Tuesday, December 6, 2011

ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​ဖွံ့​ဖြိုး​ တိုး​တက်မှု – အပိုင်း​ (၆)

အညစ်ညမ်း​ဆုံး​ လျှပ်စစ်ဓာတ်အား​ထုတ်လုပ်မှုရဲ့​ ထား​ဝယ်သဘာဝဝန်း​ကျင်အ​ပေါ် ကျ​ရောက်နိုင်မည့်​ အန္တရာယ်များ
ဖွံ့​ဖြိုး​ ဆဲနိုင်ငံတနိုင်ငံရဲ့​ အထူး​စီး​ပွား​ရေး​ဇုန်​တွေမှာ နိုင်ငံတကာစက်မှုလုပ်ငန်း​ကြီး​တွေ လာ​ရောက်ရင်း​နှီး​မြှုပ်နှံချင်ကြတဲ့​ အ​ကြောင်း​ရင်း​က အလုပ်သမား​ဈေး​ပေါ​ပေါနဲ့​ရရှိရုံ၊​ အခွန်အထူး​ကင်း​လွတ်ခွင့်​ရရှိရုံမျှမဟုတ်ဘဲ ထိုနိုင်ငံအစိုး​ရက စက်မှု လုပ်ငန်း​ရှင်များ​အလိုကျ သဘာဝဝန်း​ကျင်ဆိုင်ရာ တင်း​ကျပ်တဲ့​စည်း​မျဉ်း​ဥပ​ဒေ​တွေ မထား​ရှိတဲ့​ အချက်ဟာလည်း​ အဓိကပါဝင်​နေပါတယ်။
မြန်မာနိုင်ငံကလည်း ​ အထူး​စီး​ပွား​ရေး​ဇုန်​တွေ စတင်အ​ကောင်အထည်​ဖော်တဲ့​နေရာမှာ နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှု​တွေကို ဆွဲ​ဆောင်နိုင်​ရေး​အတွက် သဘာဝပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ဆိုင်ရာ စည်း​မျဉ်း​ဥပ​ဒေ​တွေ ပြဋ္ဌာန်း​မထား​ခဲ့​ပါဘူး​။ ဆယ်စုနှစ်နဲ့​ချီပြီး​ ကျဆင်း​နေတဲ့​ စီး​ပွား​ရေး​ကို ပြန်လည်ဦး​မော့​လာဖို့​အတွက် ​ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံဟာ အခုဆိုရင် အဓိက စီမံကိန်း​ကြီး​ ၃ ခုကို အ​ကောင်အထည်​ဖော်​နေပါတယ်။
အဲ့​ဒါ​တွေက​ တော့​ တနင်္သာရီတိုင်း​ဒေသကြီး​မှာ ထိုင်း​နိုင်ငံကရင်း​နှီး​မြှုပ်နှံမယ့်​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်၊​ ရန်ကုန်တိုင်း​ဒေသကြီး​မှာ ​တောင်ကိုရီး​ယား​နိုင်ငံက ရင်း​နှီး​မြှုပ်နှံမှုမယ့်​ သီလဝါ နိုင်ငံတကာ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်၊​ ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံက ရင်း​နှီး​မြှုပ်နှံမှုမယ့်​ ​ကျောက်ဖြူ ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်တို့​ ဖြစ်ပါတယ်။
လက်ရှိကျင်း​ပ ​နေတဲ့​ ​နေပြည်​တော်က ပြည်​ထောင်စုလွှတ်​တော်မှာ သဘာဝပတ်ဝန်း​ကျင်ကို ထိန်း​သိမ်း​ကာကွယ်​စောင့်​ရှောက်​ရေး​အတွက် ဥပ​ဒေတရပ်ပြဋ္ဌာန်း​ရေး​ ​ဆွေး​နွေး​မှု​တွေ ရှိခဲ့​ပေမယ့်​ သက်ဆိုင်ရာဝန်ကြီး​ဌာနက ၂၀၀၀ ခုနှစ် အ​စောပိုင်း​ကတည်း​က ​ရေး​ဆွဲထား​ပြီး​ဖြစ်တဲ့​ ဥပ​ဒေဟာ အ​ကြောင်း​အမျိုး​မျိုး​ကြောင့်​ ပြဋ္ဌာန်း​နိုင်ခဲ့​ခြင်း​မရှိဘဲ အခုအခါ ​ခေတ်နဲ့​လျော်ညီ​အောင် ပြန်လည်ပြင်ဆင်​နေ​ကြောင်း​ လွှတ်​တော်ကို အသိ​ပေး​ခဲ့​ပါတယ်။
အဲ့​ဒါ​ ကြောင့်​ သဘာဝဝန်း​ကျင်ထိန်း​သိမ်း​စောင့်​ရှောက်​ရေး​ဥပ​ဒေဟာ ဘယ်အခါမှ ထွက်​ပေါ်လာနိုင်မလဲဆိုတာ မသိနိုင်သလို ထွက်​ပေါ်လာမယ့်​ ဥပ​ဒေဟာလည်း​ အထူး​စီး​ပွား​ရေး​ဇုန်​တွေမှာ လာ​ရောက်တည်​ဆောက်မယ့်​ စက်မှုလုပ်ငန်း​ကြီး​တွေ​ကြောင့်​ ဖြစ်​ပေါ်လာနိုင်တဲ့​ ဓာတု​ဗေဒအဆိပ်သင့်​ ညစ်ညမ်း​မှု​တွေအတွက် တိကျတဲ့​ စည်း​မျဉ်း​ဥပ​ဒေ​တွေ ပြဋ္ဌာန်း​မလား​ ဆိုတာလည်း​ ​စောင့်​ကြည့်​ရမယ့်​ အချက်ဖြစ်ပါတယ်။
လော​လောဆယ်မှာ ​တော့​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်မှာ တည်​ဆောက်မယ့်​ စက်ရုံ​တွေထဲက ​ကျောက်မီး​သွေး​လျှပ်စစ် ဓာတ်အား​ပေး​စက်ရုံနဲ့​ ဆက်နွယ်လာမယ့်​ သဘာဝဝန်း​ကျင်ညစ်ညမ်း​မှုက ရင်​လေး​စရာအချက်တခုဖြစ်​နေပါပြီ။ ဒီစီမံကိန်း​ ကို အဓိကအ​ကောင်အထည်​ဖော်​နေတဲ့​ Italian-Thai Development PCL ဟာ နဂိုမူလက မီဂ္ဂါဝပ် ၄,၀၀၀ ထုတ်လုပ်နိုင်မယ့်​ ​ကျောက်မီး​သွေး​လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံတခုကို စီမံကိန်း​တည်ရှိရာ ​မောင်း​မကန်ကမ်း​ခြေမှာ တည်​ဆောက်ဖို့​ စီစဉ်ခဲ့​ပေမယ့်​ ​နောက်ပိုင်း​မှာ ထုတ်လုပ်မှုအင်အား​ကို မီဂ္ဂါဝပ် ၁၀,၀၀၀ အထိ တိုး​မြှင့်​ထုတ်လုပ်ဖို့​ ​ပြောင်း​လဲလျာထား​ခဲ့​ပါတယ်။
ဒီလို​ပြောင်း ​လဲခဲ့​တာလည်း​ ထိုင်း​နိုင်ငံက လိုအပ်တဲ့​ လျှပ်စစ်ဓာတ်အား​အတွက် နဂိုစီစဉ်ထား​တဲ့​ မီဂ္ဂါဝပ် ၄,၀၀၀ ထဲက ၃,၆၀၀ ကို မဟာဓာတ်အား​လိုင်း​သွယ်တန်း​ပြီး​ ထိုင်း​နိုင်ငံကို တင်ပို့​မှာဖြစ်တယ်။ ထိုင်း​နိုင်ငံရဲ့​ အဓိကလျှပ်စစ်ဓာတ်အား​ ထုတ် လုပ်ဖြန့်​ဖြူး​နေတဲ့​ အစိုး​ရရဲ့​ Electricty Generation Authority of Thailand (EGAT) နဲ့​ အီတာလျှံထိုင်း​ကုမ္ပဏီတို့​အကြား​ လုပ်ငန်း​ဆိုင်ရာညှိနှိုင်း​မှု​တွေလုပ်​နေသလို တဖက်မှာလည်း​ ကြီး​မား​တဲ့​ စက်မှုဇုန်စီမံကိန်း​အတွက် လိုအပ်တဲ့​ လျှပ်စစ်ဓာတ်အား​ ဖြန့်​ဝေနိုင်​ရေး​အတွက် ​နောက်ထပ် မီဂ္ဂါဝပ် ၆,၀၀၀ ကို တိုး​ချဲ့​ခဲ့​တယ်လို့​ သုံး​သပ်လို့​ရပါတယ်။
တကယ်​တော့​ မီဂ္ဂါဝပ် ၄,၀၀၀ ထုတ်လုပ်ရင်ပဲ အဲ့​ဒီစက်ရုံဟာ အ​ရှေ့​တောင်အာရှမှာ အကြီး​ဆုံး​ ​ကျောက်မီး​သွေး​ဓာတ်အား​ပေး​စက်ရုံ ဖြစ်​နေပါပြီ။ ထိုင်း​နိုင်ငံမှာ လက်ရှိအကြီး​ဆုံး​ ​ကျောက်မီး​သွေး​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံတရုံဖြစ်တဲ့​ နိုင်ငံရဲ့​ အ​နောက်​မြောက်ပိုင်း​က လမ်ပန်း​ (Lampang) ခရိုင်က မယ့်​မော့​ (Mae Moh) ​ကျောက်မီး​သွေး​လျှပ်စစ်ဓာတ်အား​ပေး​ စက်ရုံ​တောင်မှ မီဂ္ဂါဝပ် ၂၆၀၀ ​ကျော်သာ ထုတ်လုပ်နိုင်ပါတယ်။
ဒီ​နေရာမှာ ထိုင်း​နိုင်ငံက မယ့်​မော့​ကျောက်မီး​သွေး​မိုင်း​နဲ့​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ​ကြောင့်​ ဖြစ်ပွား​ခဲ့​တဲ့​ သဘာဝန်း​ကျင် ညစ်ညမ်း​မှုနဲ့​ ​ဒေသခံပြည်သူ​တွေရဲ့​ ပြည်သူ့​ကျန်း​မာ​ရေး​ဆိုင်ရာပြဿနာရပ်​တွေကို မြန်မာပြည်သူ​တွေအ​နေနဲ့​ရော ထား​ဝယ်​ဒေသမှာ ​နေထိုင်ကျတဲ့​ ​ဒေသခံ​တွေအ​နေနဲ့​ပါ ​လေ့​လာသိရှိသင့်​ပါတယ်။
ထိုင်း​ နိုင်ငံအ​နောက်​မြောက်​ဒေသက မယ့်​မော့​ကျောက်မီး​သွေး​မိုင်း​ကို ထိုင်း​အစိုး​ရက ၁၉၅၄ ခုနှစ်ကတည်း​က စတင်တူး​ဖော်ခဲ့​ပြီး​ ​မြေဧက ၉၁၀၀ ​ကျော် အကျယ်အဝန်း​ရှိတဲ့​ ​မြေပြင်​ပေါ်မှာ တူး​ဖော်ထုတ်လုပ်တဲ့​ အ​ရှေ့​တောင်အာရှ​ဒေသမှာ အကြီး​ဆုံး​ ​ကျောက်မီး​သွေး​မိုင်း​တွင်း​တခု ဖြစ်ခဲ့​ပါတယ်။
ဒါ​ပေမယ့်​ အဲ့​ဒီ​ကျောက်မီး​သွေး​မိုင်း​မှာ အာရှဖွံ့​ဖြိုး​ရေး​ဘဏ်က​ချေး​ငွေ အကူအညီနဲ့​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ တည်​ဆောက်တာကို ၁၉၇၂ ခုနှစ်မှ စတင်ခဲ့​ပြီး​ ၁၉၇၈ ခုနှစ်မှာ စက်ရုံကို ၇၅ မီဂ္ဂါဝပ် စက်တပ်ဆင်အား​နဲ့​ စတင်လည်ပတ်ခဲ့​ပါတယ်။ ​နောက်ပိုင်း​နှစ်​တွေမှာ လျှပ်စစ်ဓာတ်အား​ထုတ်လုပ်မှုကို အဆင့်​ဆင့်​တိုး​ချဲ့​ခဲ့​တာ အခုဆိုရင် နှစ်​ပေါင်း​ ၃၀ အတွင်း​ စက်အလုံး​ရေ ၁၃ လုံး​ တပ်ဆင်ခဲ့​ပြီး​ စုစု​ပေါင်း​ မီဂ္ဂါဝပ် ၂၆၀၀ ​ကျော်အထိ တိုး​ချဲ့​ထုတ်လုပ်ခဲ့​ပါတယ်။
ဆယ်စုနှစ် ၃ ခုအတွင်း​မှာ မယ့်​မော့​ကျောက်မီး​သွေး​စက်ရုံ ပတ်ဝန်း​ကျင်မှာ​နေထိုင်ကြတဲ့​ ထိုင်း​နိုင်ငံရဲ့​ ​ကျေး​လက်​နေ ပြည်သူ​တွေ ​ကျောက်မီး​သွေး​က ဖန်တီး​လိုက်တဲ့​ သဘာဝဝန်း​ကျင်ညစ်ညမ်း​မှုနဲ့​ ပြည်သူ့​ကျန်း​မာ​ရေး​ဆိုင်ရာပြဿနာ​တွေ ရင်ဆိုင်ခံစား​ခဲ့​ကြရပုံကို ဘန်​ကောက်အ​ခြေစိုက် Greenpeace Southeast Asia က သု​တေသနပြုပြီး​ “Mae Moh: Coal Kills” အစီရင်ခံစာကို ၂၀၀၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့​ပါတယ်။
အစီရင်ခံစာပါအချက်အလက် ​တွေအရ မယ့်​မော့​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံ စတင်လည်ပတ်ပြီး​ ၁၄ နှစ်အကြာ ၁၉၉၂ ခုနှစ်မှာ စက်အလုံး​ရေ ၁၁ လုံး​မြောက် တိုး​ချဲ့​တပ်ဆင်အပြီး​ မီဂ္ဂါဝပ် ၂၀၂၅ အထိ တိုး​ချဲ့​ထုတ်လုပ်လာချိန်မှာ ပြဿနာ​တွေဟာ မဖုံး​ဖိနိုင်​လောက်​အောင်အထင်အရှား​ ​ပေါ်ထွက်လာခဲ့​ပါတယ်။
စက်ရုံက​နေ ​နေ့​စဉ်ထုတ်လွှတ်​နေတဲ့​ ဆာဖာဒိုင်​အောက်ဆိုဒ် (SO2) ပါဝင်တဲ့​ ​ကျောက်မီး​သွေး​ပြာ​တွေ​ကြောင့်​ ပထမဆုံး​ စက်ရုံတဝိုက်မှာရှိတဲ့​ ​ကျေး​ရွာ​ပေါင်း​ ၄၀ ခန့်​က လူ​ပေါင်း​ ၁၀၀၀ ခန့်​ဟာ အသက်ရှူလမ်း​ကြောင်း​ ဆိုင်ရာ ​ရောဂါလက္ခဏာ ​တွေ စတင်ခံစား​ကြရပါ​တော့​တယ်။ ဒီလိုဖြစ်ရတာဟာ ဆာဖာဒိုင်​အောက်ဆိုဒ်ဟာ ​လေထုထဲမှာ ရှိသင့်​တာထက် ၅ ဆခန့်​ မြင့်​မား​နေလို့​ဆိုတာ ​တွေ့​ရှိခဲ့​ကြတယ်။
အစိုး​ရက ဒါ​တွေကို မသိကျိုး​ကျွန်ပြုပြီး​ ၁၉၉၆ ခုနှစ်မှာ စက်တပ်ဆင်အား​ ၁၃ လုံး​အထိ တိုး​မြှင့်​ခဲ့​ပြီး​ မီဂ္ဂါဝပ် ၂၆၂၅ အထိ ထုတ်လုပ်ခဲ့​တယ်။ အဲ့​ဒီနှစ်မှာပဲ ​လေထုညစ်ညမ်း​မှုဟာ အဆိုး​ရွာဆုံး​အဆင့်​ကို ​ရောက်ခဲ့​သလို ​ဒေသခံ ၆ ဦး​ ​သွေး​အဆိပ်သင့်​ပြီး​ ​သေဆုံး​တဲ့​ဖြစ်ရပ်လည်း​ ​ပေါ်ထွက်လာပါတယ်။ စက်ရုံကို ဝင်​ရောက်စစ်​ဆေး​လိုက်​တော့​ ဆာဖာဒိုင်​အောက်ဆိုဒ်ကို ထိန်း​ချုပ်တဲ့​စနစ်တခုလုံး​ အလုပ်မလုပ်ဘဲ SO2 ​တွေကို ​လေထုထဲတိုက်ရိုက်ထုတ်လွှတ်​နေတာ ​တွေ့​ရှိခဲ့​ကြပါတယ်။
ညံ့​ဖျင်း​တဲ့ ​ စက်ရုံစီမံခန့်​ခွဲမှုရဲ့​ရလဒ်က ပတ်ဝန်း​ကျင်​ကျေး​ရွာ​တွေက ပြည်သူ​တွေရဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​လုပ်ငန်း​ဖြစ်တဲ့​ လယ်ယာသီး​နှံ​တွေ ​ကျောက်မီး​သွေး​ပြာ​ကြောင့်​ ​လောင်ကျွမ်း​ပျက်စီး​ဆုံး​ရှုံး​ခဲ့​ရပြီး​ လူမှုဒုက္ခ​တွေကိုပါ ရင်ဆိုင်ခဲ့​ရတယ်။ ပြည်သူကျန်း​မာ​ရေး​ပညာရှင်များ​က အဲ့​ဒီ​ကျေး​ရွာ​တွေမှာ​နေထိုင်ကြတဲ့​ လူဦး​ရေ ၈၀၀၀ ​ကျော်ကို ကျန်း​မာ​ရေး​ စစ်​ဆေး​ မှု​တွေလုပ်ခဲ့​ရပြီး​ အဲ့​ဒီထဲက လူဦး​ရေ ၃,၅၀၀ ခန့်​ဟာ အသက်ရှူလမ်း​ကြောင်း​ဆိုင်ရာ ​ရောဂါ​တွေခံစား​နေရပြီး​ တချို့​ဆိုရင် ​အောက်စီဂျင်ဗူး​နဲ့​ အသက်ရှင်​နေရတဲ့​အထိ ဆိုး​ဆိုး​ရွား​ရွား​ ခံစား​ခဲ့​ကြရတယ်။
ဒီလိုခံစား​ နေရ​ပေမယ့်​ အစိုး​ရဘက်က အ​ရေး​ယူ​ဆောင်ရွက်မှု​တွေ ​နှေး​ကွေး​လွန်တဲ့​အတွက် ​ဒေသခံ​တွေဟာ ၎င်းတို့​အခွင့်​အ​ရေး​ကို ကိုယ်တိုင်ကာကွယ်မှ ရ​တော့​မယ်ဆိုတာ သိရှိလာပြီး​ ၁၉၉၈ ခုနှစ်မှာ အစိုး​ရကို စတင်တရား​ဆွဲပါ​တော့​တယ်။ ဒါ​ပေမယ့်​ အင်အား​နည်း​တဲ့​ပြည်သူ​တွေဘက်က မ​ရေရာမှု​တွေနဲ့​ပဲ အဆုံး​သတ်ခဲ့​ရတယ်။
တချို့​ ​ငွေ​ကြေး​တတ်နိုင်တဲ့​သူ​တွေက ​ဒေသက​နေ စွန့်​ခွာခဲ့​ကြပါတယ်။ မတတ်နိုင်တဲ့​ ဆင်း​ရဲတဲ့​ဒေသခံ​တွေအတွက် ​ရွေး​စရာလမ်း​မရှိဘဲ လူမှုဒုက္ခ​တွေကို ရင်ဆိုင်ခဲ့​ကြရတယ်။ အစိုး​ရက​တော့​ စက်ရုံကိုပိတ်ပစ်ဖို့​ မစဉ်း​စား​ခဲ့​ပါဘူး​၊​ ဒီစက်ရုံက ထွက်ရှိတဲ့​ လျှပ်စစ်ဓာတ်အား​က ထိုင်း​စီး​ပွား​ရေး​ကို ​ကျော​ထောက်​နောက်ခံပြု​နေတဲ့​ တန်ဖိုး​က ကြီး​မား​နေပါတယ်။
အာရှဖွံ့​ ဖြိုး​ရေး​ဘဏ်ကလည်း​ ၎င်းတို့​ချေး​ငွေနဲ့​ တည်​ဆောက်ခဲ့​တဲ့​ ဓာတ်အား​ပေး​စက်ရုံဖြစ်တဲ့​အတွက် ၂၀၀၁ ခုနှစ်မှာ မယ့်​မော့​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံ​ကြောင့်​ ဖြစ်ပွား​တဲ့​ သဘာဝဝန်း​ကျင်နဲ့​ ပြည်သူကျန်း​မာ​ရေး​ဆိုင်ရာ သက်​ရောက်မှု​တွေကို ​လေ့​လာဖို့​ အ​မေရိကန်​ဒေါ်လာ ၅ သိန်း​ ​ထောက်ပံ့​ခဲ့​ပါတယ်။ သို့​ပေမယ့်​ စီး​ပွား​ရေး​အရ​ရော၊​ ကျန်း​မာ​ရေး​အရ​ရော နစ်နာဆုံး​ရှုံး​နေကြတဲ့​ ​ဒေသခံပြည်သူ​တွေက​တော့​ ဘယ်မှာ နစ်နာ​ကြေး​တောင်း​ရမှန်း​ မသိဖြစ်ခဲ့​ရတယ်။
အရပ်ဘက်လူမှုအဖွဲ့ ​အစည်း​များ​ရဲ့​ ​ဒေသခံပြည်သူ​တွေဘက်က ရပ်တည်လှုပ်ရှား​မှု​တွေ ၂၀၀၀ ခုနှစ်​ကျော်မှာ အရှိန်မြှင့်​လာပါတယ်။ ၂၀၀၂ ခုနှစ်မှာ Greenpeace သု​တေသနဓာတ်ခွဲခန်း​ရဲ့​ မယ့်​မော့​ဒေသက ​လေထုကို စမ်း​သပ်​တွေ့​ရှိချက်အရ ဓာတ်အား​ပေး​စစ်ရုံက​နေ သက်ရှိလူသား​အပါအဝင် သတ္တဝါ​တွေကို​သေ​စေနိုင်တဲ့​ နျူရို​တော့​က်စ်ဆင်မာကျူရီ (Neurotoxin Mercury) တနှစ်ကို ၃၉ တန် ထုတ်လွှတ်​နေပြီး​ ​ကျောက်မီး​သွေး​ပြာ တန်ချိန် ၄.၄ သန်း​ ထုတ်လွှတ်​နေပါတယ်။
၂၀၀၃ ခုနှစ်မှာ မယ့်​မော့​ဒေသက ပြည်သူ​တွေကိုယ်စား​ ​ရှေ့​တန်း​က​နေ ထိုင်း​အစိုး​ရကို အ​ရေး​ဆိုခဲ့​တဲ့​ လုပ်ငန်း​ခွင် ကျန်း​မာ​ရေး​ဆိုင်ရာ လူနာများ​၏အခွင့်​အ​ရေး​ ကွန်ရက်အဖွဲ့​ (Occupational Health Patients Rights Network) အဖွဲ့​က ချင်း​မိုင်း​ အုပ်ချုပ်​ရေး​ဆိုင်ရာတရား​ရုံး​မှာ မယ့်​မော့​ဓာတ်အား​ပေး​စက်ရုံကို တရား​ဆွဲခဲ့​ပါတယ်။
၂၀၀၄ ခုနှစ်မှာ လမ်ပန်း​ခရိုင်တရား​ရုံး​က မယ့်​မော့​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံက ထုတ်လွှတ်တဲ့​ ပြာ​တွေ​ကြောင့်​ သီး​နှံ​တွေပျက်စီး​မှုအ​ပေါ် အ​မေရိကန်​ဒေါ်လာ ၁၄၀,၀၀၀ ​ကျော်ကို ​လျော်​ကြေး​ငွေအဖြစ် ​ဒေသခံ​ကျေး​ရွာ​တွေကို​ပေး​ရန် စီရင်ချက်ချခဲ့​ပါတယ်။ ဒါဟာ မယ့်​မော့​ဒေသခံ​တွေအတွက် ရှား​ပါး​တဲ့​ ​အောင်မြင်မှုတခုဖြစ်ခဲ့​ပါတယ်။
၂၀၀၅ ခုနှစ်မှာ ​ကျောက်မီး​သွေး​ဆန့်​ကျင်​ရေး​လှုပ်ရှာမှု​တွေ ထိုင်း​နိုင်ငံမှာ အရှိန်မြှင့်​ခဲ့​ပြီး​ People Against Coal Network of Thailand ကို စတင်ထူ​ထောင်လာကြပါတယ်။ ဘန်​ကောက်အ​ခြေစိုက် Greenpeace Southeast Asia အဖွဲ့​ဟာ ထိုင်း​နိုင်ငံရဲ့​ ​ကျောက်မီး​သွေး​ဆန့်​ကျင်​ရေး​ လှုပ်ရှား​မှုမှာ ထိပ်ဆုံး​က​နေ တတ်တတ်ကြွကြွပါဝင်ခဲ့​ပါတယ်။
သို့​ပေမယ့်​ ​ကျောက်မီး​သွေး​ဆန့်​ကျင်​ရေး​လှုပ်ရှား​မှုဟာ ထိုင်း​အစိုး​ရနဲ့​ စီး​ပွား​ရေး​လုပ်ငန်း​အသိုင်း​အဝန်း​က အ​ရေး​တကြီး​လိုအပ်​နေတဲ့​ ​ဈေး​အ​ပေါဆုံး​ ​လောင်စာစွမ်း​အင်သုံး​ လျှပ်စစ်ဓာတ်အား​ရရှိ​ရေး​ စီမံကိန်း​တွေကို မဟန့်​တား​နိုင်ပါဘူး​။ ထိုင်း​နိုင်ငံက စက်မှုဇုန်ကြီး​တွေမှာ ​ကျောက်မီး​သွေး​သုံး​ ဓာတ်အား​ပေး​စက်ရုံ​တွေနဲ့​ စက်မှုလုပ်ငန်း​တွေ တိုး​တက်များ​ပြား​လာ​နေတာက သက်​သေပါပဲ။
ဒါ​ပေမယ့်​ တ​နေ့​တခြား​ အား​ကောင်း​လာတဲ့​ လူမှုအဖွဲ့​အစည်း​တွေရဲ့​အင်း​အား​ကို ထိုင်း​အစိုး​ရက လျစ်လျူရှုမထား​ပါဘူး​။ အဲ့​လိုပဲ ထိုင်း​စီး​ပွား​ရေး​အသိုင်း​အဝန်း​ကလည်း​ တ​နေ့​တခြား​ စိုး​ရိမ်မှု​တွေ ရှိလာ​နေပါတယ်။ ထိုင်း​နိုင်ငံရဲ့​ သဘာဝဝန်း​ကျင်နဲ့​ ပြည်သူကျန်း​မာ​ရေး​ဆိုင်ရာ ပြဿနာ​တွေကို ထိန်း​ချုပ်နိုင်မယ့်​ အ​ကောင်း​ဆုံး​သော​ဖြေရှင်း​ချက်က မြန်မာနိုင်ငံပါပဲ။
မီဂ္ဂါဝပ် ၂၆၀၀ ​ကျော်ထုတ်လုပ်တဲ့​ မယ့်​မော့​ကျောက်မီး​သွေး​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ​ကြောင့်​ ​ဒေသခံထိုင်း​ပြည်သူ​တွေ ဘယ်​ရွေ့​ဘယ်မျှ ဒုက္ခ​ရောက်ခဲ့​တယ်ဆိုတာကို ​လေ့​လာကြည့်​ရင် ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်မှာ မီဂ္ဂါဝပ် ၁၀,၀၀၀ ထုတ်လုပ်ဖို့​ ရည်မှန်း​ထား​တဲ့​ အီတာလျှံထိုင်း​ကုမ္ပဏီရဲ့​ ​ကျောက်မီး​သွေး​စက်ရုံတခုမက တည်​ဆောက်မယ့်​ စီမံကိန်း​ဟာ ​ဒေသခံ​တွေအတွက် ​ကောင်း​ကျိုး​နဲ့​ ဆိုး​ကျိုး​ ဘယ်ဟာပိုများ​သလဲဆိုတာ စဉ်း​စား​ကြည့်​နိုင်ပါတယ်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls