![]() |
Add caption |
ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်းရှိ ဓနိတောများ
ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူပြုအဖွဲ့(ယာယီ)မှ ပြုစုထားသော စာရင်းများအရ လျော်ကြေးငွေ ပေးအပ်ရန် သတ်မှတ်ထားသော စိုက်ပျိုးနိုင်သည့်မြေ (၃၅၈၄၇ ဧက)မှ ဓနိတော ၂၀၆ ဧကအတွက် လျော်ကြေးငွေ ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
''ဓနိတောအတွက် လျော်ကြေးပေးဖို့ ဆိုပြီးခေါ်တော့ လိုက်သွားခဲ့တာ ဟိုကိုရောက်တော့ လူနည်းနည်းပဲ ကျန်တော့တယ်။ အဓိကရွာတွေဖြစ်တဲ့ ထိန်ကြီး၊ မူဒူး၊ လဲရှောင်၊ ပရဒတ်၊ မယင်းကြီးရွာတွေက ဓနိတော ပိုင်ရှင်တွေကို ပေးတာလို့ သိရတယ်။ ကျွန်မတို့ မယင်းကြီးရွာက ငါးယောက်ရတယ်။ ကျွန်မရဲ့ ဓနိတောအတွက် ကျပ် ၁၃ သိန်းရခဲ့ပါတယ်။ တစ်ဧက မပြည့်လို့ပါ။ သူတို့ သတ်မှတ်ထားတာကတော့ ဖက် (အသက်ကယ်)လုပ်နေတဲ့ ဓနိတော တစ်ဧကကို ကျပ် ၁၅ သိန်း ဖက် မလုပ်တဲ့ ဓနိတောတစ်ဧကကို ကျပ် ၁၀သိန်း သတ်မှတ်ထားပါတယ်''ဟု မယင်းကြီးမှ ဒေသခံတစ်ဦးက ပြောကြားသည်။
ဓနိတောအတွက် လျော်ကြေး ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ပေးသော လျော်ကြေးငွေကို သဘောမတူ၍ လက်မှတ်မထိုးသူများလည်းရှိကြောင်း သိရသည်။
EMG
No comments:
Post a Comment