Thursday, March 29, 2012

မြိတ်ဘက်မှာ ဒီလိုတောင်းနေတာကြာပြီ

 
တနင်္သာရီကမ်ရှိးတန်းတလျှောက်လက်နက်ကိုင်ဓါးမြတိုက်ဆက်ကြေးလိုက်တောင်းနေတဲ့က်လှေငယ်များမှာ
 ရေတပ်နဲ့ ကြည်းတပ် က စက်လှေများ ဖြစ်နေကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့  ရေတပ် စစ်သင်္ဘော အမှတ်( ၄၀၅ ) က တရားဝင်ငါးဖမ်းစက်
လှေများကို လက်နက်ငယ်  ( G 3 ' G 4 ) များဖြင့်လိုက်လန်ပြစ်ခတ်ဖမ်းဆီးကာ  ငါးဖမ်း

စက်လှေတစ်စီးကို ဒီဇယ်ဆီ (၅)ပေပါစီ( ကာလတန်ဖိုး  ကိုးသိန်းခန်.) ငါးဖမ်းလှေ(၃)စီးထံမှ
 ယူဆောင်သွားပါတယ်။ကော့သောင်းမြို့ရဲ့  အနောက်ဖက်မှာလည်း ရွှေကျွန်း၊ ငါးချည်ပေါင်အော်ကျွန်း၊ သံကျွန်း 
အခြေစိုက် ရေတပ်စစ်သင်္ဘော အမှတ် (၅၁၇)နဲ့ အမှတ်(၁၁၅) တို့ က  (သားပေါက်)ခေါ်
စက်လှေငယ်များနဲ့ အရာရှိအကြပ်တပ်သားများကိုယ်တိုင် ဆက်ကြေးလိုက်လံတောင်း
ခံနေပါတယ်။
ဒါအပြင် ကျွန်းစုမြို့နယ်နဲ့  မြိတ်မြို့အဝင် အထွက်ရေ လမ်းကြောင်းမှာလည်း သင်္ကန်း
အော်ကျွန်း နဲ့ ကျောက်ငါးကျွန်း စစ်စခန်းများမှ စစ်သဘောင်္ အမှတ် (၁၁၄)၊ (၅၁၆)၊ 
(၆၁၁)နဲ့ (၅၀၇) များကလည်း (သားပေါက်)စက်လှေငယ်များ နဲ့  ဖြက်သန်းသွားလာ
 နေတဲ့ စက်လှေများထံမှ ဒီဇယ်ဆီ များ ဆက်ကြေးအဖြစ် လိုက်လံတောင်းခံနေ
ကြောင်း ဒေသခံ ငါးဖမ်းစက်လှေပိုင်ရှင်များက Myanmar News Now ကို ပြော
ပြပါတယ်။ 

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls