Showing posts with label ထားဝယ်ဟင်းလျှာ. Show all posts
Showing posts with label ထားဝယ်ဟင်းလျှာ. Show all posts

Thursday, November 17, 2011

ထားဝယ်”ကနှပ်”ဟင်း

တခါတလေ ကိုယ်တိုင်မချက်တက်. မချက်ဖြစ်တာလေးတွေကို သူများဆီက ကူးလာပါတယ်… အခု မနိုင်းနိုင်းစနေရဲ့ ဟင်းလက်ရာလေး ကို အိမ်ရှင်မ တွေအတွက် တင်ပေးလိုက်ပါတယ်…

ဒီတစ်ခါ သူချက်မှာက “ကနှပ်”လို့ခေါ်တဲ့ ထားဝယ်ဟင်းပါတဲ့….

ပါဝင်တဲ့ပစ္စည်းတွေက ပန်းမုန်လာ၊ ပဲတောင့်၊ ပဲပင်ပေါက်၊ ခရမ်းသီး၊ ကြက်သွန်ဖြူ/နီ၊ စပါးလင်၊ စိမ်းစားငပိ၊ နှမ်းတွေ ဖြစ်ပါတယ်။
ပထမဆုံး ကနှပ်ဟင်းအပေါ် ဖြူးထည့်မယ့် ငရုတ်သီးခြောက်၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို အရင်ဆီချက်လုပ်ထားရပါတယ်။

ရေကိုအရင်တည်ပြီး အဲဒီရေထဲ နနွင်း၊ ဆားနဲ့ ရှာလကာရည်ကို ထည့်ပါတယ်။ ရေဆူလာရင် ဆေးထားတဲ့ အသီးအရွက်တွေကို တစ်မျိုးချင်းစီ ထည့်ပြုတ်ပါတယ်။ (အနေတော်ပြုတ်ပါ.. အရမ်းနူးနေအောင် မပြုတ်ပါနဲ့)

နနွင်း၊ ရှာလကာရည်နဲ့ ပြုတ်ထားတဲ့ ပန်းမုန်လာ၊ ပဲတောင့်၊ ပဲပင်ပေါက်၊ ခရမ်းသီးတွေက ခပ်ချဉ်ချဉ်လေးဖြစ်ပြီး ဝါနေပါတယ်။

အဲဒီနောက် ဆီအိုးတည်ပြီး နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူ/နီ၊ စပါးလင်တွေကို နွမ်းသွားအောင်ကြော်ပါတယ်။ ငပိထည့်ကြော်ပါတယ်။ ကြော်လို့အားလုံးမွှေးကြိုင်လာရင် ပြုတ်ထားတဲ့ဟင်းရွက်တွေကို ထည့်ကြော်ပါတယ်။ ဆားအပေါ့အငန်ကို မြည်းစမ်းပြီးထည့်ပါတယ်။ နှမ်းဖြူးပါတယ်။ (အစပ်ကြိုက်ရင် ငရုတ်သီးမှုန့်ထည့်နိုင်ပါတယ်)
နောက်ပိတ်ဆုံး ကြော်ထားတဲ့ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ/နီတွေကို အပေါ်မှာ ဖြူးထည့်ပါတယ်။
ထားဝယ်”ကနှပ်”ဟင်းပါတဲ့….. (တကယ်ဆို အသီးအရွက်တွေကို ငပိနဲ့ကြော်လိုက်တာ၊ ငပိနံ့ကြောင့် ဘေးခန်းကတရုတ်ကြီး ထွက်မရိုက်ရုံတမယ်ပါပဲး) ဟင်းကိုစိတ်ဝင်စားရင် စမ်းချက်နိုင်ပါတယ်… :D
နိုင်းနိုင်းစနေ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls