၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် ၊
ယနေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ ၊ နံနက် ၆ နာရီတွင်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂမှ ကျောင်းသူ ကျောင်းသား များသည် ထားဝယ်မြို့
ပခုက္ကူ ကျောင်းတိုက်တွင် သံဃာတော် ၁၃ ပါး အား အာရုံဆွမ်းများ ဆက်ကပ်
လှုဒါန်းခဲ့သည်။ ထို့နောက် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ၄၀ ခန့်သည် ထားဝယ် ၈၈
မျိုးဆက် ကျောင်းသားများနှင့် အတူ ထားဝယ် ခရိုင် အုပ်ချူပ်ရေးမှူး
ရုံးရှေ့ရှိ ဗိုလ်ချူပ်အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေ
ချပြီး နိုင်ငံတော် သီချင်း သီဆိုကာ အလေးပြုခဲ့ကြသည်။

ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များနှင့် အတူ
ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချရန် ရောက်လာစဉ်

ထားဝယ် ၈၈ မျိုးဆက်များ ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချရန် ရောက်လာစဉ်

No comments:
Post a Comment