Sunday, March 25, 2012

ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့မှ ပြန်ရောက်ပြီး နေအိမ်တွင် အနားယူနေ

ဓါတ်ပုံ (AP)
မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်၊ (၀ိုင်ပီအိုင်) ည ၇ နာရီ ၅၀ မိနစ်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတင်ရသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယနေ့ညနေပိုင်း မြိတ်မြို့မှ ပြန်ရောက်လာပြီးနောက် နေအိမ်တွင်ပင် အနားယူနေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေး လိုက်ပါလျှက်ရှိသူ တဦးက ၀ိုင်ပီအိုင်သို့ အတည်ပြုပြောဆိုသည်။

ယမန်နေ့ မြိတ်ခရီးစဉ် အတွင်း လှိုင်းမူးပြီး ကျန်းမာရေးအရ အနားယူရန် လိုအပ်သည်ဟု မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၏ ညွှန်ကြားချက်အရ ကျန်ရှိသည့် စည်းရုံးရေး ခရီးစဉ်များကို ပယ်ဖျက်လိုက်ကာ ရန်ကုန်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။

သဘက်ခါတွင် စည်းရုံးရေး ခရီးစဉ်အဖြစ် မကွေးမြို့သို့ သွားရောက်ရန်ရှိသည့် အစီအစဉ်ကိုလည်း ပယ်ဖျက်လိုက်သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေး ဋ္ဌာနမှ ယနေ့နေ့လည်ပိုင်းက ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ မြန်မာနိုင်ငံအနှံသို့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ဖေဖေါ်ဝါရီလဆန်းမှစတင်၍ သွားရောက်လျှက်ရှိရာ မြို့ပေါင်း တဒါဇင်ထက်မနည်း သွားရောက်ပြီး ဖြစ်သည်။ ။


ယနေ့နံနက်၁၁.၃၀နာရီမှာ မြိတ်မြို့ ကန်ဖျားလမ်းမကြီး ကြယ်တံခွန်အိမ်ရှေ့  ၀ရံတာကနေ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၁၀ မိနစ်ကြာ မိန့်ခွန်း ပြောကြားခဲ့တာတွေကတော့
" လူထုအားမည်သည့် ပါတီရဲ့ ခြိမ်းခြောက်တာကိုမှ မကြောက်ဖို့ သတ္တိရှိရှိ မိမိသဘောအတိုင်းရှေ့ဆက်လုပ်ဖို့ ဒါမှဒီမိုကရေစီရမည်ဖြစ်ကြောင်း၊ ဟောပြော
ဖို့မသွားနိုင်တဲ့ ကန်မော်ရွာနှင့်ကျွန်းစုရွာများမှ လှေများဖြင့်တက်ရောက်လာ
အားပေးကြသော ပြည်သူလူထုအား ကျေးဇူးတင်ကြောင်း အားနာကြောင်းပြောကြား
သွားပါသည်။"

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls