Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, July 26, 2012

တိုးချဲ့ခွင့်သာ ရမယ်ဆိုရင် ထားဝယ်မှာသဘာဝနေရာတွေအများကြီး


မျှော်ရစ်ကမ်းခြေ တစ်နေရာ
photo : ကိုနဂါး
ထားဝယ်ကို နောက်ထပ် ကမ္ဘာလှည့် ခရီးသွားများ အခြေ ချရာ နေရာ တစ်ခုဖြစ်လာ မလား ဟု စောကျော သူများ ရှိသည်။ မြန်မာနိုင်ငံတောင်ဘက်ပိုင်း ထားဝယ်သည် သဘာဝ ပတ်ဝန်းကျင် အလှတွေ၊ သယံဇာတ အလှတွေ ရှိသော်ငြား အကြောင်းကြောင်းကြောင့် ပွင့်လင်း မြင်သာမှု မရှိခဲ့။
ယခုမူ ထားဝယ် စီမံကိန်း ကဲ့သို့သော အခင်းအကျင်း အသစ်များကြောင့် ခရီးသွား ဧည့်သည်များ ၀င်လာမစဲ ဖြစ်လာသည်။ ထို့ကြောင့် စီးပွားရေး ကြောင့်ပင်ဖြစ်စေ၊ သဘာဝ ပတ်ဝန်းကျင် အလှကြောင့် ပင်ဖြစ်စေ၊ ခရီးသွား ဧည့်သည်တွေ လာခဲ့လျှင် ထိုခရီးသည်တွေ အတွက် မိမိတို့ ထားဝယ်ဒေသ သည် အဆင်သင့် ဖြစ်ပြီလား ။ အမှန်တကယ် ခရီးသွားများ အခြေချ သင့်သောနေရာ ဖြစ်ပါသလား။ ဘာကြောင့်နည်း။ ဘာတွေ ပြင်ဆင်ထားဖို့လိုအပ်သနည်း၊......

Sunday, July 22, 2012

ထားဝယ်ဒေသ ချစ်စရာရေဓလေ့များ


   ထားဝယ် ရေအလှူ
ထားဝယ် တွင် နှစ်စဉ် မေလလောက်ဆို ကားများ ထွေလာဂျီ များပေါ် ရေစည် ပိုင်းပြတ်များ၊ ပလတ်စတစ်  ပုံးကြီး၊ ပုံးငယ်များ တင်လာသည့် လူအုပ်စုတို့  မြို့အထွက် ရွာတွေဆီသို့ အသီးသီး သွားကြသည်။
တစ်ချို့ လူစုများသည် ကားပေါ် အသံချဲ့စက် တင်၍ သီချင်း အကျယ်ကြီး ဖွင့်သွားသည်မှာ သင်္ကြန်ပွဲကဲ့သို့ပင်။
“ ရေရှားနေပြီ ထင်တယ် “ ဟုတစ်ယောက်က လှမ်းကြည့်ရင်း ပြောသည်။
ရေလှုထွက်သည့် ကားများမှာ တစ်နေ့ တစ်နေ့ ကား လေး ငါးဆယ်စီးမက ။ စနေ၊ တနင်္ဂနွေနေ....

သာဂရဟာ ပျူမြို့လို့ယုံကြည်တယ်

ထားဝယ်မြို့ဟောင်းများအကြောင်း လေ့လာသူ ဦးဇော်သူရနှင့် တွေ့ဆုံခြင်း
ဖိုးဇော်(ထားဝယ်)
ထားဝယ်မြို့၏ ထင်ရှားသော သာဂရ မြို့ဟောင်း ကိုရောက်ရှိသော အခါ ရှေးအုတ်ချပ် ကြီးများ၊ ရောင်စုံ ပုတီးစေ့များ၊ မြေဆေးတံ တွေကို တွေ့မြင် ရသဖြင့် အံ့သြ ရသလို ဝေဒီ မြို့ဟောင်း ကိုရောက်ပြန်တော့လည်း အုတ်မြို့ရိုးတွေ ရှိနေသေးသည့် ဝေဒီ ဆိပ်ကမ်းကို  ကြည့်ကာ ရှေး ထားဝယ်၏ ကုန်သွယ်ရေး ကို တွေးဆ ဖြစ်သည်။ အချိန်နှင့်နည်းပညာသာရှိလျှင် ထားဝယ်အတိတ်သမိုင်းနှင့် ပတ်သက်သော လေ့လာစရာတွေက တစ်ပုံတစ်ပင်။ အထူးသဖြင့် လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာကို ရောက်တိုင်း ရွာအ၀င်က သချိုင်းဟောင်း ဟုဆိုကြသော နေရာကို စေ့ငုဖြစ်သည်။ ထို နေရာတွင် တွေ့ရ တတ်သော အရိုးအိုး တွေက မြန်မာ့မြေ ပေါ်မှ ပျောက်ကွယ် သွားခဲ့သည့် ပျူ များ၏ဓလေ့နှင့် တူသောကြောင့် စိတ်ဝင်စား ခြင်းလည်း ဖြစ်သည်။ ပျူနှင့် ထားဝယ် ၏ဆက်စပ်မှု၊ သာဂရနှင့် ပတ်သက်မှု စသည့် အချက်တွေက မိမိ၏ သိလိုစိတ် ကို ဆွပေးသည်။ မိမိ နည်းတူ ထိုအကြောင်း အရာတွေကို သိလိုသူ တွေလည်း ရှိနေပါလိမ့်မည်။
ထိုကြောင့် ထားဝယ်မြို့ဟောင်း များကို အထူး ဂရုစိုက် လေ့လာနေသူ ထားဝယ် တက္ကသိုလ်၊ စိတ်ပညာ ဌာနမှ ဆရာ ဦးဇော်သူရကို ထားဝယ် မြို့ဟောင်း များအကြောင်း အထူးသဖြင့် သာဂရ မြို့ဟောင်း အကြောင်းကို တွေ့ဆုံ မေးမြန်ထား ပါသည်။

မေး  -  ရှင်ဇလွန် စေတီရှိတဲ့ သာဂရ က ထားဝယ် ရဲ့အထင်ရှား ဆုံးပေါ့။ အဲဒီ အကြောင်းလေး စပြောစမ်းပါဆရာ။
ဖြေ   -  လူအများစု စိတ်အ၀င်စားဆုံးက သာဂရပေါ့လေ….။ မှတ်တမ်းတွေအရလည်း “သာဂရမြို့တည်၊ ဥသြစည်”
၁၁၃ ခုနှစ် ပေါ့လေ..ဆိုတယ်။ ခရစ်နှစ် အားဖြင့်တော့ ၇၅၁ ခုပေါ့။ ၈ ရာစုပေါ့နော်။ ရှေးဟောင်း သုတေသန ကလည်း ဟုတ်တယ် လို့ ထောက်ခံ တယ်။ အရိုးအိုး ဓလေ့၊ လက်ရေးစင်း ပါ အုတ်ချပ်တွေ တွေ့တယ်။
မြို့ရိုး ကလည်း အ၀ိုင်း ပုံစံဖြစ်နေတယ် ။ ဗမာ မှတ်တမ်းတွေ မှာ… မှန်နန်း လိုမှတ်တမ်း မှာပေါ့ဗျာ ပျူတွေ ပျက်လို့ ထားဝယ် တနင်္သာရီ ကိုရောက်တယ် လို့ ဆိုထားတယ်။ ထားဝယ် ပညာရှင်အချို့ကလည်း ပျူတွေလို့ ယုံကြည် ကြတယ်ဗျ။
မေး   – ဒါဆိုရင်..ထားဝယ်ကပျူခေတ်ကတည်းရှိတယ်ဆိုတဲ့သဘောပေါ့။
ဖြေ  -   ပျူခေတ် ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၂၀၀ လောက်က စပြီး သတ်မှတ် တာပါ။ ကမ္ဘာပေါ်မှာ လူရယ် လို့ဖြစ်လာတာ နှစ်ပေါင်း ၄၀၀၀၀ လောက်ရှိပြီ။ အရင် ကမြို့နဲ့ ဘာနဲ့နေ ချင်မှ နေမယ်။ ဒီမြို့ကပဲ ပြောရရင် ပျူခေတ်လို့  ယုံတယ်။  ဒါပေမယ့် သာဂရ မြို့ဟောင်းသာမက ထားဝယ် ဒေသတစ်ခု လုံးမှာ ကျောက်ခေတ် သစ် လက်နက်တွေ အများကြီး တွေ့ ရတယ်ဗျ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀၀ လောက် ကတည်း က လူရှိနေပြီဆိုတဲ့ သဘောပဲ။
မေး   -  အဲဒီလူတွေက ဘယ်သူတွေဖြစ်မလဲ ဘာယဉ်ကျေးမှုရှိလဲဆရာ…။
ဖြေ    -  သုတေ သနတွေနဲ့ အထောက်အထား အားနည်းတော့ အတိအကျ မပြောနိုင်ဘူး။ ဘီလူး လို့ခေါ်တဲ့ လူတွေ ဖြစ်ဖို့များတယ်။ လူသား စားမယ်။ နတ် ကိုးကွယ်မယ်။ ရေသိပ်ကျွမ်းလို့ ရေဘီလူး တွေလို့ ရာဇ၀င်တွေမှာပါတယ်။ (မွန်ပြည်နယ်က) သထုံဟာ ထင်ရှားတဲ့ ဘီလူးမြို့ပါ။
မေး   -   သာဂရမြို့ဟောင်းလည်း ဘီလူးတွေလုပ်တဲ့မြို့လား။ ဘယ်သူတွေလဲ ရှင်းပြပါဦးဆရာ။
ဖြေ   -   ဘီလူးတွေက ဒေသခံတွေ ပျူ က အုပ်ချုပ်သူ ဖြစ်ဖို့များတယ်။ မွန် ကလည်း ထည့်တွက်ရမယ့် လူမျိုးပါ။ မွန်နဲ့ ဘီလူးတို့ နယ်မြေ လုတဲ့အကြောင်း၊ သုဝဏ္ဏဘူမိ သမိုင်းမှာ ရှိတယ်။ ပျူကမွန်ကို သိမ်းသွင်းနိုင် ပုံရတယ် ပျူနဲ့က မလေးကျွန်းဆွယ်၊ အင်ဒို၊ ဖိလစ်ပိုင် အထိ အဆက်အသွယ် ရှိတယ်။ ဒီတော့ ကုန်သွယ်ရေး၊ ဘာသာရေး၊ စစ်ရေး စတဲ့ အကြောင်း တွေကြောင့် ပျူတွေ ရောက်လာ ပုံရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သာဂရ ဟာ သရေခေတ္တရာ အငွေ့အသက် တွေ အများကြီး ရလို့ပါ။
မေး   -   သာဂရမြို့ရဲ့ အကွက်အကွင်းလေး ပြောပြပါဦး ဆရာ။
ဖြေ    -  ပထမ အချက် သာဂရ ရဲ့ပထ၀ီ အနေအထား၊ တောင်တွေ ၀ိုင်းနေတယ်။ မြစ်ဘေး မှာရှိတယ်။ ရေအသုံးချ မှုကလေ့လာ စရာ ဖြစ်တယ်။ အခု ထားဝယ်မြစ် ကကော သွားပြီ။ ဒုတိယ အချက် မြို့ရိုးက အပြင်ဆုံးက အ၀ိုင်း၊ အတွင်း လေးထောင့် ၂ထပ်၊ အပြင် မြို့ရိုးက စောတယ်။ ပြီးမှ အတွင်း လုပ်တယ်။ ဒါပေမယ့် ကွင်းဆင်း လေ့လာ တဲ့အခါ အပြင် မြို့ရိုးလည်း ၂ ထပ်၊ ၃ ထပ် လောက်ရှိတယ် ။ တတိယ အချက် မြို့ရဲ့ တောင်ဘက်မှာ သင်္ချီုင်း ရှိတယ်။စတုတ္ထ အချက် အလယ် နီးနီးမှာ နန်းတော်ကုန်း ရှိတယ်။ အုတ်တိုက် ပါ ။ အနောက်ဘက် ပင်လယ်ကို တောင်ကြားထဲက ချောင်းက တစ်ဆင့် ထွက်တဲ့ လမ်း ရှိတယ်။ အခု ပျောက်ပြီ။ပဉ္စမ အချက်က ဆေးတံ တို့ အိုးတို့ ပုတီးစေ့ အစရှိတဲ့ အထောက်အထား တွေက ပျူနဲ့ ဆင်တယ်။ သတိထား ရမှာက အားလုံးက မြေပေါ်တွေ့အထောက်အထား တွေ ဖြစ်နေတာ။ တူးဖော် သုတေသန ပြုဖို့ အရမ်းလို နေတယ်။ ဆဌမ အချက်က…လက်ရေးစင်း ပါ။ အုတ်ချပ် တွေ ။ သတ္တမ အချက်က ပုဂံ အနော်ရထာ မင်းကြီးအုတ်ခွက်  ရှင်မော် ကရတယ်။ အနော်ရထာ ဒီမြို့တည်တာ မဟုတ်ဘူး၊ အနည်း ဆုံးနှစ် ၂၀၀ လောက် စောတယ် ။ ဒါကြောင့်.ထားဝယ် ဟာ ပျူခေတ် ကတည်းက ရှိတယ်။ သုတေသန သဘောအရ ဆိုရတာဗျာ…။ ထပ်တွေ့ ရင်ဟုတ်၊ မဟုတ် သိလိမ့်မယ်။ ကျွန်တော့် အနေနဲ့ သာဂရ ဟာ ပျူမြို့လို့ ယုံကြည်တယ်။


ဦးဇော်သူရ၏ ကိုယ်ရေး အကျဉ်း
အမည်        – ဦးဇော်သူရ
အလုပ်အကိုင် -နည်းပြ၊ စိတ်ပညာဌာန၊ ထားဝယ်တက္ကသိုလ်
မွေးသက္ကရာဇ် -  ၅. ၃. ၁၉၇၄
ပြုစုခဲ့သည့်စာတမ်းများ   -  ထားဝယ်သမိုင်းလေ့လာချက် (ကျောက်ခေတ်သစ်မှအေဒီ၁၂၀၀ ထိ)
၂၀၀၄ ခုနှစ်၊ သုတေသနစာတမ်းဖတ်ပွဲ
-   ထားဝယ်ဒေသရှေးယဉ်ကျေးမှုအထောက်အထားများ
ထားဝယ်တက္ကသိုလ်သုတေသနဂျာနယ်၊ အတွဲ(၁)၊အမှတ်(၁)၊၁/၂၀၁၀။
- ထားဝယ်ဒေသရှိပျူဓလေ့နှင့်ဆက်နွယ်သောယဉ်ကျေးမှုအထောက်အထားများ
ထားဝယ်တက္ကသိုလ်သုတေသနဂျာနယ်၊ အတွဲ(၂)၊အမှတ်(၁)၊၁/၂၀၁၁။
နေရပ်လိပ်စာ       -ကရပ်ပြင်ရပ်၊ ထားဝယ်မြို့။

Friday, May 18, 2012

88ခေါင်းဆောင်များ ထားဝယ်မြို့တွင်လူထုအားတွေ့ဆုံ

လောင်းလုံမြို့နယ်၊ အောက်ရေဖြူကျေးရွာ ဆွေးနွေးပွဲအပြီးတွင် ဒေသခံတို့က ကချင်ဒေသရှိ စစ်ဘေးဒဏ်ခံ ပြည်သူများအတွက် လှူဒါန်းငွေ ၁၇၄,၀၀၀ ကျပ်ကို ၈၈မျိုးဆက်ကျောင်းသားများမှ တဆင့် ပေးအပ်လှူဒါန်းရာ မင်းကိုနိုင်က လက်ခံရယူခဲ့သည်။ (မေလ၊ ၁၅ရက်၊ ညနေ ၆ နာရီ)....

Tuesday, April 17, 2012

TZK ရာဘာကုမ္ပဏီကြောင့် မလိဝမ်းရေတံခွန်ညစ်နွမ်း မှုများဖြစ်ပွား

            

မလိဝမ်းရေတံခွန်
ယခုအခါ မလိဝမ်းကျေးရွာ အထက်ပိုင်းမလိဝမ်းရေတံခွန်သို့စီးဆင်းရာ စမ်းချောင်းတစ်လျှောက်တွင် ၄င်ကုမ္ပဏီမှ ၀န်ထမ်းများ နေရာများချထားပေးရာမှ ၀မ်ထမ်းများ၏ အညစ်ကျေးများ၊ အမိုက်များ၊ မစင်နှုင့် စွန့်ပစ်ပစ္စည်းများကို ရေတံခွန်သို့စီး ဆင်းရာ တောင်ကြစမ်းချောင်းအတွင်သို့စွန့်ပစ်ခြင်း၊ ပေါင်းသတ် ၊မျက်သတ်ဆေးများ သုးံစွဲရာမှ ရေတံခွန်အတွင်း   သို့စီးဆင်းခြင်း၊ သဘာဝပါတ်ဝမ်းကျင်နှင့် ရေအရင်းမြစ်ကို ထိမ်းသိမ်းပေးသော သစ်ပင်ကြီးများကို ခုတ်ထွင်ရှင်းလင်း ခြင်းမှ ရေတံခွန်သို့စီးဆင်းရာ စမ်းချောင်များခန်းခြောက်ခြင်း စသည့် နောက်ဆက်တွဲဆိုးကြီးများ

Tuesday, April 10, 2012

အရင်တုန်းကဟာသသင်္ကြန်စာ

 “ဗမာပြည်” အမည်ရှိသော ဗြဟ္မာမင်းဦးခေါင်းကို ကိုင်ထားသည့် သောကြာသားသည်
အစိမ်းရောင် အဝတ်ကို ဝတ်ဆင်လျှက် အင်္ဂါသမီးထံ လွှဲအပ်ရမည့်အစား “ပေးဘူး၊
ပေးဘူး” ဟု အတင်း ကာရော ငြင်းဆန်ကာ ဆက်လက် ကိုင်ဆောင် ထားဦးမည်
ဖြစ်သောကြောင့် မိုးတွင်းတွင် မိုးရွာလတ္တံ့၊ မိုးတဖြိုက်
နှစ်ဖြိုက်ရွာရုံမျှဖြင့် ရန်ကုန်တွင် ရေကြီးအံ့၊ ထီပေါက်သူများ ပိုက်ဆံ
ဝင်လတ္တံ့၊ လျှပ်စစ် မီးကြောင့်ဖြစ်သော ဓာတ်လိုက်ခြင်း အန္တရာယ်
ကင်းဝေးလတ္တံ့၊ ကိုရီးယားကား လူကြိုက်များလတ္တံ့၊ အင်တာနက် ဆက်သွယ် ရေး
နှေးအံ့၊ တိုင်းသူပြည်သားများမှာ ဆန်အစား ဆန်ကွဲကို စားရသောကြောင့်
အစာကြေလွယ်အံ့၊ ညဘက်မီးမှန်မှန် ပျက်သောကြောင့် စောစောအိပ်ရာဝင်ရ လတ္တံ့၊

Monday, April 9, 2012

သင်္ကြန် သမိုင်းအကြောင်း

သင်္ကြန် သမိုင်းကြောင်း

အီးမေးလ်က ရတဲ့သင်္ကြန်သမိုင်းလေး တင်ပေးလိုက်ပါတယ် သင်္ကြန် သမိုင်း …. ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာ ရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့လိုပါတယ်။ သင်္ကြန် မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတ

Sunday, March 25, 2012

ကမ္ဘာဘဏ်ဥက္ကဌတောင်ကိုးရီးယားသားဖြစ်ဖို့ရှိ


(ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဖြစ်လာမယ့် ကိုရီးယားလူမျိုး မစ္စတာကင် ရဲ့ အနုပညာဗီဇ)
ကမ္ဘာ့ဘဏ်ကို စတင်ထူထောင်တဲ့အချိန်ကစလို့ နှစ်ပေါင်း ၇၀ လုံးလုံး ဥရောပသား လူဖြူတွေကချည်း ကြိုးကိုင်လာရကနေ အခုတော့ အာရှနွယ်ဖွားတယောက်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ ကိုရီးယားလူမျိုးတယောက်ကို ခန့်မလို့ လျာထားလိုက်တာပါ။ ကမ္ဘာ့ဘဏ် ဥက္ကဌနေရာကို မြန်မာလူမျိုးတယောက်ဖြစ်နိုင်၊ မဖြစ်နိုင် ကိစ္စကတော့ ဆက်ဆွေးနွေးတာပေါ့။
အာရှနွယ်ဖွားတယောက် ကမ္ဘာ့ဘဏ်ဥက္ကဌဖြစ်လာဖို့ အကြောင်းဖန်လာတဲ့ အကြောင်း

Wednesday, March 7, 2012

ထိုင်းပညာရေးအကြောင်း

Add caption

၂၀၁၅ ခုနှစ်မှာ ပေါ်ထွန်းလာမယ့် အာစီယံ ကွန်မြူနတီကို ရည်ရွယ်ပြီး ထိုင်းအစိုးရက ပညာရေးပြောင်းလဲဖို့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေတာကို ဘန်ကောက်ပို့စ်နဲ့ နေရှင်းသတင်းစာတွေမှာ နေ့စဉ်တွေ့နေရသည်။ အထူးသဖြင့် ကျောင်းသားတွေကို လက်ပ်တော့ ဝေငှတာနဲ့ ၂၀၁၂ ကို အင်္ဂလိပ်စာနှစ် သတ်မှတ်မှုအပေါ် ဝေဖန် ဆွေးနွေးငြင်းခုန်တာတွေ ပုံမှန် တွေ့ရသည်။
ဒါကြောင့် မောက္ခက ထိုင်းပညာရေးနဲ့ ပတ်သက်ပြီး ထိုင်း ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာ သင်ပေးနေတဲ့ မြန်မာ ဆရာမတစ်ဦးနှင့် ဘန်ကောက် Ramkhamhaeng တက္ကသိုလ်မှာ ပညာရေး မာစတာဘွဲ့ ကျမ်းပြုနေသူ မွန်ကျောင်းသူတစ်ဦးကို ဆက်သွယ် မေးမြန်းပြီး၊ သူတို့ အတွေ့အကြုံတွေကို တင်ပြလိုက်ရပါသည်။

ဆရာမ မမေ
ချင်းမိုင် Sarasas Witaed Lanna School သင်ကြားရေး အတွေ့အကြုံ
ထိုင်းနိုင်ငံက  ကျောင်းတစ်ကျောင်းမှာ စာသင်နေတဲ့ ကျမကို ထိုင်း ကလေးတွေကို စာသင်ရတာနဲ့ မြန်မာ ကလေးတွေကို စာသင်ရတာ ဘာကွာလဲ၊ ထိုင်းကျောင်းတွေရဲ့ သင်ကြားရေးစနစ်က

Friday, February 24, 2012

တိုးတက်နေသောဗီယက်နမ်

အာရှ၏ နောက်ကျားတကောင် (သို့) ဗီယက်နမ် တိုးတက်ရခြင်းအကြောင်း ၁၀ ချက်

Add caption

 ဗီယက်နမ်စစ် ပြီးတဲ့ကာလကစလို့ အရှေ့တောင်အာရှမှာ သိသိသာသာ အပြောင်းအလဲတွေဖြစ်ခဲ့သလိုပဲ၊ ဗီယက်နမ်ကလည်း လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။
ဗီယက်နမ်ဟာ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) ရဲ့ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်ဖြစ်ခဲ့တဲ့နောက်မှာ စီးပွားရေးအရ ကမ္ဘာကြီးနဲ့ ပြန်လည်ပေါင်းစည်းသွားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ခဲ့ပြီး၊ စီးပွားရေးလားရာကလည်း လယ်ယာမြေကနေ ဈေးနှုန်းမြင့် ထုတ်လုပ်မှုကဏ္ဍနဲ့ ၀န်ဆောင်မှုဆီကို ဦးတည်ချက်ပြောင်းခဲ့ပါတယ်။
ဗီယက်နမ်က စီးပွားရေးစီးပွားရေး တိုးတက်စေခဲ့တဲ့ အကြောင်းတရားတွေနဲ့၊ ဒီတိုးတက်မှုကို ထိန်းထားနိုင်ဖို့ လိုအပ်ချက်တချို့ကို McKinsey Global Institute က ထုတ်ပြန်တဲ့   "Sustaining Vietnam's Growth: The Productivity Challenge အစီရင်ခံစာကနေ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်

Thursday, February 9, 2012

အင်တာနက်ခေတ်နှင့်မြန်မာသမိုင်းပါမောက္ခ

                            
  တလောက ပြည်တွင်းက ဆရာတဦးနဲ့ အဆက်အသွယ်ရပါတယ်။ ဆရာက ကျနော့် ထိုင်းဖုန်းနံပါတ်ကို လှမ်းခေါ်လို့ တော်တော် အံ့သြခဲ့ရပါတယ်။ ဆရာနဲ့ ရှေးဟောင်းနှောင်းဖြစ် အကျိုးအကြောင်း ပြောဖြစ်ကြတယ်။ စကားပြောဖြစ်တော့ ဖုန်းနဲ့ ပြောရတာ ပိုက်ဆံကုန်တယ်၊ ဂျီတော့ (သို့) စကိုက်ပီကနေ ပြောရတာ ပိုအဆင်ပြေမယ် ပြောတော့ ဆရာပါမောက္ခက သူအခုအထိ အီးမေးလ် မသုံးတတ်ဘူးလို့ ပြောတယ်။ ကျနော်လည်း တော်တော် အံ့သြသွားတယ်။ အီးမေးလ်ကို မသုံးတတ်တဲ့ သမိုင်းဌာန တွဲဖက်ပါမောက္ခကို တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ သမိုင်းကို သင်နေတဲ့  တွဲဖက် ပါမောက္ခက ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာတွေ နေ့စဉ်နဲ့ အမျှ ပြောင်းလဲနေတာကို အမီလိုက်နိုင်မယ့် နည်းပညာတွေကို မသိတော့ ဘယ်လိုခေတ်မီသင်ခန်းစာမျိုးကို တပည့်တွေကို ပို့ချမလဲ တွေးနေမိတယ်။...............

Monday, February 6, 2012

ဒလမြို့တော်စီမံကိန်း (နိဂုံးအပိုင်း)


                            ဒလမြို့ တော်ကြီး စီမံကိန်း နိဂုံးပိုင်း
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ဒလအကြောင်း ရေးစရာတွေ အများကြီး ရှိနေပါတယ်။ အထူးသဖြင့်ပေါ့ မြို့တော်တည်ထောင်ထာ မြန်မာနိုင်ငံရဲ့ အကြီိးဆုံးနဲ့ စီးပွားရေးအရ အရေးအပါဆုံး မြို့တော်ကြီးကို ကျနော်တို့ မြန်မာတွေ ကိုယ်တိုင် စိတ်ထိုင်းကျကျ တည်ဆောက်နိုင် တည်ဆောက်တဲ့ မြို့တော်ကြီးအဖြစ် သမိုင်းမှတ်တမ်း ထိုးနိုင်မယ့် မြို့တော်ကြီးဘဲ ဖြစ်ပါတယ်။ တနည်းလဲ ဒီလိုစီးပွားရေးအရ အလွန်အချက်အခြာ ကျပြီး အလွန်ကြီးမားလာမဲ့ မြို့တော်ကြီးကို စစ်အစိုးရ အဆက်ဆက် မတည်ဆောက်နိုင်ခဲ့ဘူး ဆိုတာလဲ သမိုင်းမှာ မှတ်တမ်းတင် ကျန်ခဲ့ပါပြီ။

Friday, January 27, 2012

ထိုင်းမှာဒီလိုနေရတယ်


 

ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးအလုပ်သမားတို့ဘဝ

ကျော်ဇင်မင်း (မဲဆောက်ညဈေး)
ဇန်န၀ါရီ ၂၆၊ ၂၀၁၂
ကျွန်တော်တို့မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကစပြီး တစ်စတစ်စ ဆိုသလို ဆင်းရဲ ကြပ်တည်းလာကြရပါတယ်။ဒီတော့ ကျွန်တော်တို့နိုင်ငံမှာ ဘာအလုပ်မှ မလုပ်နိုင် အလုပ်အကိုင်အခွင့်အလမ်းကလည်း အရမ်းကိုနည်းလာတော့ ပြည်ပနိုင်ငံတွေကိုထွက်ပြီး အလုပ်လုပ်ကြရပါတယ်။
ဒီလိုပြောတော့ ပြည်ပနိုင်ငံဆိုလို့ အထင်မကြီးလိုက်ပါနဲ့။ ကျွန်တော်တင်ပြမယ့်နိုင်ငံက ထိုင်းပါ။ ကျွန်တော်တို့က ဈေးကြီးပေးရတဲ့ ဂျပန် လို ဘယ်သွားနိုင်ကြမလဲ။ ဒီတော့ နယ်စပ်ကိုဖြတ်ပြီး ထိုင်းကိုဝင်ရတယ်လေ။ တာချီလိတ်၊ မဲဆောက်၊ ဘုရားသုံးဆူဆိုတဲ့နေရာတွေကနေ ၀င်ကြ အလုပ်လုပ်ကြတာပေါ့။ ဒီလို တရားမ၀င်လာတော့ ထိုင်းရဲက လူဝင်မှုဥပဒေအရ ခပ်ကြမ်းကြမ်းလေးဖမ်းပါတယ်။ ဒါပေမယ့် ကျွန် တော်တို့ရွှေတွေက မခေပါဘူး။

Sunday, January 15, 2012

သားတို့ဘက်မှာအမေတို့ရှိနေတယ်

 ရင်ထဲခံစားမိသော ဓာတ်ပုံလေးတပုံ....

 ဒီဓာတ်ပုံလေးကတော့ ညီငယ်သတင်းထောက်တဦး မှတ်တမ်းတင်ထားတဲ့ ကျွန်တော်တို့ရဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် လွတ်မြောက်တဲ့နေ့ သရက်မြို့ပေါ်က ဓာတ်ပုံမှတ်တမ်းပါ..။ သရက်မြို့ခံ အဘွားအိုတဦးမှ ကိုမင်းကိုနိုင်ကို ဆိုက်ကားနဲ့ အမှီလိုက်ကာ လှိုက်လံနှုတ်ဆက်ပြီး၊ လက်ဆောင်ထုတ်ကလေး ပေးတဲ့ မျက်ရည်ဝဲဖွယ် မြင်ကွင်းလေးကို မှတ်တမ်းတင်ထားပါ...။ နှစ်ဦးစလုံးရဲ့ မျက်နှာပေါ်က မြင်ကွင်းတွေ အဓိပ္ပါယ်တွေ ရသတွေ အများကြီး ဖော်ဆောင်နေပါတယ်...။ အမေအိုရဲ့ ကိုမင်းကိုနိုင်အပေါ် ထားတဲ့ မေတ္တာနဲ့ ချစ်ခင်အားကိုးမှုတွေကို မျက်ဝန်းမှာ မြင်နိုင်ပါတယ်ဗျာ...။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို ရင်ဆိုင်ဖြတ်သန်းနေရမယ် ဆိုတာကတော့ အမေ့အိုရဲ့ အသွင်အပြင်ကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်...။ သားရယ် အမေတို့ရဲ့ ဘဝအမောတွေကို ကယ်တင်ပေးပါလို့ ဆိုနေသလား၊ ငါ့သားလေးကို အားကိုးပါတယ်လို့ ဆိုလေမလား၊ အများအကျိုးအတွက် အနစ်နာခံ၊ စတေးခံ လုပ်ဆောင်ပေးတဲ့ ငါ့သားလေး ကျန်းမာ၊ ချမ်းသာပါစေလို့ ဆိုနေသလား...။ အမေတွေနဲ့ ဝေးနေရတဲ့ ကျွန်တော်တို့တွေအတွက် ခံစားချက်တွေနဲ့အတူ လားပေါင်းများစွာ မေးခွန်းတွေပေးနေတဲ့ ဓာတ်ပုံလေးပါ။ မုန့်ထုပ်လေးဟာ တန်ဘိုးမရှိလှပေမယ့် အမေအိုရဲ့ မေတ္တာမျက်ဝန်းကတော့ အင်မတန်မှ တန်ဘိုးကြီးမားလှပါတယ်..။ အမိမြန်မာပြည် အနှံအပြားက ဒီလိုအမေအိုတွေရဲ့ ဘဝအမောတွေ အေးချမ်းစေချင်ပါပြီ..။

ပြီးခဲ့တဲ့ ၁၃ရက်နေ့ သောကြာနေ့ဟာ မြန်မာပြည်သူတွေ ပျော်မဆုံးဖြစ်ခဲ့ရတဲ့ နတ်၊ လူသာဓုခေါ်မယ့် နေ့ဆိုလည်း မမှားပါဘူး...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးသိန်းစိန် အစိုးရကြား ညှိနှိုင်း ဆွေးနွေးမှုတွေက ရရှိထွက်ပေါ်လာတဲ့ ရလာဒ်တခုပါပဲ...။ ၁၉၈၈ခုနှစ်ကနေ ယနေ့အထိ ၂၄နှစ်တာ ကာလအတွင်း မမြင်မတွေ့နိုင်ခဲ့ရတဲ့ လက်ရှိမြန်မာပြည်ရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခင်းအကျဉ်းတွေပါပဲ...။ ၂၄နှစ်တာ ကာလပတ်လုံး လူထုခေါင်းဆောင်နဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ တဦးနဲ့တဦး အဆက်အသွယ် ဖြတ်ထားခြင်းခံရပြီး အထဲဝင်၊ အပြင်ထွက် လွဲနေ၊ တမင်လွဲအောင် စံနစ်တကျ လုပ်ထား ခံခဲ့ရတာတွေဟာ ယခုတော့ အားလုံး အတူတကွ မြင်တွေ့ရတော့မှာပါ..။

ညအမှောင်မိုက်ထဲက လငပုပ်ဖမ်းထားခံနေရတဲ့ အဖြစ်တွေကနေ ကနေ့မှာတော့ ကျွန်တော်တို့ တိုင်းပြည်မှာ လပြည့်ဝန်းကြီးနဲ့ ကြယ်တွေစုံပြီး တောက်ပ လင်းလက်တဲ့ အနာဂတ်  ကောင်းကင်ကို မြင်တွေ့ရတော့မယ့် ကြယ်တွေစုံတဲ့ညလို့ တင်စားပါရစေ...။ အနှစ်နှစ်အလလ ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်တွေ၊ ဘဝတွေ၊ အချိန်တွေကို စတေးခံခဲ့ရတဲ့ သူရဲကောင်းတွေပေါတဲ့ ကျွန်တော်တို့ တိုင်းပြည်ပါ...။

လာမယ့်အနာဂတ် နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ကျွန်တော်တို့အားလုံး လက်တွဲ လုပ်ဆောင် ကြရတော့မယ့် အချိန်ရောက်ရှိနေပါပြီ.။ တမြေတည်းနေ၊ တရေတည်းသောက် တိုင်းရင်းသားအချင်းချင်း အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံး နိုင်ငံသားကောင်းတွေ၊ ဘဏ္ဍာတွေ ဆုံးရှူံးနေရတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေ နေထိုင်ရာဒေသက စစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ဘို့ လိုအပ်နေပါပြီ။ အိမ်ကြက်ချင်း ခွပ်နေရတဲ့ အခြေအနေကို တာဝန်ရှိပြီး တာဝန်ယူ ဖြေရှင်းပေးနိုင်တဲ့ နိုင်ငံတော် အစိုးရမှ အမြန်ဆုံး ရပ်တန့်အောင် ဖော်ဆောင် ပေးစေလိုပါတယ်..။ အကျဉ်းထောင်တွင်းမှာ နိုင်ငံရဲ့လုပ်အားတွေ ဆုံးရှုံးနေရတဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် လွှတ်ပေးစေလိုပါတယ်..။ ယခုလို ပြည်သူအများ မျှော်လင့်တောင့်တ နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အမိန့် ထုတ်ပြန်ပေးခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်အားလည်း ကျေးဇူးတင်ပါတယ်..။

အထက်က အမေအိုတို့လို ပြည်သူ၊ ပြည်သားတွေရဲ့ ဘဝအမောတွေ ဖြေဖျောက်ပေးနိုင်ဖို့ စိတ်ကောင်း၊ စေတနာကောင်းနဲ့ ပြည်သူ့အကျိုးအတွက် ဆက်လက် ဆောင်ရွက်ပေးပါလို့ သမ္မတကြီးအား မေတ္တာရပ်ခံ အပ်ပါတယ်..။ အိမ်နီးချင်းနိုင်ငံတွေကို အမှီလိုက်နိုင်ဖို့ ကျွန်တော်တို့ အားလုံး ကျရာကဏ္ဍကနေ အားသွန်ခွန်ဆိုက် ကြိုးစားကြ ရပါတော့မယ်..။ ကြယ်တွေစုံတော့မယ့် အနာဂတ် မိုးကောင်းကင်မှာ အားလုံး နိုင်ငံအကျိုးအတွက် ဝိုင်းဝန်း၊ ဆွေးနွေးတိုင်ပင် အဖြေရှာကြရအောင်ဗျာ..။ မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်း သာယာပါစေ..။

ဒီမိုဝေယံ
ဓာတ်ပုံ ပိုင်ရှင်ကတော့ ညီငယ်လေး Jpaingပါ...။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls