Monday, July 23, 2012

သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ်တို့ တွေ့ဆုံ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့အား အစိုးရအိမ်တော်တွင် ဇူလိုင်လ ၂၃ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ တွေ့ဆုံခဲ့ကြပြီး အဆိုပါ တွေ့ဆုံမှုတွင် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် Weekly Eleven News ဂျာနယ်၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက သတင်းပေးပို့ခဲ့ပါသည်။....

Sunday, July 22, 2012

ထားဝယ်တွင်သဘာဝဓါတ်ငွေ့ဖြင့်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမည်


ကမ္ဘာကျော် စွမ်းအင်ကုမ္ပဏီများ အခြေစိုက် သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရောင်းချလျက်ရှိသော တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ဒေသကို သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းဒေသ တွင် ဖြန့်ဖြူးရောင်းချမည့် ဓါတ်ငွေ့များကို ထိုင်းနိုင်ငံ အခြေစိုက် PTTEP warn   စွမ်းအင် ကုမ္ပဏီက ပြန်လည်ရောင်းချသွားမည်ဖြစ်ပြီး ပထမ အဆင့်တွင် မဂ္ဂါဝပ် ၂၀ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ၊ ဒုတိယ အဆင့်တွင် မဂ္ဂါဝပ် ၃၀ သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံတို့ တည်ဆောက်၍ ဓါတ်အားဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း ယင်း တာဝန်ရှိသူက ပြောဆိုသည်......

ထားဝယ် နဘုလယ်ဒေသရဲ့ ထင်ရှားတဲ့ပုံပြင်တစ်ပုဒ်


                                                 နဘုလယ်ခြေတော်ရာ
နဘုလယ်ရွာကကျွဲမင်းနဲ့ဓာတ်ပုံရိုက်နေပုံ
 ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း ကြောင့် မြန်မာသိ၊ ကမ္ဘာသိ ဖြစ်လာတဲ့ နဘုလယ် ဒေသဟာ ထားဝယ် ခရိုင် အတွင်းမှာ ထူးခြားတဲ့ ကျေးရွာ အုပ်စုကြီး (တိုက်နယ်) တစ်ခု ဖြစ်ပါတယ်။ ဒေသိယ စကားပြောတဲ့ ထားဝယ် ဒေသအတွင်း မှာတင် ထားဝယ် ဒေသိယ စကားရဲ့ မျိုးကွဲ ဒေသိယ စကားလို့တောင် ပြောရလောက်တဲ့အထိ လေယူလေသိမ်း၊ ဝေါဟာရ အသုံးအနှုန်း ကအစ ကွဲပြားပါတယ်။ နဘုလယ် ဒေသိယ စကားဟာ ထားဝယ် အချင်းချင်းတောင် နားလည်ဖို့ ခက်တဲ့ ဒေသတွင်း မျိုးကွဲ ဒေသိယ စကားတစ်ခုပါ။ ထားဝယ်သူ၊ ထားဝယ်သား ၀န်းကျင်မှာ မိတ်ဆွေ သူငယ်ချင်း နဘုလယ် သားတွေနဲ့ တွေ့ရင် ‘ကျွဲနှင့်ကြွက် လဲပုံပြင်’ ကိုပြောပြီး နဘုလယ် သားတွေကို ချစ်စနိုးနဲ့ ကျီစယ် ပြောဆို တတ်ကြပါတယ်။ နဘုလယ် သားတွေကို ‘ကျွဲနှင့်ကြွက်’ အလဲခံ တဲ့အထိ ရိုးအလွန်း သူတွေလို့ ကျီစားလိုက် တာပါ။ ပုံပြင်လေးဟာ ဒီလိုပါ …….

မောင်းမကန်အနီး ကမ်းခြေမြေနေရာ ပိုင်ဆိုင်မှု အငြင်းပွား


ထားဝယ် စီမံကိန်းနှင့် ဆက်စပ် လျှက်ရှိသည့် မောင်းမကန် ကမ်းခြေတစ်လျှောက် ပြင်ကြီး ကျေးရွာ ကမ်းခြေတွင် ကျေးရွာ လူထုနှင့် လုပ်ငန်းရှင် များ ဧက တစ်ရာ နီးပါးရှိ ချဉ်ပေါင်ခင်း မြေယာ ပိုင်ဆိုင်မှု အငြင်းပွား လျှက်ရှိကြောင်း ဒေသခံ များထံမှ သိရသည်။
ထားဝယ် စီမံကိန်းနှင့် အခြား လျာထားဆက်စပ် စီမံကိန်းများကြောင့် ကမ်းခြေ တစ်လျှောက် မြေယာများ တန်ဖိုးမြင့်မား လာချိန် ၂၀၁၂ ခုနှစ် အစောပိုင်း မှစတင်၍ ယင်း ကျေးရွာပိုင် ကမ်းခြေနေရာ များကို အရောင်း အ၀ယ်ပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင် များက ယင်း ဧရိယာ အတွင်းတွင် နှစ်ရှည် ပင်များကို စတင် စိုက်ပျိုးခြင်း၊ ခြံစည်းရိုး သတ်မှတ်ခြင်း များ တပြိုင်နက်တည်း....

ထားဝယ်ဒေသ ချစ်စရာရေဓလေ့များ


   ထားဝယ် ရေအလှူ
ထားဝယ် တွင် နှစ်စဉ် မေလလောက်ဆို ကားများ ထွေလာဂျီ များပေါ် ရေစည် ပိုင်းပြတ်များ၊ ပလတ်စတစ်  ပုံးကြီး၊ ပုံးငယ်များ တင်လာသည့် လူအုပ်စုတို့  မြို့အထွက် ရွာတွေဆီသို့ အသီးသီး သွားကြသည်။
တစ်ချို့ လူစုများသည် ကားပေါ် အသံချဲ့စက် တင်၍ သီချင်း အကျယ်ကြီး ဖွင့်သွားသည်မှာ သင်္ကြန်ပွဲကဲ့သို့ပင်။
“ ရေရှားနေပြီ ထင်တယ် “ ဟုတစ်ယောက်က လှမ်းကြည့်ရင်း ပြောသည်။
ရေလှုထွက်သည့် ကားများမှာ တစ်နေ့ တစ်နေ့ ကား လေး ငါးဆယ်စီးမက ။ စနေ၊ တနင်္ဂနွေနေ....

တိုင်းအစိုးရ အဖွဲ့၏ အာဇာနည်နေ့ အထိမ်းအမှတ် အာရုံဆွမ်း ကပ်လှူပွဲ

၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက်နေ့ ၊ ယနေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် ထားဝယ်မြို့ သာသနာ့ ဗိမာန်တော်တွင် တနင်္သာရီတိုင်း အစိုးရ အဖွဲ့မှ သံဃာတော် ( ၁၀ ) ပါးအား ပင့်ဖိတ်ပြီး အာရုံဆွမ်း ကပ်လှူပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ဌာနဆိုင်ရာအသီးသီးမှ ၀န်ထမ်း များအပါအ၀င် လူပေါင်း ၃၀၀ ခန့်တက်ရောက်ခဲ့သည်။
၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အာရုံဆွမ်းကပ်လှုပွဲသို့ တက်ရောက်လာသူများကို တွေရရစဉ်
၆၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာရုံဆွမ်းဆက်ကပ်ပွဲသို့ တက်ရောက်လာသူများ
၆၅ နှစ်အမြောက် အာဇာနည်နေ့ အထိမ်းအမှတ်သံဃာတော်များကို အာရုံဆွမ်းဆက်ကပ်နေစဉ်

ထားဝယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ၏ အာဇာနည်နေ့အခမ်းအနား

၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် ၊ ယနေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည် နေ့တွင် ထားဝယ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်မှ သံဃာတော် ၅ ပါးအား အာရုံဆွမ်း ဆက်ကပ် လှူဒါန်းခဲ့သည်။ ထိုနောက် နံနက် ၇ နာရီ ခွဲခန့်တွင် ထားဝယ် ခရိုင် အုပ်ချူပ်ရေးမှူးရုံး ရှေ့ရှိ ဗိုလ်ချူပ်အောင်ဆန်း ၏ ပုံတူ ကြေးရုပ်ထု ရှေ့တွင် လွမ်းသူ့ ပန်းခွေချပြီး ၊ ထားဝယ်မြို့ အင်အယ်လ်ဒီ ရုံးခန်းတွင် လည်း လွမ်းသူ့ ပန်းခွေများကို ချကာ ကျဆုံး လေပြီးသော အာဇာနည် ခေါင်းဆောင်များကို အလေးပြုခဲ့ကြသည်။ အဆိုပါ အခန်းအနားသို့ ပါတီဝင် တစ်ရာ ခန့် တက်ရောက်ခဲ့သည်။
၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်လာသည့် ပါတီဝင်များ
နိုင်ငံတော်အလံ တစ်ဝက်လွင့်ထားသည့် အင်အယ်လ်ဒီ ရုံ ရှေ့ မြင်ကွင်း

လွမ်းသူ့ပန်းခွေများကို တွေ့ရစဉ်

လွမ်းသူ့ပန်းခွေ များနှင့် အတူ
လွမ်းသူ့ပန်းခွေ များနှင့် အတူ

ထားဝယ် ခရိုင် ကျောင်းသား သမဂ္ဂ၏ အာဇာနည်နေ့ အခမ်းအနား

၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် ၊ ယနေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ ၊ နံနက် ၆ နာရီတွင် ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂမှ ကျောင်းသူ ကျောင်းသား များသည် ထားဝယ်မြို့ ပခုက္ကူ ကျောင်းတိုက်တွင် သံဃာတော် ၁၃ ပါး အား အာရုံဆွမ်းများ ဆက်ကပ် လှုဒါန်းခဲ့သည်။ ထို့နောက် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ၄၀ ခန့်သည် ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများနှင့် အတူ ထားဝယ် ခရိုင် အုပ်ချူပ်ရေးမှူး ရုံးရှေ့ရှိ ဗိုလ်ချူပ်အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေ ချပြီး နိုင်ငံတော် သီချင်း သီဆိုကာ အလေးပြုခဲ့ကြသည်။
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များနှင့် အတူ
ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချ အလေးပြုနေစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များနှင့် အတူ
ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချရန် ရောက်လာစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များနှင့် အတူ
ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချရန် ရောက်လာစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များ ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချရန် ရောက်လာစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ရေစက်ချ အမျှယူနေစဉ်
From Dawei Watch facebook page

သာဂရဟာ ပျူမြို့လို့ယုံကြည်တယ်

ထားဝယ်မြို့ဟောင်းများအကြောင်း လေ့လာသူ ဦးဇော်သူရနှင့် တွေ့ဆုံခြင်း
ဖိုးဇော်(ထားဝယ်)
ထားဝယ်မြို့၏ ထင်ရှားသော သာဂရ မြို့ဟောင်း ကိုရောက်ရှိသော အခါ ရှေးအုတ်ချပ် ကြီးများ၊ ရောင်စုံ ပုတီးစေ့များ၊ မြေဆေးတံ တွေကို တွေ့မြင် ရသဖြင့် အံ့သြ ရသလို ဝေဒီ မြို့ဟောင်း ကိုရောက်ပြန်တော့လည်း အုတ်မြို့ရိုးတွေ ရှိနေသေးသည့် ဝေဒီ ဆိပ်ကမ်းကို  ကြည့်ကာ ရှေး ထားဝယ်၏ ကုန်သွယ်ရေး ကို တွေးဆ ဖြစ်သည်။ အချိန်နှင့်နည်းပညာသာရှိလျှင် ထားဝယ်အတိတ်သမိုင်းနှင့် ပတ်သက်သော လေ့လာစရာတွေက တစ်ပုံတစ်ပင်။ အထူးသဖြင့် လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာကို ရောက်တိုင်း ရွာအ၀င်က သချိုင်းဟောင်း ဟုဆိုကြသော နေရာကို စေ့ငုဖြစ်သည်။ ထို နေရာတွင် တွေ့ရ တတ်သော အရိုးအိုး တွေက မြန်မာ့မြေ ပေါ်မှ ပျောက်ကွယ် သွားခဲ့သည့် ပျူ များ၏ဓလေ့နှင့် တူသောကြောင့် စိတ်ဝင်စား ခြင်းလည်း ဖြစ်သည်။ ပျူနှင့် ထားဝယ် ၏ဆက်စပ်မှု၊ သာဂရနှင့် ပတ်သက်မှု စသည့် အချက်တွေက မိမိ၏ သိလိုစိတ် ကို ဆွပေးသည်။ မိမိ နည်းတူ ထိုအကြောင်း အရာတွေကို သိလိုသူ တွေလည်း ရှိနေပါလိမ့်မည်။
ထိုကြောင့် ထားဝယ်မြို့ဟောင်း များကို အထူး ဂရုစိုက် လေ့လာနေသူ ထားဝယ် တက္ကသိုလ်၊ စိတ်ပညာ ဌာနမှ ဆရာ ဦးဇော်သူရကို ထားဝယ် မြို့ဟောင်း များအကြောင်း အထူးသဖြင့် သာဂရ မြို့ဟောင်း အကြောင်းကို တွေ့ဆုံ မေးမြန်ထား ပါသည်။

မေး  -  ရှင်ဇလွန် စေတီရှိတဲ့ သာဂရ က ထားဝယ် ရဲ့အထင်ရှား ဆုံးပေါ့။ အဲဒီ အကြောင်းလေး စပြောစမ်းပါဆရာ။
ဖြေ   -  လူအများစု စိတ်အ၀င်စားဆုံးက သာဂရပေါ့လေ….။ မှတ်တမ်းတွေအရလည်း “သာဂရမြို့တည်၊ ဥသြစည်”
၁၁၃ ခုနှစ် ပေါ့လေ..ဆိုတယ်။ ခရစ်နှစ် အားဖြင့်တော့ ၇၅၁ ခုပေါ့။ ၈ ရာစုပေါ့နော်။ ရှေးဟောင်း သုတေသန ကလည်း ဟုတ်တယ် လို့ ထောက်ခံ တယ်။ အရိုးအိုး ဓလေ့၊ လက်ရေးစင်း ပါ အုတ်ချပ်တွေ တွေ့တယ်။
မြို့ရိုး ကလည်း အ၀ိုင်း ပုံစံဖြစ်နေတယ် ။ ဗမာ မှတ်တမ်းတွေ မှာ… မှန်နန်း လိုမှတ်တမ်း မှာပေါ့ဗျာ ပျူတွေ ပျက်လို့ ထားဝယ် တနင်္သာရီ ကိုရောက်တယ် လို့ ဆိုထားတယ်။ ထားဝယ် ပညာရှင်အချို့ကလည်း ပျူတွေလို့ ယုံကြည် ကြတယ်ဗျ။
မေး   – ဒါဆိုရင်..ထားဝယ်ကပျူခေတ်ကတည်းရှိတယ်ဆိုတဲ့သဘောပေါ့။
ဖြေ  -   ပျူခေတ် ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၂၀၀ လောက်က စပြီး သတ်မှတ် တာပါ။ ကမ္ဘာပေါ်မှာ လူရယ် လို့ဖြစ်လာတာ နှစ်ပေါင်း ၄၀၀၀၀ လောက်ရှိပြီ။ အရင် ကမြို့နဲ့ ဘာနဲ့နေ ချင်မှ နေမယ်။ ဒီမြို့ကပဲ ပြောရရင် ပျူခေတ်လို့  ယုံတယ်။  ဒါပေမယ့် သာဂရ မြို့ဟောင်းသာမက ထားဝယ် ဒေသတစ်ခု လုံးမှာ ကျောက်ခေတ် သစ် လက်နက်တွေ အများကြီး တွေ့ ရတယ်ဗျ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀၀ လောက် ကတည်း က လူရှိနေပြီဆိုတဲ့ သဘောပဲ။
မေး   -  အဲဒီလူတွေက ဘယ်သူတွေဖြစ်မလဲ ဘာယဉ်ကျေးမှုရှိလဲဆရာ…။
ဖြေ    -  သုတေ သနတွေနဲ့ အထောက်အထား အားနည်းတော့ အတိအကျ မပြောနိုင်ဘူး။ ဘီလူး လို့ခေါ်တဲ့ လူတွေ ဖြစ်ဖို့များတယ်။ လူသား စားမယ်။ နတ် ကိုးကွယ်မယ်။ ရေသိပ်ကျွမ်းလို့ ရေဘီလူး တွေလို့ ရာဇ၀င်တွေမှာပါတယ်။ (မွန်ပြည်နယ်က) သထုံဟာ ထင်ရှားတဲ့ ဘီလူးမြို့ပါ။
မေး   -   သာဂရမြို့ဟောင်းလည်း ဘီလူးတွေလုပ်တဲ့မြို့လား။ ဘယ်သူတွေလဲ ရှင်းပြပါဦးဆရာ။
ဖြေ   -   ဘီလူးတွေက ဒေသခံတွေ ပျူ က အုပ်ချုပ်သူ ဖြစ်ဖို့များတယ်။ မွန် ကလည်း ထည့်တွက်ရမယ့် လူမျိုးပါ။ မွန်နဲ့ ဘီလူးတို့ နယ်မြေ လုတဲ့အကြောင်း၊ သုဝဏ္ဏဘူမိ သမိုင်းမှာ ရှိတယ်။ ပျူကမွန်ကို သိမ်းသွင်းနိုင် ပုံရတယ် ပျူနဲ့က မလေးကျွန်းဆွယ်၊ အင်ဒို၊ ဖိလစ်ပိုင် အထိ အဆက်အသွယ် ရှိတယ်။ ဒီတော့ ကုန်သွယ်ရေး၊ ဘာသာရေး၊ စစ်ရေး စတဲ့ အကြောင်း တွေကြောင့် ပျူတွေ ရောက်လာ ပုံရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သာဂရ ဟာ သရေခေတ္တရာ အငွေ့အသက် တွေ အများကြီး ရလို့ပါ။
မေး   -   သာဂရမြို့ရဲ့ အကွက်အကွင်းလေး ပြောပြပါဦး ဆရာ။
ဖြေ    -  ပထမ အချက် သာဂရ ရဲ့ပထ၀ီ အနေအထား၊ တောင်တွေ ၀ိုင်းနေတယ်။ မြစ်ဘေး မှာရှိတယ်။ ရေအသုံးချ မှုကလေ့လာ စရာ ဖြစ်တယ်။ အခု ထားဝယ်မြစ် ကကော သွားပြီ။ ဒုတိယ အချက် မြို့ရိုးက အပြင်ဆုံးက အ၀ိုင်း၊ အတွင်း လေးထောင့် ၂ထပ်၊ အပြင် မြို့ရိုးက စောတယ်။ ပြီးမှ အတွင်း လုပ်တယ်။ ဒါပေမယ့် ကွင်းဆင်း လေ့လာ တဲ့အခါ အပြင် မြို့ရိုးလည်း ၂ ထပ်၊ ၃ ထပ် လောက်ရှိတယ် ။ တတိယ အချက် မြို့ရဲ့ တောင်ဘက်မှာ သင်္ချီုင်း ရှိတယ်။စတုတ္ထ အချက် အလယ် နီးနီးမှာ နန်းတော်ကုန်း ရှိတယ်။ အုတ်တိုက် ပါ ။ အနောက်ဘက် ပင်လယ်ကို တောင်ကြားထဲက ချောင်းက တစ်ဆင့် ထွက်တဲ့ လမ်း ရှိတယ်။ အခု ပျောက်ပြီ။ပဉ္စမ အချက်က ဆေးတံ တို့ အိုးတို့ ပုတီးစေ့ အစရှိတဲ့ အထောက်အထား တွေက ပျူနဲ့ ဆင်တယ်။ သတိထား ရမှာက အားလုံးက မြေပေါ်တွေ့အထောက်အထား တွေ ဖြစ်နေတာ။ တူးဖော် သုတေသန ပြုဖို့ အရမ်းလို နေတယ်။ ဆဌမ အချက်က…လက်ရေးစင်း ပါ။ အုတ်ချပ် တွေ ။ သတ္တမ အချက်က ပုဂံ အနော်ရထာ မင်းကြီးအုတ်ခွက်  ရှင်မော် ကရတယ်။ အနော်ရထာ ဒီမြို့တည်တာ မဟုတ်ဘူး၊ အနည်း ဆုံးနှစ် ၂၀၀ လောက် စောတယ် ။ ဒါကြောင့်.ထားဝယ် ဟာ ပျူခေတ် ကတည်းက ရှိတယ်။ သုတေသန သဘောအရ ဆိုရတာဗျာ…။ ထပ်တွေ့ ရင်ဟုတ်၊ မဟုတ် သိလိမ့်မယ်။ ကျွန်တော့် အနေနဲ့ သာဂရ ဟာ ပျူမြို့လို့ ယုံကြည်တယ်။


ဦးဇော်သူရ၏ ကိုယ်ရေး အကျဉ်း
အမည်        – ဦးဇော်သူရ
အလုပ်အကိုင် -နည်းပြ၊ စိတ်ပညာဌာန၊ ထားဝယ်တက္ကသိုလ်
မွေးသက္ကရာဇ် -  ၅. ၃. ၁၉၇၄
ပြုစုခဲ့သည့်စာတမ်းများ   -  ထားဝယ်သမိုင်းလေ့လာချက် (ကျောက်ခေတ်သစ်မှအေဒီ၁၂၀၀ ထိ)
၂၀၀၄ ခုနှစ်၊ သုတေသနစာတမ်းဖတ်ပွဲ
-   ထားဝယ်ဒေသရှေးယဉ်ကျေးမှုအထောက်အထားများ
ထားဝယ်တက္ကသိုလ်သုတေသနဂျာနယ်၊ အတွဲ(၁)၊အမှတ်(၁)၊၁/၂၀၁၀။
- ထားဝယ်ဒေသရှိပျူဓလေ့နှင့်ဆက်နွယ်သောယဉ်ကျေးမှုအထောက်အထားများ
ထားဝယ်တက္ကသိုလ်သုတေသနဂျာနယ်၊ အတွဲ(၂)၊အမှတ်(၁)၊၁/၂၀၁၁။
နေရပ်လိပ်စာ       -ကရပ်ပြင်ရပ်၊ ထားဝယ်မြို့။

ထားဝယ် ကလုံးထာ ဒေသ ခံများ ရေကာတာ မလိုကြောင်း ဆန္ဒ ထုတ်ဖော်

အီတာလျံ ထိုင်း ကုမ္ပဏီမှ ဖော်ဆောင်နေသော ထားဝယ် အထူးစီးပွားရေး အတွက် ရေအရင်း အမြစ် ရရှိရန် ရေကာတာ တည်ဆောက်မည့် ကလုံးထာ စီမံကိန်း မန်နေဂျာ ထိုင်းနိုင်ငံသား မစ္စတာ ၀လုတ် အပါအ၀င် အဖွဲ့ဝင်ဆယ်ဦး ခန့် နှင့် ဒေသခံ (၂၀၀) ကျော်တို့ တွေ့ဆုံစဉ် ဒေသခံ များက “ No Dam No Relocation “ ဟု စာချပ်များ အစည်းအဝေး ကျင်းပရာ ခန်းမ ပါတ်လည်တွင် ကပ်ပြီး ၄င်းတို့၏   ဆန္ဒသဘောထား ကို ထုတ်ဖော် ခဲ့ကြသည်။


Dawei Watch

Thursday, July 19, 2012

ထားဝယ်မြို့နယ်တွင် ကုမ္ပဏီများ ထပ်မံ သစ်ခုတ်မည်ကို ဒေသခံများ စိုးရိမ်နေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နှင့် ၁၃မိုင် ကွာဝေးသော အညာဖျားကျေးရွာအုပ်စုတွင် လာမည့် နွေရာသီ၌ သစ်ထုတ်လုပ်ရေး ကုမ္ပဏီ များက ထပ်မံ၍ သစ်များ လာရောက်ခုတ်ယူမည်ဟု ယခင်လက ပြောဆိုခဲ့သည့်အပေါ် ဒေသခံ ပြည်သူများက စိုးရိမ်လျှက်ရှိသည်။
“ကုမ္ပဏီတွေက နွေကျရင် ကျနော်တို့ဘက်က သစ်တွေကို လာခုတ်ယူအုံးမယ်လို့ အရင်လက လာပြောသွားတယ်လေ။ အဲဒါ ဘယ်ကို တိုင်လို့ တိုင်ရမှန်းလည်း မသိဘူး။ သူတို့က နေပြည်တော်က ပါမစ်ရတယ်ဆိုပြီး လုပ်နေကြတာကိုး”ဟာ ဒေသခံ ညောင်ချောင်းရွာသား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
သစ်ကုမ္ပဏီများဖြစ်ကြသည့် Delco နှင့် May Flower ကုမ္ပဏီများမှာ လွန်ခဲ့သည့် ၂နှစ်ခန့်က အညာဖျားကျေးရွာအုပ်စုအနီးရှိ ကျေးရွာ လူထုပိုင် ဥယျာဉ်ခြံမြေများကို နေပြည်တော်မှ.....

Friday, June 22, 2012

ကကြိုးလေးထွေနဲ့ ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်


 ဒေါက်တာဘွဲ့ရယူပုံ
 အခု နှစ်ရက်အတွင်းမှာ ကျနော်ရဲ့ နေအိမ်၊ အလုပ်လည်းလုပ်ရာ အောက်စဖို့ ထောင့်ချိုးမှာ မှော်ဆရာရဲ့ ဆေးကြိမ်နဲ့ အရိုက်ခံ လိုက်ရပါတယ်။ အဲဒါ လေဒီ လို့ခေါ်တဲ့ ဒေါ် အာင်ဆန်းစုကြည် လွန်ခဲ့တဲ့ ရာစုဝက်လောက်တုန်းက သူမ ပညာသင်ကြားခဲ့တဲ့ St Hugh ရဲ့ လမ်းအကူးမှာ လာရောက် နေထိုင်နေခြင်းပါပဲ။ အင်္ဂါနေ့က သူမရဲ့ ၆၇ နှစ်မြောက် မွေးနေ့ ပါတီမှာ မိသားစုတွေ မိတ်ဆွေ အပေါင်းအသင်း တွေနဲ့ အတူ ဆင်နွှဲခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ တက္ကသိုလ်ရဲ့ နှစ်ပတ်လည် လက်တင်ဆန်ဆန် ဂုဏ်ထူးဆောင် ပါရဂူ ဂုဏ်ပြုပွဲ။....

ဒေါ်စု ဗြိတိန်ပါလီမန်မိန့်ခွန်း မြန်မာပြန် အပြည့်အစုံ

လွှတ်တော်ဥက္ကဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် -

ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။ ဒီလိုအခြေအတင် ဆွေးနွေးတာတွေဟာ ကောင်းပါတယ်။ ဒါဟာ ပါလီမန် လွှတ်တော်ရဲ့ အလုပ်ပါဘဲ။.......

ဒေါ်အောင်ဆန်းစုကြည် ဥရောပနဲ့ ဗြိတိန်အခမ်းအနားမိန့်ခွန်းများ ပြည်တွင်းရုပ်သံမှ ထုတ်လွှင့်



ဇွန်လဒုတိယပတ် ဥရောပနဲ့ အင်္ဂလန်နိုင်ငံများက အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ အာဏာပိုင်များနဲ့ မိတ်ဆွေများက ဖိတ်ကြားလို့ ပြည်ပခရီးစဉ်အဖြစ် ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သြစလိုမြို့ အခမ်းအနားနဲ့ ဘွဲ့တံဆိပ် ပေးတဲ့အခမ်းအနားများက မိန့်ခွန်းပြောကြားချက်တွေကို မြန်မာပြည်တွင်းက Skynet နဲ့ MRTV4 ရုပ်မြင်သံကြားအစီအစဉ်များက ထုတ်လွှင့်ပေးခဲ့ပါတယ်။
            အဲသည်လို လွှင့်ပေးခဲ့ပေမယ့် ဥရောပခရီးစဉ်ရောက် နိုင်ငံတော်အစိုးရ၀န်ထမ်း ဦးရဲထွဋ် ဆိုသူကတော့ ကိုဘင်ဟေဂင် စာနယ်ဇင်းဆွေးနွေးပွဲမှာ နိုင်ငံပိုင်မီဒီယာတွေက ဒေါ်စုခရီးစဉ်ကို မထုတ်လွှင့်တာက သူဟာ နိုင်ငံကိုယ်စားပြု ခရီးသွားတာ မဟုတ်လို့ ဆိုပြီး.....

Thursday, June 21, 2012

ဒေါက်တာဒေါ်အောင်ဆန်းစုကြည်




 မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အောက်စဖို့ဒ် တက္ကသိုလ်မှ Honorary Doctor of Civil Law ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ချီးမြှင့် ပေးအပ်ခဲ့ပါတယ်..။

ဒေါ်စုနှင့်ပြည်ပလူငယ်များတွေ့ဆုံပွဲ


Tuesday, June 5, 2012

အေးချမ်းသာရွာတွင်ရေကြီး




 ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့နယ်၊အေးချမ်းသာကျေးရွာတွင် မြစ်ရေလျှံပြီး ကမ်းနားနေ နေအိမ်အချို့ ရေ နှစ်မြုတ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ရွာခံတစ်ဦး၏ပြောပြချက်အရသိရှိရပါတယ်။

                   ရေထပတ် နှင့် မိုးများအဆက်မပြက်ရွာသွန်းမှုကြောင့်ပါချန်မြစ်ရေလျှံကာ မြစ်ကမ်းနဘေးရှိ ရဲစခန်း အပါဝင် လူနေအိမ် အချို့နှစ်မြုတ်သွားခြင်းဖြစ်တယ်လို့ အေးချမ်းသာကျေးရွာနေ ဒေါ်နွဲ့ကပြောပါတယ်။

Friday, May 18, 2012

88ခေါင်းဆောင်များ ထားဝယ်မြို့တွင်လူထုအားတွေ့ဆုံ

လောင်းလုံမြို့နယ်၊ အောက်ရေဖြူကျေးရွာ ဆွေးနွေးပွဲအပြီးတွင် ဒေသခံတို့က ကချင်ဒေသရှိ စစ်ဘေးဒဏ်ခံ ပြည်သူများအတွက် လှူဒါန်းငွေ ၁၇၄,၀၀၀ ကျပ်ကို ၈၈မျိုးဆက်ကျောင်းသားများမှ တဆင့် ပေးအပ်လှူဒါန်းရာ မင်းကိုနိုင်က လက်ခံရယူခဲ့သည်။ (မေလ၊ ၁၅ရက်၊ ညနေ ၆ နာရီ)....

Wednesday, May 9, 2012

ထိုင်းနိုင်ငံ ၊လမ်းပန်းကျောင်းဗွီဒီယို

ထိုင်းနိုင်ငံ မှာမြန်မာကျောင်းတွေဟာ ထိုင်းသာသနာရေးရဲ့ လူမျိုးရေးမုန်းတီးချက်ကို
အခြေခံပြီးပြဌာန်းထားတဲ့ စည်းကမ်းတွေကြောင့် အသိမ်းခံကြရတယ်။
ကျောင်းထိုင်ဘုန်းကြီးမြန်မာ ဆရာတော် ထိုင်ပြီးရင် မြန်မာသံဃာဆက်ထိုင်ခွင့်မရှိပဲ
ထိုင်းသံဃာတွေသာကျောင်းထိုင်ရပါတယ်။ အဲဒီလိုနည်းနဲ့ ထိုင်းကမြန်မာကျောင်းတွေကို
သိမ်းပြီး နိုင်ငံခြားသားတွေကိုပြစားနေပါတယ်။ ရှေးမြန်မာလက်ရာတွေ ရှားပါးတဲ့အဆောက်
အဦးတွေဝမ်းနည်းစွာမြင်ကြရတယ်။ ကျောင်းကြီးတွေဟီးနေပေမဲ့ စာကျက်သံတစ်ချက်မကြားရတဲ့
ကျောင်းတွေမြင်လာရတော့ မြန်မာပြည်ကရွာကျောင်းတွေကို ချီးမွှမ်းမိတယ်။
လမ်းပန်းဆရာတော်ကဒါတွေကိုကြိုသိလို့ ထိုင်းကိုရင်လေးတစ်ပါးကို ပညာသင်ပေးပြီး
မြန်မာပြည်ကိုပို့ထားလိုက်တယ်။ စာတတ်ပေတတ်ဖြစ်လာတဲ့ ထိုင်းဥဇင်းကို လက်ထောက်ဘုန်းကြီး
ခန့်ထားလိုက်တယ်။ မြန်မာမှုတွလောလောဆယ်မပျောက်တော့ပဲနှစ်ပေါင်းမြောက်များစွာ
တည်နေတာကိုမြင်ရဖို့ရှိပေမဲ့ ထိုင်းဟာ နောက်ဆုံးတော့ထိုင်းပဲ့ဖြစ်သွားမလားဆိုတာ
စောင့်ကြည့် ကြည်ညိုနေရတော့မှာပါ။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls