Showing posts with label အရစ်ကျစနစ်ဖြင့်ရောင်းသောနိုင်ငံစုံကားပြပွဲပြုလုပ်မည်. Show all posts
Showing posts with label အရစ်ကျစနစ်ဖြင့်ရောင်းသောနိုင်ငံစုံကားပြပွဲပြုလုပ်မည်. Show all posts

Monday, December 26, 2011

အရစ်ကျစနစ်ဖြင့်ရောင်းသောနိုင်ငံစုံကားပြပွဲပြုလုပ်မည်

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောအကြိမ် နိုင်ငံတကာမှထုတ်လုပ်သော ကားမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများကို တစ်နေရာတည်းတွင် စုံလင်စွာစုစည်းပြသရောင်းချမည့် ကားပြပွဲကြီး (car show) အား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ဝင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများမှ ထုတ်လုပ်သော ကမ္ဘာကျော်နာမည်ကြီး အမှတ်တံဆိပ်ကားမျိုးစုံအား ပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ ထိုပြပွဲကြီးတွင် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ရရှိသူများ၊ မော်တော်ယာဉ် အကျိုးဆောင်ကုမ္ပဏီများနှင့် လုပ်ငန်းများ၊ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချသူများနှင့် ကိုယ်စားလှယ်များ၊ မော်တော်ယာဉ် အရောင်းပြခန်းများ၊ အကြီးစားနှင့် အလတ်စားလုပ်ငန်းသုံးယာဉ်များ၊ ကားဘက်ထရီများ၊ ကားတာယာများ၊ ကားအင်ဂျင်ဝိုင်နှင့် အခြားစက်ဆီ၊ ချောဆီရောင်းဝယ်ရေး လုပ်ငန်းများ၊ ကားအလှဆင်ပစ္စည်းများ၊ ကားကတ်ဆက်၊ အော်ဒီယိုနှင့် ဆက်စပ်ပစ္စည်းများ၊ ကားအပိုပစ္စည်းများ၊ ကား CNG ပြောင်းလဲခြင်းလုပ်ငန်းများ၊ ကားတာယာကွန်ပေါင်း ပန်းတင်လုပ်ငန်းများ၊ ကားအငှားလုပ်ငန်းများ၊ ကားအင်ဂျင်ရောင်းဝယ်ရေး လုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းနှင့် ပစ္စည်းများအား နံနက် ၉ နာရီမှ ညနေ ၉ နာရီအထိ ပြသရောင်းချမည်ဖြစ်ကြောင်း၊ ပြပွဲလာပြည်သူမျာအားး ထူးခြားဆန်းသစ်သော ဖျော်ဖြေရေးအစီအစဉ်များဖြင့် နေ့စဉ်အခမဲ့ဖျော်ဖြေပြသမည်ဖြစ်ကြောင်း၊ အထူးအစီအစဉ်အနေဖြင့် မော်တော်ယာဉ်များအား ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်၍ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ အဆိုပါ မော်တော်ယာဉ်ပြပွဲကြီး Car Show တွင် မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများအား ပြခန်းများပါဝင်ပြသရောင်းချလိုပါက ပြပွဲကျင်းပရေးကော်မတီ SMART GROUP ဖုန်း ၀၁-၅၂၇၅၈၃၊ ၀၉-၇၃၀၁၄၇၇၇၊ ၀၉-၈၆၂၀၆၀၀ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
  မြန်မာပို့ စ် ဂျာနယ်

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls