Wednesday, September 5, 2012

ထိုင်းမှာရှိတဲ့ထားဝယ်တွေအိမ်ပြန်နိုင်တော့မည်

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေရသည့် အလုပ် သမားများ ပြန်လာနိုင်သည် အခင်း အကျင်း ဖြစ်ရန် ပြုလုပ် နေကြောင်း တနင်္သာရီတိုင်း ၀န်ကြီးချူပ် ဦးမြတ်ကို က ပြီးခဲ့သည့် ရက်ပိုင်းက ထားဝယ်မြို့တော် ခန်းမ တွင် ပြုလုပ်သည့်  ထားဝယ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ လီမိတက် (DDPC) ၏  ရှယ်ယာရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။
ဒေသခံများ ပြန်လာနိုင်ရန် လုပ်ဆောင် ရာတွင် မိမိ တစ်ဦးတည်း အနေနှင့်  မဖြစ်နိုင်ဘဲ DDPC အပါအ၀င် အားလုံးမှ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအတွက် အစိုးရ အနေနှင့် စိန်ခေါ်မှု များစွာ ရှိနိုင်သည်။
ညစ်ညမ်း အကြီးစား စက်ရုံ အများစုပါဝင်သည့် ထားဝယ် အထူးစီးပွားရေးဇုန်၊ စက်ရုံ လည်ပတ်ရန် လုပ်သား အင်အား ၁၈၀၀ ကျော် ရှိမည်ဟုဆိုသည့် လောင်းလုံးမြို့နယ်တွင် တည်ဆောက်မည့် ရေနံချက် စက်ရုံ များသည် ဒေသခံ များကို အလုပ်အကိုင် အခွင့်အလမ်း များစွာ ဖန်တီးနိုင် မည်မဟုတ်ဟု ဒေသခံ အများစု က မှတ်ချက်ပြုသည်။......

Thursday, August 30, 2012

ထားဝယ် စီမံကိန်းအတွက် ကလုံးထာ ကျေးရွာ ပြောင်းဖို့ ငြင်းဆန်


ရန်ကုန် (မဇ္ဈိမ) ။       ။ ရေကာတာ တည်ဆောက်ရန် အတွက် အိမ်ထောင်စု ၁၈ဝ ကျော်ရှိ ရွာတရွာကို ရွှေ့ပြောင်း
ပေးရန် ထားဝယ် ဖွံ့ဖြိုးမှု စီမံကိန်း ဆောင်ရွက်နေသည့် အီတာလျံ-ထိုင်းကုမ္ပဏီ ITD က ညှိနှိုင်းနေသော်လည်း ရွာသားများက ပြောင်းရွှေ့ရန် ငြင်းဆန်နေကြသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုရာ ကလုံးထာ
ကျေးရွာတွင် စိုက်ပျိုးမြေဧက တသောင်းကျော် ရှိသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့က ကလုံးထာရွာသို့ ITD ကုမ္ပဏီ ကိုယ်စားလှယ် ရောက်လာပြီး ပြောင်းရွှေ့စေလိုကြောင်း
ပြောဆိုခဲ့သည်ဟု ကျေးရွာရှိ ဓမ္မရက္ခိတာ ကျောင်းတိုက် ဆရာတော် ဦးပညာဝံသ က မိန့်သည်။

“ရွာသားတွေရဲ့ဆန္ဒက လျော်ကြေးပေးလည်း ဘိုးစဉ်ဘောင်ဆက် နေလာတဲ့ ဒီရွာက မပြောင်းချင်ကြဘူး။ စီမံကိန်း ဧရိယာမှာ နဘုလယ်ဒေသ ပါတယ်။ ဘုန်းဘုန်းတို့ရွာ မပါဘူး။ ဒါကြောင့် ပြောင်းဖို့ လက်မခံနိုင်ဘူး” ဟု မိန့်ကြား သည်။........

Thursday, August 16, 2012

သတ္တုတွင်း စွန့်ပစ်မြေကြောင့် ချောင်းကောမှု တိုင်းအစိုရထံ ဒေသခံများ စာပို့


တနင်္သာရီတိုင်း  ဒေသကြီး၊ ထားဝယ်မြို့၏ အရှေ့ဖက်ရှိ ဟိန္ဒား သတ္တုတွင်း နယ်မြေအတွင်း မြန်မာ ပွန်ပီပက် ကုမ္ပဏီ (MPC) မှ မြေစာ စွန့်ပစ်မှုကြောင့် မြောင်းပြိုရွာမှ ဒေသခံများ ရင်ဆိုင် ရသည့် ပြဿနာများကို ကူညီဖြေရှင်း ပေးပါရန် အချက် သုံးချက်ပါ အိတ်ဖွင့်ပေးစာကို တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးသို့ ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ ခဲ့သည်။
စွန့်ပစ်မြေစာ များကြောင့် တိမ်ကောနေ သည့် မြောင်းပြိုချောင်း အား ရေစီးရေလာ ကောင်းမွန်အောင် ပြုပြင် ပေးရန်၊ သဲနှုံးမြေ ဖုံးလွှမ်း သွားသည့် သောက်သုံး ရေတွင်းများ၊ နေအိမ်များ၊ ရွာလမ်းများ၊ လယ်ယာ ဥယျာဉ်ခြံ မြေ များနှင့် သီးပင်စား ပင်များအတွက် ထိုက်တန်သည့် လျှော်ကြေးပေးရန်၊ မိမိ နေအိမ်များမှ မည်သည့် နေရာကိုမှ မပြောင်းရွှေ့စေရန် အချက်သုံးချက်ကို တောင်းဆိုသည်။

Friday, August 10, 2012

အခြေခံ အုပ်ချူပ်ရေး ပြုပြင် ဖွဲ့စည်းရေး တနင်္သာရီ တွင် ခြေလှမ်းစ


 တနင်္သာရီ တိုင်းဒေသကြီး အတွင်း ခရိုင်း သုံးခုတွင် အခြေခံ အုပ်ချူပ်ရေး ပြုပြင် ဖွဲ့စည်းရေး ခြေလှမ်း အစ အဖြစ် ရပ်ကွက်ကျေးရွာ အုပ်ချူပ်ရေးမှုး အဆင့် အထိ သင်တန်း စတင်ပေး မည်ဟု တနင်္သာရီ တိုင်းဒေသကြီး အထွေထွေ အုပ်ချူပ်ရေး ဦးစီး ဌာန ထံမှ သိရသည်။
 အဆိုပါ သင်တန်းများကို ထားဝယ်၊ မြိတ်နှင့် ကော့သောင်း ခရိုင်တို့တွင် တပြိုင်နက် တည်း ပြုလုပ် မည်ဖြစ်ပြီး ဆင့်ပွား သင်တန်းပေး သည့် ပုံစံဖြင့် ပြုလုပ်မည် ဖြစ်သည်ဟု တိုင်း အုပ်ချူပ်ရေး ရုံးမှ ဒုတိယ ညွှန်ကြားရေးမှုး ဦးသန်းမြင့် က ဆိုသည်။
တိုင်းနှင့် ပြည်နယ် အသီးသီးမှ လက်ထောက် ညွှန်ကြားရေးမှုး များကို ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ်ရှိ အုပ်ချူပ်မှု ပညာ ဖွံ့ဖြိုးရေး သင်တန်းကျောင်း တွင် တက်ရောက် စေခဲ့ပြီး ဆင့်ပွား သင်တန်းကို တိုင်းဒေသ ကြီး အုပ်ချူပ်ရေး အဖွဲ့ရုံးတွင် ဇူလိုင်လ ၂၅ မှ ၂၇ ရက်နေ့အထိ သုံးရက်ပြု လုပ်ခဲ့သည်။

ထားဝယ် – မြိတ် မီးရထားလမ်း စီမံကိန်းကို ခေတ္တရပ်ဆိုင်း

ထားဝယ်-မြိတ် မီးရထားလမ်းမှ ဆိပ်ကမ်းဘူတာ
Photo : TKTK

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ထားဝယ်နှင့် မြိတ်မြို့တို့ကို ဆက်သွယ် ဖောက်လုပ်မည့် ထားဝယ် – မြိတ် မီးရထားလမ်း စီမံကိန်းအား ခေတ္တရပ်ဆိုင်းထားကြောင်း မီးရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး သူရ ဦးသောင်းလွင်က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် ပုလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှ (ခ ) ဦးလှမြင့်က ထားဝယ် – မြိတ် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း၏ ပုလော – သရက်ချောင်း လမ်းပိုင်း အကြမ်းဖောက်လုပ်ရာတွင် ပါဝင်ဆုံးရှုံးသွားသည့် ဒေသခံများ၏ ပိုင်ဆိုင်မှုအတွက် လျှော်ကြေးကိစ္စ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ်တွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။..

Saturday, August 4, 2012

ထားဝယ် အထူးစီးပွားရေးဇုန် သတင်းသုံးသပ်ချက်


ဗမာစစ်အစိုးရနဲ့ အီတာလျံ-ထိုင်း (Italian-Thai Development Public Company Limited) ကုမ္မဏီတို့ သဘောတူခဲ့ကြတဲ့ ထားဝယ် အထူးစီမံကိန်းဇုန်နဲ့ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့ မြန်မာနဲ့ ထိုင်းအစိုးရတို့ ဇူလိုင်လနှောင်းပိုင်းက နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုးကြပါတယ်။ ဒေသခံတွေရဲ့  ကန့်ကွက်မှု၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အား စီမံကိန်းကို ဇန္နဝါရီလအစောပိုင်းမှာ ဦးသိန်းစိန်အစိုးရက ရပ်ဆိုင်းမှု၊ ငွေရင်းအလုံအလောက်ရဖို့ ခက်ခဲမှု စတာတွေကြောင့် နှောင့်နှေးကြန့်ကြာမရေမရာ ဖြစ်နေတဲ့ စီမံကိန်းကို ဖြစ်မြောက်အောင်လုပ်ဖို့ ထိုင်းနဲ့ဗမာအစိုးရတို့က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး ၂၀၁၄ မှာ အာဆီယံဥက္ကဌလုပ်မယ့် ဗမာအစိုးရရဲ့  လိုအပ်ချက်တွေကို ကူညီရေး၊ လူသားစွမ်းရည်တိုးတက်ဖို့ ပူးတွဲဆောင်ရွက်ရေး၊.....

Tuesday, July 31, 2012

မောင်းမကန်မြေကိစ္စ အများပိုင် ကုမ္ပဏီထံ တောင်းဆိုချက်ပို့


တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မောင်းမကန် ကမ်းခြေ၏ မြောက်ဘက်တွင် ဟိုတယ် တည်ဆောက်ရန်  ကမ်းခြေ တစ်လျှောက် မြေဧက ၄၀၀ ခန့်အား လုပ်ပိုင်ခွင့် ရသည့် ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ ( DDPC ) အား မောင်းမကန် ဒေသခံ များက အချက် လေးချက် ပါဝင်သည့် အိတ်ဖွင့် ပေးစာကို ဇူလိုင်လ ၂၃ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့သည်။
DDPC မှ ၎င်းတို့ လုပ်ပိုင်ခွင့်ရသည့် မြေဧရိယာရှိ သီဟိုဠ်ပင် များအား ဘူဒိုဇာ များဖြင့် ရှင်းလင်း သဖြင့် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာ ကုမ္ပဏီနှင့် မောင်းမကန် ဒေသခံများ ၃ ကြိမ်မြောက် တွေ့ဆုံပြီး ချိန်တွင် ယင်းသို့အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းဖြစ်သည်။

လိုအပ်ချက်ကို ထောက်ပြရန် ထားဝယ် ၈၈ ကို တိုင်းဒေသကြီး ၀န်ကြီးချူပ် ပြောဆို

                                                   
တနင်္သာရီ တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် များတွင် လိုအပ်ချက် များ ရှိလျှင် ပွင့်ပွင့်လင်းလင်း လာရောက် ဆွေးနွေး အကြံပေးနိုင်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချူပ် ဦးမြတ်ကိုက  ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများ အား ဇူလိုင်လ ၂၇ ရက်နေ့ ၀န်ကြီးချူပ် ရုံးခန်း၌ တွေ့ဆုံစဉ် ပြောကြား လိုက်သည်။
ယင်းတွေ့ဆုံ ပွဲတွင် ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးကျော်ကျော်သက်၊ ဦးနေ၀င်းအောင်၊ ဦးကျော်သောင်း၊ ဦးသန်းမြင့်နှင့် ဒေါ်မိုမိုချစ်တို့ တက်ရောက် ခဲ့ပြီး  ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ရန် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ထံမှ သိရသည်။......

Sunday, July 29, 2012

ထားဝယ်မှာရေကြီးနေ

တနင်္သာရီတိုင်း ထားဝယ်မြို့ တော်မှာ မိုးသည်း ထန်သဖြင့် နေရာအနှံ အပြားမှာ ရေလွှမ်းမိုးနေ ပါတယ်။ ရေကြီး နေသော နေရာများသို့  လူမှုရေး ဆောင်ရွက် နေကြသည့် မျိုးဆက်သစ်တွေ ကျောင်းသားတွေ ထားဝယ်ကျောင်း သားသမဂ္ဂ မှကျောင်းသူ/သားများ ၊ NLD ပါတီဝင်များ နှင့် ပရဟိတ အသင်းများ က ရေဘေးဒုက္ခ ကြုံတွေ့ နေရသူတွေကို ကူညီစောင့် ရှောက်ပေးနေကြောင်း Myanmar News Nowမှ သတင်းရရှိပါတယ်။ ထားဝယ်မြို့ တော် ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ပြထားတဲ့ ထားဝယ်ရေကြီးမှု  မြင်ကွင်း ဓါတ်ပုံပေါင်း (၂၁)ပုံအား ကြည့် ရှုရန်   ဒီနေရာကို နှိပ်ပါ မိုးသည်းထန်သဖြင့် ရေကြီးနေသောနေရာများသို. လူမှုရေးဆောင်ရွက်နေကြသည့် မျိုးဆက်သစ်တွေ ဇူလိုင်(၂၉)ရက်နေ့  ည (၇) နာရီ ...ထမင်းထုပ်များဝေပေးနေစဉ်။ Abfsu Dawei NLD ထားဝယ် ရေဘေး ကူညီဆောင်ရွက်ပေးစဉ်

Friday, July 27, 2012

ထားဝယ်စီမံကိန်း အစိုးရချင်း သဘော တူညီမှု ထိုင်း အသာ ရဟုဆို


မြန်မာ သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သော ထားဝယ်နှင့် ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ လန်ချဘန် ရေနက်ဆိပ်ကမ်းအပါအ၀င် စက်မှုဇုန် စီမံကိန်းများချိတ်ဆက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်မှုများသည် ထိုင်းကို အသာရစေကြောင်း သြစတျေးလျနိုင်ငံ မက္ကိုင်းယားတက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ ရှောင်တာနဲက Dawei Watch သို့ ပြောကြားသည်။
သမ္မတ ဦးသိန်းစိန်၏ သုံးရက်တာ ခရီးစဉ်အတွင်း နည်းပညာပိုင်းဆိုင်ရာ၊ စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အပြင် စွမ်းအင်ကဏ္ဍ တို့တွင်လည်း နားလည်မှု စာချွန်လွှာ ထိုးခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ၂၀၁၄ ခု အာဆီယံ ဥက္ကဋ္ဌတာဝန်ယူရန် အရည်အသွေးမြှင့်တင်ရေး အပါအ၀င် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးအတွက်.........

Thursday, July 26, 2012

တိုးချဲ့ခွင့်သာ ရမယ်ဆိုရင် ထားဝယ်မှာသဘာဝနေရာတွေအများကြီး


မျှော်ရစ်ကမ်းခြေ တစ်နေရာ
photo : ကိုနဂါး
ထားဝယ်ကို နောက်ထပ် ကမ္ဘာလှည့် ခရီးသွားများ အခြေ ချရာ နေရာ တစ်ခုဖြစ်လာ မလား ဟု စောကျော သူများ ရှိသည်။ မြန်မာနိုင်ငံတောင်ဘက်ပိုင်း ထားဝယ်သည် သဘာဝ ပတ်ဝန်းကျင် အလှတွေ၊ သယံဇာတ အလှတွေ ရှိသော်ငြား အကြောင်းကြောင်းကြောင့် ပွင့်လင်း မြင်သာမှု မရှိခဲ့။
ယခုမူ ထားဝယ် စီမံကိန်း ကဲ့သို့သော အခင်းအကျင်း အသစ်များကြောင့် ခရီးသွား ဧည့်သည်များ ၀င်လာမစဲ ဖြစ်လာသည်။ ထို့ကြောင့် စီးပွားရေး ကြောင့်ပင်ဖြစ်စေ၊ သဘာဝ ပတ်ဝန်းကျင် အလှကြောင့် ပင်ဖြစ်စေ၊ ခရီးသွား ဧည့်သည်တွေ လာခဲ့လျှင် ထိုခရီးသည်တွေ အတွက် မိမိတို့ ထားဝယ်ဒေသ သည် အဆင်သင့် ဖြစ်ပြီလား ။ အမှန်တကယ် ခရီးသွားများ အခြေချ သင့်သောနေရာ ဖြစ်ပါသလား။ ဘာကြောင့်နည်း။ ဘာတွေ ပြင်ဆင်ထားဖို့လိုအပ်သနည်း၊......

Wednesday, July 25, 2012

ထားဝယ်ဆိပ်ကမ်းစီမံကိန်းတွင် ဒေသခံတို့၏ အခက်အခဲများအား အလေးထားသင့်



ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ရာ၌ အစိုးရ၀န်ကြီးများ အနေဖြင့်   ဒေသခံများ၏ အခက်အခဲများ အပေါ် လေ့လာသုံးသပ် လုပ်ဆောင် သင့်ကြောင်း ဒေသခံလူမှုရေး အဖွဲ့အစည်းများက ဆိုသည်။

“ထားဝယ် ဒေသမှာ ကြုံတွေ့ နေရတဲ့ ပြသာနာက လျော်ကြေး ကိစ္စပဲ တိကျတဲ့ သတ်မှတ် ချက်မရှိဘဲ လျော်ကြေးကို   ပေးချင် သလိုတွေ ပေးနေကြတယ် ဘယ်သူမှ လက်မခံနိုင်ကြဘူး။ အဲ့ဒီလိုကိစ္စရပ်တွေရှိ နေတဲ့အတွက် အစိုးရပိုင်းက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး တိုင်ပင် ဆွေးနွေးတာတွေ မလုပ်ခင် ဒေသခံတွေနဲ့အရင်ဆုံးတွေ့ဖို့အပ်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ပေးပြီး ဒေသခံတွေရဲ့အသံကို နားထောင်ဖို့လိုတယ်။” ဟု ထားဝယ်မြို့နေ ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးဇော်သူရ က ပြောသည်။.........

Monday, July 23, 2012

သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ်တို့ တွေ့ဆုံ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့အား အစိုးရအိမ်တော်တွင် ဇူလိုင်လ ၂၃ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ တွေ့ဆုံခဲ့ကြပြီး အဆိုပါ တွေ့ဆုံမှုတွင် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် Weekly Eleven News ဂျာနယ်၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက သတင်းပေးပို့ခဲ့ပါသည်။....

Sunday, July 22, 2012

ထားဝယ်တွင်သဘာဝဓါတ်ငွေ့ဖြင့်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမည်


ကမ္ဘာကျော် စွမ်းအင်ကုမ္ပဏီများ အခြေစိုက် သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရောင်းချလျက်ရှိသော တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ဒေသကို သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းဒေသ တွင် ဖြန့်ဖြူးရောင်းချမည့် ဓါတ်ငွေ့များကို ထိုင်းနိုင်ငံ အခြေစိုက် PTTEP warn   စွမ်းအင် ကုမ္ပဏီက ပြန်လည်ရောင်းချသွားမည်ဖြစ်ပြီး ပထမ အဆင့်တွင် မဂ္ဂါဝပ် ၂၀ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ၊ ဒုတိယ အဆင့်တွင် မဂ္ဂါဝပ် ၃၀ သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံတို့ တည်ဆောက်၍ ဓါတ်အားဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း ယင်း တာဝန်ရှိသူက ပြောဆိုသည်......

ထားဝယ် နဘုလယ်ဒေသရဲ့ ထင်ရှားတဲ့ပုံပြင်တစ်ပုဒ်


                                                 နဘုလယ်ခြေတော်ရာ
နဘုလယ်ရွာကကျွဲမင်းနဲ့ဓာတ်ပုံရိုက်နေပုံ
 ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း ကြောင့် မြန်မာသိ၊ ကမ္ဘာသိ ဖြစ်လာတဲ့ နဘုလယ် ဒေသဟာ ထားဝယ် ခရိုင် အတွင်းမှာ ထူးခြားတဲ့ ကျေးရွာ အုပ်စုကြီး (တိုက်နယ်) တစ်ခု ဖြစ်ပါတယ်။ ဒေသိယ စကားပြောတဲ့ ထားဝယ် ဒေသအတွင်း မှာတင် ထားဝယ် ဒေသိယ စကားရဲ့ မျိုးကွဲ ဒေသိယ စကားလို့တောင် ပြောရလောက်တဲ့အထိ လေယူလေသိမ်း၊ ဝေါဟာရ အသုံးအနှုန်း ကအစ ကွဲပြားပါတယ်။ နဘုလယ် ဒေသိယ စကားဟာ ထားဝယ် အချင်းချင်းတောင် နားလည်ဖို့ ခက်တဲ့ ဒေသတွင်း မျိုးကွဲ ဒေသိယ စကားတစ်ခုပါ။ ထားဝယ်သူ၊ ထားဝယ်သား ၀န်းကျင်မှာ မိတ်ဆွေ သူငယ်ချင်း နဘုလယ် သားတွေနဲ့ တွေ့ရင် ‘ကျွဲနှင့်ကြွက် လဲပုံပြင်’ ကိုပြောပြီး နဘုလယ် သားတွေကို ချစ်စနိုးနဲ့ ကျီစယ် ပြောဆို တတ်ကြပါတယ်။ နဘုလယ် သားတွေကို ‘ကျွဲနှင့်ကြွက်’ အလဲခံ တဲ့အထိ ရိုးအလွန်း သူတွေလို့ ကျီစားလိုက် တာပါ။ ပုံပြင်လေးဟာ ဒီလိုပါ …….

မောင်းမကန်အနီး ကမ်းခြေမြေနေရာ ပိုင်ဆိုင်မှု အငြင်းပွား


ထားဝယ် စီမံကိန်းနှင့် ဆက်စပ် လျှက်ရှိသည့် မောင်းမကန် ကမ်းခြေတစ်လျှောက် ပြင်ကြီး ကျေးရွာ ကမ်းခြေတွင် ကျေးရွာ လူထုနှင့် လုပ်ငန်းရှင် များ ဧက တစ်ရာ နီးပါးရှိ ချဉ်ပေါင်ခင်း မြေယာ ပိုင်ဆိုင်မှု အငြင်းပွား လျှက်ရှိကြောင်း ဒေသခံ များထံမှ သိရသည်။
ထားဝယ် စီမံကိန်းနှင့် အခြား လျာထားဆက်စပ် စီမံကိန်းများကြောင့် ကမ်းခြေ တစ်လျှောက် မြေယာများ တန်ဖိုးမြင့်မား လာချိန် ၂၀၁၂ ခုနှစ် အစောပိုင်း မှစတင်၍ ယင်း ကျေးရွာပိုင် ကမ်းခြေနေရာ များကို အရောင်း အ၀ယ်ပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင် များက ယင်း ဧရိယာ အတွင်းတွင် နှစ်ရှည် ပင်များကို စတင် စိုက်ပျိုးခြင်း၊ ခြံစည်းရိုး သတ်မှတ်ခြင်း များ တပြိုင်နက်တည်း....

ထားဝယ်ဒေသ ချစ်စရာရေဓလေ့များ


   ထားဝယ် ရေအလှူ
ထားဝယ် တွင် နှစ်စဉ် မေလလောက်ဆို ကားများ ထွေလာဂျီ များပေါ် ရေစည် ပိုင်းပြတ်များ၊ ပလတ်စတစ်  ပုံးကြီး၊ ပုံးငယ်များ တင်လာသည့် လူအုပ်စုတို့  မြို့အထွက် ရွာတွေဆီသို့ အသီးသီး သွားကြသည်။
တစ်ချို့ လူစုများသည် ကားပေါ် အသံချဲ့စက် တင်၍ သီချင်း အကျယ်ကြီး ဖွင့်သွားသည်မှာ သင်္ကြန်ပွဲကဲ့သို့ပင်။
“ ရေရှားနေပြီ ထင်တယ် “ ဟုတစ်ယောက်က လှမ်းကြည့်ရင်း ပြောသည်။
ရေလှုထွက်သည့် ကားများမှာ တစ်နေ့ တစ်နေ့ ကား လေး ငါးဆယ်စီးမက ။ စနေ၊ တနင်္ဂနွေနေ....

တိုင်းအစိုးရ အဖွဲ့၏ အာဇာနည်နေ့ အထိမ်းအမှတ် အာရုံဆွမ်း ကပ်လှူပွဲ

၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက်နေ့ ၊ ယနေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် ထားဝယ်မြို့ သာသနာ့ ဗိမာန်တော်တွင် တနင်္သာရီတိုင်း အစိုးရ အဖွဲ့မှ သံဃာတော် ( ၁၀ ) ပါးအား ပင့်ဖိတ်ပြီး အာရုံဆွမ်း ကပ်လှူပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ဌာနဆိုင်ရာအသီးသီးမှ ၀န်ထမ်း များအပါအ၀င် လူပေါင်း ၃၀၀ ခန့်တက်ရောက်ခဲ့သည်။
၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အာရုံဆွမ်းကပ်လှုပွဲသို့ တက်ရောက်လာသူများကို တွေရရစဉ်
၆၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာရုံဆွမ်းဆက်ကပ်ပွဲသို့ တက်ရောက်လာသူများ
၆၅ နှစ်အမြောက် အာဇာနည်နေ့ အထိမ်းအမှတ်သံဃာတော်များကို အာရုံဆွမ်းဆက်ကပ်နေစဉ်

ထားဝယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ၏ အာဇာနည်နေ့အခမ်းအနား

၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် ၊ ယနေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည် နေ့တွင် ထားဝယ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်မှ သံဃာတော် ၅ ပါးအား အာရုံဆွမ်း ဆက်ကပ် လှူဒါန်းခဲ့သည်။ ထိုနောက် နံနက် ၇ နာရီ ခွဲခန့်တွင် ထားဝယ် ခရိုင် အုပ်ချူပ်ရေးမှူးရုံး ရှေ့ရှိ ဗိုလ်ချူပ်အောင်ဆန်း ၏ ပုံတူ ကြေးရုပ်ထု ရှေ့တွင် လွမ်းသူ့ ပန်းခွေချပြီး ၊ ထားဝယ်မြို့ အင်အယ်လ်ဒီ ရုံးခန်းတွင် လည်း လွမ်းသူ့ ပန်းခွေများကို ချကာ ကျဆုံး လေပြီးသော အာဇာနည် ခေါင်းဆောင်များကို အလေးပြုခဲ့ကြသည်။ အဆိုပါ အခန်းအနားသို့ ပါတီဝင် တစ်ရာ ခန့် တက်ရောက်ခဲ့သည်။
၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်လာသည့် ပါတီဝင်များ
နိုင်ငံတော်အလံ တစ်ဝက်လွင့်ထားသည့် အင်အယ်လ်ဒီ ရုံ ရှေ့ မြင်ကွင်း

လွမ်းသူ့ပန်းခွေများကို တွေ့ရစဉ်

လွမ်းသူ့ပန်းခွေ များနှင့် အတူ
လွမ်းသူ့ပန်းခွေ များနှင့် အတူ

ထားဝယ် ခရိုင် ကျောင်းသား သမဂ္ဂ၏ အာဇာနည်နေ့ အခမ်းအနား

၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် ၊ ယနေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ ၊ နံနက် ၆ နာရီတွင် ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂမှ ကျောင်းသူ ကျောင်းသား များသည် ထားဝယ်မြို့ ပခုက္ကူ ကျောင်းတိုက်တွင် သံဃာတော် ၁၃ ပါး အား အာရုံဆွမ်းများ ဆက်ကပ် လှုဒါန်းခဲ့သည်။ ထို့နောက် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ၄၀ ခန့်သည် ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများနှင့် အတူ ထားဝယ် ခရိုင် အုပ်ချူပ်ရေးမှူး ရုံးရှေ့ရှိ ဗိုလ်ချူပ်အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေ ချပြီး နိုင်ငံတော် သီချင်း သီဆိုကာ အလေးပြုခဲ့ကြသည်။
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များနှင့် အတူ
ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချ အလေးပြုနေစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များနှင့် အတူ
ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချရန် ရောက်လာစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များနှင့် အတူ
ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချရန် ရောက်လာစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ၊
ထားဝယ် ၈၈ မျိုးဆက်များ ဗိုလ်ချူပ် အောင်ဆန်း ကြေးသွန်း ရုပ်ထုတွင် လွမ်းသူ့ပန်းခွေချရန် ရောက်လာစဉ်
ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ရေစက်ချ အမျှယူနေစဉ်
From Dawei Watch facebook page

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls