Showing posts with label ပုဂံဘုရားများပြုပြင်ရန်ဂျပန်ကူညီမည်. Show all posts
Showing posts with label ပုဂံဘုရားများပြုပြင်ရန်ဂျပန်ကူညီမည်. Show all posts

Monday, December 26, 2011

ပုဂံဘုရားများပြုပြင်ရန်ဂျပန်ကူညီမည်

ပုဂံ
မြန်မာနိုင်ငံ၏ သမိုင်းဝင် ရှေးဟောင်းနယ်မြေဖြစ်သော ပုဂံရှိ စေတီပုထိုးများကိုပြုပြင်ထိန်းသိမ်းနိုင်ရန် ဂျပန် နိုင်ငံမှ ပညာရှင်တစ်ဦးကို လာမည့်နှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့စေလွှတ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကွိုင်ချီယိုဂမ်ဘာက ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားသွားသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ရောက်ရှိနေပြီး ဒီဇင်ဘာ၂၆ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံသမ္မတနှင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ ညနေပိုင်းတွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ နေအိမ်တွင်တွေ့ဆုံခဲ့ပြီး သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။

ဂျပန်ဘာသာဖြင့် ထုတ်ဝေသောမိုင်နိချိသတင်းစာ တွင် ဒေါ်အောင်ဆန်းစုကြည်ရေးသားသော အပန်းဖြေအားလပ်ရက်များ ကိုယ်တိုင်ရေးဆောင်းပါး၌ သူမ ပုဂံရှိစေတီများကို သွားရောက်ဖူးမြော်စဉ် တွေ့မြင်ခဲ့ရသော ပြိုပျက်နေသည့်ရှေးဟောင်းစေတီပုထိုးများအကြောင်း ထည့်သွင်းရေးသားထားသည်။ ဂျပန်အစိုးရအနေဖြင့် ယခင်ကလည်း ပုဂံညောင်ဦးဒေသတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးနှင့် ရေရရှိရေးတို့အတွက် ဆောင်ရွက်ပေးခဲ့ကြောင်း 7Day News Journal Facebook စာမျက်နှာမှာ ဖော်ပြထားပါသည်။
By: သစ်ထူးလွင်

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls