Showing posts with label စင်ကာပူဗီဇာကို အလုပ်သမားကတ်ပါမှ ထုတ်ပေးတော့မည်. Show all posts
Showing posts with label စင်ကာပူဗီဇာကို အလုပ်သမားကတ်ပါမှ ထုတ်ပေးတော့မည်. Show all posts

Tuesday, December 27, 2011

စင်ကာပူဗီဇာကို အလုပ်သမားကတ်ပါမှ ထုတ်ပေးတော့မည်

စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်မည့်လုပ်သားများကို အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ထုတပေးသော အလုပ်သမားမှတ်ပုံတင်စမတ်ကတ်ဖြင့် လာရောက်လျှောက်ထားမှသာ ဗီဇာပေးတော့မည်ဖြစ်ကြောင်း အလုပ်မားညွှန်ကြားမှု ဦးစီးဌာနမှ ၂၁-၁၂-၂၀၁၁ ရက်က သိရသည်။

ယင်းကဲ့သို့ အလုပ်သမားမှတ်ပုံတင် စမတ်ကတ်ပါမှ စင်ကာပူအလုပ်အကိုင် အလုပ်လုပ်ခွင့် ဗီဇာပေးခြင်းကို ဆောင်ရွက်နိုင်ရေးအတွက် စင်ကာပူသံအမတ်ကြီးနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။ "မလေးရှားသံရုံးနဲ့ ဒီစနစ်ကိုစခဲ့တာ တော်တော်အောင်မြင်တယ်လို့ ပြောရမယ်။ အောင်တိုဘာလကနေ အခုအထိ မလေးရှားကိုသွားရောက်သူ ၃၀၀၀ ကျော်ပြီဆိုတာကို စမတ်ကတ်က မှတ်တမ်းတင်နိုင်ခဲ့တယ်။ ဒီကလေဆိပ်အထွက်မှာ စမတ်ကတ်နဲ့ ကွန်ပျူတာစနစ်ကို ဖြတ်ရတယ်။ လူက မလေးရှားရောက်သွားပြီဆိုရင်လည်း စမတ်ကတ်က အမှတ်အသားကို ကွန်ပျူတာက မှတ်သားပြီးသွားပြီ။ သူရဲ့ Biography အကုန်လုံးကိုပေါ့။ ဒီစနစ်နဲ့မှ လူဘယ်နှဦးဝင်ထွက်ရှိပြီး အသေးစိတ်အချက်အလက်ကို သိစေခဲ့တာဖြစ်တယ်" ဟု အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောကြားသည်။

"စင်ကာပူသံအမတ်ကြီးနဲ့ ညှိနှိုင်းခဲ့ကာ သဘောတူညီမှုရခဲ့လို့ စတင်တော့မှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အလုပ်သမားကတ်ပါမှ ဗီဇာထုတ်ပေးခြင်းစနစ်အတွက် အခြားသော မြန်မာနိုင်ငံသား အလုပ်သမားဈေးကွက်ရှိသည့် နိုင်ငံများ၏ သံရုံးများနှင့်လည်း ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမည်ဟု သိရကာ အလုပ်သမားမှတ်ပုံတင် စမတ်ကတ်အတွက် FEC ၁၀၀ ပေးဆောင်ရမည်ဖြစ်ပြီး မလေးရှားနိုင်ငံနှင့် အောက်တိုဘာလ ၂၄ ရက်ကစတင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်မြန်မာသတင်းဂျာနယ် မှ သိရသည်။
By: သစ်ထူးလွင်

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls