Showing posts with label ငါးထောင်တန်ဖုန်းမျှော်လစ်ချက်မကုန်သေး. Show all posts
Showing posts with label ငါးထောင်တန်ဖုန်းမျှော်လစ်ချက်မကုန်သေး. Show all posts

Friday, January 27, 2012

ငါးထောင်တန်ဖုန်းမျှော်လစ်ချက်မကုန်သေး

တယ်လီဖုန်းဆင်းမ်ကဒ်တစ်ခုကို ကျပ် ၅,၀၀၀ နှင့်အများပြည်သူကို ရောင်းချနိုင်ရေးအတွက် ရွှေပြည်တံခွန်ကုမ္ပဏီမှ မြန်မာ့ဆက်သွယ်ရေး စာတိုက်၊ ကြေးနန်း ဝန်ကြီးဌာနသို့ တရားဝင် လျှောက်လွှာတင်လိုက်ပြီဖြစ်ကြောင်း  ရွှေပြည်တံခွန် ကုမ္ပဏီမှ သိရှိရသည်။
`ပြည်သူတွေ စရိတ် သက်သက်သာသာနဲ့ တယ်လီဖုန်းတွေ ကိုင်နိုင်ဖို့ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဆက်သွယ်ရေး ဝန်ကြီးဌာနလည်း ပူးပေါင်း ဆောင်ရွက်ပြီး ဘယ်လိုလုပ်လို့ ရနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေပေါ့”ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ  ဦးလွင်နိုင်ဦးက ဆိုသည်။
၎င်းငါးထောင်ကျပ်တန်ဖုန်းဆင်းမ်ကဒ် အတွက် ကြိုတင်ငွေပေးကတ်တန်ဖိုးနှုန်းထား သတ်မှတ်ချက်မှာ ငါးထောင်၊ တစ်သောင်း၊ ငါးသောင်းဟု အကြမ်းဖျဉ်းသတ်မှတ်ထားကြောင်း အဆိုပါ ဆင်းမ်ကတ်တခုရဲ့ မူလတန်ဖိုးသည် မြန်မာကျပ်ငွေ ၃၀၀ ပတ်ဝန်းကျင်ခန့်ရှိကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီမှ သိရှိရသည်။
 မြန်မာနိုင်ငံသားမှန်ပါက မည်သူမဆိုဝယ်ယူနိုင်မည်ဖြစ်ပြီး အစုရှယ်ယာအတွက် လည်း လျာထားမှုများရှိနေကြောင်း သိရှိရသည်။
ရွှေပြည်တံခွန်ကုမ္ပဏီသည် ငါးထောင်တန်ဖုန်းစီမံကိန်းကို နိုင်ငံတော်သို့တင်ပြထားရာ အဆိုပါစီမံကိန်းဆောင်ရွက်ပါက တာဝါတိုင်ပေါင်း ၂၈၀၀ ၀န်းကျင်ခန့် တည်ဆောက်ရန် စီမံထားကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ကပြောသည်။
လက်ရှိကာလတွင် ဖုန်းခေါ်ဆိုခအားမြို့တွင်း ၂၅ကျပ် သတ်မှတ်ထားသည့်နည်းတူ စာတိုပို့စနစ်တစ်စောင်အတွက် အကြမ်းဖျဉ်းသတ်မှတ်နှုန်းထား ၂၅ ကျပ်ဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင်ကျင်းပမည့် အရှေ့တောင်အာရှအားကစားပွဲမတိုင်မီ ဆက်သွယ်ရေးကဏ္ဍကိုဖွံ့ဖြိုးစေရန် ကြိုတင်ပြင်ဆင်မှုတစ်ရပ်အဖြစ်လည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဥာဏ်ဥာဏ်(ရွှေမြစ်မခ)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls