Friday, December 7, 2012

ကလုံးထာ ရေကာတာ စီမံကိန်းအပေါ် ဒေသခံများ ကန့်ကွက်

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အဓိက ရေအရင်းအမြစ်ဖြစ်လာမယ့် ကလုံးထာရေကာတာ တည်
ဆောက်မယ့် စီမံကိန်းအပေါ် ရေကာတာရဲ့ ရေနစ်မြုပ်ဧရိယာအတွင်းမှာ ရှိနေတဲ့ ကလုံးထာ ရွာသူ ရွာသားတွေက ကန့်ကွက်နေကြပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် တလိုင်းယာကျေးရွာအုပ်စုဝင် ကလုံးထာကျေးရွာမှာ အိမ်ထောင်စု ၁၈၂ စု၊ လူဦးရေ တထောင်ကျော်နဲ့ စိုက်ပျိုးမြေဧရိယာ ၉၂၄၀ ဧကရှိပြီး ကွမ်းသီး၊ သီဟိုဌ်၊ ရော်ဘာနဲ့ အုန်းပင် စတဲ့ နှစ်ရှည်ခံသီးပင်တွေကို အများစု စိုက်ပျိုးကြတာဖြစ်ပါတယ်။

ရွာသူရွာသားတွေကတော့ ဘိုးဘွားစဉ်ဆက်ကတည်းက စိုက်ပျိုးလာတဲ့ ဥယျာဉ်ခြံမြေတွေဟာ အခုမှ သီးပွင့်စပြုလာတဲ့အတွက် ရွာနေရာဟောင်းကို မဖယ်ပေးနိုင်ဘူးလို့ ပြောနေကြပါတယ်။ ဒါ့အပြင် ရွာသူ ရွာသားတွေ အနေနဲ့ တလိုင်းယာချောင်းအတွင်းမှာ တပိုင်တနိုင် ခဲသတ္တုကျင်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာလဲ ဖြစ်ပါတယ်။

အမြင့်ပေ ၃၀၀ ရှိတဲ့ ဒီရေကာတာကို တည်ဆောက်မယ်ဆိုရင် ကလုံးထာ ရွာဟာ ရေအကြီးအကျယ် နစ်မြုပ်နိုင်တဲ့ ဧရိယာအတွင်းမှာ ပါဝင်နေတဲ့အတွက် စီမံကိန်းဖော်ဆောင်မယ့် အီတာလျံ-ထိုင်း ကုမ္ပဏီ တာဝန်ရှိတဲ့သူတွေကတော့ ရွာကို ပြောင်းရွှေ့စေချင်နေတာ ဖြစ်ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်အတွက် အဓိက အထောက်အကူပြုမယ့် ရေကာတာ ဖြစ်တဲ့အတွက် မတည်ဆောက်နိုင် ဘူးဆိုရင် စီမံကိန်းတခုလုံး ပျက်သွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ရုပ်သံတင်းကြည့်လိုက    ဒီနေရာကိုသွားလိုက်ပါ

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls