ထားဝယ်-ရေးကားလမ်းတစ်လျှောက်ရှိ သံဖြူဇရပ်မြို့အဝင် |
“ရေဖြူဂိတ်၊ ကလိန်အောင်ဂိတ်၊ မလွှဲတောင်ဂိတ်နဲ့ ရေးမြို့အဝင်ဂိတ်ကြီးတွေကို
ဂိတ်ကြေးပုံမှန်ပေးနေရပေမယ့် အခုကဂိတ်ကြီးတွေကြားက လုံခြုံရေး ကင်းစခန်းတွေရော လှည့်ကင်းနဲ့ဆုံတဲ့အခါ ကားကိုရပ်ပြီး ပိုက်ဆံ ပေးနေ ရတယ်” ဟု ရွှေလီအိပ်စပရက်စ် ကားသမား ဦးတင်လေးက ပြောသည်။
မှန်လုံခရီးသည်တင်ကားတစ်စီးတစ်စီးလျှင် ကျပ် ၁၀၀၀ ပေးနေရပြီး တခြားခရီးသည်တင်ကားငယ်များက ကျပ် ငါးရာ ပေးရသည်။ ၁ဝ ဘီးကုန်တင်ကားများကို ကျပ်တစ်ထောင်အထက် ပေးရသည်ဟု ကောင်းသစ်စံ ခရီးသည်တင် ကားမှ ဦးတင်ထွန်းက ပြောသည်။