Showing posts with label ထား​ဝယ်​သတင်း. Show all posts
Showing posts with label ထား​ဝယ်​သတင်း. Show all posts

Thursday, September 6, 2012

မြိတ်ရှော့ပင်း စင်တာတွင် ကာစီနို လောင်းကစား ၀ိုင်းများဖြင့် စည်ကားနေ


မြိတ်ရှော့ပင်း စင်တာ အပေါ်ထပ်ရှိ ကစားဝိုင်း တခုကို တွေ့ ရစဉ်
တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ  မြိတ်ရှော့ပင်း စင်တာ အပေါ်ထပ်ရှိ သီးသန့် အခန်းထဲမှာ ကာစီနို လောင်းကစား ၀ိုင်းများဖြင့် စည်ကားနေ ကြောင်းသိရပါတယ်။

အခန်းတံခါးဝမှာ အသက်ဆယ့်ခြောက် နှစ်အောက် မ၀င်ရဟု စာကပ်ထားပေမယ့် အခန်းတွင်းမှာတော့ ကျောင်းသားလူငယ်များ နဲ့ စည်ကားနေပါတယ်။ လောင်းကစားဝိုင်းများ တင်းကြပ်နေချိန်မှာ မြိတ်ရှော့ပင်စင်တာ ပေါ်မှာတော့ ပေါ်ပေါ်ထင်ထင် ဖွင့်ထားဖြစ်ပါတယ်။

နေ့စဉ်နီးပါး လာကစားနေသော အမျိုးသမီးတစ်ဦးအား မေးကြည့်ရာ သူမတွင်စုစုပေါင်း ငွေကျပ်တစ်သိန်းနီးပါး ရှုံးနေပြီဟု Myanmar News Now ကို ပြောပါတယ်။

ကစားရာမှာ ပိုက်ဆံနဲ့  မဟုတ်ပဲ coil ဖြင့်ကစားရပြီး  coil တစ်ပြားကို ငွေကျပ်တစ်ရာဖြင့် ကောင်တာမှာ လဲလှယ်ပေးပါတယ်။ အနိုင်ရရှိသော coil များကိုမူ လုံးဝ လုံးဝ ပြန်မလဲပေးပါဟု အခန်း နံရံတွင် စာကပ်ထားတာလည်း တွေ့ ရပါတယ်။ ......

Wednesday, September 5, 2012

ထိုင်းမှာရှိတဲ့ထားဝယ်တွေအိမ်ပြန်နိုင်တော့မည်

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေရသည့် အလုပ် သမားများ ပြန်လာနိုင်သည် အခင်း အကျင်း ဖြစ်ရန် ပြုလုပ် နေကြောင်း တနင်္သာရီတိုင်း ၀န်ကြီးချူပ် ဦးမြတ်ကို က ပြီးခဲ့သည့် ရက်ပိုင်းက ထားဝယ်မြို့တော် ခန်းမ တွင် ပြုလုပ်သည့်  ထားဝယ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ လီမိတက် (DDPC) ၏  ရှယ်ယာရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။
ဒေသခံများ ပြန်လာနိုင်ရန် လုပ်ဆောင် ရာတွင် မိမိ တစ်ဦးတည်း အနေနှင့်  မဖြစ်နိုင်ဘဲ DDPC အပါအ၀င် အားလုံးမှ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအတွက် အစိုးရ အနေနှင့် စိန်ခေါ်မှု များစွာ ရှိနိုင်သည်။
ညစ်ညမ်း အကြီးစား စက်ရုံ အများစုပါဝင်သည့် ထားဝယ် အထူးစီးပွားရေးဇုန်၊ စက်ရုံ လည်ပတ်ရန် လုပ်သား အင်အား ၁၈၀၀ ကျော် ရှိမည်ဟုဆိုသည့် လောင်းလုံးမြို့နယ်တွင် တည်ဆောက်မည့် ရေနံချက် စက်ရုံ များသည် ဒေသခံ များကို အလုပ်အကိုင် အခွင့်အလမ်း များစွာ ဖန်တီးနိုင် မည်မဟုတ်ဟု ဒေသခံ အများစု က မှတ်ချက်ပြုသည်။......

Thursday, August 30, 2012

ထားဝယ် စီမံကိန်းအတွက် ကလုံးထာ ကျေးရွာ ပြောင်းဖို့ ငြင်းဆန်


ရန်ကုန် (မဇ္ဈိမ) ။       ။ ရေကာတာ တည်ဆောက်ရန် အတွက် အိမ်ထောင်စု ၁၈ဝ ကျော်ရှိ ရွာတရွာကို ရွှေ့ပြောင်း
ပေးရန် ထားဝယ် ဖွံ့ဖြိုးမှု စီမံကိန်း ဆောင်ရွက်နေသည့် အီတာလျံ-ထိုင်းကုမ္ပဏီ ITD က ညှိနှိုင်းနေသော်လည်း ရွာသားများက ပြောင်းရွှေ့ရန် ငြင်းဆန်နေကြသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုရာ ကလုံးထာ
ကျေးရွာတွင် စိုက်ပျိုးမြေဧက တသောင်းကျော် ရှိသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့က ကလုံးထာရွာသို့ ITD ကုမ္ပဏီ ကိုယ်စားလှယ် ရောက်လာပြီး ပြောင်းရွှေ့စေလိုကြောင်း
ပြောဆိုခဲ့သည်ဟု ကျေးရွာရှိ ဓမ္မရက္ခိတာ ကျောင်းတိုက် ဆရာတော် ဦးပညာဝံသ က မိန့်သည်။

“ရွာသားတွေရဲ့ဆန္ဒက လျော်ကြေးပေးလည်း ဘိုးစဉ်ဘောင်ဆက် နေလာတဲ့ ဒီရွာက မပြောင်းချင်ကြဘူး။ စီမံကိန်း ဧရိယာမှာ နဘုလယ်ဒေသ ပါတယ်။ ဘုန်းဘုန်းတို့ရွာ မပါဘူး။ ဒါကြောင့် ပြောင်းဖို့ လက်မခံနိုင်ဘူး” ဟု မိန့်ကြား သည်။........

Sunday, July 22, 2012

ထားဝယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ၏ အာဇာနည်နေ့အခမ်းအနား

၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် ၊ ယနေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည် နေ့တွင် ထားဝယ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်မှ သံဃာတော် ၅ ပါးအား အာရုံဆွမ်း ဆက်ကပ် လှူဒါန်းခဲ့သည်။ ထိုနောက် နံနက် ၇ နာရီ ခွဲခန့်တွင် ထားဝယ် ခရိုင် အုပ်ချူပ်ရေးမှူးရုံး ရှေ့ရှိ ဗိုလ်ချူပ်အောင်ဆန်း ၏ ပုံတူ ကြေးရုပ်ထု ရှေ့တွင် လွမ်းသူ့ ပန်းခွေချပြီး ၊ ထားဝယ်မြို့ အင်အယ်လ်ဒီ ရုံးခန်းတွင် လည်း လွမ်းသူ့ ပန်းခွေများကို ချကာ ကျဆုံး လေပြီးသော အာဇာနည် ခေါင်းဆောင်များကို အလေးပြုခဲ့ကြသည်။ အဆိုပါ အခန်းအနားသို့ ပါတီဝင် တစ်ရာ ခန့် တက်ရောက်ခဲ့သည်။
၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်လာသည့် ပါတီဝင်များ
နိုင်ငံတော်အလံ တစ်ဝက်လွင့်ထားသည့် အင်အယ်လ်ဒီ ရုံ ရှေ့ မြင်ကွင်း

လွမ်းသူ့ပန်းခွေများကို တွေ့ရစဉ်

လွမ်းသူ့ပန်းခွေ များနှင့် အတူ
လွမ်းသူ့ပန်းခွေ များနှင့် အတူ

ထားဝယ် ခရိုင် ကျောင်းသား သမဂ္ဂ၏ အာဇာနည်နေ့ အခမ်းအနား

၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် ၊ ယနေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ ၊ နံနက် ၆ နာရီတွင် ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂမှ ကျောင်းသူ ကျောင်းသား များသည် ထားဝယ်မြို့ ပခုက္ကူ ကျောင်းတိုက်တွင် သံဃာတော် ၁၃ ပါး အား အာရုံဆွမ်းများ ဆက်ကပ် လှုဒါန်းခဲ့သည်။ ထို့နောက် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ၄၀ ခန့်သည် ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများနှင့် အတူ ထားဝယ် ခရိုင် အုပ်ချူပ်ရေးမှူး ရုံးရှေ့ရှိ ဗိုလ်ချူပ်အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေ ချပြီး နိုင်ငံတော် သီချင်း သီဆိုကာ အလေးပြုခဲ့ကြသည်။
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များနှင့် အတူ
ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချ အလေးပြုနေစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များနှင့် အတူ
ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချရန် ရောက်လာစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များနှင့် အတူ
ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချရန် ရောက်လာစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များ ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချရန် ရောက်လာစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ရေစက်ချ အမျှယူနေစဉ်
From Dawei Watch facebook page

ထားဝယ် ကလုံးထာ ဒေသ ခံများ ရေကာတာ မလိုကြောင်း ဆန္ဒ ထုတ်ဖော်

အီတာလျံ ထိုင်း ကုမ္ပဏီမှ ဖော်ဆောင်နေသော ထားဝယ် အထူးစီးပွားရေး အတွက် ရေအရင်း အမြစ် ရရှိရန် ရေကာတာ တည်ဆောက်မည့် ကလုံးထာ စီမံကိန်း မန်နေဂျာ ထိုင်းနိုင်ငံသား မစ္စတာ ၀လုတ် အပါအ၀င် အဖွဲ့ဝင်ဆယ်ဦး ခန့် နှင့် ဒေသခံ (၂၀၀) ကျော်တို့ တွေ့ဆုံစဉ် ဒေသခံ များက “ No Dam No Relocation “ ဟု စာချပ်များ အစည်းအဝေး ကျင်းပရာ ခန်းမ ပါတ်လည်တွင် ကပ်ပြီး ၄င်းတို့၏   ဆန္ဒသဘောထား ကို ထုတ်ဖော် ခဲ့ကြသည်။


Dawei Watch

Friday, June 22, 2012

ဒေါ်အောင်ဆန်းစုကြည် ဥရောပနဲ့ ဗြိတိန်အခမ်းအနားမိန့်ခွန်းများ ပြည်တွင်းရုပ်သံမှ ထုတ်လွှင့်



ဇွန်လဒုတိယပတ် ဥရောပနဲ့ အင်္ဂလန်နိုင်ငံများက အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ အာဏာပိုင်များနဲ့ မိတ်ဆွေများက ဖိတ်ကြားလို့ ပြည်ပခရီးစဉ်အဖြစ် ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သြစလိုမြို့ အခမ်းအနားနဲ့ ဘွဲ့တံဆိပ် ပေးတဲ့အခမ်းအနားများက မိန့်ခွန်းပြောကြားချက်တွေကို မြန်မာပြည်တွင်းက Skynet နဲ့ MRTV4 ရုပ်မြင်သံကြားအစီအစဉ်များက ထုတ်လွှင့်ပေးခဲ့ပါတယ်။
            အဲသည်လို လွှင့်ပေးခဲ့ပေမယ့် ဥရောပခရီးစဉ်ရောက် နိုင်ငံတော်အစိုးရ၀န်ထမ်း ဦးရဲထွဋ် ဆိုသူကတော့ ကိုဘင်ဟေဂင် စာနယ်ဇင်းဆွေးနွေးပွဲမှာ နိုင်ငံပိုင်မီဒီယာတွေက ဒေါ်စုခရီးစဉ်ကို မထုတ်လွှင့်တာက သူဟာ နိုင်ငံကိုယ်စားပြု ခရီးသွားတာ မဟုတ်လို့ ဆိုပြီး.....

Saturday, April 28, 2012

ထားဝယ် စီမံကိန်း ဂျပန် ၀င်ရောက်မည်


ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (Photo-Google Images)
ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်း အတွက် ငွေကြေးထောက်ပံ့ရန်ကူညီနိုင်ရန်

ဂျပန်-ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်သော သုံးနိုင်ငံ ပူးပေါင်းအဖွဲ့အစည်းတစ်ရပ် ထူထောင်ထားမည်ဖြစ်ကြောင်း အီတလျံ-ထိုင်း ကုမ္ပဏီ ဥက္ကဋ္ဌ ပရီချိုင်း က ပြောကြားသည်။

ထိုင်းနှင့် မြန်မာနိုင်ငံတို့ အဓိက ပူးတွဲ လက်မှတ်ရေးထိုးထားသော ယင်းစီမံကိန်းကို ချေးငွေ ဆက်လက် ထောက်ပံ့ရန် ဂျပန် အစိုးရက သဘောတူထားပြီးဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

Thursday, March 8, 2012

ထားဝယ်မောင်းမကန်ကမ်းခြေတွင်အမျိုးသမီးများနေ့ကျင်းပ


Add caption
                               
ယနေ့ကျရောက်သည့် (၁၀၁) ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ထားဝယ်ဒေသရှိ၊ မောင်းမကန်ကမ်းခြေတွင် ထားဝယ်ဒေသခံများက ကျင်းပခဲ့ကြပါသည်။
ထားဝယ်ဒေသတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် အဆိုပါ အမျိုးသမီးနေ့အခမ်းအနားသို့ ပရိသတ် ၁၅၀ ကျော် တက်ရောက်ခဲ့ပါသည်။  
တိုင်းရင်းသားဝန်ကြီး ဦးစောဟာဗွီက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ ‘ဖဲကြိုးဖြူနှင့် ကတိပြု’ အမည်ရ သီချင်းကို သီဆိုခြင်း၊ ထားဝယ်ရိုးရာ ရေအိုးရွက်အကနှင့် တခြားထားဝယ်ရိုးရာအကများဖြင့် တင်ဆက်ခြင်း၊ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသမီးများ၏

Monday, March 5, 2012

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာအတွင်းရှိ ဓနိတောများကို လျော်ကြေး စတင်ပေးအပ်

Add caption
ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်းရှိ ဓနိတောများ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ တည်ဆောက်ဆဲ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ဓနိတောများအား လျော်ကြေးငွေများ စတင်ပေးအပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူပြုအဖွဲ့(ယာယီ)မှ ပြုစုထားသော စာရင်းများအရ လျော်ကြေးငွေ ပေးအပ်ရန် သတ်မှတ်ထားသော စိုက်ပျိုးနိုင်သည့်မြေ (၃၅၈၄၇ ဧက)မှ ဓနိတော ၂၀၆ ဧကအတွက် လျော်ကြေးငွေ ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Wednesday, January 4, 2012

ထား​ဝယ်​ကျောက်မီး​သွေး​စက်ရုံအ​ကြောင်း​ ​မောင်း​မကန်တွင် ​ဒေသခံကို အသိ​ပေး​ပွဲလုပ်

ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​မှာပါဝင်တဲ့​ ​ကျောက်မီး​သွေး​စက်ရုံနဲ့​ ပတ်သက်ပြီး​ ​ဒေသခံပြည်သူ​တွေကို အသိ​ပေး​တဲ့​ လှုပ်ရှား​မှုတခု ဇန်နဝါရီ ၄ ရက် လွတ်လပ်​ရေး​နေ့​မှာ ပြုလုပ်ခဲ့​ပါတယ်။
ဒေသခံတွေကို အသိပေး လှုပ်ရှားမှု ပြုလုပ်စဉ်
ထား​ဝယ်​ဒေသက နာမည်​ကျော် ​မောင်း​မကန်ကမ်း​ခြေမှာ ဒီ​နေ့​ မနက်ပိုင်း​က ပြုလုပ်ခဲ့​တာဖြစ်ပြီး​ ​ဒေသခံ ၂၀၀ ​ကျော် တက်​ရောက်ခဲ့​ကြတယ်လို့​ လှုပ်ရှား​မှုကို ဦး​ဆောင်ပြုလုပ်တဲ့​ ထား​ဝယ်​ဒေသဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​က တာဝန်ရှိသူတဦး​က ​ပြောပါတယ်။
သူတို့​အဖွဲ့​ရဲ့​ ဒီ​နေ့​လုပ်​ဆောင်မှုနဲ့​ ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို သူက ခုလို ​ပြောပါတယ်။
“​ကျောက်မီး​ သွေး​စက်ရုံ လာလုပ်မယ်။ သူတို့​ အဲဒါ လုပ်မယ့်​အ​ကြောင်း​၊​ ပြီး​ရင် ​ကျောက်မီး​သွေး​စက်ရုံက​နေပြီး​တော့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေ ဘယ်လို ရှိတယ်။ သိသင့်​တဲ့​ဟာ​တွေ​ပေါ့​ဗျာ။ အဲဒါကို ကျ​နော်တို့​ လူ​တွေကို သူတို့​ သိသင့်​သိထိုက်တဲ့​ message (သတင်း​) ​တွေ​ပေါ့​။ သူတို့​အ​နေနဲ့​ ပြန်စဉ်း​စား​ပေါ့​။ အဲဒါကို လက်ခံသင့်​ကြောင်း​၊​ လက်မခံသင့်​ကြောင်း​ အဲဒီအတွက် ကျ​နော်တို့​ ​ပေး​တယ်။ ပြီး​ရင် အဲဒါနဲ့​ ပတ်သက်ပြီး​ ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို လက်မှတ်ထိုး​ လှုပ်ရှား​မှု လုပ်ပြီး​ ပြန်ပြီး​တော့​ ယူတယ်။ အခု သူတို့​က အဲဒါကို တကယ်လာမှာလား​ပေါ့​၊​ တကယ်လာရင် ငါတို့​က ဘယ်လိုလက်ခံရမလဲဆိုပြီး​ စိတ်ထဲက​တော့​ နည်း​နည်း​ ​ရှော့​ဖြစ်သွား​တာ​ပေါ့​။”
ဒေသခံပြည်သူများ​ လက်မှတ်​ရေး​ထိုး​နေကြစဉ်
ကျောက်မီး​ သွေး​စက်ရုံ တည်​ဆောက်ဖို့​ဖြစ်လာတဲ့​ အ​ကြောင်း​ရင်း​တွေ၊​ တည်​ဆောက်ဖြစ်ရင် ဖြစ်​ပေါ်လာနိုင်တဲ့​ ဆိုး​ကျိုး​တွေကို အဖွဲ့​ဝင်အချင်း​ချင်း​ မျှ​ဝေ​ပြောပြတာနဲ့​ လက်ကမ်း​စာ​စောင်​တွေ ဖြန့်​ချိတာ​တွေလည်း​ လုပ်​ဆောင်ခဲ့​ကြတယ်လို့​ ​ပြောပါတယ်။
ထား​ဝယ်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​က ဦး​ဆောင်ပြီး​ ပြီး​ခဲ့​တဲ့​ဒီဇင်ဘာထဲမှာ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​အ​ပေါ် ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို ရန်ကုန်မှာ သတင်း​စာရှင်း​လင်း​ပွဲ လုပ်ခဲ့​ပါ​သေး​တယ်။
အဲ့​ဒီသတင်း​ စာရှင်း​လင်း​ပွဲ ပြီး​တဲ့​နောက်မှာလည်း​ ထိုင်း​နိုင်ငံက မက်တဖွတ် (Map Ta Phut) စက်မှုဇုန်ကို သွား​ရောက် ​လေ့​လာခဲ့​ကြပြီး​ အဲ့​ဒီက​တွေ့​ရှိလာတဲ့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေကိုလည်း​ ဒီ​နေ့​မှာ တဆင့်​ မျှ​ဝေခဲ့​ကြပါတယ်။
ထား​ဝယ်​ဒေသခံ ​တွေရဲ့​ သ​ဘောထား​တွေ ​ဖော်ထုတ် သိရှိပြီး​ရင်​တော့​ သက်ဆိုင်ရာ တိုင်း​အစိုး​ရအဖွဲ့​နဲ့​ သမ္မတထံ စာ​ရေး​တင်ပြဖို့​ ရှိတယ်လို့​ သိရပါတယ်။
ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​ စီမံကိန်း​မှာပါဝင်တဲ့​ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့်​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံဟာ ကာဗွန်ထုတ်လွှတ်မှု တနှစ် တန်သန်း​ ၃၀ ရှိနိုင်ပြီး​ ထိုင်း​တနိုင်ငံလုံး​ ထုတ်လွှတ်မှုရဲ့​ ထက်ဝက်ရှိလာမှာဖြစ်ပါတယ်။
ဒါ့​အပြင် စက်ရုံက ထွက်ရှိလာမယ့်​ ဓာတ်​ငွေ့​တွေ​ကြောင့်​လည်း​ လူနဲ့​ ပတ်ဝန်း​ကျင်တို့​ ထိခိုက်ပျက်စီး​နိုင်တယ်လို့​ ​လေ့​လာမှု စစ်တမ်း​တခုအရ သိရ​ကြောင်း​ ပြီး​ခဲ့​တဲ့​အပတ်ထုတ် ဝီး​ကလီအဲလဗင်း​ဂျာနယ်မှာ ​ဖော်ပြထား​ပါတယ်။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls