Thursday, March 8, 2012

ထားဝယ်မောင်းမကန်ကမ်းခြေတွင်အမျိုးသမီးများနေ့ကျင်းပ


Add caption
                               
ယနေ့ကျရောက်သည့် (၁၀၁) ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ထားဝယ်ဒေသရှိ၊ မောင်းမကန်ကမ်းခြေတွင် ထားဝယ်ဒေသခံများက ကျင်းပခဲ့ကြပါသည်။
ထားဝယ်ဒေသတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် အဆိုပါ အမျိုးသမီးနေ့အခမ်းအနားသို့ ပရိသတ် ၁၅၀ ကျော် တက်ရောက်ခဲ့ပါသည်။  
တိုင်းရင်းသားဝန်ကြီး ဦးစောဟာဗွီက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ ‘ဖဲကြိုးဖြူနှင့် ကတိပြု’ အမည်ရ သီချင်းကို သီဆိုခြင်း၊ ထားဝယ်ရိုးရာ ရေအိုးရွက်အကနှင့် တခြားထားဝယ်ရိုးရာအကများဖြင့် တင်ဆက်ခြင်း၊ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသမီးများ၏
ကြိုးပမ်းအားထုတ်မှု နောက်ခံသမိုင်းများ ပြောကြားခြင်း၊ မိသားစုအဖြစ်အပျက်တစ်ခုကို အခြေခံထားသည့် သရုပ်ဖော်တင်ဆက်ခြင်း (Role Play) အစီအစဉ်အား တင်ဆက်ခြင်း၊ တိုင်းရင်းသားဝန်ကြီးမှ အမှတ်တရစကားပြောကြားခြင်းတို့ဖြင့် အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
“ထားဝယ်ဒေသမှာရှိတဲ့ အမျိုးသမီးများရဲ့ ကဏ္ဍကို ဖော်ထုတ်ခြင်းနှင့် ထားဝယ်ရိုးရာယဉ်ကျေးမှုအား ဖော်ထုတ်တင်ပြခြင်း ဖြစ်တယ်” ဟု အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဦးဆောင်းကျင်းပသူတဦးက ပြောပြသည်။
ထို့အပြင် အခန်းကဏ္ဍအသီးသီးတွင် ထားဝယ်အမျိုးသမီးများအနေဖြင့် ပါဝင်လုပ်ဆောင်မှုများ ရှိလာစေရန်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်ကြောင်း သူမက ဆက်ပြောသည်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls