ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်း ကို
အကောင်အထည် ဖော်ရာတွင် ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ် ပါက မြန်မာဘက်မှ
စီးပွားရေး အရှ အကျိုး ခံစားရန် အခွင့်အလမ်း ပိုမို နည်းပါးပြီး ထားဝယ်
ဒေသခံ များအနေဖြင့် ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုရေး
ဆိုင်ရာ ပြဿနာများကို ပိုမို ခံစားနိုင် ဖွယ်ရှိသည်ဟု ထားဝယ် စီမံကိန်း
ဆိုင်ရာ သုတေသီ များက ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မဟီလ်ဒေါ တက္ကသိုလ်တွင် ပြုလုပ်သည့်
ထိုင်း လူမှု အဖွဲ့အစည်း များ ဦးဆောင်သော “ထိုင်း-မြန်မာ ဆက်ဆံရေး
(မတ်တဖွတ် မှ ထားဝယ်သို့)” ဆွေးနွေးပွဲ အပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ
ထားဝယ် စီမံကိန်းကို သတိရှိစွာ အကောင်အထည် ဖော်ရန် ကျွမ်းကျင်သူ ပညာရှင်
များက တိုက်တွန်း လိုက်ကြခြင်းဖြစ်သည်။........
“မြန်မာပြည် မှာက ငွေကြေးဈေးကွက် မရှိဘူး။ Financial Market မရှိဘူး။ Financial Market ရှိတဲ့ ထိုင်းနိုင်ငံ ကိုပဲ ရင်းနှီးမြှပ်နှံ သူတွေက အားကိုး အားထားပြုပြီးတော့ ထိုင်းနိုင်ငံ ရဲ့ ငွေကြေးဈေးကွက် မှာပဲ ရင်းနှီးမြှပ်နှံ မယ်ဆိုရင် ထိုင်းက အကြီးအကျယ် အကျိုးအမြတ် ရဖို့ရှိတယ်” ဟု ဘန်ကောက်မြို့တော် အခြေစိုက် သုတေသီ ဦးဇော်အောင် က Dawei Watch သို့ပြောကြားသည်။
ထိုင်းနိုင်ငံ၊ မတ်တပွတ် စက်မှုဇုန်၊ လန်ချဘန် ရေနက်ဆိပ်ကမ်း တို့ကို ကန်ချနဘူရီ ခရိုင်မှတဆင့် ထားဝယ်သို့  ချိတ်ဆက်မည့် ၃၂၀ ကီလိုမီတာ အရှည်ရှိ အဝေးပြေး လမ်းမကြီး ဖောက်လုပ်မှု ကြောင့် ထိုင်းဒေသခံ အိမ်ခြေ ၅၀၀ ကျော် ပြောင်းရွေ့ရဖွယ် ရှိသော်လည်း ထိုင်း လူမှု အဖွဲ့အစည်းနှင့် အစိုးရ၏ ဆက်ဆံရေး အားကောင်းမှု၊ မီဒီယာများမှ လိုအပ်သည့် အချက်အလက်များ ရရှိနိုင်မှုကြောင့် ထားဝယ်ဒေသခံများနှင့် နှိုင်းယှဉ်လျှင် အချက်အလက် ရရှိနိုင်မှုနှင့် ပွင့်လင်းမြင် သာမှု ပိုရှိပြီး၊ ထားဝယ်ဒေ သခံများအနေဖြင့် မည်သည့် သတင်း အချက်အလက်မှ မရရှိဘဲ မိမိတို့၏ ဘ၀ အပြောင်းအလဲကို ရင်ဆိုင် သွားရဖွယ်ရှိနေကြောင်း တက်ရောက် လာသော ပညာရှင်များက သုံးသပ် ကြသည်။
ကန်ချန ဘူရီ ခရိုင်တွင် အထူး စီးပွားရေးဇုန်တခု တည်ဆောက်မည့် ဥပဒေ မူကြမ်းကို ထိုင်း ဥပဒေ အကြံပေးအဖွဲ့ဖြစ်သည့် နိုင်ငံတော် ကောင်စီက လေ့လာ လျက်ရှိပြီး ဘဏ္ဍာရေး ၀န်ကြီး ဋ္ဌာနအနေဖြင့် အီတာလျံ-ထိုင်း ကုမ္ပဏီ မှ ရင်ဆိုင်နေရ သည့် ဘဏ္ဍာရေး အခက်အ ခဲ များကို ကူညီ ဖြေရှင်းပေးနိုင် ရန် နည်းလမ်း ရှာနေကြောင်း အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှု အဖွဲ့မှ စီမံကိန်းနှင့် မဟာ ဗျူဟာရေး ဆွဲရေး ဌာနမှူး ပိုဂျာနီး အာတာရိုပီယို က Bangkok Post သတင်းစာသို့ ပြောကြားသည်။
“ထားဝယ် စီမံကိန်းကို ထောက်ခံ အားပေးတဲ့ သူတွေအနေနဲ့ ထိုင်းနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း ဖွံ့ဖြိုးတိုးတက်မှု လုပ်တုန်း က သဘာဝ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေး ပြဿနာတွေ အပါအ၀င် သင်ခန်းစာ အားလုံးကို ထည့်သွင်း စဉ်းစား သင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထားဝယ် စီမံကိန်း အကောင် အထည်ဖော်ပြီး နောက် ကြုံတွေ့ရမည့် ပြဿနာ များသည် ထိုင်းနိုင်ငံ မတ်တပွတ်နှင့် လန်ချာ ဘန်ရေနက် ဆိပ်ကမ်းမှ ကြုံတွေ့ခဲ့ရ သည်ထက် ၁၀ ဆ ပိုမို ဆိုးဝါးနိုင်ဖွယ်ရှိသည် ဟု Foundation for Ecological Recovery မှ ဥက္ကဋ္ဌ ဗီရာဝပ် ဒီရာပရာဆပ်က သတိပေး ပြောကြားလိုက်သည်။
သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေး လုပ်ထုံး ဥပဒေများ အားနည်းသော မြန်မာနိုင်ငံ တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အကြောင်းပြု၍ ထားဝယ်ဒေသခံ တို့၏ ရပိုင်ခွင့်နှင့် အကျိုးစီးပွား များ စတေးခံရခြင်းမှာ အကြောင်းရင်း တစ်ရပ်ဖြစ်မည်ဟု ဆိုသည်။
၎င်းက ဖောက်လုပ်ရန် စီစဉ် ထားသည့် မော်တော်ကား လမ်းအတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက် အသစ်တစ်ရပ် ပြုလုပ်ရန် ထိုင်းနိုင်ငံ၊ အဝေးပြေး ကားလမ်းဆိုင်ရာ ဋ္ဌာနကို တောင်းဆို ထားသေးသည်။
ထိုင်းနိုင်ငံ၊ ရာမသီဘောဓိ ဆေးရုံမှ ဒေါက်တာ ခန်နတ်ခရုကွန်က လွတ်လပ်စွာ နယ်မြေဖြတ်သန်းမှု၊ စက်မှု ဇုန်ပြုမှုနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးနှင့် လူမှုရေး အကျိုးဆက် များကို အရေးတယူ လေ့လာ သင့်ကြောင်း ပြောဆိုသည်။
“စက်မှု ထွန်းကား လာတာနဲ့အမျှ လူတွေရဲ့ စားသောက် နေထိုင်မှု ပုံစံပြောင်း သွားတယ်။ ပိုဝလွယ် လာတယ်။ ကူးစက်လွယ်တဲ့ ငှက်ဖျားရောဂါ လိုမျိုး ရောဂါတွေက ဆေးဒဏ် ပိုခံနိုင်လာပြီး ဗိုင်းရပ်နဲ့ ကပ်ပါး ပိုးတွေလည်း နှိမ်နင်းရ ခက်လာလိမ့်မယ်” ဟု ၎င်းက ရှင်းပြသည်။
ထိုင်း လူမှုအဖွဲ့အစည်း များအနေဖြင့် ဖွံ့ဖြိုးတိုးတက် မှုကို မဆန့်ကျင် သော်လည်း ထားဝယ်ဒေသနှင့် ကန်ချနဘူရီ ဒေသ၏ ယဉ်ကျေးမှု သွင်ပြင် လက္ခဏာနှင့် သဘာဝ ပတ်ဝန်းကျင်တို့နှင့် သင့်လျော်မည့် စက်ရုံ များကို မြင်တွေ့လိုကြောင်း Healthy Public Policy Foundation မှ ဆူဖာခစ် နမ်တဗိုရာခမ်က ပြောကြားသည်။
“ကျွန်တော်တို့ Academic seminar (ပညာရှင် ဆွေးနွေးဝိုင်း) တွေ လုပ်တယ်။ ကျွန်တော်တို့ ကြိုးစားပြီးတော့ ထားဝယ် က အခြေအနေတွေ တင်ပြတယ်။ တင်ပြပေမဲ့ လည်း အကောင် အထည်ဖော်မယ့် လူတွေက နားကို တဖက်ကို ဖွင့်တယ်၊ တဖက်ကို ပိတ်ထားတယ်။ ဆိုလိုချင်တဲ့ သဘောက သူတို့ လုပ်မယ့် ဟာကို သူတို့ လုပ်သွားမှာပဲ” ဟု Another Development for Burma (ADFB) အဖွဲ့မှ သုတေသီ စော ဖရန်ကီက Dawei Watch သို့ ပြောဆိုသည်။
ထိုင်းနိုင်ငံ အတွင်းရှိ အသင်း အဖွဲ့များအနေနှင့် အချိန်အတန်ကြာ တိတ်ဆိတ်နေရာမှ ယခုကဲ့သို့သော ဆွေးနွေး ပြုလုပ်ခြင်းကြောင်း ကျေနပ် အားရကြောင်း ထားဝယ် ဖွံ့ဖြိုးရေးတိုးတက်ရေးအဖွဲ့ (DDA) ရန်ကုန်ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင် ကပြောကြားသည်။
DDA ၏ ပြီးခဲ့သည့် လပိုင်းက ရန်ကုန်တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်လည်း စီမံကိန်းကို ပြန်လည် သုံးသပ်ရန် တောင်းဆိုခဲ့ဖူးသည်။
သို့သော် စီမံကိန်း အကောင် အထည်ဖော်မည့် အီတလျံ-ထိုင်း ကုမ္ပဏီ (ITD) အနေနှင့် မည်သို့သော တုံ့ပြန် မှုမျှလုပ်ဆောင် ခြင်းမရှိသေးခြင်း၊ ထိုင်းနိုင်ငံ ဘက်အခြမ်းတွင် ပတ်ဝန်းကျင် ရေးရာ သက်ရောက်မှု စစ်တမ်း လုပ်ဆောင်နေသော်လည်း မြန်မာ ဘက်ခြမ်းတွင် လွတ်လပ်သော တတိယ အဖွဲ့အစည်းတစ်ခုမှ လုပ်ဆောင်ခြင်းမရှိသေးခြင်း တို့နှင့် ပတ်သက်၍မူ ကျေနပ်အားရခြင်း မရှိသေးကြောင်း ၄င်း က ဆိုသည်။
“ITD က အခု ကပိုက်ဆံ ပဲလိုက် ရှာနေတယ်။ ဖြစ်လာမည့် အကျိုးဆက် တွေကို ဘယ်လို တာဝန်ယူ မလဲဆိုတာ တရားဝင် မပြောသေးဘူး”ဟု ၄င်းကဆိုသည်။
ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်တရာသည် စက်တင်ဘာ လအတွင်း ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်နှင့် ပတ်သက်၍ နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးရန် မြန်မာနိုင်ငံ သို့ လာရောက်ရန် စီစဉ်ထားသည်။
သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လတွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး လန်ချဘန် ရေနက် ဆိပ်ကမ်းအပါအ၀င် စက်မှုဇုန် များကို သွားရောက်ခဲ့သေးသည်။
Dawei Watch
No comments:
Post a Comment