Friday, December 16, 2011

သဘာဝကပေးတဲ့လက်ဆောင် လူတွေပေးတဲ့ဒုက္ခများ

ကျွန်ုပ် ဘယ်သူလဲဆိုတာ သင်တို့ သိကြပါရဲ့လား။ ကျွန်ုပ်ဟာ သင်တို့အတွက် အကောင်းဆုံး လက်ဆောင်ကိုပေးခဲ့ သူပါ။ သင်တို့ရဲ့ဘဝအတွက် မရှိမဖြစ်အရာတစ်ခု ဖြစ်ပါတယ်။ ကျွန်ုပ်မရှိဘဲ သင်တို့ဘဝဟာ မရှင်သန်နိုင်ပါဘူး။ ကမ္ဘာလောကကြီးပေါ်က လူသားတွေ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ အတွက်  ကျွန်ုပ်က  ဘာတွေကို ပေးခဲ့တယ်ဆိုတာ သတိထားမိပါရဲ့လား။ 


Image Hosted by PicturePush - Photo Sharing

ကျွန်ုပ်ဟာ သင်တို့အတွက် သန့်စင်ကြည်လင်နေတဲ့ ရေချိုတွေ ပေးခဲ့တယ်။.


Image Hosted by PicturePush - Photo Sharing

ကြည်လင်ယာယာစွာ စီးဆင်းနေတဲ့ စမ်းချောင်းတွေ၊ မြစ်တွေကို ပေးခဲ့တယ်။  


Love The Mother Nature


သာယာလှပတဲ့ ရေတံခွန် စိမ့်စိမ်းတွေ ပေးခဲ့တယ်
Image Hosted by PicturePush - Photo Sharing

သစ်ပင်တွေ မျိုးစုံလှတဲ့ တောအုပ်တွေကို ပေးခဲ့တယ်.


Image Hosted by PicturePush - Photo Sharing





 အေးချမ်းသာယာလှတဲ့ ရေခဲတောင်တွေပေးခဲ့တယ်။.

ဖူးပွင့်ဝေဆာလှစွာ အရောင်အသွေးစုံပန်းကလေးတွေနဲ့ အလှပဆုံးရှုခင်းတွေ ပေးခဲ့တယ်။


Image Hosted by PicturePush - Photo Sharing

 မြေဆီမြေနှစ် ပြည့်ဝလှတဲ့ စိုက်ပျိုးမြေတွေ ပေးခဲ့တယ်။

ကျွန်ုပ် သင်တို့အတွက် အကောင်းဆုံး လက်ဆောင်တွေပေးခဲ့တယ်။ ဒါပေမဲ့ သင်တို့ဟာ ကျွန်ုပ် ပေးထားတဲ့ အရာတွေကို တန်ဖိုးမထားခဲ့ကြဘူး... တန်ဖိုးကို မသိမြင်နိုင်ခဲ့ဘူး။ ကျွန်ုပ် ပေးတဲ့ သဘာဝအလှအပတွေကို ဖျက်ဆီးပစ်ခဲ့ကြတယ်။ 


Love The Mother Nature

မြစ်ချောင်းရေကန်တွေကို ညစ်နွမ်းအောင်လုပ်တယ်

Love The Mother Nature

ပင်လယ်ကမ်းခြေကို ညစ်ပတ်စေခဲ့တယ်


Love The Mother Nature

အမှိုက်တွေကို စည်းကမ်းမရှိ ပစ်ထားကြတယ်


Image Hosted by PicturePush - Photo Sharing
လူတစ်ချို့ရဲ့ နမော်နမဲ့နိုင်မှုကြောင့်တောမီးတွေလောင်စေတယ်


Image Hosted by PicturePush - Photo Sharing

သစ်တောတွေ ပြုန်းတီးစေတယ်


Image Hosted by PicturePush - Photo Sharing

သစ်ပင်တွေ လောင်စာအဖြစ် အသုံးချလို့ တောတွေ ကုန်ပြီ။

Image Hosted by PicturePush - Photo Sharing 

တောတောင်တွေ ဖျက်ဆီးကြတယ်



သင်တို့လူသားတွေအတွက် ကျွန်ုပ်ပေးထားတဲ့ သဘာဝအလှအပ အရင်းအမြစ်တွေကို သင့်တို့ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ကြပြီ။ 


ဒါတင်မက ကျွန်ုပ်ဟာ သင်တို့အတွက် သဘာဝ တောတိရိစ္ဆာန်တွေကိုလည်း လက်ဆောင် အဖြစ် ပေးခဲ့သေးတယ်။

Image Hosted by PicturePush - Photo Sharing



Love The Mother Nature


Love The Mother Nature



lemurs


Love The Mother Nature


Image Hosted by PicturePush - Photo Sharing







ဒါပေမဲ့ သင်တို့ဟာ ကျွန်ုပ်ပေးတဲ့လက်ဆောင်တွေကို တန်ဖိုးမထားရက်စက် ကြမ်းတမ်းစွာ ဖျက်ဆီး ရက်ကြပါတယ်။


 seals 12 Killing Animals – Unethical and Immoral




Love The Mother Nature



 wolf 22 Killing Animals – Unethical and Immoral
ဂုဏ်သိက္ခာအတွက် သတ်ကြတယ်

wolves 12 Killing Animals – Unethical and Immoral
အမွှေးကိုလိုချင်လို့ သတ်တယ်

Whaling 32 Killing Animals – Unethical and Immoral



အဆီနဲ့အသားကိုလိုချင်လို့ သတ်တယ်

gorillas 23 Killing Animals – Unethical and Immoral
 ရှားပါးလို့ ဖမ်းဆီးကြပြန်တယ်



Image Hosted by PicturePush - Photo Sharing

 အလှထားဖို့ သတ်ကြတယ်


 အသုံးအဆောင်အတွက် သတ်ကြတယ် 

ကျွန်ုပေးတဲ့ လက်ဆောင်တွေအားလုံး သင်တို့လူသားတွေကိုယ်တိုင် လောဘစိတ်ကြောင့် ဖျက်ဆီးကုန်ကြပြီ။  ကျွန်ုပ်ဟာ သင်တို့ကို အသက်ရှိတဲ့အရာတွေကို ပေးထားခဲ့ပါလျှက်နဲ့ အသက်သေအောင် သင်တို့ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ဂုဏ်သိက္ခာနဲ့ သတ္တဝါတွေရဲ့အသက် ဘယ်ဒင်းက ပိုအရေးကြီးသလဲဆိုတာ ခွဲခြား နားမလည်တဲ့အခါ ကမ္ဘာကြီးဟာ လွင်တီးခေါင်ခေါင်ဖြစ်လို့ တောင်တွေ ကတုံး ဖြစ်သွားလိမ့်မယ်။



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ဒီလို အရိပ်မဲ့၊ အကာအကွယ်မဲ့၊ သားကောင်တိရိစ္ဆာန်တွေ ကင်းမဲ့နေတဲ့ကမ္ဘာမြေကြီးကို သင့် မိသားစု နောင်လာနောက်သားတွေ အတွက် ချန်ရစ်ခဲ့လိုပါသလား။ 

ကျွန်ုပ်အတွက်၊ ကမ္ဘာမြေကြီးအတွက်၊ နောင်လာနောက်သားတွေအတွက် တစ်ခုခုတော့ လုပ်ပေးခဲ့ပါ။ သင်မှမလုပ်ရင် ဘယ်သူတွေ လုပ်မလဲ။ အခု မလုပ်ရင်ရော ဘယ်ချိန်မှ လုပ်မှာလဲ..



Image Hosted by PicturePush - Photo Sharing

 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing







တိရိစ္ဆာန်တွေကို ကြင်နာပါ

Image Hosted by PicturePush - Photo Sharing
သင်ကိုယ်တိုင် သစ်ပင်စိုက်ပျိုးပါ။

Image Hosted by PicturePush - Photo Sharing
 ကလေးတွေကိုလည်း သစ်ပင်ကို ချစ်ခင်မြတ်နိုးတတ်အောင်၊ သစ်ပင်တစ်ပင်ရဲ့ တန်ဖိုးကို နားလည်အောင်


Image Hosted by PicturePush - Photo Sharing
သစ်ပင်စိုက်ပျိုးတတ်တဲ့ အကျင့်ကောင်းကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပါ။ 

 ဒါဆိုရင် ကျွန်ုပ်အတွက် သင့်အတွက်၊ နောင်လာနောက်သားတွေအတွက် စိမ်းစိုလှပ သာယာတဲ့ ကမ္ဘာမြေကြီးဟာ ဆက်လက် တည်ရှိနေမှာပါ။ ကျွန်ုပ်ဟာ သင်တို့ကမ္ဘာမြေကြီးအတွက် လက်ဆောင်များစွာ ပေးထားခဲ့တဲ့ သဘာဝတရား ဖြစ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
  


မြိတ်ကျွန်းစုများကိုတရုတ်တို့စိတ်ဝင်းစားနေဟုဆို

မြိတ်ကျွန်းစုတွင် တရုတ်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး ရင်းမြှုပ်နှံမှုပြုလုပ်နိုင်ရန် မြိတ်ကျွန်းစုဒေသရှိ ကျွန်းများ၏အကြောင်း အသေးစိတ်ပြုစုထားသော Report စာရွက်စာတမ်းများအား တရုတ်မှဝယ်ယူသွားကြောင်း ဟိုတယ်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနဝန်ကြီး ဦးတင်နိုင်သိန်းတို့နှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နေသော တရုတ်အဖွဲ့မှ အဆိုပါ Report အား ဝယ်ယူသွားကြောင်း လုပ်ငန်းရှင်ဦးအေးမင်းဦး (ခ) ဦးဆန်နီက ပြောသည်။

"မြိတ်ကျွန်းစုတစ်ခုလုံး အကြောင်းတော့ မဟုတ်ပါဘူး။ ကျွန်တော်ရောက်ခဲ့တဲ့ ကျွန်းများအကြောင်း ပြုစုထားတာဖြစ်ပါတယ်။ ဘယ်ကျွန်းကတော့ ကောင်းတယ်။ ဘယ်ကျွန်းကတော့ ရေရတယ်။ စစ်တပ်ရှိတဲ့ကျွန်း။ ဘယ်ကျွန်းကတော့ ဘာမှမဖြစ်ဘူး။ ကျွန်တော် ဆာဗေးဆင်းထားတဲ့ ကျွန်းဧရိယာတွေအကြောင်းပါ။ ခြုံငုံပြီးရေးသားထားတဲ့ Executive Summary စာအုပ်ပါ" ဟု ၎င်းကဆိုသည်။

မြန်မာဘာသာဖြင့် ပြုစုထားသော စာအုပ်အား အမေရိကန်ဒေါ်လာ ၂၀၀၀ ကျော်ပေး၍ ဝယ်ယူသွားခဲ့ကြောင်း ၎င်းကပြောသည်။ ၎င်းစာအုပ်ပြုစုရန် အတွက် အချိန်ခုနှစ်နှစ်ခန့်ပြုစုခဲ့ရကြောင်း၊ စတင်ပြုစုခဲ့သည့်နေ့မှစ၍ ယခုလက်ရှိအထိ အသေးစိတ်ရေးသားထားကြောင်း သိရသည်။ အဆိုပါ ဝယ်ယူသွားသော အဖွဲ့မှ ၎င်းစာအုပ်အား တရုတ်ဘာသာဖြင့်ပြန်လည်ရေးသား သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး နိုင်ငံခြားသားလည်ပတ်ခွင့်ပြုထားသော ကျွန်း ၂၂ ကျွန်းရှိ၍ ကန့်သတ်ကျွန်း ၁၆ ကျွန်းရှိကြောင်းသိရသည်။ ခွင့်ပြုထားများမှာ စူလာငယ်၊ စူလာကြီး၊ လငန်းကျွန်း၊ မကြုံဂလက်၊ မြောက်တော်ဝင်၊ လန်ပိ၊ ကျွန်းဖိလာ၊ ညောင်ဝီး၊ တောင်တောင်ဝင်၊ ၁၁၅ ကျွန်း၊ မြောက်နီ၊ လိုဏ်ဂူ၊ နာနတ်သီး၊ ရွှေကျွန်းငယ်၊ သူရဲကောင်းကျွန်း၊ Sagain (Big OX)၊ မင်းလှ၊ သူဌေးကျွန်း၊ အောက်နီ၊ မြင်းခွာကျွန်း၊ စလက်ဂလတ်၊ Betal Nut Island ကျွန်းတို့ဖြစ်ကြောင်း မြန်မာပို့ စ် ဂျာနယ် - အတွဲ ၃၊ အမှတ် ၄၈ တွင် ဖော်ပြထားသည်။

Core i3,Core i5,Core i7 ကွာခြားချက်များ

ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D
Core i3 , core i5 , core i7 အကြောင်းမပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture , code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….
Core i series Architecture
Core i series မှာ Nehalem Architecture နဲ့  Sandy bridge Architecture ဆိုပြီးရှိပါတယ်.. ပထမဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး ထုတ်လုပ်ပါတယ်…Sandy bridge Architecture ကိုတော့ 2011 အစောပိုင်းကာလမှာ စပြီးထုတ်ခဲ့ပါတယ်..

Core i series code name
Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။
Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..

Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်
1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology

1.Core အရေအတွက်
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
5. Smart Cache
Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6. QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..
7.Hyper-threading technology
Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...
Nehalem microarchitecture based
Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..

Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..
Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..
Sandy Bridge microarchitecture based
Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..
Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..
Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..
အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်..ညီအစ်ကို မောင်နှများအားလုံး knowledge ရကြပါစေခင်ဗျာ..

ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)

မတရာအသိမ်းခံနေရတဲ့ထားဝယ်မြေများ

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ဒေသခံများ၏ ပိုင်ဆိုင်မှုများကို ၎င်းတို့၏ဆန္ဒမပါဘဲ အဓမ္မသိမ်းပိုက်လျှက်ရှိပြီး ဆုံးရှုံးမှုတန်ဖိုးများကိုလည်း ပြန်ပေးခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

၎င်းဒေသမှ ထိုင်းနိုင်ငံ ကန်ချနာဘူရီသို့ဖောက်လုပ်မည့် လမ်းပိုင်းနှင့်မလွတ်သည့် ဒေသခံများပိုင်ဆိုင်သည့် ဥယျာဉ်ခြံမြေများကို စတင်ရှင်းလင်းလျှက်ရှိပြီး ၎င်းခြံမြေများကို ဒေသခံများမှ “မည်သူတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်မှုမရှိဘဲ မိမိဆန္ဒအရ သဘောတူညီစွာရောင်းချလိုပါသည်” ဟုရေးသားထားသော စာရွက်ပေါ်တွင် အတင်းအဓမ္မလက်မှတ်ထိုးခိုင်းလျှက်ရှိသည်။

“ကျွန်တော်တို့ကမရောင်းချင်ပါဘူး။ သူတို့ကလက်မှတ်မထိုးရင် ဘာမှပြန်ပေးမှာမဟုတ်ဘူးပြောတော့ ထိုးရတာပါပဲ” ဟု ဒေသခံ ဥယျာဉ်ခြံပိုင်ရှင်တစ်ဦးကပြောသည်။

အဝေးပြေးလမ်းပိုင်းနှင့်မလွတ်ကင်းသည့် နေရာများကို ၂၀၀၉ နှစ်ကုန်ပိုင်းကစတင်ကာ ဖယ်ရှားရှင်းလင်းခဲ့ပြီး ထိုအချိန်က ဒေသခံများကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဥယျာဉ်ခြံမြေများအတွင်းသို့ မြေတူးမြေကော်စက်ကြီးများဖြင့် ၀င်ရောက်ရှင်းလင်းခဲ့သည်ဟု နဘုလယ်ဒေသအတွင်းရှိ သပြုချောင်း ကျေးရွာမှ ဥယျာဉ်ခြံမြေ ၁၅ ဧကခန့်ဆုံးရှုံးခဲ့သော ခြံပိုင်ရှင်တစ်ဦးကပြောသည်။

နဘုလယ်ဒေသတွင် တွေ့ရသော ခြံမြေများရှင်းလင်းရန်သယ်ယူလာသည့် ယန္တရားကြီးများ

၎င်းပိုင်ဆိုင်သည့်ဥယျာဉ်ခြံမြေကို အလယ်မှဖြတ်ကာလမ်းဖောက်လုပ်ခဲ့သောကြောင့် ခြံနှစ်ပိုင်းဖြစ်သွားပြီး နစ်နာဆုံးရှုံးမှုအတွက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ယခုနှစ် ဇူလိုင်လအတွင်းက စာရေးသားတင်ပြခဲ့သော်လည်း ယနေ့အချိန်ထိမည်သူကမျှလာရောက်ကမ်းလှမ်းခြင်းမရှိသေးကြောင်း၎င်းကဆိုသည်။

“ ခယက(ခရိုင်အုပ်ချုပ်ရေးမှူး)ကတော့ နေပြည်တော်ကစေ့စပ်ညှိနှိုင်းရေးမှူးလာပြီး ဆွေးနွေးညှိနှိုင်းပေးမယ်လို့တော့ ပြောတယ်။ အခုထိတော့ ဘယ်သူမှမလာသေးဘူး” ဟု ၎င်းခြံပိုင်ရှင်ကပြောပြသည်။

၎င်းအချိန်က တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးခင်ဇော်ကို ယခုအချိန်တွင် တာဝန်မှအနားပေးလိုက်ပြီဖြစ်သည်။

အသီးအပွင့်စားနေရသောအပင်များကိုတစ်ပင် သုံးသိန်းကျပ်နှင့် အသီးအပွင့်မစားရသေးသောအပင်များကို တစ်ပင် တစ်သိန်းပေးမည်ဟု ဒေသခံများက အရပ်စကားကြားထားပြီး အပင်တစ်ပင်၏ အမှန်တစ်ကယ်တန်ဖိုးမှာ ထို့ထက်ပိုကြောင်းဒေသခံများကပြောသည်။

ဒေသခံများပိုင်ဆိုင်သော ဥယျာဉ်ခြံမြေများတွင် ကွမ်းသီး၊ အုန်း၊ သီဟို၊ ငှက်ပျော၊ ဒူရင်း၊ ကျွဲကော၊ ငရုတ်ကောင်း စသဖြင့်စားပင်သီးပင်များစွာရှိသည်ကိုတွေ့ရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးတင်မောင်ဆွေက “ ပေးတာမယူရင် ဘာမှပြန်ရမှာမဟုတ်ဘူး” ဟုပြောဆိုခဲ့ဖူးသည်ဟု ဒေသခံများကပြောသည်။ ၎င်းကိုဒေသခံများကကြောက်ရွံ့သောကြောင့် “ မင်းကြီး” ဟု ခေါ်ဝေါ်ကြသည်။

စီမံကိန်းရုံးပြုလုပ်ရန်အတွက် ဖယ်ရှားရှင်းလင်းခံခဲ့ရသော ခြံပိုင်ရှင်များမှာ ယခုအချိန်ထိ နေစရာနှင့် စိုက်ပျိုးစားသောက်စရာနေရာမရှိသောကြောင့် ဘ၀ရပ်တည်မှုအခက်အခဲဖြစ်နေသည်ဟု ဒေသခံများကပြောသည်။

“မြန်မာစကားသံကြားရင်ကိုကြောက်နေရတယ်” ဟု ဒေသခံကျေးရွာသားတစ်ဦးကပြောသည်။ ၎င်းဒေသတွင် ထားဝယ်ဒေသသုံးစကားကိုသာပြောဆိုကြပြီး မြန်မာစကားပြောဆိုသူများမှာ အာဏာပိုင်အဖွဲ့အစည်းများသာဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

အထူးစီးပွားရေးဇုန်တည်ဆောက်မည့်နေရာသည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ နဘုလယ်ဒေသတွင် တည်ရှိပြီး စီမံကိန်းဧရိယာသည် ၂၅၀ စတုန်ရန်းကီလိုမီတာကျယ်ဝန်းသည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ စာရင်းများကဆိုသည်။

ထားဝယ်ဆိပ်ကမ်းကြောင့်မပြောင်းလိုသူများဆန္ဒထုတ်ဖေါ်

ချင်းမိုင်(မဇ္စျိမ) ။        ။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ကျေးရွာပေါင်း ၁၉ ရွာပြောင်းရွှေ့ရမည်ဖြစ်၍ မပြောင်းရွှေ့လိုကြောင်းနှင့် စီမံကိန်းကြောင့် ထိခိုက်ရသူများအား နစ်နာကြေး မပေးသည့် အတွက် ထိခိုက်နစ်နာ သူများက ရန်ကုန်မြို့တွင် ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာ ရှင်းလင်းပွဲကို ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဦဇင်းတို့ ဘိုးဘွား လက်ထက်ကပင် စိုက်ထားတဲ့ အုန်းပင်။ ကွမ်းသီးပင်စတဲ့ အပင်တွေကလည်း ရှိတယ်။ စားသောက်သီးနှံပင်တွေကို တစ်သက်လုံး ထိုင်စားလို့ရတယ်။ ဒါတွေကို လျော်ကြေးပေးရင်လည်း တစ်သက်လုံး ထိုင်စားလို့ မရဘူး။ သားစဉ်မြေးဆက် အမွေပေးလို့ မရဘူး။ ဒါကြောင့် မပြောင်းချင်ဘူး” ဟု ရေဖြူမြိုနယ်၊ မယင်းကြီးရွာ။ မယင်းကြီးကျောင်းမှ ဘုန်းတော်ကြီး ဦးသြဘာသက မဇ္ဈိမကို မိန့်သည်။

ယင်းစီမံကိန်း အီတာလျံထိုင်းကုမ္ဗဏီ - ITD က ဦးစီး လုပ်ဆောင်နေခြင်း ဖြစ်ကာ စီမံကိန်းကြောင့် ကျေးရွာ ၁၉  ရွာ၊ လူဦးရေ ၃၂,၂၇၉ ဦး၊ စာသင်ကျောင်း ၂၁ ကျောင်းနှင့် ဘာသာရေး အဆောက်အအုံ ၂၃ ခု ဖယ်ရှားခံရမည်
ဖြစ်ကြောင်း ထားဝယ်ဒေသဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့က ပြုစုထားသော စာရင်းများအရ သိရသည်။
htawall
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က သတင်းစာရှင်းလင်းပွဲပြသထားသော ပုံများကိုကြည့်ရှုနေသူများ (ဓါတ်ပုံ-မဇ္ဈိမ)

စီမံကိန်းမှာ တနင်္သာရီတိုင်း သာဂရမြို့ဟောင်းအနီးတွင် တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ရေဖြူမြို့နယ် နဖူးလယ်ကျေးရွာအနီးတွင် တည်ရှိသည်။

စီမံကိန်းအတွက် စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်တွင် နားလည်မှု စာချွန်လွှာထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် လုပ်ငန်း လုပ်ဆောင်ခွင့် သဘောတူစာချုပ် ချုပ်ကာ ၇၅ နှစ် လုပ်ကိုင်ခွင့်ပေးထားသည်။

“ပြောင်းမယ်ဆိုရင်လည်း သွားထားဖို့ နေရာ အတိအကျကို မရှိသေးဘူး၊ အခု အိုင်တီဒီနဲ့ သူဌေးတွေက မြေဝယ်
နေတာ များနေတဲ့ ကိစ္စတွေရယ်။ ပြောင်းရမယ်လည်း ပြော၊ ပြောင်းလည်း ပြောင်းရမယ်ဆိုတော့ ပြောင်းရွှေ့ရမဲ့
ဒေသခံတွေနဲ့ အထက်လူကြီးတွေနဲ့ သဘောဝကျကျ ညှိနှိုင်းပေးဖို့ တောင်းဆိုချင်တယ်”ဟု ရေဖြူမြို့နယ် ကလုတ်ထာကျေးရွာ ဦးပညာဝံသက မိန့်သည်။

နိုဝင်ဘာလအတွင်းကလည်း ကျေးရွာပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဆန္ဒ သဘောထား
ကောက်ခံခဲ့စဉ်က မပြောင်းရွှေ့လိုကြောင်း ဒေသခံများက တင်ပြခဲ့သော်လည်း ပြောင်းရွှေ့ရန် ပြောဆိုလာသည့် အတွက် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းလည်း ဖြစ်သည်။

စီမံကိန်းကို ၂၀၁၀ မှ ၂၀၁၄ အထိ ငါးနှစ်စီမံကိန်း အဖြစ် ပထမအဆင့်၊ ၂၀၁၄ မှ ၂၀၁၇ အထိ ဒုတိယအဆင့်၊ ၂၀၁၅ မှ ၂၀၁၉ အထိ တတိယအဆင့်ဟူ၍ သတ်မှတ်ကာ အကောင်အထည်ဖော် နေခြင်းဖြစ်ပြီး လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတုစက်ရုံ၊ ရေနံချက် စက်ရုံအပြင် သံမဏိ စက်ရုံတို့လည်း ပါဝင်မည် ဖြစ်သည်။

စီမံကိန်း တခုလုံးအတွက် အမေရိကန်ဒေါ်လာ ၅၈ ဘီလျံကုန်ကျမည်ဖြစ်ပြီး ပထမမဆင့်အတွက်မူ ရှစ်ဘီလျံ မှန်းဆထားကြသည်။

ယင်းအပြင် ထိုင်းနိုင်ငံ ကန်ချနပူရီနှင့် ဆက်သွယ်မည့် ကီလိုမီတာ ၁၇၀ အရှည် ရှစ်လမ်းသွား အဝေးပြေးလမ်းမ၊ ရထားလမ်း၊ ဓာတ်အားလိုင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် နယ်ခြားဝင်ထွက်ဇုန် များလည်း ပါရှိမည် ဖြစ်သည်။

“ရေနက်ဆိပ်ကမ်းအတွက် လိုအပ်သော ရေကို ထောက်ပံ့ဖို့ တလုပ်ထာကျေးရွာမှာ တည်ဆောက်မယ့်
ရေလှောင်ကန်ကြောင့် အမြင့်ပေ  ၇ စတုရန်းကီလိုမီတာ ရေလွှမ်းမိုးမှုကို ခံရမယ်လို့ တွက်ချက်ထားတယ်။ ထားဝယ်က ထိုင်းနိုင်ငံထိ သွားမယ့် ရှစ်လမ်းသွားလမ်းမကြီး စူပါဟိုင်းဝေးကားလမ်းကို ဖောက်လုပ်နေတာ အခု နှစ်လမ်းသွားလမ်းမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ” ဟု ဒေသခံတွေနဲ့ လက်တွဲလုပ်ဆောင်နေသူ ထားဝယ်ဒေသခံ ကိုသန့်ဇင်က မဇ္ဈိမကို ပြောသည်။
htawall1
ရန်ကုန် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခြံတွင် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်နေစဉ်။ (ဓါတ်ပုံ မဇ္ဈိမ)

ယင်းလမ်းဖောက်လုပ်ရေး အတွက်လည်း အရှေ့တောရွာ၊ ရေဖြူမြို့နယ် ကလုန်းထော၊ နဘုလည်း ဒေသများတွင်
ဒေသခံများ၏ မြေယာများအား အသိပေးခြင်း မရှိဘဲ မြေထိုးစက်များဖြင့် ဖျက်ဆီးခဲ့ပြီး ယင်းအတွက်လည်း တစုံတရာ လျော်ကြေး မပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒေသခံတွေကို လျော်ကြေး မပေးတာဟာ အနိုင်ကျင့်တာပဲလို့ပဲ မြင်တယ်”ဟု ပွဲတက်ရောက်ခဲ့သူ သဘာဝ ပတ်ဝန်းကျင်ပညာရှင် ဖရီဒါဦးအုန်းက ဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင် ဦးအုန်း၊ စာရေးဆရာ
မောင်ဝံသ၊ စာရေးဆရာ ကိုတာ၊ မြန်မာနိုင်ငံ ငှက်နှင့်သဘာဝ ထိန်းသိမ်းရေးအသင်း MBNS မှ ဦးစိုးညွန့်တို့နှင့်
ပြည်တွင်း သတင်းထောက်များ အပါအဝင် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့သည်။

ဒေသခံများက မပြောင်းရွှေ့လိုကြောင်း ပြောဆိုနေကြသော်လည်း မယင်းကြီးနှင့် ကလုတ်ထာ ကျေးရွာများတွင်မူ စီမံကိန်းအတွက် မြေထိုးစက်များဖြင့် တောင်ဖြိုခြင်း လုပ်ငန်းများ စတင်နေသည်။ ထားဝယ်ရေနက် ဆိပ်ကမ်းမှာ ထိုင်းနိုင်ငံ၏ အကြီးဆုံးဖြစ်သည့် Laem Chabang ဆိပ်ကမ်းထက် ၁၀ ဆ ကြီးမားပြီး လမ်းဖောက်လုပ်ရာတွင် လည်း ညအချိန်များ၌ မြေညှိစက်၊ မြေတူးစက်များဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။

စီမံကိန်းနယ်မြေအတွင်း ကျရောက်သည့် ရေဖြူမြို့နယ်၊ မင်းဒပ်ရွာခံများ၏ စိုက်ပျိုးမြေဧက ၁၂၃.၅၀ ဧကကို သိမ်းယူရန် အတွက် ရွာသားများက သဘောတူကြောင်း လက်မှတ်ရေးထိုးခိုင်းမှုများ အောက်တိုဘာလ အတွင်း ကလည်း ဖြစ်ပွားခဲ့သေးပြီး “သဘောမတူလျှင် အခကြေးငွေလွတ်ဖြင့် သိမ်းမည်” ဟု ဆိပ်ကမ်းတာဝန်ခံ ဦးခင်မောင်ဆွေက ပြောဆိုခဲ့ဖူးသည်။

ယင်းအပြင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး စက်မှုဇုန် စီမံကိန်းအတွက် ကျောက်မီးသွေး လောင်စာ သုံး မီဂါဝပ် ၄၀၀၀ ထုတ် လျှပ်စစ်ဓါတ်အားပေး စက်ရုံတို့ကိုပါ တည်ဆောက်မည် ဖြစ်သည်။

သို့သော် စီမံကိန်းအတွင်း ကျောက်မီးသွေးသုံး စက်ရုံ ပါဝင်နေခြင်းကို မလိုလားအပ်သည့် ကိစ္စဖြစ်ကြောင်း ပွဲတက်ရောက်သူ သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက မဇ္ဈိမကို ပြောသည်။

စီမံကိန်း လုပ်ငန်းများတွင် ဒေသခံများအား လုပ်ကိုင်ခွင့် ပေးရန်အတွက် ITD ကုမ္ဗဏီက ယခင်က ကတိပေးခဲ့ဖူး
သော်လည်း ဒေသခံများအား လုပ်ခလစာ လျှော့ပေးခြင်း အပြင် ဖိနှိပ်မှုရှိကြောင်း၊ ယင်းအပြင် မလိုလားအပ်သည့် လူမှုရေး ပြဿနာများလည်း ဖြစ်ပေါ်လျက် ရှိကြောင်း ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ထံမှ သိရသည်။

“ထိုင်းက လုပ်သားတွေနဲ့ မြန်မာလုပ်သားတွေ လုပ်အားခကွာတာ။ တရားဝင် မဟုတ်ဘဲ မြန်မာအမျိုးသမီးတွေနဲ့ ထိုင်းလုပ်သားတွေ ညားနေတာ။ ရွှေ့ပြောင်းလုပ်သားတွေ များလာတဲ့အတွက် ရာဇဝတ်မှုခင်းတွေ များလာတာ စတဲ့ပြဿနာတွေ အများကြီး”ဟု ကိုသန့်ဇင်က ဆိုသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းအရေး သတင်းစာရှင်းလင်းပွဲ လုပ်

ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်းကို ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှု စီမံကိန်းတစ်ခု ဖြစ်စေလိုကြောင်း ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့က မနေ့က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

Image: RFA
ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် ထားဝယ်မြို့ (Tavoy) တည်နေရာကို မြန်မာပြည် မြေပုံပေါ်တွင် ခရမ်းရောင် စက်ဝိုင်းဖြင့် ပြထားပါသည်။
နေရာ ရွှေ့ပြောင်းပေးရတာတွေ ရှိရင်လည်း ဒေသခံတွေရဲ့ ဘဝရပ်တည်ရေးကို မထိခိုက်တဲ့ စီမံကိန်းအဖြစ် အကောင်အထည် ဖော်စေလိုကြောင်း၊ နစ်နာကြေးကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ထိုက်ထိုက်တန်တန် ပေးဖို့နဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မယ့် စီမံကိန်းမျိုး မဖြစ်စေလိုကြောင်း တင်ပြသွားပါတယ်။

ပြောင်းရွှေ့ ပေးရမယ့် ရွာအရေအတွက်၊ မြေနေရာ အကျယ်အဝန်း စတာတွေကို ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ အမှုဆောင်တစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။

“လူဦးရေ ၃ သောင်းကျော် ရှိတယ်၊ ရွာပေါင်းက ၁၉ ရွာ၊ နယ်မြေ အကျယ်အဝန်းက ၂၅ဝ စတုရန်း ကီလိုမီတာ ရှိမှာပါ။ ဧက တစ်သိန်း ခြောက်သောင်း ကျော်မှာပါ။ အဲဒီလို သူတို့ ဝိုင်းထားပြီးတော့ သစ်ပင်တွေ ရေတာတွေ၊ အိမ်တွေကို ဓာတ်ပုံ ရိုက်တာတွေ၊ အိမ်ရှေ့မှာ အိမ်ရှင်တွေကို ဓာတ်ပုံရိုက်တာတွေ၊ လက်မှတ်ထိုးခိုင်းတာတွေ၊ ကိုယ့်ခြံ ပါသွားတာတောင်မှ သူတို့ဆီမှာ ကျနော်တို့ခြံကို သစ်ပင်အရေအတွက်နဲ့ ရောင်းချင်လို့ ကမ်းလှမ်းတဲ့ပုံစံမျိုးဖြစ်အောင် ပုံစံတွေထုတ်ပြီး လက်မှတ်ထိုးခိုင်းတာတွေ ရှိတယ်”

ရေနက်ဆိပ်ကမ်းဆောက်မယ့် နဘုလယ်ဒေသ ရွာ ၅ ရွာနဲ့ ရေကာတာ ဆောက်မယ့်နေရာက ၇ ရွာ ကို ပထမ ပြောင်းရွှေ့ပေးရမှာလို့လည်း သူက ဆိုပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို နေရာပြောင်းရွှေ့ပေးရသူတွေ၊ ပြောင်းရမယ်လို့ စာရင်းပေါက်နေသူတွေ ကိုယ်တိုင် လာရောက် ဆွေးနွေးတယ်လို့လည်း အမှုဆောင်က ဆက်ပြောပါတယ်။

အခုအခါ လူပေါင်း ၅ဝဝ ကျော် လက်မှတ်ရေးထိုးထားပြီး သတင်းစာရှင်လင်းပွဲကို တက်ရောက်တဲ့ သတင်းထောက်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အသီးသီးက ပုဂ္ဂိုလ်တွေရဲ့ လက်မှတ်တွေကိုလည်း ကောက်ခံမယ်လို့ သိရပါတယ်။ ရရှိတဲ့ လက်မှတ်တွေကိုတော့ နိုင်ငံတော် သမ္မတဆီ ပေးပို့ပြီး ဒေသခံတွေရဲ့ ဆန္ဒနဲ့အညီ ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ဖို့ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

Tuesday, December 6, 2011

ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​ဖွံ့​ဖြိုး​ တိုး​တက်မှု – အပိုင်း​ (၆)

အညစ်ညမ်း​ဆုံး​ လျှပ်စစ်ဓာတ်အား​ထုတ်လုပ်မှုရဲ့​ ထား​ဝယ်သဘာဝဝန်း​ကျင်အ​ပေါ် ကျ​ရောက်နိုင်မည့်​ အန္တရာယ်များ
ဖွံ့​ဖြိုး​ ဆဲနိုင်ငံတနိုင်ငံရဲ့​ အထူး​စီး​ပွား​ရေး​ဇုန်​တွေမှာ နိုင်ငံတကာစက်မှုလုပ်ငန်း​ကြီး​တွေ လာ​ရောက်ရင်း​နှီး​မြှုပ်နှံချင်ကြတဲ့​ အ​ကြောင်း​ရင်း​က အလုပ်သမား​ဈေး​ပေါ​ပေါနဲ့​ရရှိရုံ၊​ အခွန်အထူး​ကင်း​လွတ်ခွင့်​ရရှိရုံမျှမဟုတ်ဘဲ ထိုနိုင်ငံအစိုး​ရက စက်မှု လုပ်ငန်း​ရှင်များ​အလိုကျ သဘာဝဝန်း​ကျင်ဆိုင်ရာ တင်း​ကျပ်တဲ့​စည်း​မျဉ်း​ဥပ​ဒေ​တွေ မထား​ရှိတဲ့​ အချက်ဟာလည်း​ အဓိကပါဝင်​နေပါတယ်။
မြန်မာနိုင်ငံကလည်း ​ အထူး​စီး​ပွား​ရေး​ဇုန်​တွေ စတင်အ​ကောင်အထည်​ဖော်တဲ့​နေရာမှာ နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှု​တွေကို ဆွဲ​ဆောင်နိုင်​ရေး​အတွက် သဘာဝပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ဆိုင်ရာ စည်း​မျဉ်း​ဥပ​ဒေ​တွေ ပြဋ္ဌာန်း​မထား​ခဲ့​ပါဘူး​။ ဆယ်စုနှစ်နဲ့​ချီပြီး​ ကျဆင်း​နေတဲ့​ စီး​ပွား​ရေး​ကို ပြန်လည်ဦး​မော့​လာဖို့​အတွက် ​ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံဟာ အခုဆိုရင် အဓိက စီမံကိန်း​ကြီး​ ၃ ခုကို အ​ကောင်အထည်​ဖော်​နေပါတယ်။
အဲ့​ဒါ​တွေက​ တော့​ တနင်္သာရီတိုင်း​ဒေသကြီး​မှာ ထိုင်း​နိုင်ငံကရင်း​နှီး​မြှုပ်နှံမယ့်​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်၊​ ရန်ကုန်တိုင်း​ဒေသကြီး​မှာ ​တောင်ကိုရီး​ယား​နိုင်ငံက ရင်း​နှီး​မြှုပ်နှံမှုမယ့်​ သီလဝါ နိုင်ငံတကာ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်၊​ ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံက ရင်း​နှီး​မြှုပ်နှံမှုမယ့်​ ​ကျောက်ဖြူ ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်တို့​ ဖြစ်ပါတယ်။
လက်ရှိကျင်း​ပ ​နေတဲ့​ ​နေပြည်​တော်က ပြည်​ထောင်စုလွှတ်​တော်မှာ သဘာဝပတ်ဝန်း​ကျင်ကို ထိန်း​သိမ်း​ကာကွယ်​စောင့်​ရှောက်​ရေး​အတွက် ဥပ​ဒေတရပ်ပြဋ္ဌာန်း​ရေး​ ​ဆွေး​နွေး​မှု​တွေ ရှိခဲ့​ပေမယ့်​ သက်ဆိုင်ရာဝန်ကြီး​ဌာနက ၂၀၀၀ ခုနှစ် အ​စောပိုင်း​ကတည်း​က ​ရေး​ဆွဲထား​ပြီး​ဖြစ်တဲ့​ ဥပ​ဒေဟာ အ​ကြောင်း​အမျိုး​မျိုး​ကြောင့်​ ပြဋ္ဌာန်း​နိုင်ခဲ့​ခြင်း​မရှိဘဲ အခုအခါ ​ခေတ်နဲ့​လျော်ညီ​အောင် ပြန်လည်ပြင်ဆင်​နေ​ကြောင်း​ လွှတ်​တော်ကို အသိ​ပေး​ခဲ့​ပါတယ်။
အဲ့​ဒါ​ ကြောင့်​ သဘာဝဝန်း​ကျင်ထိန်း​သိမ်း​စောင့်​ရှောက်​ရေး​ဥပ​ဒေဟာ ဘယ်အခါမှ ထွက်​ပေါ်လာနိုင်မလဲဆိုတာ မသိနိုင်သလို ထွက်​ပေါ်လာမယ့်​ ဥပ​ဒေဟာလည်း​ အထူး​စီး​ပွား​ရေး​ဇုန်​တွေမှာ လာ​ရောက်တည်​ဆောက်မယ့်​ စက်မှုလုပ်ငန်း​ကြီး​တွေ​ကြောင့်​ ဖြစ်​ပေါ်လာနိုင်တဲ့​ ဓာတု​ဗေဒအဆိပ်သင့်​ ညစ်ညမ်း​မှု​တွေအတွက် တိကျတဲ့​ စည်း​မျဉ်း​ဥပ​ဒေ​တွေ ပြဋ္ဌာန်း​မလား​ ဆိုတာလည်း​ ​စောင့်​ကြည့်​ရမယ့်​ အချက်ဖြစ်ပါတယ်။
လော​လောဆယ်မှာ ​တော့​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်မှာ တည်​ဆောက်မယ့်​ စက်ရုံ​တွေထဲက ​ကျောက်မီး​သွေး​လျှပ်စစ် ဓာတ်အား​ပေး​စက်ရုံနဲ့​ ဆက်နွယ်လာမယ့်​ သဘာဝဝန်း​ကျင်ညစ်ညမ်း​မှုက ရင်​လေး​စရာအချက်တခုဖြစ်​နေပါပြီ။ ဒီစီမံကိန်း​ ကို အဓိကအ​ကောင်အထည်​ဖော်​နေတဲ့​ Italian-Thai Development PCL ဟာ နဂိုမူလက မီဂ္ဂါဝပ် ၄,၀၀၀ ထုတ်လုပ်နိုင်မယ့်​ ​ကျောက်မီး​သွေး​လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံတခုကို စီမံကိန်း​တည်ရှိရာ ​မောင်း​မကန်ကမ်း​ခြေမှာ တည်​ဆောက်ဖို့​ စီစဉ်ခဲ့​ပေမယ့်​ ​နောက်ပိုင်း​မှာ ထုတ်လုပ်မှုအင်အား​ကို မီဂ္ဂါဝပ် ၁၀,၀၀၀ အထိ တိုး​မြှင့်​ထုတ်လုပ်ဖို့​ ​ပြောင်း​လဲလျာထား​ခဲ့​ပါတယ်။
ဒီလို​ပြောင်း ​လဲခဲ့​တာလည်း​ ထိုင်း​နိုင်ငံက လိုအပ်တဲ့​ လျှပ်စစ်ဓာတ်အား​အတွက် နဂိုစီစဉ်ထား​တဲ့​ မီဂ္ဂါဝပ် ၄,၀၀၀ ထဲက ၃,၆၀၀ ကို မဟာဓာတ်အား​လိုင်း​သွယ်တန်း​ပြီး​ ထိုင်း​နိုင်ငံကို တင်ပို့​မှာဖြစ်တယ်။ ထိုင်း​နိုင်ငံရဲ့​ အဓိကလျှပ်စစ်ဓာတ်အား​ ထုတ် လုပ်ဖြန့်​ဖြူး​နေတဲ့​ အစိုး​ရရဲ့​ Electricty Generation Authority of Thailand (EGAT) နဲ့​ အီတာလျှံထိုင်း​ကုမ္ပဏီတို့​အကြား​ လုပ်ငန်း​ဆိုင်ရာညှိနှိုင်း​မှု​တွေလုပ်​နေသလို တဖက်မှာလည်း​ ကြီး​မား​တဲ့​ စက်မှုဇုန်စီမံကိန်း​အတွက် လိုအပ်တဲ့​ လျှပ်စစ်ဓာတ်အား​ ဖြန့်​ဝေနိုင်​ရေး​အတွက် ​နောက်ထပ် မီဂ္ဂါဝပ် ၆,၀၀၀ ကို တိုး​ချဲ့​ခဲ့​တယ်လို့​ သုံး​သပ်လို့​ရပါတယ်။
တကယ်​တော့​ မီဂ္ဂါဝပ် ၄,၀၀၀ ထုတ်လုပ်ရင်ပဲ အဲ့​ဒီစက်ရုံဟာ အ​ရှေ့​တောင်အာရှမှာ အကြီး​ဆုံး​ ​ကျောက်မီး​သွေး​ဓာတ်အား​ပေး​စက်ရုံ ဖြစ်​နေပါပြီ။ ထိုင်း​နိုင်ငံမှာ လက်ရှိအကြီး​ဆုံး​ ​ကျောက်မီး​သွေး​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံတရုံဖြစ်တဲ့​ နိုင်ငံရဲ့​ အ​နောက်​မြောက်ပိုင်း​က လမ်ပန်း​ (Lampang) ခရိုင်က မယ့်​မော့​ (Mae Moh) ​ကျောက်မီး​သွေး​လျှပ်စစ်ဓာတ်အား​ပေး​ စက်ရုံ​တောင်မှ မီဂ္ဂါဝပ် ၂၆၀၀ ​ကျော်သာ ထုတ်လုပ်နိုင်ပါတယ်။
ဒီ​နေရာမှာ ထိုင်း​နိုင်ငံက မယ့်​မော့​ကျောက်မီး​သွေး​မိုင်း​နဲ့​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ​ကြောင့်​ ဖြစ်ပွား​ခဲ့​တဲ့​ သဘာဝန်း​ကျင် ညစ်ညမ်း​မှုနဲ့​ ​ဒေသခံပြည်သူ​တွေရဲ့​ ပြည်သူ့​ကျန်း​မာ​ရေး​ဆိုင်ရာပြဿနာရပ်​တွေကို မြန်မာပြည်သူ​တွေအ​နေနဲ့​ရော ထား​ဝယ်​ဒေသမှာ ​နေထိုင်ကျတဲ့​ ​ဒေသခံ​တွေအ​နေနဲ့​ပါ ​လေ့​လာသိရှိသင့်​ပါတယ်။
ထိုင်း​ နိုင်ငံအ​နောက်​မြောက်​ဒေသက မယ့်​မော့​ကျောက်မီး​သွေး​မိုင်း​ကို ထိုင်း​အစိုး​ရက ၁၉၅၄ ခုနှစ်ကတည်း​က စတင်တူး​ဖော်ခဲ့​ပြီး​ ​မြေဧက ၉၁၀၀ ​ကျော် အကျယ်အဝန်း​ရှိတဲ့​ ​မြေပြင်​ပေါ်မှာ တူး​ဖော်ထုတ်လုပ်တဲ့​ အ​ရှေ့​တောင်အာရှ​ဒေသမှာ အကြီး​ဆုံး​ ​ကျောက်မီး​သွေး​မိုင်း​တွင်း​တခု ဖြစ်ခဲ့​ပါတယ်။
ဒါ​ပေမယ့်​ အဲ့​ဒီ​ကျောက်မီး​သွေး​မိုင်း​မှာ အာရှဖွံ့​ဖြိုး​ရေး​ဘဏ်က​ချေး​ငွေ အကူအညီနဲ့​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ တည်​ဆောက်တာကို ၁၉၇၂ ခုနှစ်မှ စတင်ခဲ့​ပြီး​ ၁၉၇၈ ခုနှစ်မှာ စက်ရုံကို ၇၅ မီဂ္ဂါဝပ် စက်တပ်ဆင်အား​နဲ့​ စတင်လည်ပတ်ခဲ့​ပါတယ်။ ​နောက်ပိုင်း​နှစ်​တွေမှာ လျှပ်စစ်ဓာတ်အား​ထုတ်လုပ်မှုကို အဆင့်​ဆင့်​တိုး​ချဲ့​ခဲ့​တာ အခုဆိုရင် နှစ်​ပေါင်း​ ၃၀ အတွင်း​ စက်အလုံး​ရေ ၁၃ လုံး​ တပ်ဆင်ခဲ့​ပြီး​ စုစု​ပေါင်း​ မီဂ္ဂါဝပ် ၂၆၀၀ ​ကျော်အထိ တိုး​ချဲ့​ထုတ်လုပ်ခဲ့​ပါတယ်။
ဆယ်စုနှစ် ၃ ခုအတွင်း​မှာ မယ့်​မော့​ကျောက်မီး​သွေး​စက်ရုံ ပတ်ဝန်း​ကျင်မှာ​နေထိုင်ကြတဲ့​ ထိုင်း​နိုင်ငံရဲ့​ ​ကျေး​လက်​နေ ပြည်သူ​တွေ ​ကျောက်မီး​သွေး​က ဖန်တီး​လိုက်တဲ့​ သဘာဝဝန်း​ကျင်ညစ်ညမ်း​မှုနဲ့​ ပြည်သူ့​ကျန်း​မာ​ရေး​ဆိုင်ရာပြဿနာ​တွေ ရင်ဆိုင်ခံစား​ခဲ့​ကြရပုံကို ဘန်​ကောက်အ​ခြေစိုက် Greenpeace Southeast Asia က သု​တေသနပြုပြီး​ “Mae Moh: Coal Kills” အစီရင်ခံစာကို ၂၀၀၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့​ပါတယ်။
အစီရင်ခံစာပါအချက်အလက် ​တွေအရ မယ့်​မော့​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံ စတင်လည်ပတ်ပြီး​ ၁၄ နှစ်အကြာ ၁၉၉၂ ခုနှစ်မှာ စက်အလုံး​ရေ ၁၁ လုံး​မြောက် တိုး​ချဲ့​တပ်ဆင်အပြီး​ မီဂ္ဂါဝပ် ၂၀၂၅ အထိ တိုး​ချဲ့​ထုတ်လုပ်လာချိန်မှာ ပြဿနာ​တွေဟာ မဖုံး​ဖိနိုင်​လောက်​အောင်အထင်အရှား​ ​ပေါ်ထွက်လာခဲ့​ပါတယ်။
စက်ရုံက​နေ ​နေ့​စဉ်ထုတ်လွှတ်​နေတဲ့​ ဆာဖာဒိုင်​အောက်ဆိုဒ် (SO2) ပါဝင်တဲ့​ ​ကျောက်မီး​သွေး​ပြာ​တွေ​ကြောင့်​ ပထမဆုံး​ စက်ရုံတဝိုက်မှာရှိတဲ့​ ​ကျေး​ရွာ​ပေါင်း​ ၄၀ ခန့်​က လူ​ပေါင်း​ ၁၀၀၀ ခန့်​ဟာ အသက်ရှူလမ်း​ကြောင်း​ ဆိုင်ရာ ​ရောဂါလက္ခဏာ ​တွေ စတင်ခံစား​ကြရပါ​တော့​တယ်။ ဒီလိုဖြစ်ရတာဟာ ဆာဖာဒိုင်​အောက်ဆိုဒ်ဟာ ​လေထုထဲမှာ ရှိသင့်​တာထက် ၅ ဆခန့်​ မြင့်​မား​နေလို့​ဆိုတာ ​တွေ့​ရှိခဲ့​ကြတယ်။
အစိုး​ရက ဒါ​တွေကို မသိကျိုး​ကျွန်ပြုပြီး​ ၁၉၉၆ ခုနှစ်မှာ စက်တပ်ဆင်အား​ ၁၃ လုံး​အထိ တိုး​မြှင့်​ခဲ့​ပြီး​ မီဂ္ဂါဝပ် ၂၆၂၅ အထိ ထုတ်လုပ်ခဲ့​တယ်။ အဲ့​ဒီနှစ်မှာပဲ ​လေထုညစ်ညမ်း​မှုဟာ အဆိုး​ရွာဆုံး​အဆင့်​ကို ​ရောက်ခဲ့​သလို ​ဒေသခံ ၆ ဦး​ ​သွေး​အဆိပ်သင့်​ပြီး​ ​သေဆုံး​တဲ့​ဖြစ်ရပ်လည်း​ ​ပေါ်ထွက်လာပါတယ်။ စက်ရုံကို ဝင်​ရောက်စစ်​ဆေး​လိုက်​တော့​ ဆာဖာဒိုင်​အောက်ဆိုဒ်ကို ထိန်း​ချုပ်တဲ့​စနစ်တခုလုံး​ အလုပ်မလုပ်ဘဲ SO2 ​တွေကို ​လေထုထဲတိုက်ရိုက်ထုတ်လွှတ်​နေတာ ​တွေ့​ရှိခဲ့​ကြပါတယ်။
ညံ့​ဖျင်း​တဲ့ ​ စက်ရုံစီမံခန့်​ခွဲမှုရဲ့​ရလဒ်က ပတ်ဝန်း​ကျင်​ကျေး​ရွာ​တွေက ပြည်သူ​တွေရဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​လုပ်ငန်း​ဖြစ်တဲ့​ လယ်ယာသီး​နှံ​တွေ ​ကျောက်မီး​သွေး​ပြာ​ကြောင့်​ ​လောင်ကျွမ်း​ပျက်စီး​ဆုံး​ရှုံး​ခဲ့​ရပြီး​ လူမှုဒုက္ခ​တွေကိုပါ ရင်ဆိုင်ခဲ့​ရတယ်။ ပြည်သူကျန်း​မာ​ရေး​ပညာရှင်များ​က အဲ့​ဒီ​ကျေး​ရွာ​တွေမှာ​နေထိုင်ကြတဲ့​ လူဦး​ရေ ၈၀၀၀ ​ကျော်ကို ကျန်း​မာ​ရေး​ စစ်​ဆေး​ မှု​တွေလုပ်ခဲ့​ရပြီး​ အဲ့​ဒီထဲက လူဦး​ရေ ၃,၅၀၀ ခန့်​ဟာ အသက်ရှူလမ်း​ကြောင်း​ဆိုင်ရာ ​ရောဂါ​တွေခံစား​နေရပြီး​ တချို့​ဆိုရင် ​အောက်စီဂျင်ဗူး​နဲ့​ အသက်ရှင်​နေရတဲ့​အထိ ဆိုး​ဆိုး​ရွား​ရွား​ ခံစား​ခဲ့​ကြရတယ်။
ဒီလိုခံစား​ နေရ​ပေမယ့်​ အစိုး​ရဘက်က အ​ရေး​ယူ​ဆောင်ရွက်မှု​တွေ ​နှေး​ကွေး​လွန်တဲ့​အတွက် ​ဒေသခံ​တွေဟာ ၎င်းတို့​အခွင့်​အ​ရေး​ကို ကိုယ်တိုင်ကာကွယ်မှ ရ​တော့​မယ်ဆိုတာ သိရှိလာပြီး​ ၁၉၉၈ ခုနှစ်မှာ အစိုး​ရကို စတင်တရား​ဆွဲပါ​တော့​တယ်။ ဒါ​ပေမယ့်​ အင်အား​နည်း​တဲ့​ပြည်သူ​တွေဘက်က မ​ရေရာမှု​တွေနဲ့​ပဲ အဆုံး​သတ်ခဲ့​ရတယ်။
တချို့​ ​ငွေ​ကြေး​တတ်နိုင်တဲ့​သူ​တွေက ​ဒေသက​နေ စွန့်​ခွာခဲ့​ကြပါတယ်။ မတတ်နိုင်တဲ့​ ဆင်း​ရဲတဲ့​ဒေသခံ​တွေအတွက် ​ရွေး​စရာလမ်း​မရှိဘဲ လူမှုဒုက္ခ​တွေကို ရင်ဆိုင်ခဲ့​ကြရတယ်။ အစိုး​ရက​တော့​ စက်ရုံကိုပိတ်ပစ်ဖို့​ မစဉ်း​စား​ခဲ့​ပါဘူး​၊​ ဒီစက်ရုံက ထွက်ရှိတဲ့​ လျှပ်စစ်ဓာတ်အား​က ထိုင်း​စီး​ပွား​ရေး​ကို ​ကျော​ထောက်​နောက်ခံပြု​နေတဲ့​ တန်ဖိုး​က ကြီး​မား​နေပါတယ်။
အာရှဖွံ့​ ဖြိုး​ရေး​ဘဏ်ကလည်း​ ၎င်းတို့​ချေး​ငွေနဲ့​ တည်​ဆောက်ခဲ့​တဲ့​ ဓာတ်အား​ပေး​စက်ရုံဖြစ်တဲ့​အတွက် ၂၀၀၁ ခုနှစ်မှာ မယ့်​မော့​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံ​ကြောင့်​ ဖြစ်ပွား​တဲ့​ သဘာဝဝန်း​ကျင်နဲ့​ ပြည်သူကျန်း​မာ​ရေး​ဆိုင်ရာ သက်​ရောက်မှု​တွေကို ​လေ့​လာဖို့​ အ​မေရိကန်​ဒေါ်လာ ၅ သိန်း​ ​ထောက်ပံ့​ခဲ့​ပါတယ်။ သို့​ပေမယ့်​ စီး​ပွား​ရေး​အရ​ရော၊​ ကျန်း​မာ​ရေး​အရ​ရော နစ်နာဆုံး​ရှုံး​နေကြတဲ့​ ​ဒေသခံပြည်သူ​တွေက​တော့​ ဘယ်မှာ နစ်နာ​ကြေး​တောင်း​ရမှန်း​ မသိဖြစ်ခဲ့​ရတယ်။
အရပ်ဘက်လူမှုအဖွဲ့ ​အစည်း​များ​ရဲ့​ ​ဒေသခံပြည်သူ​တွေဘက်က ရပ်တည်လှုပ်ရှား​မှု​တွေ ၂၀၀၀ ခုနှစ်​ကျော်မှာ အရှိန်မြှင့်​လာပါတယ်။ ၂၀၀၂ ခုနှစ်မှာ Greenpeace သု​တေသနဓာတ်ခွဲခန်း​ရဲ့​ မယ့်​မော့​ဒေသက ​လေထုကို စမ်း​သပ်​တွေ့​ရှိချက်အရ ဓာတ်အား​ပေး​စစ်ရုံက​နေ သက်ရှိလူသား​အပါအဝင် သတ္တဝါ​တွေကို​သေ​စေနိုင်တဲ့​ နျူရို​တော့​က်စ်ဆင်မာကျူရီ (Neurotoxin Mercury) တနှစ်ကို ၃၉ တန် ထုတ်လွှတ်​နေပြီး​ ​ကျောက်မီး​သွေး​ပြာ တန်ချိန် ၄.၄ သန်း​ ထုတ်လွှတ်​နေပါတယ်။
၂၀၀၃ ခုနှစ်မှာ မယ့်​မော့​ဒေသက ပြည်သူ​တွေကိုယ်စား​ ​ရှေ့​တန်း​က​နေ ထိုင်း​အစိုး​ရကို အ​ရေး​ဆိုခဲ့​တဲ့​ လုပ်ငန်း​ခွင် ကျန်း​မာ​ရေး​ဆိုင်ရာ လူနာများ​၏အခွင့်​အ​ရေး​ ကွန်ရက်အဖွဲ့​ (Occupational Health Patients Rights Network) အဖွဲ့​က ချင်း​မိုင်း​ အုပ်ချုပ်​ရေး​ဆိုင်ရာတရား​ရုံး​မှာ မယ့်​မော့​ဓာတ်အား​ပေး​စက်ရုံကို တရား​ဆွဲခဲ့​ပါတယ်။
၂၀၀၄ ခုနှစ်မှာ လမ်ပန်း​ခရိုင်တရား​ရုံး​က မယ့်​မော့​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံက ထုတ်လွှတ်တဲ့​ ပြာ​တွေ​ကြောင့်​ သီး​နှံ​တွေပျက်စီး​မှုအ​ပေါ် အ​မေရိကန်​ဒေါ်လာ ၁၄၀,၀၀၀ ​ကျော်ကို ​လျော်​ကြေး​ငွေအဖြစ် ​ဒေသခံ​ကျေး​ရွာ​တွေကို​ပေး​ရန် စီရင်ချက်ချခဲ့​ပါတယ်။ ဒါဟာ မယ့်​မော့​ဒေသခံ​တွေအတွက် ရှား​ပါး​တဲ့​ ​အောင်မြင်မှုတခုဖြစ်ခဲ့​ပါတယ်။
၂၀၀၅ ခုနှစ်မှာ ​ကျောက်မီး​သွေး​ဆန့်​ကျင်​ရေး​လှုပ်ရှာမှု​တွေ ထိုင်း​နိုင်ငံမှာ အရှိန်မြှင့်​ခဲ့​ပြီး​ People Against Coal Network of Thailand ကို စတင်ထူ​ထောင်လာကြပါတယ်။ ဘန်​ကောက်အ​ခြေစိုက် Greenpeace Southeast Asia အဖွဲ့​ဟာ ထိုင်း​နိုင်ငံရဲ့​ ​ကျောက်မီး​သွေး​ဆန့်​ကျင်​ရေး​ လှုပ်ရှား​မှုမှာ ထိပ်ဆုံး​က​နေ တတ်တတ်ကြွကြွပါဝင်ခဲ့​ပါတယ်။
သို့​ပေမယ့်​ ​ကျောက်မီး​သွေး​ဆန့်​ကျင်​ရေး​လှုပ်ရှား​မှုဟာ ထိုင်း​အစိုး​ရနဲ့​ စီး​ပွား​ရေး​လုပ်ငန်း​အသိုင်း​အဝန်း​က အ​ရေး​တကြီး​လိုအပ်​နေတဲ့​ ​ဈေး​အ​ပေါဆုံး​ ​လောင်စာစွမ်း​အင်သုံး​ လျှပ်စစ်ဓာတ်အား​ရရှိ​ရေး​ စီမံကိန်း​တွေကို မဟန့်​တား​နိုင်ပါဘူး​။ ထိုင်း​နိုင်ငံက စက်မှုဇုန်ကြီး​တွေမှာ ​ကျောက်မီး​သွေး​သုံး​ ဓာတ်အား​ပေး​စက်ရုံ​တွေနဲ့​ စက်မှုလုပ်ငန်း​တွေ တိုး​တက်များ​ပြား​လာ​နေတာက သက်​သေပါပဲ။
ဒါ​ပေမယ့်​ တ​နေ့​တခြား​ အား​ကောင်း​လာတဲ့​ လူမှုအဖွဲ့​အစည်း​တွေရဲ့​အင်း​အား​ကို ထိုင်း​အစိုး​ရက လျစ်လျူရှုမထား​ပါဘူး​။ အဲ့​လိုပဲ ထိုင်း​စီး​ပွား​ရေး​အသိုင်း​အဝန်း​ကလည်း​ တ​နေ့​တခြား​ စိုး​ရိမ်မှု​တွေ ရှိလာ​နေပါတယ်။ ထိုင်း​နိုင်ငံရဲ့​ သဘာဝဝန်း​ကျင်နဲ့​ ပြည်သူကျန်း​မာ​ရေး​ဆိုင်ရာ ပြဿနာ​တွေကို ထိန်း​ချုပ်နိုင်မယ့်​ အ​ကောင်း​ဆုံး​သော​ဖြေရှင်း​ချက်က မြန်မာနိုင်ငံပါပဲ။
မီဂ္ဂါဝပ် ၂၆၀၀ ​ကျော်ထုတ်လုပ်တဲ့​ မယ့်​မော့​ကျောက်မီး​သွေး​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ​ကြောင့်​ ​ဒေသခံထိုင်း​ပြည်သူ​တွေ ဘယ်​ရွေ့​ဘယ်မျှ ဒုက္ခ​ရောက်ခဲ့​တယ်ဆိုတာကို ​လေ့​လာကြည့်​ရင် ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်မှာ မီဂ္ဂါဝပ် ၁၀,၀၀၀ ထုတ်လုပ်ဖို့​ ရည်မှန်း​ထား​တဲ့​ အီတာလျှံထိုင်း​ကုမ္ပဏီရဲ့​ ​ကျောက်မီး​သွေး​စက်ရုံတခုမက တည်​ဆောက်မယ့်​ စီမံကိန်း​ဟာ ​ဒေသခံ​တွေအတွက် ​ကောင်း​ကျိုး​နဲ့​ ဆိုး​ကျိုး​ ဘယ်ဟာပိုများ​သလဲဆိုတာ စဉ်း​စား​ကြည့်​နိုင်ပါတယ်။

Monday, December 5, 2011

ရေဖြူမြို့နယ်အတွင်းရှိ ခြံမြေများကို မြေ၀ယ်သူအများစု စိတ်ဝင်စားလျက်ရှိပြီး ဈေးနှုန်းလည်းမြင့်တက်

Add caption
                           ရေဖြူမြို့နယ်အတွင်းရှိ အ၀ယ်လိုက်နေသော မြေကွက်အချို့တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူမြို့နယ်တွင် ခြံမြေများ ပိုမိုအရောင်းအ၀ယ်သွက်နေကြောင်း သိရသည်။ လက်ရှိအချိန်ထိ ခြံပေါက်ဈေးမှာ မြေအလွတ် တစ်ဧကလျှင် ကျပ် ၅၅ သိန်းအထိဈေး ပေါက်လျှက်ရှိပြီး စိုက်ပျိုးထားသော ရော်ဘာ(သို့မဟုတ်)အခြားနှစ်ရှည်ပင်များရှိပါက တစ်ဧကလျှင် သိန်း ၁၀၀ ၀န်းကျင်အထိ ဈေးပေါက်နေကြောင်း သိရသည်။
''ခြံတွေကိုတော့ ၀ယ်ဖို့ လာစုံစမ်းကြတဲ့သူတွေ အများကြီးပဲ။ ပွဲစားတွေရော၊ သူဌေးတွေရော ရှိတယ်။ မြို့ပေါ်က သူဌေးသုံးဦးစုပြီး ဒီမှာမြေ၀ယ်ထားတာ အများကြီးရှိတယ်။သူတို့က အပင် ရှိ၊ မရှိ မြေနေရာကောင်း မကောင်းကို သိပ်အရေးမထားကြဘူး။ မြေဖြစ် ရင်ပြီးရောဆိုပြီး ၀ယ်ကြတာများတယ်။ ကျွန်တော့်ဆီကိုလည်း တရုတ်က မြေ၀ယ်သူတွေ ရောက်လာဖူးတယ်။ ကျွန်တော်ခြံက ဧက၂၀ ရှိပြီး ကွမ်းနဲ့ ရော်ဘာအပြင် တခြားနှစ်ရှည်ပင်တွေပါစိုက်ထားတော့ သိန်း ၂၀၀၀ခေါ်လိုက်တာ သူတို့ကသိန်း ၁၅၀၀ပဲ ပေးတယ်။ ကျွန်တော်က ခေါ်ဈေးမရရင် မရောင်းဘူးဆိုပြီး ပြောလိုက်လို့ ပြန်သွားကြတယ်။ ဒီရွာကသူတွေက မြေဈေးကောင်းကောင်းရရင် ရောင်း ကတာများပါတယ်''ဟု ရေဖြူမြို့နယ် ခြံပိုင်ရှင် ကိုနိုင်ဝင်းက ပြောကြားသည်။

''အဒေါ်မှာရှိတဲ့ခြံက ရေး-ထား ၀ယ်ကားလမ်းဘေးမှာပါ။ အဲဒီက ခြံကမိုးရာသီဆိုရင် ရင်ခေါင်းလောက်အထိ ရေစိမ်နေတဲ့မြေပါ။ ဒါကိုတောင်မှ တစ်ဧက သိန်း ၁၀၀ နဲ့ ငါးဧက လာဝယ်သွားပါတယ်''ဟု ရေဖြူမြို့နယ်မှ ဒေါ်သန်းရွှေက ပြောကြားသည်။

အဆိုပါမြို့နယ်မှာ ထားဝယ်ရေနက်ဆိပ်ကမ်းမှ အရှေ့ဘက် ငါးမိုင်ခန့်အကွာတွင်ရှိပြီး ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ ကားလမ်း ဖောက်လုပ်မည့်နေရာအနီးတွင် တည်ရှိသည်သာမက ရေး-ထားဝယ်ကားလမ်းပါ ဖြတ်သန်းသွားသည့်နေရာ ဖြစ်သည့်အတွက် အချက်အချာကျသော နေရာတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသောကြောင့် မြေဈေးများ မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

Thursday, December 1, 2011

ထားဝယ်အထူးစီးပွါးရေးဇုန်နှင့်မြန်မာအထူးစီးပွါးရေးဇုန် အပိုင်း (၅)


ထိုင်း​နိုင်ငံက မက်တဖွတ် Map Ta Phut စက်မှုဇုန်၏ သဘာဝပတ်ဝန်း​ကျင်နှင့်​ ပြည်သူ့​ကျန်း​မာ​ရေး​ပြဿနာများ
ထိုင်း​ပင်လယ် ​ကွေ့​ဒေသက ရ​ယောင်း​ (Rayong) ​ဒေသဟာ ထား​ဝယ်လိုပဲ ​ဖြောင့်​တန်း​လှပတဲ့​ သဲဖြူ ပင်လယ်ကမ်း​ခြေတခုကို ပိုင်ဆိုင်ထား​ပါတယ်။ ၁၉၈၀ ပြည့်​လွန်နှစ်​တွေ အ​စောပိုင်း​ကာလ ထိုင်း​ပင်လယ်​ကွေ့​မှာ သဘာဝဓာတ်​ငွေ့​သိုက် ​တွေ့​ရှိခဲ့​ချိန်ကစလို့​ ပင်လယ်ငါး​ဖမ်း​လုပ်ငန်း​၊​ စိုက်ပျိုး​ရေး​လုပ်ငန်း​တွေနဲ့​ အသက်​မွေး​ဝမ်း​ကျောင်း​ပြု​နေတဲ့​ ဒီ​ဒေသဟာ စက်မှုလုပ်ငန်း​တွေရဲ့​ ဗဟိုချက်အဖြစ် အကြီး​အကျယ် ​ပြောင်း​လဲခဲ့​ပါတယ်။
အဲဒီအချိန်ကာလမှာ ထိုင်း​နိုင်ငံဟာ ကမ္ဘာ့​ရေနံ​ဈေး​ကြီး​မြင့်​မှု ပြဿနာနဲ့​ ရင်ဆိုင်​နေရသလို၊​ ထိုင်း​ဘတ်​ငွေတန်ဖိုး​ဟာလည်း​ အ​မေရိကန်​ဒေါ်လာ၊​ ဂျပန်ယန်း​ငွေတန်ဖိုး​တို့​နဲ့​ ယှဉ်ရင် အ​တော်​လေး​ ကျဆင်း​နေချိန်လည်း​ ဖြစ်ပါတယ်။ နိုင်ငံတွင်း​ ထုတ်လုပ်မှုစရိတ် ကြီး​မြင့်​လာတဲ့​ ဂျပန်၊​ ​တောင်ကိုရီး​ယား​နဲ့​ ထိုင်ဝမ်တို့​လို ဖွံ့​ဖြိုး​ပြီး​စ အ​ရှေ့​အာရှနိုင်ငံ​တွေက စက်မှုလုပ်ငန်း​ရှင်​တွေဟာ ထုတ်လုပ်မှုစရိတ် သက်သာတဲ့​ အ​ရှေ​တောင်အာရှနိုင်ငံ​တွေမှာ ရင်း​နှီး​မြှုပ်နှံဖို့​ ရှာ​ဖွေ​နေချိန်လည်း​ ဖြစ်ပါတယ်။
ဒီအ​ခြေအ​နေ​ တွေကို သုံး​သပ်မိတဲ့​ ထိုင်း​အစိုး​ရဟာ ရင်ဆိုင်​နေရတဲ့​ စီး​ပွား​ရေး​ အခက်အခဲကို ​ကျော်လွှား​နိုင်မယ့်​ အခွင့်​အလမ်း​တရပ်အဖြစ် သဘာဝဓာတ်​ငွေ့​သိုက် တည်ရှိရာ ထိုင်း​ပင်လယ်​ကွေ့​ ရ​ယောင်း​ခရိုင်မှာ အ​ရှေ့​ဘက်ပင်လယ်ကမ်း​ခြေဖွံ့​ဖြိုး​ ​ရေး​ (Eastern Seaboard Development Plan) အမည်ရှိတဲ့​ ဖွံ့​ဖြိုး​ရေး​စီမံကိန်း​ တရပ်ကို အ​ကောင်အထည် စ​ဖော်ခဲ့​ပါတယ်။ မက်တဖွတ် (Map Ta Phut) ​ဒေသကို စက်မှုဇုန်ထူ​ထောင်ပြီး​ အ​ရှေ့​အာရှနိုင်ငံ​တွေဆီက အရင်း​အနှီး​တွေ ထိုင်း​နိုင်ငံတွင်း​ စီး​ဝင်လာ​အောင် လုပ်နိုင်ခဲ့​ပါတယ်။
မက်တဖွတ် စက်မှုဇုန်မှာ အ​ခြေခံအ​ဆောက်အုံ​တွေ တည်​ဆောက်ဖို့​ ရင်း​နှီး​မြှုပ်နှံမှုဟာ ထိုင်း​ဘတ်​ငွေ သန်း​ပေါင်း​ ၃၇၀,၀၀၀ ရှိခဲ့​ပါတယ်။ လက်ရှိ ​ဒေါ်လာ​ဈေး​နဲ့​တွက်ရင် ​ဒေါ်လာ သန်း​ပေါင်း​ ၁၂,၀၀၀ (၁၂ ဒသမ ၅ ဘီလျံ) ရှိပါ တယ်။ ဒါ​ကြောင့်​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ စက်မှုဇုန်ရဲ့​ အ​ခြေခံအ​ဆောက်အအုံ တည်​ဆောက်မှုမှာ ရင်း​နှီး​မြှုပ်နှံမှုပမာဏချင်း​ သိပ်မကွာပါဘူး​။
အလား​တူပဲ မက်တဖွတ် တည်​ဆောက်​ရေး​ လုပ်ငန်း​တွေမှာ အဓိကပါဝင်ခဲ့​တာဟာ ထား​ဝယ်စီမံကိန်း​ကို အ​ကောင်အထည်​ဖော်​နေတဲ့​ အီတာလျံ-ထိုင်း​ကုမ္ပဏီ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့​ ထား​ဝယ်စီမံကိန်း​ မန်​နေဂျင်း​ ဒါရိုက်တာ ဆွမ်ချက် တီနာ​ပေါင် (Somchet Thinaphong) ဟာလည်း​ မယ့်​တဖွတ် စက်မှုဇုန်စီမံကိန်း​ ​ရေး​ဆွဲတဲ့​အထဲမှာ ပါဝင်ခဲ့​သူတဦး​ ဖြစ်ပါတယ်။
အဲ့​ဒါ​ ကြောင့်​ မြန်မာနိုင်ငံမှာ တည်​ဆောက်မယ့်​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်ဟာ မက်တဖွတ်နဲ့​ နှိုင်း​စာရင် ဆယ်ဆ​လောက် ကြီး​မား​တာကလွဲပြီး​ တည်​ဆောက်မယ့်​ စက်ရုံအမျိုး​အစား​၊​ ကနဦး​ ရင်း​နှီး​မြှုပ်နှံမှု၊​ ​ရေ​မြေ အ​နေအထား​နဲ့​ ​ဒေသခံပြည်သူ​တွေရဲ့​ လူမှုစီး​ပွား​ဘဝအ​ခြေအ​နေဟာ အ​တော်​လေး​ ဆင်တူတာ ​ကြောင့်​ မြန်မာပြည်သူ​တွေနဲ့​ အထူး​သဖြင့်​ ထား​ဝယ်​ဒေသခံ​တွေအ​နေနဲ့​မက်တဖွတ် စက်မှုဇုန်ရဲ့​ အကျိုး​သက်​ရောက်မှု​တွေကို သိထား​သင့်​ပါတယ်။
နှစ်​ပေါင်း​ ၂၀ ကြာပြီး​နောက် မက်တဖွတ် စက်မှုဇုန်ဟာ ထိုင်း​နိုင်ငံရဲ့​ စီး​ပွား​ရေး​ အသက်​သွေး​ကြော ဖြစ်လာပြီး​ တိုင်း​ပြည်ရဲ့​ အသား​တင်ထုတ်လုပ်မှု (GDP) ကို အဓိကမြှင့်​တင်​ပေး​တဲ့​ ​ဒေသလည်း​ ဖြစ်လာပါတယ်။
တချိန်တည်း​ မှာပဲ ထိုင်း​လူမှုအဖွဲ့​အစည်း​တွေနဲ့​ သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​ လှုပ်ရှား​မှုအဖွဲ့​တွေကြား​မှာ ထိုင်း​နိုင်ငံရဲ့​ အကြီး​ဆုံး​စက်မှုဇုန်ကြီး​ ဖြစ်လာတဲ့​ မက်တဖွတ်ဟာ ဓာတုအဆိပ်မျိုး​စုံ ခြုံလွှမ်း​နေတဲ့​ ​ဒေသကြီး​တခုအဖြစ် ရှုမြင်လာကြပါတယ်။
Map Ta Phut စက်မှုဇုန်တည်ရှိရာ ရ ယောင်းဒေသက ကမ်းခြေတ လျှောက်လုံး ရေတိုက်စားခံထားရပုံကို Google Earth မှ မြင်တွေ့ရပုံ
“ထိုင်း​ နိုင်ငံကို လူသား​တဦး​အ​နေနဲ့​ သ​ဘောထား​မယ်ဆိုရင် မက်တဖွတ်ဟာ ကင်ဆာပါပဲ။ ခင်ဗျား​ရဲ့​ခန္ဓာကိုယ်ထဲမှာ ကင်ဆာဖြစ်​နေမှန်း​ အစပထမ​တော့​ သတိပြုမိမှာ မဟုတ်ပါဘူး​။ ဒါ​ပေမယ့်​ ခင်ဗျား​သတိပြုမိလိုက်တဲ့​အချိန်မှာ ကုသဖို့​ သိပ်ခက်ခဲသွား​ပါပြီ” လို့​ မက်တဖွတ်​ဒေသမှာ နှစ်ရှည်လများ​ ​နေထိုင်ခဲ့​ဖူး​တဲ့​ ဘန်​ကောက်အ​ခြေစိုက် Greenpeace Southeast Asia (GPSEA) ရဲ့​ ထိုင်း​နိုင်ငံဆိုင်ရာကိုယ်စား​လှယ် တာရာ ဘူအာခမ်စရီ (Tara Buakamsri) က ရှင်း​ပြပါတယ်။
မက်တဖွတ် စက်မှုဇုန်ကို စတင်လည်ပတ်ပြီး​ ၁၀ နှစ်​လောက်အကြာ ၁၉၉၇ ခုနှစ်မှာ ​ဒေသခံပြည်သူ​တွေကို အကြီး​အကျယ် တုန်လှုပ်သွား​စေတဲ့​ ဖြစ်ရပ်တခု ​ပေါ်​ပေါက်ခဲ့​ပါတယ်။ ​ရေနံချက်စက်ရုံတခုနဲ့​ ခြံစည်း​ရိုး​ပဲခြား​တဲ့​ စာသင်​ကျောင်း​ တခုက ​ကျောင်း​သား​နဲ့​ ဆရာဆရာမ ၁,၀၀၀ ​လောက် အဆိပ်သင့်​ ဓာတ်​ငွေ့​တွေ ပါတဲ့​လေကို ရှူရှိုက်မိလို့​ ​ဆေး​ရုံတင်လိုက်ရပါတယ်။ အဲဒီဖြစ်ရပ်​နောက်ပိုင်း​မှာ​တော့​ စက်မှုဇုန်​ကြောင့်​ ​လေထုနဲ့​ရေထု ညစ်ညမ်း​လာတာကို ဆန့်​ကျင်တဲ့​လှုပ်ရှား​မှု​တွေ ​ဒေသခံပြည်သူ​တွေနဲ့​ လူမှုအဖွဲ့​အစည်း​တွေအကြား​ စတင်ခဲ့​ကြပါတယ်။
အဲဒီနှစ်ထဲမှာပဲ Greenpeace ဟာ Campaign for Alternative Industry Network (CAIN) နဲ့​ Global Community Monitor (GCM) စတဲ့​ ထိုင်း​လူမှုအဖွဲ့​အစည်း​တွေနဲ့​ ပူး​ပေါင်း​ပြီး​ မက်တဖွတ် ​လေထုနဲ့​ရေထုကို သိပ္ပံနည်း​ကျ စမ်း​သပ် စစ်​ဆေး​လေ့​လာမှု​တွေ လုပ်ခဲ့​ပါတယ်။ ​နောက်ပြီး​ Thailand’s Air: Poison Cocktail ဆိုတဲ့​ အစီရင်ခံစာတ​စောင် ထုတ်ပြန်ခဲ့​ပါတယ်။
အစီရင်ခံစာအရ မက်တဖွတ်စက်မှုဇုန်မှာ ကင်ဆာ​ရောဂါဖြစ်​စေတဲ့​ Carcinogenic ဒြပ်​ပေါင်း​ ၂၀ ထဲက ၁၉ မျိုး​ဟာ ​လေထုထဲရှိသင့်​တာထက် အဆ​ပေါင်း​များ​စွာ များ​ပြား​နေတာကို ​တွေ့​ရှိခဲ့​ပါတယ်။ အဲ့​ဒါ ​ကြောင့်​ လည်း​ အစီရင်ခံစာကို Poison Cocktail လို့​ အမည်တပ်ခဲ့​ပါတယ်။
၂ဝဝ၇ ခုနှစ်မှာ ထိုင်း​ကျန်း​မာ​ရေး​ဌာနက မက်တဖွတ်​ဒေသခံ ၂,၁၇၇ ဦး​ကို စမ်း​သပ်ပါတယ်။ အဲဒီအထဲက လူ​ပေါင်း​ ၃၀၀ မှာ Benzene Level ထူး​ထူး​ကဲကဲ မြင့်​မား​နေတာ ​တွေ့​ခဲရပါတယ်။ မက်တဖွတ်​ဒေသအတွင်း​ အများ​ပြည်သူသုံး​စွဲတဲ့​ ​ရေတွင်း​ရေကန် ၂၅ ခုက ​ရေနမူနာ​တွေကို ဓာတ်ခွဲစမ်း​သပ်ခဲ့​ရာမှာလည်း​ သံဓာတ် ၁၅၁ ဆ၊​ ခဲဓာတ် ၄၇ ဆ၊​ မန်ဂနိစ် ၃၄ ဆ၊​ ဇင့်​ ၁၀ ဆနဲ့​ ကက်မီယမ် ၆ ဆ ပိုလွန်ပါဝင်​နေတာ ​တွေ့​ရှိခဲ့​ပါတယ်။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls