Friday, October 26, 2012
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထားဝယ်၌ ဆွေးနွေး
တက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပူးပေါင်း ဆောင်ရွက်နိုင်မည့် သဘာဝ ပတ် ၀န်းကျင် ထိန်းသိမ်းရေး အခွင့်အလမ်း ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ တခုကို ထားဝယ်မြို့တွင် ယနေ့ ကျင်းပကြောင်း သိရသည်။ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး အသင်း (BANCA) နှင့် နိုင်ငံတကာ ရေအောက် သယံဇာတ ထိန်းသိမ်းရေး (FFI) အဖွဲ့တို့ က ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။
ထားဝယ် ဒေသတွင်းရှိ လူထုအခြေပြု လူမှုရေး အဖွဲ့အစည်းများ၊ ရပ်မိရပ်ဘများ၊ အစိုးရအဖွဲ့ ၀န်ကြီးများ၊ တာဝန်ရှိသူများ အပါအ၀င် နိုင်ငံရေးပါတီ ၄ ခုက အဖွဲ့ဝင် ၁၅၀ ခန့်တက်ရောက်ခဲ့ပြီး စာတမ်း ၇ စောင်ဖတ်ကြားခြင်းနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြောင်း BANCA (ဘန်ကာ)အဖွဲ့က ပြောပြသည်။
Wednesday, October 10, 2012
ဒီလိုဆရာမျိုးထားဝယ်တက္ကသိုလ်မှာရှိနေပြီ
လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လို့ ဆိုပြီး တက္ကသိုလ်ဆရာတစ်ဦးအား တိုင်းဒေသကြီးအစိုးရမှ ဖိအားပေး။
လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လို့ ဆိုပြီး တက္ကသိုလ်ဆရာတစ်ဦးအား
တိုင်းဒေသကြီးအစိုးရမှ ဖိအားပေး ။
ထားဝယ်တက္ကသိုလ် စိတ်ပညာဌာနမှ ဆရာ
ဦးဇော်သူရအား လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့်အတွက် တိုင်းဒေသကြီးအစိုးရမှ
တဆင့် တက္ကသိုလ်အာဏာပိုင်များမှ ဖိအားပေးလျက်ရှိကြောင်း သိရသည်။
(၈.၉.၂၀၁၂) ရက်နေ့ မနက် (၁၁.၄၅)
နာရီမိနစ်ခန့်တွင် ထားဝယ်တက္ကသိုလ် စိတ်ပညာဌာနမှူးမှ ဦးဇော်သူရအား
တာဝန်ခံပါမောက္ခချုပ်နှင့် နေ့လည် (၂) နာရီတွင် လာရောက်တွေ့ဆုံပါရန် ပြောကြောင်း
အသိပေးပါသည်။
ဆရာဦးဇော်သူရသည် နေ့လည် (၂) နာရီ၌
သွားရောက်ခဲ့ရာတွင် ထားဝယ်တက္ကသိုလ် အစည်းအဝေး ကျင်းပလေ့ရှိသောအခန်းတွင် တက္ကသိုလ်
စီမံခန့်ခွဲရေးအဖွဲ့ (တာဝန်ခံပါမောက္ခချုပ်၊ ဒု-ပါချုပ်၊ သင်တန်းရေးရာမှူး၊
စီမံ-ဘဏ္ဍာမှူးနှင့် ပါမောက္ခ (၃) ဦးတို့နှင့်အတူ အစည်းအဝေး ကျင်းပခဲ့ပါသည်။.......
Tuesday, October 9, 2012
ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံမှ တရားမ၀င် ဆိုင်ကယ်များကို အစိုးရတပ် ဖမ်းဆီးနေ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ သပြုချောင်းရွာမှစ၍ အာရှလမ်းမကြီးတစ်လျှောက်တွင် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ တရားမ၀င် ခိုးဝင်လာသော ဆိုင်ကယ်များကို နယ်မြေခံ အစိုးရစစ်တပ်များက ဖမ်းဆီးအ ရေးယူလျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံအတွင်းရှိ ကန်ချနပူရီခရိုင်တွင် ဆိုင်ကယ်ပျောက်ဆုံးမှု များပြားလာသဖြင့် ထိုင်းအာဏာပိုင်များ ၏ အကူအညီတောင်းခံမှုကြောင့် ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ထိုင်းစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ကေ အိုင်စီသို့ ပြောသည်။
၎င်းက “အရင်က တရားဝင်ရော၊ တရားမ၀င်ရော အကုန်ရတယ်။ အခုနောက်ပိုင်း မရတော့ဘူး။ လမ်းတွေပိတ်ပြီးတော့ ဖမ်း တာ။ ပိုက်ဆံပေးလည်း မရတော့ဘူး။ ဆိုင်ကယ်လည်း အ၀င်မခံတော့ဘူး”ဟု ပြောဆိုသည်။.........
Subscribe to:
Posts (Atom)