Monday, September 24, 2012

ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်တွင် ဂျပန်က ရှယ်ယာအများ​ဆုံး​ အရင်း​နှီး​ထည့်​မည်

လအတန်ကြာ ညှိနှိုင်း​မှု​တွေ အဆင်မ​ပြေနဲ့​ အရင်း​နှီး​တွေ မပြည့်​အစုံ ဖြစ်​နေတဲ့​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်တည်​ဆောက်​ရေး​ လုပ်ငန်း​တွေ ဂျပန်က ဝင်လာတာ​ကြောင့်​ အ​ခြေအ​နေပြန်​ကောင်း​လာပါတယ်။
ပြီး​ခဲ့​တဲ့​ လတုန်း​က စီမံကိန်း​အ​ပေါ် ​ဒေသခံ​တွေရဲ့​ မ​ကျေမနပ် ကန့်​ကွက်မှု​တွေနဲ့​ ​ငွေ​ရေး​ကြေး​ရေး​ပိုင်း​ဆိုင်ရာ အဆင်မ​ပြေမှု​တွေ အ​ကြောင်း​ပေါင်း​ တိုက်ဆိုင်ပြီး​ ထား​ဝယ်စီမံကိန်း​ လုပ်ငန်း​တွေ ရပ်ဆိုင်း​လုနီး​နီး​ ဖြစ်​နေပါတယ်။
ပထမအရစ်အတွက် ကုန်ကျမယ့်​ အရင်း​နှီး​ အ​မေရိကန် ​ဒေါ်လာ ၈ ဒဿမ ၅ ဘီလီယံပြည့်​ဖို့​ ရှယ်ယာ​တွေ ​ခေါ်လို့​ မရ​သေး​တဲ့​အတွက် လမ်း​ဆောက်လုပ်​ရေး​၊​ တယ်လီကွန်မြူနစ်​ကေး​ရှင်း​ ကွန်ရက်၊​ ဆိပ်ကမ်း​နဲ့​ တခြား​ လိုအပ်တဲ့​ အ​ခြေခံအ​ဆောက်အအုံပိုင်း​ တည်​ဆောက်​ရေး​မှာ အခက်​တွေ့​ရပါတယ်။
အခု​တော့​ ထား​ဝယ်စီမံကိန်း​ဟာ မဟာဗျူဟာအရ အ​ရေး​ပါတာ​ကြောင့်​ ဂျပန်ကလည်း​ စီမံကိန်း​...
ရှယ်ယာထဲမှာ ပါဝင်လာတဲ့​အတွက် လုပ်ငန်း​တွေ ပြန်စနိုင်မယ့်​ လမ်း​စပြန်ပွင့်​နေပြီလို့​ ထား​ဝယ်ဖွံ့​ဖြိုး​ရေး​ကုမ္ပဏီ ညွှန်ကြား​ရေး​မှူး​ ဆွမ်ချက် သင်နာဖွန်း​က ​ပြောပါတယ်။
“အီတာလျံထိုင်း​က ကုမ္ပဏီက ၂၅ ရာခိုင်နှုန်း​ ထည့်​ဝင်ဖို့​ လျာထား​ပါတယ်။ ကျန်တဲ့​ ၇၅ ရာခိုင်နှုန်း​ကို​တော့​ ထိုင်း​အစိုး​ရ၊​ မြန်မာအစိုး​ရ၊​ ဂျပန်အစိုး​ရ၊​ ပုဂ္ဂလိကကုမ္ပဏီ​တွေက ထည့်​ဝင်ဖို့​ လျာထား​ပါတယ်။”
ဇူလိုင်လတုန်း​က ထား​ဝယ်နဲ့​ ဘန်​ကောက်အ​ရှေ့​တောင်ပိုင်း​ ကီလိုမီတာ ၁၀၀ မှာရှိတဲ့​ လီချာဘန်း​ ဆိပ်ကမ်း​ကို ဆက်သွယ်ဖို့​ မြန်မာနဲ့​ ထိုင်း​အစိုး​ရတို့​ သ​ဘောတူခဲ့​တဲ့​နောက်ပိုင်း​မှာ ထိုင်း​က ဘန်​ကောက်ဘဏ်၊​ ဆီယံကွန်မာ ရှယ်ဘဏ်တို့​ကလည်း​ စီမံကိန်း​ကို ​နောက်ထပ် ၈ လ၊​ ၁၀ လ​လောက် ဆက်နိုင်​လောက်တဲ့​ ဘဏ်​ငွေ ၁၀ ဘီယံလီ (အ​မေရိကန်​ဒေါ်လာ သန်း​ပေါင်း​ ၃၂၅) သန်း​ကို ​ချေး​ငွေထုတ်​ပေး​ဖို့​ စီစဉ်​နေတယ်လို့​ ​ပြောပါတယ်။
အဲဒီ​နောက်ပိုင်း​ ဂျပန်အစိုး​ရက ​ကျော​ထောက်​နောက်ခံ​ပေး​ထား​တဲ့​ ဂျပန်ဘန့်​ခ်ကလည်း​ စီမံကိန်း​အတွက် ဆိပ်ကမ်း​နဲ့​ အ​ခြေခံအ​ဆောက်အအုံပိုင်း​အတွက် လိုအပ်မယ့်​ ​ငွေ​ကြေး​တွေကို နှစ်ရှည်​ချေး​ငွေ ထုတ်​ချေး​ပေး​ဖို့​ သ​ဘောတူထား​ပြီး​လို့​ သူက ​ပြောပါတယ်။
ညှိနှိုင်း​မှု​တွေထဲမှာ ပါဝင်တဲ့​ သတင်း​အရင်း​အမြစ်ရဲ့​ အဆိုအရ ဂျပန်နှစ်ရှည်​ချေး​ငွေက အ​မေရိကန်​ဒေါ်လာ ၃ ဒဿမ ၂ ဘီလီယံရှိမယ်လို့​ ဆိုပါတယ်။ ဒါ​ကြောင့်​ ဂျပန်ဟာ စီမံကိန်း​ရဲ့​ ရှယ်ယာအများ​ဆုံး​ထည့်​ဝင်သူ ဖြစ်လာဖို့​ ရှိပါတယ်။
ထား​ဝယ်စီမံကိန်း​ထဲမှာ ပါဝင်တဲ့​ ရထား​လမ်း​တွေ၊​ ကား​လမ်း​တွေဟာ ထား​ဝယ်နဲ့​ အိမ်နီး​ချင်း​၊​ တရုတ်၊​ အိန္ဒိယအပါအဝင် အ​ရှေ့​တောင် အာရှနိုင်ငံ​တွေကို ချိတ်ဆက်​ပေး​နိုင်လာမှာဖြစ်ပါတယ်။
ဒါ့​အပြင် အ​ရှေ့​အလယ်ပိုင်း​က​နေ တရုတ်နဲ့​ ဂျပန်ကိုသယ်မယ့်​ ကုန်ပစ္စည်း​တွေ၊​ အာဖရိက​နေ တင်လာတဲ့​ ကုန်ပစ္စည်း​တွေလည်း​ မြန်မာပြည်မှာပဲ ဆိုက်ကပ်နိုင်မှာဖြစ်လို့​ အရင်လို ပင်လယ်​ရေလမ်း​ကြောင်း​ရှည်ကြီး​ သွား​စရာမလိုအပ်​တော့​ဘဲ အချိန်နဲ့​ ခရီး​စရိတ်ကို ချုံ့​လိုက်နိုင်မှာဖြစ်ပါတယ်။
ဒါအပြင် ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်ဟာ ၂၀၁၅ မှာ ​ပေါ်​ပေါက်လာမယ့်​ အာဆီယံ ဘုံ​ဈေး​ကွက်အတွက်လည်း​ အ​ရေး​ကြီး​တဲ့​ ​နေရာက​နေ ပါဝင်နိုင်မယ်လို့​ အာဆီယံနိုင်ငံ​တွေက ​မေ်ွာ်မှန်း​ထား​ကြပါတယ်။
အာရှရဲ့​ အကြီး​ဆုံး​ စက်မှုဇုန်ကြီး​ဖြစ်မယ့်​ မြန်မာပြည်​တောင်ပိုင်း​က ထား​ဝယ်စီမံကိန်း​နဲ့​ ပတ်သက်တဲ့​ သ​ဘောတူညီချက်ကို ထိုင်း​ကုမ္ပဏီဖြစ်တဲ့​ အီတာလျံထိုင်း​ ဖွံ့​ဖြိုး​ရေး​ကုမ္ပဏီနဲ့​ မြန်မာအစိုး​ရတို့​ ၂၀၁၀ တုန်း​က လက်မှတ်ထိုး​ခဲ့​ပါတယ်။
၁၀ နှစ်စီမံကိန်း​အတွင်း​ ​ဒေသအတွင်း​နေထိုင်တဲ့​ ဆင်း​ရဲသား​ လယ်သမား​၊​ သီဟိုဠ်ခြံ​တောင်သူ​တွေ၊​ ရာဘာခြံလုပ်ငန်း​လုပ်ကိုင်သူ​တွေ ၃ ​သောင်း​လောက် ​ပြောင်း​ရွှေ့​ရဖို့​ ရှိပါတယ်။
ထား​ဝယ်စီမံကိန်း​အ​ပေါ် မ​ကျေနပ်တာ​တွေနဲ့​ ကန့်​ကွက်တာ​တွေ ပြင်း​ထန်ခဲ့​ပြီး​နောက် မဂ္ဂါဝပ် ၄ ​သောင်း​ ထုတ်လုပ်မယ့်​ ​ကျောက်မီး​သွေး​စက်ရုံတည်​ဆောက်မယ့်​ အစီအစဉ်ကို ဖျက်သိမ်း​ထား​ရပြီး​ အဲဒီ​နေရာမှာ ဘယ်လိုဓာတ်အား​ပေး​စက်ရုံ တည်​ဆောက်မလဲဆိုတာကို​တော့​ အခုအထိ ရှင်း​ရှင်း​လင်း​လင်း​ မသိရ​သေး​ပါဘူး​။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls