Sunday, September 30, 2012

အချိန်မီ မပြီး၍ မြိတ် - မောတောင် လမ်းဖောက်လုပ်ခွင့် ယုဇနကုမ္ပဏီ ရုပ်သိမ်းခံရ

 
ယုဇနကုမ္ပဏီက ဖောက်လုပ်နေ သော မြိတ်-တနင်္သာရီ-မောတောင် လမ်းစီမံကိန်း လမ်းပိုင်းအချို့ ကို သတ်မှတ်အချိန်မီမပြီးစီး၍ ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဦးသန်းအောင်က ပြောကြား သည်။
ယုဇနကုမ္ပဏီသည် မောတောင် လမ်းစီမံကိန်းအတွက် လွန်ခဲ့သည့် ၂ နှစ် ခန့်ကတည်းက 
လုပ်ကိုင်ခွင့်ရထားသော် လည်း လုပ်ငန်းအကောင်အထည်ဖော် ရာတွင် တိုးတက်မှုမရှိသည့်အတွက် B.O.T ကိုပြန်ရုပ်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။
တည်ဆောက်ဆဲတနင်္သာရီ-မြိတ် လမ်းပိုင်းကို ပြန်လည်လုပ်ကိုင်ခွင့်ပေး ရန်
ယုဇနကုမ္ပဏီကပြန်လည်တောင်းဆို သည့်အတွက် လုပ်ကိုင်ခွင့်ပေးခဲ့ပြီး တနင်္သာရီ-မောတောင်လမ်းပိုင်းအတွက် မြိတ်ခရိုင်ကုန်သည်ကြီးများအသင်းကို လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း ဝန်ကြီး ဦးသန်း အောင်ကဆိုသည်။
''လုပ်လက်စလေးတွေလည်းရှိ ထားတယ်။ အချိန်မီပြီးအောင်လုပ်ပေး မယ်ဆိုလို့ ပြန်ပေးတာ'' ဟု ဦးသန်းအောင် ကရှင်းပြသည်။
မောတောင်နယ်စပ်ကုန်သွယ်ရေး စခန်းကိုလာမည့် ၂ဝ၁၂ ဒီဇင်ဘာလ တွင်ဖွင့်လှစ်မည်ဖြစ်သည့်အတွက် မောတောင်လမ်းကို ဒီဇင်ဘာလ အမီအပြီး ဖောက်လုပ်ရမည်ဖြစ်သည်။

Dawei Watch




No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls