Saturday, January 12, 2013

မော်လမြိုင်တံတား ၂၄ နာရီဖွင့်ပြီ

ဇန်န၀ါရီလ(၁၀)ရက်နေ့မှစတင်ကာမွန်ပြည်နယ်၊မော်လမြိုင်ရှိသံလွင်တံတားကို (၂၄)နာရီဖွင့်လှစ်လိုက်
ခြင်းကြောင့် ရန်ကုန် -ထားဝယ် အဝေးပြေးကားများအနေဖြင့်မုတ္တမဘက်ကမ်းတွင်ညအိပ်ရပ်နားရန်မလိုတော့ဘဲတောက်လျှောက်သွားနိုင်ပြီဖြစ်ကြောင်းသိရသည်။၁၉၉၆ ခုနှစ်တွင် “နှင်းပွင့်”အဝေးယာဉ်လိုင်းဖြင့် ကဏ္ဍသစ်တစ်ရပ်ဖွင့်ခဲ့သည့် ထားဝယ်- ရန်ကုန်-ထားဝယ်အဝေးပြေးကားများပြေးဆွဲခဲ့ပြီး၊မုတ္တမတံတားတညဆောက်ပြီးစီးသည့်နောက်တွင်အချိန်ကန့်သတ်ချက်ဖြင့်တံတားဖွင့်၊ပိတ်ခြင်းကြောင့်ခရီးသွား
ျားအတွက်အခက်အခဲဖြစ်ပေါ်ခဲ့ပြီး၊အထူးသဖြင့် မြန်မာနိုင်ငံတောင်ဘက်ပိုင်းသို့ပြေးဆွဲသည့်ယာဉ်လိုင်းများ မုတ္တမတံတားထိပ်တွင်ညအိပ်ရပ်နားကာတံတားဖွင့်ချိန်စောင့်ဆိုင်းခဲ့ကြရသည်။ယခုအခါတံတားကို(၂၄)နာရီဖွင့်လှစ်လိုက်ပြီဖြစ်သဖြင့်ရန်ကုန်- ထားဝယ်ကားများအနေဖြင့် ယမန်နေ့မှစတင်ကာ ထားဝယ်သို့ နံနက်(၉)နာရီခွဲအချိန်တွင်ပင်ရောက်ရှိ

လာကြောင်းသိရသည်။ထိုကြောင့်မကြာမီရန်ကုန်မှထားဝယ်သို့ကားထွက်ချိန်များကိုပြန်လည်ပြင်ဆင်ကြတော့မည်ဖြစ်ကြောင်းသိရသည်။“ကျွန်တော်တို့ကားကိုလာမယ့် ဇန်န၀ါရီ ၁၆ ရက်နေ့ကစပြီး ရန်ကုန်ကနေ ည ၉ နာရီတစ်စီး၊
မနက်၈နာရီတစ်စီးထွက်မှာပါ”ဟုရန်ကုန်ရှိ“ကောင်းသစ်စံ”ကားဂိတ်တာဝန်ခံတစ်ဦးကပြောကြားသည်။
ထိုသို့တံတားဖွင့်လိုက်ခြင်းကြောင့် လောလောဆယ်အခြေအနေတွင် ရေးမြို့သို့နံနက်၅နာရီခန့်တွင်ရောက်ရှိပြီး၊ထားဝယ်မြို့သို့နံနက်၉နာရီခွဲခန့်တွင်ရောက်ရှိကြောင်းသိရသည်။ထိုသို့ပြောင်းလဲမှုသည်နှစ်ပေါင်းများစွာအတွင်း
ထားဝယ်ဒေသ၏ လမ်းပန်းဆက်သွယ်ရေးမှတ်တိုင်သစ်တစ်ခုဖြစ်သည်။


သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)


No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls