Showing posts with label ရေခဲရေဆိုးကျိုးများ. Show all posts
Showing posts with label ရေခဲရေဆိုးကျိုးများ. Show all posts

Monday, January 16, 2012

ရေခဲရေဆိုးကျိုးများ

တရုတ်လူမျိုးတွေ၊ ဂျပန်လူမျိုးတွေက ထမင်းစားနေစဉ် ရေခဲ၊ ရေ၊ ရေအေးမဟုတ်ပဲ ရေနွေးပူ၊ ရေနွေးကြမ်း ကိုသာ သောက်လေ့ ရှိပါတယ်။ ကျွန်ုပ်တို့ ကလည်း ဒီအကျင့်ကို အတူယူဖို့  အချိန်ကျပြီ ထင်ပါ တယ်။ ရေခဲရေ အေးအေးလေး သောက်ခြင်းကို ကြိုက် နှစ်သက်တဲ့သူတွေ သတိထားသင့်တဲ့ အချက် ကို ဖော်ပြလိုပါတယ်။

ထမင်းစားပြီး၊ မုန့် စားပြီးနောက် ရေခဲရေတစ်ခွက်လောက် သောက်လိုက်ရင် ရင်ထဲမှာ အလွန် အေးမြသွားတဲ့ အရသာကို လူ အများ ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ခန္ဒာကိုယ်တွင်းမှာ ရေခဲရေက ကျွန်ုပ်တို့  စားလိုက် တဲ့ အစာထဲမှာပါတဲ့ အဆီတွေကို အခဲ ဖြစ်သွားစေပါတယ်။ ထိုသို့  ဖြစ်ခြင်းကြောင့် အစာခြေခြင်း လုပ်ငန်း စဉ်ကို နှေးကွေးသွားစေပါတယ်။ ထို့ နောက် ထိုအဆီခဲ တွေက အစာအိမ်တွင်းမှာ အက်ဆစ်နဲ့  ဓာတ်ပြု ပြီး ကျေပျက်သွားပါတယ်။ အစာအစိုင်အခဲတွေထက် အဲဒီ အဆီနှစ်တွေကို အူလမ်းကြောင်းက လျင်မြန်စွာ စုပ်ယူနိုင်ပါတယ်။ ထိုအဆီအနှစ်တွေဟာ အူလမ်းကြောင်း နံရံပေါ်မှာ ဖုံးအုပ်သွားပါတော့တယ်။ ကြလာ တဲ့အခါ Fat အဆီအဖြစ်သို့  ပြောင်းလဲသွားပြီး ကင်ဆာရောဂါ ဖြစ်ပွားလာစေနိုင်ပါတယ်။

ဒါကြောင့် အစားအစာ စားပြီးတဲ့အခါ ဒါမှမဟုတ် စားနေစဉ်မှာ စွပ်ပြုတ်ပူပူလေး သောက်တာ ဒါမှ မဟုတ် ရေနွေးကြမ်းလေး သောက်တာ အကောင်းဆုံးပါပဲ။

 

အစားစားပြီးချိန် ရေခဲရေ သောက်သုံးပါက အစာအိမ်နှင့် အူမကြီးကင်ဆာများ ဖြစ်ပွားနိုင်

ထမင်းစားပြီးချိန် (သို့မဟုတ်) အစားအစာ တမျိုးမျိုး စားသုံးပြီးချိန်တွင် ရေအေး၊ ရေခဲရေနှင့် အအေးတမျိုးမျိုး သောက်သုံးပါက အစာအိမ်နှင့် အူမကြီးကင်ဆာများ ဖြစ်ပွားစေနိုင်ကြောင်း ဗြိတိသျှသိပ္ပံပညာရှင်များက သတိပေးလိုက်သည်။

အစားအစာ စားသုံးပြီးချိန်တွင် ရေခဲရေနှင့် အအေးများသောက်သုံးခြင်းကြောင့် အူနှင့် အစာအိမ်အတွင်း အစာများ အစိုင်အခဲသဖွယ် ပြောင်းလဲသွားကြောင်း၊ ချေဖျက်ပြီးသော အစာများမှာလည်း အူနံရံနှင့် အစာအိမ်နံရံများ၌ အဆီခဲများသဖွယ် စုပုံသွားသဖြင့် အစာချေဖျက်မှုကို ခက်ခဲစေကြောင်း အဆိုပါဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။

အအေးသောက်သုံးခြင်းကြောင့် အူနှင့် အစာအိမ်အတွင်း အစာများ အစိုင်အခဲသဖွယ်ဖြစ်ကာ အလွယ်တကူ အစာချေဖျက်မှု မလွယ်ကူသဖြင့် အစာများအချဉ်ပေါက်ကာ ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း၊ ထို့အပြင် ထမင်းစားပြီးတိုင်း ရေခဲရေ၊ ရေခဲသေတ္တာအတွင်းထားရှိသော ရေအေးနှင့် အအေးများ အလွယ်တကူ မသောက်သုံးသင့်ကြောင်း ဗြိတိသျှဆေးသိပ္ပံပညာရှင်များ က အကြံပြုထားသည်။

မင်းစောထက်
(မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls