Monday, December 26, 2011

အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကျဉ်းထောင်များသို့ ပထမဆုံး အကြိမ် သွားရောက် လေ့လာမည်

အကြောင်းအမျိုးမျိုး ကြောင့် ပြစ် ဒဏ်ကျ ခံနေရသည့် အကျဉ်းသားများ အား ပြစ်ဒဏ် ကျခံခြင်းမှပြန်လည်လွှတ် ပေးရန် နိုင်ငံတော်သမ္မတထံသို့ နှစ် ကြိမ်တိုင်တိုင် တောင်းဆို ထားသည့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သည် ဒီဇင်ဘာ နှောင်းပိုင်းတွင် အ ကျဉ်းထောင် များသို့ ပထမဆုံး အကြိမ် သွားရောက် လေ့လာမည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်အဖွဲ့ဝင်နှစ်ဦးက ပြောကြားသည်။
အမျိုးသား လူ့အခွင့်အရေး ကော် မရှင် အနေဖြင့် အကျဉ်းထောင် များသို့ ပထမဆုံးအကြိမ် သီးသန့် သွားရောက် လေ့လာခြင်း ဖြစ်ကြောင်း ကော်မရှင် ဖွဲ့ဝင် ဒေါ်စန်းစန်းက မြန်မာပို့စ်ဂျာ နယ်သို့ပြောကြား သည်။
“အမျိုးသားလူ့အခွင့်အရေးကော် မရှင်အနေနဲ့ အကျဉ်းထောင် တွေကို သီးသန့် သွားရောက် လေ့လာတာက တော့ ဒါပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ကချင်ပြည်နယ် သွားတုန်း ကလည်း အ ကျဉ်းထောင် တွေကို လေ့လာခဲ့ပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဒေါ်စန်းစန်းက ပြောကြားသည်။
ထိုသို့ အမျိုးသားလူ့အခွင့်အ ရေးကော်မရှင် က အကျဉ်းထောင်များ သို့သွားရောက်ခြင်းကို ဒီဇင်ဘာ နှောင်း ပိုင်းတွင် ဆောင်ရွက် မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် နှစ်ဦး စလုံးကထုတ် ဖော် ပြောကြား ခဲ့သော်လည်း သွား ရောက်လေ့လာမည့် ရက်အတိအကျ ကိုမူ ထုတ်ဖော်ပြောကြားခြင်းမပြုပေ။
“ကော်မရှင်အနေနဲ့ prison visit သွားဖို့ရှိတယ်။ ဒီလထဲမှာပဲသွား မယ်။ late December လောက်ဖြစ် မယ်။ ရက်ကလည်း ရွေးရသေးတယ်” ဟု ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရန်ကုန် တက္ကသိုလ်၊ ဥပဒေ ပညာဌာန အငြိမ်းစားပါမောက္ခ / ဌာနမှူး ဒေါက် တာဒေါ်သန်းနွဲ့က မြန်မာပို့စ် ဂျာနယ် နှင့်တွေ့ဆုံစဉ် ပြောကြားသည်။
“ရှေ့အပတ် ထဲမှာ သွားဖို့များ တယ်။ လောလောဆယ် တော့ လျာ ထားတုန်းပဲ။ ဆရာမကြီး ပြောထားသ လိုပဲ။ ကျွန်မတို့က အကျဉ်းထောင် ထဲ ၀င်တာ၊ ထွက်တာက အစ စာသွား စာလာလိုတယ်လေ။ ဒါတွေကို လည်း စီစဉ်ရမှာပါ”ဟု ကော်မရှင်အဖွဲ့ဝင် ဒေါ်စန်းစန်းက ပြောကြားသည်။
ထိုသို့ သွားရောက်စစ်ဆေး ရာတွင် အဓိကအားဖြင့် ရန်ကုန်မြို့အနီး တစ် ၀ိုက်၌ တည်ရှိသော အကျဉ်းထောင် များ သို့ သွားရောက် လေ့လာမည်ဖြစ်ပြီး ရဲဘက် စခန်းများ သို့လည်းသွားရောက် မည်ဖြစ်ကြောင်း၊ သွားရောက် လေ့လာ မည့် အဖွဲ့တွင် အမျိုးသမီး commissioner  အနည်းဆုံး တစ်ဦး ပါဝင်မည် ဖြစ်ကြောင်း၊ အကျဉ်းထောင် နှင့် အ ကျဉ်းသားများ၏ အခြေအနေကို ခြုံငုံ လေ့လာပြီး တွေ့ရှိချက် များကို သက် ဆိုင်ရာ ဌာနများသို့ အကြောင်းကြား မည်ဖြစ်ကြောင်း သိရသည်။
“အဓိက အနေနဲ့ ရန်ကုန်ဧရိယာ မှာရှိတဲ့ အကျဉ်းထောင် တွေနဲ့ ရန်ကုန် အနီးအနား ပေါ့နော်။ ပြီးတော့ ရဲဘက် စခန်း တွေကိုလည်း ဖိတ်ခေါ်ထားပါ တယ်။ ကော်မရှင် အဖွဲ့ဝင်တွေလူခွဲပြီး သွားမယ်။ ဒါပေမဲ့ ဆရာမကြီး တို့ အ မျိုးသမီး commissioner ပါအောင် လိုက်မယ်။ ဆရာမကြီးတို့က သူတို့ရဲ့ နေထိုင်မှု တွေဘာတွေကို လေ့လာမယ်” ဟု ဒေါက်တာဒေါ်သန်းနွဲ့က ရှင်းပြ သည်။
“အခုအကျဉ်းထောင် တစ်ခုရယ်၊ ရဲဘက်စခန်း တစ်ခုစီရယ်ကို သွားရောက် လေ့လာမှာပါ။ ဘယ်နေရာ တွေဆိုတာ ကတော့ လောလောဆယ် တော့မသိ သေးဘူး။ ကော်မတီဝင် တွေ စုံညီအ စည်းအဝေးကို တနင်္လာနေ့ မှာလုပ်ပြီးမှ confirm ဖြစ်မယ်။ ကော်မရှင်ဥက္ကဋ္ဌ ကြီးအပါအ၀င် ရှစ်ဦးသွားမှာပါ။ အ ကျဉ်းသား တွေရဲ့အခြေအနေနဲ့ အ ကျဉ်းထောင်ရဲ့အခြေအနေ ကို ခြုံငုံ လေ့လာပြီးလိုအပ်ချက် တွေရှိရင် သက် ဆိုင်ရာကို တင်ပြသွားဖို့ရှိပါတယ်။ တွေ့ ရှိချက် တွေကို သက်ဆိုင်ရာဌာန တွေ ကို အကြောင်းကြား မှာပါ”ဟု ဒေါ် စန်းစန်းက ပြောကြားသည်။
ပြည်တွင်း အကျဉ်းထောင်များသို့ ၂၀၀၅ ခုနှစ်နှောင်းပိုင်းမှ စတင်၍၀င် ရောက်ခွင့်မရရှိခဲ့သော ICRC အဖွဲ့ ကို အစိုးရသစ် တာဝန်ယူပြီး သုံးလ အတွင်း ၀င်ရောက် ခွင့်ပြုခဲ့ကြောင်း၊ Water and Habitat အင် ဂျင်နီယာ ဆွစ်ဇာလန်နိုင်ငံသား မစ္စ တာအဲရစ်ဝိုင်ဆန် နှင့် ကွင်းဆင်း အရာ ရှိနှစ်ဦး မော်လမြိုင် အကျဉ်းထောင်သို့ ၀င်ရောက်လေ့လာ ခွင့်ရခဲ့ကြောင်း ဇူ လိုင် ၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြထားသည်။ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့်မူ ဒီဇင်ဘာလ ကုန်ပိုင်းတွင် သွားရောက် လေ့ လာမှုသည် ပထမဆုံး တရားဝင် prison visit အဖြစ်မှတ်တမ်းဝင်မည်ဖြစ် သည်။
ခိုင်လင်းကျော်၊ ထွန်းလင်း
မြန်မာပို့ စ်

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls