ဓာတ်ပုံတွေကို ဘလော့ဂ်ပေါ်ကနေ တင်ခဲ့သလောက်လည်း တင်ခဲ့ပြီးပါပြီနော်.. ဒါပေမဲ့ စာရေးသူဟာ ကချင်ပြည်နယ်ရဲ့ နေရာအစုံကို မရောက်နိုင်သေးပါဘူး.. စာရေးသူတို့ ကချင်ပြည်နယ်မှာ သဘာဝတရားရဲ့ ဖန်တီးမှုတွေနဲ့ အင်မတန် လှပသာယာတဲ့ အိက်မက်ဆန်ဆန် နေရာလေးတွေ ရှိနေပါသေးတယ်.. စာရေးသူအနေနဲ့ အခြေအနေ၊ အချိန်အခါ အခွင့်အရေးများရှိခဲ့ရင် အဲဒီနေရာတွေ သွားချင်မိပါသေး တယ်။ 

ဒါအမှန်တကယ်ရှိတဲ့သဘာဝရှုမျှော်ခင်းတွေပါ မသွားနိုင်သေးသူများ ဓာတ်ပုံကြည့်ပြီးခံစားလိုက်ကြပါ။



ရေခဲဖုံးတောင်တွေကြားက ယုံကြည်ကိုးကွယ်ရာ

Image Hosted by PicturePush - Photo Sharing
တောင်ခိုးနှင့်တိမ် ရောယှက်လိမ်

Image Hosted by PicturePush - Photo Sharing
 ချမ်းယိန်းခူးရဲ့ မိုးရာသီ ( အစိမ်းရောင်တောင်ကုန်းများ...)

Image Hosted by PicturePush - Photo Sharing
 တောင်နဲ့ မိုးတဲ့အိမ်

Image Hosted by PicturePush - Photo Sharing
 ငွေမျှင်ကြိုးနဲ့ယှက်တဲ့ တိမ်

Image Hosted by PicturePush - Photo Sharing
 ပြာရီမှိုင်းကာမို့မို့ ညို့ညို့ညိုလွင်...


Image Hosted by PicturePush - Photo Sharing

တိမ်တွေနဲ့ မျက်နှာသစ်တဲ့ရွာ


Image Hosted by PicturePush - Photo Sharing
ပန်းချီလေလား ဝိုးတဝါး


နှင်းဖုံးတောင် နောက်ခံမြင်ကွင်းနဲ့အတူ လှပခမ်းနားနေတဲ့ ဘုရားရှိခိုးကျောင်း



Image Hosted by PicturePush - Photo Sharing
မြင့်မြင့်မားမား တောင်တန်းများပေါ်မှာသာ ပွင့်တဲ့ တောင်ဇလပ်နီ

ချင်းပြည်နယ်က တောင်တန်းတွေပေါ်မှာလည်း တောင်ဇလပ်ပန်းတွေ ရှိပါတယ်။ ဒီပုံကတော့ ကချင်တောင်တန်းပေါ်က တောင်ဇလပ်ပန်းအနီပါ။ ကချင်ပြည်နယ်သူ ကျွန်မ တောင်ဇလပ်ပန်းကို အပြင်မှာ တစ်ခါမှ မမြင်ဖူးသေးပါဘူး. သူကလည်း မြင့်မား တဲ့ တောင်ပေါ်တွေ မှာသာ ပေါက်တာကိုး.. အခါအခွင့် သင့်တဲ့ တစ်နေ့နေ့ တော့ တောင်ဇလပ်ပန်းကို ကြည့်နိုင်ဖို့ ရောက်အောင်လာခဲ့ပါဦးမည်။ 

Image Hosted by PicturePush - Photo Sharing
မြောက်မှတောင်သို့ စီးဆင်းနေတဲ့ ငေါ့ချန်းခ

Image Hosted by PicturePush - Photo Sharing

မြစ်တို့၏ မာယာ


ဒီလို လှပတဲ့ ပုံတွေကိုကြည့်ပြီး ကချင်ပြည်နယ်ရဲ့ သာယာလှပမှုတွေကို ကျွန်မရဲ့ မိတ်ဆွေ သူငယ်ချင်းတွေလဲ မြင်ရအောင် တစ်စု တစ်စည်းတည်း ဘလောဂ့်ပေါ် မှာ ပြန်လည် မျှဝေပေးချင်တာနဲ့ ဒီဓာတ်ပုံတွေကို ကိုယ်တိုင် ရိုက်ယူခဲ့တဲ့ ဆရာ ငြိမ်းအေးအိမ် ဆီက ခွင့်ပြုချက် ယူကာမြင်ရတဲ့အတိုင်း ဓာတ်ပုံတွေကို ဒီနေရာကနေ  ပြန်လည်ဝေ မျှတာ ဖြစ်ပါ တယ်။ တော်တော် များများလည်း ဆရာရဲ့ Facebook မှာ မြင်ဖူးကြမယ် ထင်ပါတယ်။ သို့သော်လည်း ကျွန်မအနေနဲ့ ဆရာရဲ့ ဓာတ်ပုံတွေကို အလွန် နှစ်သက် သဘောကျလွန်းတာမို့လို့ သိမ်းထားချင်တဲ့ စိတ်လည်း ဖြစ်မိ ပါတယ်.. ပြီးတော့လည်း အဲဒီပုံတွေကို မမြင်ရသေးတဲ့ သူတွေကိုလည်း ကချင်ပြည်နယ် မြောက်ဖျားရဲ့ အလှတွေကို ခံစား ကြည့်စေချင်မိပါတယ်.. ကြည့်ပြီးသား ဆိုရင်လည်း ထပ်မံ ခံစားကြည့်ရှုကြပါလို့ ပြောချင်တာပါရှင်။



Image Hosted by PicturePush - Photo Sharing
ဒီပုံထဲက အိမ်ကတော့ ဆရာနေခဲ့ဖူးတဲ့ ရစ်ဂျော်ဆိုတဲ့ ရွာကလေးဖြစ်ပါတယ်တဲ့

Image Hosted by PicturePush - Photo Sharing
ကချင်တောင်တန်းများကြားက လော်ဝေါ် တိုင်းရင်းသားတို့ရဲ့ ချစ်စရာ့ရွာကလေး..


Image Hosted by PicturePush - Photo Sharing
လန်ဆယ်ရွာကလေးရဲ့ အိမ်

Image Hosted by PicturePush - Photo Sharing
 ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည်...

Image Hosted by PicturePush - Photo Sharing
ဘဝကြမ်းကြမ်း လမ်းကြမ်းကြမ်းမှာ တစ်ဝမ်းတစ်ခါး ရှာသူများ

 ဆီးနှင်းတို့ဖုံးလွှမ်းနေတဲ့ တောင်ပေါ်လမ်းတစ်နေရာ


Image Hosted by PicturePush - Photo Sharing
ရေခဲတွေတစ်ဝက်တစ်ပျက်ဖုံးနေတဲ့ တောင်ထွတ်နောက်ခံနဲ့ တောင်ကုန်းပေါ် စေတီ

Image Hosted by PicturePush - Photo Sharing

ဆရာက ဒီပုံကို “ဆည်းလည်းသံတို့ရဲ့ နံနက်ခင်း” လို့ အမည်ပေးထားပါတယ်.


Image Hosted by PicturePush - Photo Sharing
 မြူမှုန်ခပ်ပါးပါး လွှမ်းခြုံထားတဲ့ ရောင်ခြည်ဖြာစ နံနက်ခင်း


အခု ဒီစေတီရှိရာ အရပ်ဒေသဟာ မြန်မာပြည်အရှေ့မြောက်ဖျား မြင့်မားတဲ့ တောင်တန်းကြီးတွေရှိရာ ပန်ဝါ လို့ အမည်ရတဲ့ ဒေသဖြစ်ပါတယ်. လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ခရီးဝေးတာကြောင့် လူတိုင်းရောက် ရှိဖို့ ခက်ခဲတဲ့ ဒေသဖြစ်ပါတယ်.. အဲဒီနေရာမျိုးမှာ ခုလို စေတီနဲ့ ဆည်းလည်းနဲ့ မြင်ရတဲ့ မြင်ကွင်းဟာ အင်မတန်မှ ကြည်နူးဖွယ် ကောင်းလှပါတယ်။ မြန်မာပြည်မှာ နှင်းတွေဖုံးနေတဲ့ တောင်အနီးမှာ ခုလို စေတီ ရှိတယ်ဆိုတာ သိသူနည်းပါးလှပါတယ်..

Image Hosted by PicturePush - Photo Sharing
မယုံမရှိပါနဲ့... တကယ်ကို မြန်မာပြည်ထဲမှာပါ.. ဓမ္မာရုံနဲ့ ဘုန်းကြီးကျောင်းတည်ရှိရာ တောင်ကုန်းပါ။

ကချင်မြေမှာ ဘာသာတရားနှင့် ပတ်သက်ပြီး ကန့်သတ်ချက်မရှိဘဲ မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်နိုင်သည်ဆိုတာ စေတီပုထိုးများနှင့် ဘုရားရှိခိုးကျောင်းတို့က အကောင်းဆုံး သက်သေ သာဓကများသာ ဖြစ်နေပေမည်။

Image Hosted by PicturePush - Photo Sharing

ဒီပုံကတော့ ဗန်းမော်အနီးမှာ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုင်းရင်းသားတို့ရဲ့ သဘာဝကို ဖော်ကျူးနေတဲ့ ဒီပုံကို ဆရာက “ မြစ်သို့လမ်း” လို့ အမည်ပေးထားပါတယ်..  အဲဒီပုံနဲ့ လိုက်ဖက်တဲ့ ကဗျာလေးကိုတော့ ကိုခင်အောင်အေးက အောက်ပါအတိုင်း ရေးစပ်ထားပါတယ်.. ပုံလေးနဲ့ အတူ တွဲဖက် ခံစားကြည့်ပါနော်။

မြစ်သို့လမ်း
 
တောင်ပေါ်တောလမ်း
ရွာနီးချုပ်စပ်တွေကို ဖြတ်သန်း
ခေတ်ဆန်းချိန် ဘယ်မှာ သိနိုင်မတုန်း..
ဆယ်နှစ်ကလည်း ဒီအတိုင်း
အနှစ်နှစ်ဆယ်တုန်းကလည်း ဒီအတိုင်း
ဟိုး အနှစ်ငါးဆယ်တုန်းကလည်း
ဒီလိုပဲ ..
ဘာမှ မပြောင်းမလည်းတဲ့လမ်း
အကွေ့အကောက်ကလေးတွေကိုကျော်
အပြေလေးတွေနဲ့ ကုန်းမော့လေးတွေ
တလှည့်စီဖြတ် ဒရွတ်တိုက်ပါနေကျ
ဘဝ လို လွယ်ထားတဲ့ ပလိုင်းနဲ့
ရေနည်းသွားတဲ့ မြစ်ဖက်ဆီ။ ။


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


လှေကားထစ်စိုက်ခင်း (သူများတွေဆီမှာတင် ဒီလိုရှုခင်းရှိတယ်မှတ်လား .. ကိုယ့်ပြည်တွင်းမှာလဲ ရှိနေပါတယ်) 


Image Hosted by PicturePush - Photo Sharing

 အဝေးကကြည့်ရင် ပုဝါတစ်စ လွှင့်ကျလာသလို ဝေ့ကာဝိုက်ကာ ကဗျာဆန်လှပေမဲ့ အားမာန်ပါတဲ့ ချောင်းရေစီးသံ


Image Hosted by PicturePush - Photo Sharing

သဘာဝရဲ့ လက်ဆောင်အဖြစ် ရရှိထားတဲ့ ကြည်လင်အေးမြနေတဲ့ စမ်းချောင်းရေ


Image Hosted by PicturePush - Photo Sharing
 ချီဖွေမြစ် ( လျှပ်စစ်ဓာတ်အားစက်ရုံဆီ ပို့လွှတ်ရလေတော့ ရေစီးကြောင်းက ဖြေးဖြေးချင်း နည်းပါးလာခဲ့ပြီ



Image Hosted by PicturePush - Photo Sharing


လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ကျော်ကတည်းက တည်ရှိခဲ့တဲ့ လော်ဝေါ်ရွာလို့ ဆရာကဆိုပါတယ်..


ဒီပုံတွေ အားလုံးကို အစိမ်းရောင်လွင်ပြင် ဆိုဒ်မှ ကူးယူထားပါသည်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls