Thursday, December 1, 2011

ထားဝယ်အထူးစီးပွါးရေးဇုန်နှင့်မြန်မာအထူးစီးပွါးရေးဇုန် အပိုင်း (၅)


ထိုင်း​နိုင်ငံက မက်တဖွတ် Map Ta Phut စက်မှုဇုန်၏ သဘာဝပတ်ဝန်း​ကျင်နှင့်​ ပြည်သူ့​ကျန်း​မာ​ရေး​ပြဿနာများ
ထိုင်း​ပင်လယ် ​ကွေ့​ဒေသက ရ​ယောင်း​ (Rayong) ​ဒေသဟာ ထား​ဝယ်လိုပဲ ​ဖြောင့်​တန်း​လှပတဲ့​ သဲဖြူ ပင်လယ်ကမ်း​ခြေတခုကို ပိုင်ဆိုင်ထား​ပါတယ်။ ၁၉၈၀ ပြည့်​လွန်နှစ်​တွေ အ​စောပိုင်း​ကာလ ထိုင်း​ပင်လယ်​ကွေ့​မှာ သဘာဝဓာတ်​ငွေ့​သိုက် ​တွေ့​ရှိခဲ့​ချိန်ကစလို့​ ပင်လယ်ငါး​ဖမ်း​လုပ်ငန်း​၊​ စိုက်ပျိုး​ရေး​လုပ်ငန်း​တွေနဲ့​ အသက်​မွေး​ဝမ်း​ကျောင်း​ပြု​နေတဲ့​ ဒီ​ဒေသဟာ စက်မှုလုပ်ငန်း​တွေရဲ့​ ဗဟိုချက်အဖြစ် အကြီး​အကျယ် ​ပြောင်း​လဲခဲ့​ပါတယ်။
အဲဒီအချိန်ကာလမှာ ထိုင်း​နိုင်ငံဟာ ကမ္ဘာ့​ရေနံ​ဈေး​ကြီး​မြင့်​မှု ပြဿနာနဲ့​ ရင်ဆိုင်​နေရသလို၊​ ထိုင်း​ဘတ်​ငွေတန်ဖိုး​ဟာလည်း​ အ​မေရိကန်​ဒေါ်လာ၊​ ဂျပန်ယန်း​ငွေတန်ဖိုး​တို့​နဲ့​ ယှဉ်ရင် အ​တော်​လေး​ ကျဆင်း​နေချိန်လည်း​ ဖြစ်ပါတယ်။ နိုင်ငံတွင်း​ ထုတ်လုပ်မှုစရိတ် ကြီး​မြင့်​လာတဲ့​ ဂျပန်၊​ ​တောင်ကိုရီး​ယား​နဲ့​ ထိုင်ဝမ်တို့​လို ဖွံ့​ဖြိုး​ပြီး​စ အ​ရှေ့​အာရှနိုင်ငံ​တွေက စက်မှုလုပ်ငန်း​ရှင်​တွေဟာ ထုတ်လုပ်မှုစရိတ် သက်သာတဲ့​ အ​ရှေ​တောင်အာရှနိုင်ငံ​တွေမှာ ရင်း​နှီး​မြှုပ်နှံဖို့​ ရှာ​ဖွေ​နေချိန်လည်း​ ဖြစ်ပါတယ်။
ဒီအ​ခြေအ​နေ​ တွေကို သုံး​သပ်မိတဲ့​ ထိုင်း​အစိုး​ရဟာ ရင်ဆိုင်​နေရတဲ့​ စီး​ပွား​ရေး​ အခက်အခဲကို ​ကျော်လွှား​နိုင်မယ့်​ အခွင့်​အလမ်း​တရပ်အဖြစ် သဘာဝဓာတ်​ငွေ့​သိုက် တည်ရှိရာ ထိုင်း​ပင်လယ်​ကွေ့​ ရ​ယောင်း​ခရိုင်မှာ အ​ရှေ့​ဘက်ပင်လယ်ကမ်း​ခြေဖွံ့​ဖြိုး​ ​ရေး​ (Eastern Seaboard Development Plan) အမည်ရှိတဲ့​ ဖွံ့​ဖြိုး​ရေး​စီမံကိန်း​ တရပ်ကို အ​ကောင်အထည် စ​ဖော်ခဲ့​ပါတယ်။ မက်တဖွတ် (Map Ta Phut) ​ဒေသကို စက်မှုဇုန်ထူ​ထောင်ပြီး​ အ​ရှေ့​အာရှနိုင်ငံ​တွေဆီက အရင်း​အနှီး​တွေ ထိုင်း​နိုင်ငံတွင်း​ စီး​ဝင်လာ​အောင် လုပ်နိုင်ခဲ့​ပါတယ်။
မက်တဖွတ် စက်မှုဇုန်မှာ အ​ခြေခံအ​ဆောက်အုံ​တွေ တည်​ဆောက်ဖို့​ ရင်း​နှီး​မြှုပ်နှံမှုဟာ ထိုင်း​ဘတ်​ငွေ သန်း​ပေါင်း​ ၃၇၀,၀၀၀ ရှိခဲ့​ပါတယ်။ လက်ရှိ ​ဒေါ်လာ​ဈေး​နဲ့​တွက်ရင် ​ဒေါ်လာ သန်း​ပေါင်း​ ၁၂,၀၀၀ (၁၂ ဒသမ ၅ ဘီလျံ) ရှိပါ တယ်။ ဒါ​ကြောင့်​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ စက်မှုဇုန်ရဲ့​ အ​ခြေခံအ​ဆောက်အအုံ တည်​ဆောက်မှုမှာ ရင်း​နှီး​မြှုပ်နှံမှုပမာဏချင်း​ သိပ်မကွာပါဘူး​။
အလား​တူပဲ မက်တဖွတ် တည်​ဆောက်​ရေး​ လုပ်ငန်း​တွေမှာ အဓိကပါဝင်ခဲ့​တာဟာ ထား​ဝယ်စီမံကိန်း​ကို အ​ကောင်အထည်​ဖော်​နေတဲ့​ အီတာလျံ-ထိုင်း​ကုမ္ပဏီ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့​ ထား​ဝယ်စီမံကိန်း​ မန်​နေဂျင်း​ ဒါရိုက်တာ ဆွမ်ချက် တီနာ​ပေါင် (Somchet Thinaphong) ဟာလည်း​ မယ့်​တဖွတ် စက်မှုဇုန်စီမံကိန်း​ ​ရေး​ဆွဲတဲ့​အထဲမှာ ပါဝင်ခဲ့​သူတဦး​ ဖြစ်ပါတယ်။
အဲ့​ဒါ​ ကြောင့်​ မြန်မာနိုင်ငံမှာ တည်​ဆောက်မယ့်​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်ဟာ မက်တဖွတ်နဲ့​ နှိုင်း​စာရင် ဆယ်ဆ​လောက် ကြီး​မား​တာကလွဲပြီး​ တည်​ဆောက်မယ့်​ စက်ရုံအမျိုး​အစား​၊​ ကနဦး​ ရင်း​နှီး​မြှုပ်နှံမှု၊​ ​ရေ​မြေ အ​နေအထား​နဲ့​ ​ဒေသခံပြည်သူ​တွေရဲ့​ လူမှုစီး​ပွား​ဘဝအ​ခြေအ​နေဟာ အ​တော်​လေး​ ဆင်တူတာ ​ကြောင့်​ မြန်မာပြည်သူ​တွေနဲ့​ အထူး​သဖြင့်​ ထား​ဝယ်​ဒေသခံ​တွေအ​နေနဲ့​မက်တဖွတ် စက်မှုဇုန်ရဲ့​ အကျိုး​သက်​ရောက်မှု​တွေကို သိထား​သင့်​ပါတယ်။
နှစ်​ပေါင်း​ ၂၀ ကြာပြီး​နောက် မက်တဖွတ် စက်မှုဇုန်ဟာ ထိုင်း​နိုင်ငံရဲ့​ စီး​ပွား​ရေး​ အသက်​သွေး​ကြော ဖြစ်လာပြီး​ တိုင်း​ပြည်ရဲ့​ အသား​တင်ထုတ်လုပ်မှု (GDP) ကို အဓိကမြှင့်​တင်​ပေး​တဲ့​ ​ဒေသလည်း​ ဖြစ်လာပါတယ်။
တချိန်တည်း​ မှာပဲ ထိုင်း​လူမှုအဖွဲ့​အစည်း​တွေနဲ့​ သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​ လှုပ်ရှား​မှုအဖွဲ့​တွေကြား​မှာ ထိုင်း​နိုင်ငံရဲ့​ အကြီး​ဆုံး​စက်မှုဇုန်ကြီး​ ဖြစ်လာတဲ့​ မက်တဖွတ်ဟာ ဓာတုအဆိပ်မျိုး​စုံ ခြုံလွှမ်း​နေတဲ့​ ​ဒေသကြီး​တခုအဖြစ် ရှုမြင်လာကြပါတယ်။
Map Ta Phut စက်မှုဇုန်တည်ရှိရာ ရ ယောင်းဒေသက ကမ်းခြေတ လျှောက်လုံး ရေတိုက်စားခံထားရပုံကို Google Earth မှ မြင်တွေ့ရပုံ
“ထိုင်း​ နိုင်ငံကို လူသား​တဦး​အ​နေနဲ့​ သ​ဘောထား​မယ်ဆိုရင် မက်တဖွတ်ဟာ ကင်ဆာပါပဲ။ ခင်ဗျား​ရဲ့​ခန္ဓာကိုယ်ထဲမှာ ကင်ဆာဖြစ်​နေမှန်း​ အစပထမ​တော့​ သတိပြုမိမှာ မဟုတ်ပါဘူး​။ ဒါ​ပေမယ့်​ ခင်ဗျား​သတိပြုမိလိုက်တဲ့​အချိန်မှာ ကုသဖို့​ သိပ်ခက်ခဲသွား​ပါပြီ” လို့​ မက်တဖွတ်​ဒေသမှာ နှစ်ရှည်လများ​ ​နေထိုင်ခဲ့​ဖူး​တဲ့​ ဘန်​ကောက်အ​ခြေစိုက် Greenpeace Southeast Asia (GPSEA) ရဲ့​ ထိုင်း​နိုင်ငံဆိုင်ရာကိုယ်စား​လှယ် တာရာ ဘူအာခမ်စရီ (Tara Buakamsri) က ရှင်း​ပြပါတယ်။
မက်တဖွတ် စက်မှုဇုန်ကို စတင်လည်ပတ်ပြီး​ ၁၀ နှစ်​လောက်အကြာ ၁၉၉၇ ခုနှစ်မှာ ​ဒေသခံပြည်သူ​တွေကို အကြီး​အကျယ် တုန်လှုပ်သွား​စေတဲ့​ ဖြစ်ရပ်တခု ​ပေါ်​ပေါက်ခဲ့​ပါတယ်။ ​ရေနံချက်စက်ရုံတခုနဲ့​ ခြံစည်း​ရိုး​ပဲခြား​တဲ့​ စာသင်​ကျောင်း​ တခုက ​ကျောင်း​သား​နဲ့​ ဆရာဆရာမ ၁,၀၀၀ ​လောက် အဆိပ်သင့်​ ဓာတ်​ငွေ့​တွေ ပါတဲ့​လေကို ရှူရှိုက်မိလို့​ ​ဆေး​ရုံတင်လိုက်ရပါတယ်။ အဲဒီဖြစ်ရပ်​နောက်ပိုင်း​မှာ​တော့​ စက်မှုဇုန်​ကြောင့်​ ​လေထုနဲ့​ရေထု ညစ်ညမ်း​လာတာကို ဆန့်​ကျင်တဲ့​လှုပ်ရှား​မှု​တွေ ​ဒေသခံပြည်သူ​တွေနဲ့​ လူမှုအဖွဲ့​အစည်း​တွေအကြား​ စတင်ခဲ့​ကြပါတယ်။
အဲဒီနှစ်ထဲမှာပဲ Greenpeace ဟာ Campaign for Alternative Industry Network (CAIN) နဲ့​ Global Community Monitor (GCM) စတဲ့​ ထိုင်း​လူမှုအဖွဲ့​အစည်း​တွေနဲ့​ ပူး​ပေါင်း​ပြီး​ မက်တဖွတ် ​လေထုနဲ့​ရေထုကို သိပ္ပံနည်း​ကျ စမ်း​သပ် စစ်​ဆေး​လေ့​လာမှု​တွေ လုပ်ခဲ့​ပါတယ်။ ​နောက်ပြီး​ Thailand’s Air: Poison Cocktail ဆိုတဲ့​ အစီရင်ခံစာတ​စောင် ထုတ်ပြန်ခဲ့​ပါတယ်။
အစီရင်ခံစာအရ မက်တဖွတ်စက်မှုဇုန်မှာ ကင်ဆာ​ရောဂါဖြစ်​စေတဲ့​ Carcinogenic ဒြပ်​ပေါင်း​ ၂၀ ထဲက ၁၉ မျိုး​ဟာ ​လေထုထဲရှိသင့်​တာထက် အဆ​ပေါင်း​များ​စွာ များ​ပြား​နေတာကို ​တွေ့​ရှိခဲ့​ပါတယ်။ အဲ့​ဒါ ​ကြောင့်​ လည်း​ အစီရင်ခံစာကို Poison Cocktail လို့​ အမည်တပ်ခဲ့​ပါတယ်။
၂ဝဝ၇ ခုနှစ်မှာ ထိုင်း​ကျန်း​မာ​ရေး​ဌာနက မက်တဖွတ်​ဒေသခံ ၂,၁၇၇ ဦး​ကို စမ်း​သပ်ပါတယ်။ အဲဒီအထဲက လူ​ပေါင်း​ ၃၀၀ မှာ Benzene Level ထူး​ထူး​ကဲကဲ မြင့်​မား​နေတာ ​တွေ့​ခဲရပါတယ်။ မက်တဖွတ်​ဒေသအတွင်း​ အများ​ပြည်သူသုံး​စွဲတဲ့​ ​ရေတွင်း​ရေကန် ၂၅ ခုက ​ရေနမူနာ​တွေကို ဓာတ်ခွဲစမ်း​သပ်ခဲ့​ရာမှာလည်း​ သံဓာတ် ၁၅၁ ဆ၊​ ခဲဓာတ် ၄၇ ဆ၊​ မန်ဂနိစ် ၃၄ ဆ၊​ ဇင့်​ ၁၀ ဆနဲ့​ ကက်မီယမ် ၆ ဆ ပိုလွန်ပါဝင်​နေတာ ​တွေ့​ရှိခဲ့​ပါတယ်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls