Monday, December 26, 2011

ပြည်ပနိုင်ငံမှ သက်သေခံလက်မှတ်ပါရှိလျှင် အိုင်တီပစ္စည်းများအတွက် အကောက်ခွန်ပေးဆောင်ရန်မလို

အာဆီယံနိုင်ငံများ၏ သဘောတူညီမှုအရ ကုန်သွယ်မှု အခွန်ကင်းလွတ်ခွင့်များကို သက်မှတ်ခဲ့ကြောင်း အဆိုပါကင်းလွတ်ခွင့်အရ အိုင်တီနှင့် ဆက်စပ်ပစ္စည်းများအတွက် ပြည်ပနိုင်ငံများမှ ကုမ္ပဏီများ၏ သက်သေခံမှုရင်းလက်မှတ်ပါရှိလျှင် အကောက်ခွန်ပေးဆောင်ရန် မလိုအပ်တော့ကြောင်း အကောက်အခွန်ဦးစီးဌာန၊ စီမံရေးရာ ဌာနခွဲ ညွှန်ကြားရေးမှုးဦးကျော်ဝင်းက ပြောသည်။ အကောက်အခွန်အနေဖြင့် အိုင်တီပစ္စည်းများတင်သွင်းရာ၌ သက်ဆိုင်ရာ နိုင်ငံများ၏ ကုမ္ပဏီများမှ သက်သေခံလက်မှတ် မှုရင်းများ တင်ပြနိုင်သူများကို သုညရာခိုင်နှုန်းအထိ အကောက်အခွန် လျှော့ပေးခြင်းဖြစ်သည်။ “ အများဆုံးကောက်လည်း ၅ ရာခိုင်နှုန်းပါပဲ။ သုညရာခိုင်နှုန်းအတွက် သက်သေခံမူရင်းလက်မှတ် ပြနိုင်ဖို့တော့လိုတယ်” ဟု ၎င်းက ဆိုသည်။ အာဆီယံနိုင်ငံများ၏ သဘောတူညီမှုအရ အိုင်တီပစ္စည်းများအတွက် အကောက်ခွန် သုညရာခိုင်နှုန်း သတ်မှတ်ထားသော်လည်း လက်ရှိတင်သွင်းနေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အိုင်တီပစ္စည်းများအတွက် အကောက်ခွန် ပေးဆောင်နေရဆဲဖြစ်ကြောင်း ရန်ကုန်မြို့လယ်ရှိ အိုင်တီစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ “ကုန်သွယ်ခွန် ၁.၅ ရာခိုင်နှုန်းနဲ့ အကောက်ခွန် ၂.၅ ရာခိုင်နှုန်းက ပေးနေရတုန်းပဲ။ သုညရာခိုင်နှုန်း ဆိုတာမျိုးတော့ မကြုံဖူးသေးဘူး” ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။ ကုန်သွယ်ခွန်နှင့် အကောက်ခွန်ကို ၁.၅ ရာခိုင်နှုန်းနှင့် ၂.၅ ရာခိုင်နှုန်း ပေးဆောင်ရသော်လည်း သတ်မှတ်ချက် ငွေလဲလှယ်ဈေးနှုန်းကြောင့် ပေးဆောင်နိုင်သည့် အနေအထားတွင် ရှိကြောင်း အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။ အာဆီယံနိုင်ငံများအကြား အကောက်ခွန်ကိစ္စရပ်နှင့် ပတ်သက်၍ အပြန်အလှန် အသိအမှတ်ပြုနိုင်ရန်အတွက် Soft Certificate Code ကို စမ်းသပ်အသုံးပြုနေပြီဖြစ်ကြောင်း၊ စမ်းသပ်သုံးစွဲမှုတွင် မြန်မာနိုင်ငံ အနေဖြင့် ပါဝင်နိုင်ခြင်း မရှိသေးသော်လည်း စင်ကာပူ၊ မလေးနှင့် ဘရူနိုင်း နိုင်ငံတို့၌ စတင်စမ်းသပ်သုံးစွဲနေကြောင်း အကောက်ခွန်ဦးစီးဌာန စီမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
By: သစ်ထူးလွင်

အရစ်ကျစနစ်ဖြင့်ရောင်းသောနိုင်ငံစုံကားပြပွဲပြုလုပ်မည်

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောအကြိမ် နိုင်ငံတကာမှထုတ်လုပ်သော ကားမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများကို တစ်နေရာတည်းတွင် စုံလင်စွာစုစည်းပြသရောင်းချမည့် ကားပြပွဲကြီး (car show) အား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ဝင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများမှ ထုတ်လုပ်သော ကမ္ဘာကျော်နာမည်ကြီး အမှတ်တံဆိပ်ကားမျိုးစုံအား ပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ ထိုပြပွဲကြီးတွင် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ရရှိသူများ၊ မော်တော်ယာဉ် အကျိုးဆောင်ကုမ္ပဏီများနှင့် လုပ်ငန်းများ၊ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချသူများနှင့် ကိုယ်စားလှယ်များ၊ မော်တော်ယာဉ် အရောင်းပြခန်းများ၊ အကြီးစားနှင့် အလတ်စားလုပ်ငန်းသုံးယာဉ်များ၊ ကားဘက်ထရီများ၊ ကားတာယာများ၊ ကားအင်ဂျင်ဝိုင်နှင့် အခြားစက်ဆီ၊ ချောဆီရောင်းဝယ်ရေး လုပ်ငန်းများ၊ ကားအလှဆင်ပစ္စည်းများ၊ ကားကတ်ဆက်၊ အော်ဒီယိုနှင့် ဆက်စပ်ပစ္စည်းများ၊ ကားအပိုပစ္စည်းများ၊ ကား CNG ပြောင်းလဲခြင်းလုပ်ငန်းများ၊ ကားတာယာကွန်ပေါင်း ပန်းတင်လုပ်ငန်းများ၊ ကားအငှားလုပ်ငန်းများ၊ ကားအင်ဂျင်ရောင်းဝယ်ရေး လုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းနှင့် ပစ္စည်းများအား နံနက် ၉ နာရီမှ ညနေ ၉ နာရီအထိ ပြသရောင်းချမည်ဖြစ်ကြောင်း၊ ပြပွဲလာပြည်သူမျာအားး ထူးခြားဆန်းသစ်သော ဖျော်ဖြေရေးအစီအစဉ်များဖြင့် နေ့စဉ်အခမဲ့ဖျော်ဖြေပြသမည်ဖြစ်ကြောင်း၊ အထူးအစီအစဉ်အနေဖြင့် မော်တော်ယာဉ်များအား ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်၍ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ အဆိုပါ မော်တော်ယာဉ်ပြပွဲကြီး Car Show တွင် မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများအား ပြခန်းများပါဝင်ပြသရောင်းချလိုပါက ပြပွဲကျင်းပရေးကော်မတီ SMART GROUP ဖုန်း ၀၁-၅၂၇၅၈၃၊ ၀၉-၇၃၀၁၄၇၇၇၊ ၀၉-၈၆၂၀၆၀၀ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
  မြန်မာပို့ စ် ဂျာနယ်

ပုဂံဘုရားများပြုပြင်ရန်ဂျပန်ကူညီမည်

ပုဂံ
မြန်မာနိုင်ငံ၏ သမိုင်းဝင် ရှေးဟောင်းနယ်မြေဖြစ်သော ပုဂံရှိ စေတီပုထိုးများကိုပြုပြင်ထိန်းသိမ်းနိုင်ရန် ဂျပန် နိုင်ငံမှ ပညာရှင်တစ်ဦးကို လာမည့်နှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့စေလွှတ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကွိုင်ချီယိုဂမ်ဘာက ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားသွားသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ရောက်ရှိနေပြီး ဒီဇင်ဘာ၂၆ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံသမ္မတနှင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ ညနေပိုင်းတွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ နေအိမ်တွင်တွေ့ဆုံခဲ့ပြီး သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။

ဂျပန်ဘာသာဖြင့် ထုတ်ဝေသောမိုင်နိချိသတင်းစာ တွင် ဒေါ်အောင်ဆန်းစုကြည်ရေးသားသော အပန်းဖြေအားလပ်ရက်များ ကိုယ်တိုင်ရေးဆောင်းပါး၌ သူမ ပုဂံရှိစေတီများကို သွားရောက်ဖူးမြော်စဉ် တွေ့မြင်ခဲ့ရသော ပြိုပျက်နေသည့်ရှေးဟောင်းစေတီပုထိုးများအကြောင်း ထည့်သွင်းရေးသားထားသည်။ ဂျပန်အစိုးရအနေဖြင့် ယခင်ကလည်း ပုဂံညောင်ဦးဒေသတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးနှင့် ရေရရှိရေးတို့အတွက် ဆောင်ရွက်ပေးခဲ့ကြောင်း 7Day News Journal Facebook စာမျက်နှာမှာ ဖော်ပြထားပါသည်။
By: သစ်ထူးလွင်

Tuesday, December 20, 2011

ဗိုလ်ချုပ်အောင်ဆန်းနဲ့တူသူတွေ့ပြီ

ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ စိတ်ဝင်စားပြီး နယ်ကနေ လာရောက်စုံစမ်းလျှောက်ထားနေသူ မြင်းခြံမြို့မှ ကိုနေဦးနဲ့ ပြည်မြန်မာဂျာနယ်က တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ သူဟာ မိသားစုမွေးချင်းနှစ်ဦး အနက် အကြီးဆုံးသားတစ်ဦး ဖြစ်ပါတယ်။

မေး- ဗိုလ်ချုပ်အတ္တုပ္ပတ္တိရိုက်ကူးဖို့ စိတ်ဝင်စားပြီး လာလျှောက်ဖြစ်ပုံပြောပြပေးပါ။

ဖြေ- ပြည်မြန်မာဂျာနယ်ထဲမှာ ဗိုလ်ချုပ်အတ္တုပတ္တိရိုက်မယ်လို့ ဖတ်ရတယ်။ သူတို့ရွေးတာ မရွေးတာ ကျွန်တော်မသိဘူး။ ဖတ်ရရချင်းပဲ စိတ်ဝင်စားတယ်။ ကျောင်းတက်တုန်းကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တူတယ်ဆိုပြီး ပြောကြသူတွေရှိတယ်။ ဗိုလ်သင်တန်းတက်တုန်းကလည်း အပြောခံရဖူးတယ်။ အဲဒါနဲ့ လျှောက်ဖို့ ရန်ကုန်ကိုလာတာပါ။ ကိုဇာဂနာက လူရှာနေတယ်လို့လည်း ကြားတယ်။ သတင်းစာထဲကလည်း ခေါ်မယ်လို့ကြားတယ်။ ကျွန်တော့်အနေနဲ့က အချိန်မဆွဲချင်ဘူး။ စောစောစီးစီးရောက်၊ စောစောစီးစီးသိပြီး လုပ်စရာရှိတာ လုပ်ချင်တယ်။

မေး- ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရက် မွေးလလည်း တူတယ်လို့ သိရတယ်။

ဖြေ- ဟုတ်ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်ပါ။ မြန်မာလိုတော့ မတူပါဘူး။ အဲဒါကတော့ တိုက်ဆိုင်မှုတစ်ခုပါ။

မေး- ဘာမှပြင်ဆင်ရတာတော့ မရှိဘူး။ ကျွန်တော် ဆံပင်အတိုညှပ်တယ်။ ပြီးရင်ဓာတ်ပုံရိုက်တယ်။ သက်ဆိုင်ရာကို ဓာတ်ပုံတွေ သွားပေးပါတယ်။ အဲဒါပါပဲ။ သူတို့က တရားမခေါ်သေးတော့ ဘာမှလုပ်လို့ မရသေးဘူး။ လောလောဆယ် သူငယ်ချင်းတစ်ယောက်အိမ်မှာ တည်းနေတယ်။ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အချက်အလက်က ကျွန်တော်မသိတာတွေလည်း အများကြီးရှိတယ်။ သိသလောက် အတိုင်းအတာတွေကလည်း ကျွန်တော် လုပ်နိုင်တာ ရှိကောင်းရှိမယ်။ ဒါကတော့ သူတို့ဆုံးဖြတ်မှာပေါ့။ ကျွန်တော့်အနေနဲ့က လုပ်ပေးရမယ်။ ဗိုလ်ချုပ်ဇာတ်ကားရိုက်ဖို့ အတွက် လူငယ်တွေလိုတယ်။ ဗိုလ်ချုပ်ရဲ့ ကာရိုက်တာ၊ ဗိုလ်ချုပ်က ဘယ်လိုလူစားလဲ။ အဲလိုမျိုးဟာကို မြန်မာလူငယ်တွေသိအောင် လုပ်ရမယ်။ ကမ္ဘာက ဗိုလ်ချုပ်ကို လေးစားပြီးသား၊ ကမ္ဘာသိအောင် ဒီအတ္တုပ္ပတ္တိရိုက်မှာ ဖြစ်တဲ့ အတွက် တတ်နိုင်သမျှ ဗိုလ်ချုပ်နေရာကနေ အတော်များများသရုပ်ဆောင်နိုင်တဲ့ သူလိုတယ်ပေါ့။ သူတို့ကလည်း ရုပ်ရှင်လောကထဲက မရွေးဘူး။ အများပြည်သူထဲက ရွေးမယ်ဆိုတော့ ကိုယ်တတ်နိုင်တာ လုပ်ပြရမှာ။ တူသမျှ လူလာလျှောက်ကြမှာ၊ သူတို့ လုပ်နိုင်တာ မလုပ်နိုင်တာတစ်ပိုင်း၊ ဒါပေမဲ့ ခုနပြောသလို ဗိုလ်ချုပ်ဇာတ်ကားရိုက်ဖို့ အတွက် အကုန်လုံးကဝိုင်းဝန်းပြီး လုပ်နေကြတဲ့ အချိန်မှာ ရုပ်ရှင်းဆင်တဲ့သူတွေ၊ ရိုက်ချင်စိတ်ရှိတဲ့သူတွေ ဒါဟာ အခွင့်အရေးတစ်ရပ်ပဲ။ ပြည်သူတွေအတွက် ပေးထားတဲ့ အခွင့်အရေးတစ်ရပ်လို့ မြင်တယ်။

မေး- ဗိုလ်ချုပ်အတ္တုပ္ပတ္တိကို တကယ်လက်တွေ့ရိုက်ဖို့ အတွက်ကော ဘာတွေပြင်ဆင်ထားလဲ။

ဖြေ- ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောတာတွေ နားထောင်ထားတယ်။ သူပြောတဲ့ စကားတွေ၊ သူသုံးတဲ့ အသုံးအနှုန်းတွေ နားထောင်ကြည့်နေတယ်။ တချို့ဟာတွေပဲ နားထောင်ရတယ်။ အကုန်မပါဘူး။ ဗိုလ်ချုပ်နဲ့ တူလားမတူလားတော့ ကျွန်တော်တို့ မသိနိုင်ဘူး။ လူကြီးတွေသိမယ်။ အမေစု (ဒေါ်အောင်ဆန်းစုကြည်) တို့သိမယ်။ သူတို့တွေ ရွေးကြမှာ။ သူတို့ရွေးတဲ့ နေရာမှာတစ်ယောက်တည်း ရွေးမှာ မဟုတ်ဘူး။ အများကြီးရွေးမှာ။ အများကြီးရွေးမှာဖြစ်တဲ့ အတွက် ကိုယ်နဲ့အံဝင်တဲ့နေရာမှာ အံဝင်သွားအောင် သရုပ်ဆောင်ဖို့လိုတယ်။ ကျွန်တော့်အနေနဲ့က ကြမ်းကြမ်းတမ်းတမ်း လုပ်နိုင်တယ်။ ကျွန်တော်ဗိုလ်သင်တန်း တက်ခဲ့ဖူးတယ်။ တချို့ဟာတွေက ကြမ်းကြမ်းတမ်းလုပ်လို့ရတယ်။ ပြီးတော့ လူတစ်ယောက်က ဇာတ်ကားရိုက်နေရင်း တစ်စုံတစ်ခုဖြစ်သွားရင် သူတို့က ဒီအတိုင်းပစ်ထားမှာမဟုတ်ဘူး။ သူတို့က လုပ်ပေးမျာ အဲဒီအတွက် ကျွန်တော်တို့က တတ်နိုင်သလောက်ရိုက်ဖို့လိုတယ်။ ရိုက်တာမရိုက်တာ၊ ရွေးတာမရွေးတာ လူကြီးတွေရဲ့ အလုပ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီမှာရှိပါတယ်ဆိုတာ ပြရမှာက ကျွန်တော်တို့တာဝန်ပါ။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်နေတယ်။ ကိုယ့်ဘာသာကိုယ့်စုံစမ်းပြီး လာလျှောက်တယ်။

မေး- တကယ်လို့ ဒီဇာတ်ကားရိုက်ဖို့ ရွေးချယ်ခံရပြီဆိုရင် ဒီကားက သုံးနှစ်ရိုက်မှာဖြစ်တဲ့ အတွက် စီးပွားရေးကိုပစ်ပြီး ဒီမှာရိုက်ဖို့ကတော့ အဆင်ပြေပါ့မလား။

ဖြေ- အဓိကက ကျွန်တော်က ထမင်းစားနေရရင် ရိုက်လို့ရတာပဲ။ ကျွန်တော့်အမေကလည်း ကျောင်းဆရာမ၊ သူ့ဝင်ငွေနဲ့သူရပ်တည်နိုင်တယ်။ အဲဒါကျတော့ သူ့ဘာသာသူ သုံးနှစ်မကလို့ ဘယ်နှနှစ်ပဲရိုက်ရိုက် ထမင်းစားလို့ရတယ်။ နေလို့ရတယ်ဆိုရင် ရိုက်နေမှာပဲ။ ပြဿနာမရှိဘူး။

မေး- ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ ရွေးလိုက်ပြီဆိုရင် ပြည်သူလူထုကို ဘာတွေလုပ်ပြချင်လဲ။

ဖြေ- ဒါကျွန်တော့်အတွက်ရိုက်တဲ့ ဇာတ်ကားလည်းမဟုတ်ဘူး။ ဗိုလ်ချုပ်ဇာတ်ကားကို ရိုက်မှာ။ ကျွန်တော်က မင်းသားဖြစ်ချင်တာလည်း မဟုတ်ဘူး။ မင်းသားလုပ်ဖို့လာတာလည်း မဟုတ်ဘူး။ ဗိုလ်ချုပ်ရဲ့ ကာရိုက်တာဘယ်လိုရှိလဲ။ ဘယ်လိုလူမျိုးလဲဆိုတာ ပြည်သူလူထုသိအောင် ရိုက်မယ့်ဇာတ်ကား။ ဗိုလ်ချုပ်နဲ့တူအောင် သရုပ်ဆောင်ဖို့က အင်မတန်တော့ ခက်လိမ့်မယ်။ အဲဒီအတွက် လူတွေ အများကြီးလိုမယ်။ အများကြီးလေ့ကျင့်ရမယ်။ အများကြီးပံ့ပိုးရမယ်။ ကျွန်တော်ပြင်ထားတာ စိတ်ဓာတ်တစ်ခုပဲရှိတယ်။ ငါမဖြစ်ဖြစ် အောင်လုပ်မယ်။ ငါ့ကိုရွေးသည်ဖြစ်စေ မရွေးသည်ဖြစ်စေ ငါ့ရောက်အောင်သွားရမယ်။ ပြောပြရမယ်။ တင်ပြရမယ်။ ရွေးရင်လည်းတစ်မျိုး၊ မရွေးရင်လည်း ပြန်ရုံပေါ့။

မေး- အခု ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ ဆံပင်တိုလိုက်တယ်။ ဗိုလ်ချုပ်မိန့်ခွန်းတွေ နားထောင်တာ အပြင် ဘာတွေလေ့လာနေလဲ။

ဖြေ- ဗိုလ်ချုပ်ကဘယ်လိုပြောလဲ။ ဘယ်လိုစကားလုံးတွေ သုံးလဲ။ လေယူလေသိမ်း ဘယ်လိုပြောလဲ။ အသံက တစ်ယောက်နဲ့ တစ်ယောက် မတူဘူးလေ။ အဲဒီအတွက် ကျွန်တော်တို့က လေ့ကျင့်ရဦးမယ်။ သူတို့ရွေးမှ လေ့ကျင့်ရင်မကောင်းဘူး။ အချိန် မလောက်ဘဲဖြစ်နေမယ်။ ဒါပေမဲ့ ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေဖို့ လိုတာပေါ့။ လူတစ်ယောက်နဲ့ တစ်ယောက်တူဖို့ဆိုတာလည်း တော်တော်လေးကို ခဲယဉ်းပါတယ်။ အဲဒီအခါကျတော့ ကိုယ်တတ်နိုင်တာ ကိုယ်လုပ်တာပဲ။ ကျွန်တော်ပြင်လို့ရတာက စိတ်ကိုပြင်လို့ရတယ်။ စိတ်ဓာတ်ကိုပြင်တဲ့နေရာမှာလည်း ငါဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ဗိုလ်ချုပ်ပုံစံဖြစ်ဖို့ လိုတယ်။ အဲလိုပေါ့။

မေး- အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်လောကသားတွေက ဒီလိုမျိုးစီစဉ်တဲ့ အတွက် ဘယ်လိုခံစားရလဲ။

ဖြေ- ပျော်တာပေါ့။ ဒါဖြစ်သင့်တာ ကြာပြီလေ။ ကိုယ့်အိတ်ထဲက စိုက်ပြီးလုပ်မယ့် သူတွေလည်း အများကြီးပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့။ ခုခေတ်က စီးပွားရေးခေတ်ဆိုတော့ စီးပွားရေးလောကသားတွေ အခွင့်ကောင်းယူမှာပဲ စိုးတယ်။

ပြည်မြန်မာသတင်းဂျာနယ်

Monday, December 19, 2011

ထားဝယ်အထူးစီးပွါးရေးဇုန်နှင့်မြန်မာဖွံ့ ဖြိုးတိုးတက်မူအပိုင်း(၇)

မဲ​ခေါင်​ဒေသစီး​ပွား​ရေး​ဖွံ့​ဖြိုး​ရေး​စီမံကိန်း​နှင့်​ ထား​ဝယ်အထူး​စီး​ပွား​ရေဇုန် စီမံကိန်း​အလား​အလာ
မြန်မာ့​ နိုင်ငံ​ရေး​ တဆင့်​ချင်း​ တဖြည်း​ဖြည်း​ပြောင်း​လဲ လာ​နေတာကို ​ဒေသတွင်း​ အာဆီယံအသင်း​ဝင် နိုင်ငံ​တွေသာမက စီး​ပွား​ရေး​ အ​ရေး​ယူ ပိတ်ဆို့​မှု​တွေ ပြုလုပ်ခဲ့​ကြတဲ့​ အ​နောက်နိုင်ငံများ​ကပါ သတိပြုလာကြပြီး​ ထိုအ​ပြောင်း​အလဲနဲ့​ လိုက်​လျောညီ​ထွေ အပြုသ​ဘော တုံ့​ပြန်ခဲ့​ကြတယ်။
ပထမဆုံး​ သိသာထင်ရှား​တဲ့​ ရလဒ်က​တော့​ နိုဝင်ဘာလက အင်ဒိုနီး​ရှား​နိုင်ငံမှာ ကျင်း​ပခဲ့​တဲ့​ အာဆီယံ ထိပ်သီး​ညီလာခံမှာ မြန်မာကို အသင်း​ကြီး​ရဲ့​ ၂၀၁၄ ခုနှစ်အတွက် အလှည့်​ကျ ဥက္ကဋ္ဌ ရာထူး​ပေး​ဖို့​ ဆုံး​ဖြတ်ချက်ပဲ ဖြစ်ပါတယ်။
ထို့​အတူ အာဆီယံရဲ့​ အဓိက​ဆွေး​နွေး​ဘက် မဟာမိတ်ဖြစ်ပြီး​ မြန်မာ့​ဒီမိုက​ရေစီ​ရေး​ကို တစိုက်မတ်မတ်ကူညီ​နေတဲ့​ အ​မေရိကန်နိုင်ငံသမ္မတ ဘာရက်အိုဘာမား​ကလည်း​ အစပျိုး​ ​ပြောင်း​လဲ​နေတဲ့​ မြန်မာနိုင်ငံကို ​နောက်​ကြောင်း​ပြန်မလှည့်​မယ့်​ သမိုင်း​ဝင်အ​ပြောင်း​အလဲ​တွေဆီ ဦး​တည်​စေဖို့​နဲ့​ ထိုအ​ပြောင်း​အလဲကာလကို အမိအရ ဆုပ်ကိုင်နိုင်ဖို့​အတွက် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီ ကလင်တန်ကို ​နေပြည်​တော်ကို ​စေလွှတ်ခဲ့​တယ်။
နိုင်ငံ​ရေး​အ ​ပြောင်း​အလဲကို သတိထား​ပြုလုပ်​နေတဲ့​ မြန်မာအစိုး​ရအ​နေနဲ့​ ကာလရှည်ကြာ ကျဆင်း​နေတဲ့​ စီး​ပွား​ရေး​ကို အချိန်တိုအတွင်း​ အလျင်အမြန်တိုး​တတ်ဖို့​ အစီအစဉ်​တွေချပြီး​ ခပ်စိပ်စိပ်ပဲ ​ဆောင်ရွက်လာတာ ​တွေ့​ရပါတယ်။
အဲ့​ဒီအစီအစဉ် ​တွေထဲက အနာဂတ်မှာ ​ဒေသတွင်း​ ပထဝီစီး​ပွား​ရေး​မှာ မြန်မာ့​နိုင်ငံရဲ့​ အ​ရေး​ပါမှုကို မြှင့်​တင်ရန် ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန် စီမံကိန်း​ကို အ​ကောင်အထည် ​ဖော်​နေပါတယ်။ အာဆီယံနိုင်ငံ​တွေအကြား​ တ​ပြေး​ညီ ဖွံ့​ဖြိုး​ရေး​အတွက် အခရာကျတဲ့​ မဲ​ခေါင်​ဒေသဖွံ့​ဖြိုး​ရေး​ကို ထား​ဝယ်စီမံကိန်း​က ကြီး​ကြီး​မား​မား​ အ​ထောက်အကူပြုလိမ့်​မယ်လို့​ စီမံကိန်း​မှာ အဓိကပါဝင်​နေတဲ့​ ထိုင်း​နဲ့​ မြန်မာတို့​က ယုံကြည်ကြပါတယ်။
မဲ​ခေါင်​ ဒေသနိုင်ငံ​တွေဖြစ်တဲ့​ မြန်မာ၊​ လာအို၊​ က​မ္ဘောဒီး​ယား​နဲ့​ ဗီယက်နမ်နိုင်ငံတို့​ဟာ ၁၉၉၀ ပြည့်​လွန်နှစ်​တွေမှာ အာရှရဲ့​ အ​ရှေ့​ဥ​ရောပ နိုင်ငံ​တွေအလား​ နိုင်ငံ​ရေး​အ​ပြောင်း​အလဲကို အသီး​သီး​ကြုံ​တွေ့​ခဲ့​ရပြီး​ အာဆီယံရဲ့​ ​နောက်တိုး​ အသင်း​ဝင်နိုင်ငံသစ်​တွေ ဖြစ်လာကြတယ်။ CLMV လို့​ အတို​ကောက် လူသိများ​တဲ့​ က​မ္ဘောဒီး​ယား​၊​ လာအို၊​ မြန်မာ၊​ ဗီယက်နမ်နိုင်ငံ​တွေဟာ စီး​ပွား​ရေး​ဖွံ့​ဖြိုး​မှု မြန်ဆန်​နေတဲ့​ စင်ကာပူ၊​ မ​လေး​ရှား​နဲ့​ ထိုင်း​နိုင်ငံတို့​နောက် အမီလိုက်ဖို့​ ကြိုး​ပမ်း​လာကြတယ်။
CLMV နိုင်ငံ​တွေဖွံ့​ဖြိုး​ရေး​အတွက် မဲ​ခေါင်​ဒေသ ဖွံ့​ဖြိုး​ရေး​နဲ့​ စီး​ပွား​ရေး​ပူး​ပေါင်း​ ​ဆောင်ရွက်​ရေး​ အစီအစဉ်ကိုလည်း​ အ​ကောင်အထည် ​ဖော်လာကြပါတယ်။ ကုန်း​မြေတဆက်တစပ်တည်း​ရှိတဲ့​ CLMV နိုင်ငံ​တွေအကြား​ နယ်စပ်ဖြတ်​ကျော် အာရှအ​ဝေး​ပြေး​ လမ်း​မကြီး​တွေ တည်​ဆောက်ပြီး​ ​ဒေသတွင်း​ကုန်သွယ်​ရေး​၊​ ရင်း​နှီး​မြှုပ်နှံမှုနဲ့​ ခရီး​သွား​လုပ်ငန်း​ဖွံ့​ဖြိုး​ရေး​ကို တိုး​မြှင့်​ဆောင်ရွက်ရန် စီမံကိန်း​တွေ ချမှတ် လုပ်​ဆောင်ခဲ့​ကြတယ်။
အာရှဖွံ့​ ဖြိုး​ရေး​ဘဏ် အကူအညီနဲ့​ စီး​ပွား​ရေး​လမ်း​မကြီး​တွေ (Economic Corridors) တည်​ဆောက်လာတာ ဆယ်စုနှစ်တခု ​ကျော်လာခဲ့​ပါပြီ။ ဒီလမ်း​မကြီး​တွေထဲက အ​ရှေ့​အ​နောက်စီး​ပွား​ရေး​ လမ်း​မကြီး​ (East-West Economic Corridor)နဲ့​ ​တောင်ပိုင်း​ စီး​ပွား​ရေး​လမ်း​မကြီး​ (Southern Economic Corridor) နှစ်ခုမှာ မြန်မာနိုင်ငံဟာ မဲ​ခေါင်​ဒေသရဲ့​ အ​နောက်ဘက်ထွက်​ပေါက် (Western Gateway) ဖြစ်ပြီး​ ဗီယက်နမ်နိုင်ငံက အ​ရှေ့​ဘက်ထွက်​ပေါက် (Eastern Gateway) အဖြစ် မဟာဗျူဟာကျကျ ရှိ​နေပါတယ်။
Geater Mekong Sub-region Economic Corridors အခြေပြမြေပုံ
ဒါ​ပေမယ့်​ ဘယ်လိုပဲ ပထဝီအ​နေအထား​ အချက်အချာကျပါ​စေ၊​ တိုင်း​ပြည်မှာ သယံဇာတ ဘယ်​လောက်ပဲ ကြွယ်ဝ​နေပါ​စေ၊​ နိုင်ငံ​ရေး​တည်ငြိမ်မှု မရှိတဲ့​နိုင်ငံဟာ စီး​ပွား​ရေး​ မဖွံ့​ဖြိုး​နိုင်ဘူး​ဆိုတာ ဗီယက်နမ်နဲ့​ မြန်မာတို့​ရဲ့​ လွန်ခဲ့​တဲ့​ဆယ်စုနှစ် နှစ်ခုအတွင်း​ တိုး​တက်​ပြောင်း​လဲမှု​တွေက သက်​သေပါပဲ။
တချိန်က အ​ရှေ့​တောင်အာရှ​ဒေသရဲ့​ စစ်​မြေပြင်ဖြစ်ခဲ့​တဲ့​ ဗီယက်နမ်နိုင်ငံဟာ ရန်သူ အ​မေရိကန်ကို မိတ်​ဆွေအဖြစ် ​ပြောင်း​လဲနိုင်ခဲ့​ပြီး​ အခုအချိန်မှာ CLMV ထဲက စီး​ပွား​ရေး​အတိုး​တတ်ဆုံး​ နိုင်ငံအဖြစ် ​ပေါ်ထွက်လာပါတယ်။ မြန်မာနိုင်ငံလိုပဲ ဗဟိုချုပ်ကိုင်တဲ့​ ဆိုရှယ်လစ် ​ဈေး​ကွက်စီး​ပွား​ရေး​ စနစ်က​နေ လမ်း​ခွဲခဲ့​ပြီး​ ​ဈေး​ကွက်စီး​ပွား​ရေး​စနစ်ကို ၁၉၈၅ ခုနှစ်မှာ စတင် ​မြေစမ်း​ ခရမ်း​ပျိုး​ခဲ့​တယ်။
အင်ဒိုချိုင်း ​နား​စစ်ပွဲ ချုပ်ငြိမ်း​ခဲ့​တာနဲ့​ နိုင်ငံတွင်း​ တိုင်း​ရင်း​သား​လူမျိုး​များ​အကြား​ စိတ်ဝမ်း​ကွဲပြား​ပြီး​ လက်နက်ကိုင်ပဋိပက္ခများ​ မရှိတဲ့​အချက်ကပင် တံခါး​ဖွင့်​လာတဲ့​ ဗီယက်နမ်​ဈေး​ကွက်ကို နိုင်ငံတကာရင်း​နှီး​မြှုပ်နှံမှု​တွေ အလုံး​အရင်း​ဝင်​ရောက်လာတဲ့​ အ​ခြေခံအ​ကြောင်း​ရင်း​တခု ဖြစ်ခဲ့​ပါတယ်။ ရန်သူအ​မေရိကန်ကို စီး​ပွား​ရေး​မဟာမိတ်အဖြစ် ​ပြောင်း​လဲနိုင်ခဲ့​တဲ့​ ဗီယက်နမ်​ခေါင်း​ဆောင်​တွေရဲ့​ ​ခေါင်း​ဆောင်မှု အရည်အ​သွေး​ကလည်း​ အဓိကကျပါတယ်။
မြန်မာ​ခေါင်း ​ဆောင်​တွေ ဗီယက်နမ်​ခြေလှမ်း​မျိုး​ စလှမ်း​နိုင်ပါ့​မလား​။ အခုအချိန်ထိ​တော့​ နိုင်ငံမှာ အမျိုး​သား​စိတ်ဝမ်း​ကွဲပြား​မှုနဲ့​ လက်နက်ကိုင် ပဋိပက္ခ​တွေရှိ​နေဆဲဖြစ်ပြီး​ အစိုး​ရအဆက်ဆက်က ငြိမ်း​ချမ်း​ရေး​တည်​ဆောက်ဖို့​ ပျက်ကွက်​နေတုန်း​ပါပဲ။
ဘယ်လိုပဲ ကြီး​မာတဲ့​စီး​ပွား​ရေး​ ​ဈေး​ကွက်ကြီး​နှစ်ခုဖြစ်တဲ့​ တရုတ်နဲ့​ အိန္ဒိယနိုင်ငံအကြား​ ပထဝီစီး​ပွား​ရေး​ အချက်အချာ ကျကျတည်ရှိ​နေ​နေ၊​ ရှည်လျား​တဲ့​ ​တောင်ဘက်ပိုင်း​ ကမ်း​ရိုး​တန်း​က​နေ အိန္ဒိယသမုဒ္ဒရာ ထွက်​ပေါက်နဲ့​ ကမ်း​လွန်​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​ကြွယ်ဝတဲ့​ ​ရေခံ​မြေခံ​ကောင်း​တွေ ရှိ​နေ​နေ မြန်မာနိုင်ငံဟာ ​ဒေသတွင်း​ အ​ပြောင်း​အလဲ​တွေကို မ​လေ့​လာ သင်ခန်း​စာ မယူဘူး​ဆိုရင် ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန် တည်​ဆောက်​ရေး​ လုပ်ငန်း​တွေ ထင်သ​လောက် ခရီး​မတွင် ဖြစ်​နေပါလိမ့်​မယ်။ အခုလည်း​ စီမံကိန်း​ အ​ကောင်အထည်​ဖော်လာတာ တနှစ်​ကျော်လာ​ပေမယ့်​ မယ်မယ်ရရ ဘာမှမ​တွေ့​ရ​သေး​ပါဘူး​။
ဘယ်လိုဖြစ်လို့ ​ပါလဲ။ အ​ခြေခံအ​ကြောင်း​တရား​တချို့​ ရှိ​နေတယ်ဆိုရင် ပထမဆုံး​အလွယ်တကူ လက်ညှိုး​ထိုး​တတ်ကြတာက အ​နောက်နိုင်ငံကြီး​တွေရဲ့​ အ​ရေး​ယူ ပိတ်ဆို့​မှု​တွေပဲဖြစ်တယ်။ တကယ်​တော့​ ပြည်တွင်း​လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း​အောင် မလုပ်​ဆောင်နိုင်​သေး​တဲ့​အချက်က စွန့်​စား​မှုလုပ်ရမယ့်​ နိုင်ငံခြား​ကုမ္ပဏီ​တွေ တွန့်​ဆုတ်နိုင်တဲ့​ အဓိက အ​ကြောင်း​တရာတခုပါ။ နယ်စပ်​ဒေသမှာ လက်နက်ကိုင် ပဋိပက္ခ​တွေ ရှိ​နေသ​ရွေ့​ မဲ​ခေါင်​ဒေသ စီး​ပွား​ရေး​မဟာစင်္ကြန် လမ်း​မကြီး​မှာ မြန်မာနိုင်ငံ​လျှောက်လှမ်း​ဖို့​ ခက်​နေဦး​မှာပါ။
နောက်တချက်က ​ဈေး​ကွက်စီး​ပွား​ရေး​ကို စတင်ကျင့်​သုံး​လာခဲ့​တာ နှစ်​ပေါင်း​ ၂၀ ​ကျော်ခဲ့​ပေမယ့်​ စီး​ပွား​ရေး​တိုး​တတ်ဖို့​ အတွက် အ​ခြေခံလိုအပ်တဲ့​ ခိုင်မာ​ခေတ်မီတဲ့​ ​ငွေ​ကြေး​ဆိုင်ရာမူဝါဒနဲ့​ ​ငွေ​ကြေး​ချော​မွေ့​စွာ စီး​ဆင်း​လည်ပတ်မှုကို အာမခံနိုင်တဲ့​ ဘဏ်လုပ်ငန်း​ အ​ခြေခံအ​ဆောက်အအုံကို အခုအချိန်ထိ မတည်​ဆောင်နိုင်​သေး​တာပါပဲ။
မက်ခရိုစီး​ ပွား​ရေး​ တိုး​တက်မှုအတွက် မြန်မာအစိုး​ရအ​နေနဲ့​ မကြာခင်က အထူး​စီး​ပွား​ရေး​ဇုန် ဥပ​ဒေပြဋ္ဌာန်း​ခဲ့​ပါတယ်။ ထိုင်း​နိုင်ငံရဲ့​ အကြီး​ဆုံး​ ​ဆောက်လုပ်​ရေး​ကုမ္ပဏီကြီး​တခုဖြစ်တဲ့​ Italian-Thai Development PCL ကိုလည်း​ စီမံကိန်း​ တခုလုံး​တည်​ဆောက်ဖို့​ ​မြေငှား​ရမ်း​ခဲ့​သလို လုပ်ပိုင်ခွင့်​လည်း​ အပြည့်​အဝ ​ပေး​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ အခုအချိန်အထိ ထား​ဝယ်စီမံကိန်း​မှာ ရင်း​နှီး​မြှုပ်နှံဖို့​ စိတ်ဝင်စား​ကြောင်း​ နိုင်ငံခြား​ကုမ္ပဏီကြီး​တွေကမှ ပွင့်​လင်း​မြင်သာမှုရှိရှိ ထုတ်​ဖော်​ကြေညာတာ မ​တွေ့​ရ​သေး​ပါဘူး​။
နိုင်ငံခြား​ ရင်း​နှီး​မြှုပ်နှံမှု​တွေအတွက် အဓိက အဟန့်​အတား​ဖြစ်​နေတဲ့​ အချက်တခုက မြန်မာကျပ်​ငွေနဲ့​ နိုင်ငံခြား​ငွေလဲနှုန်း​ အမျိုး​မျိုး​ဖြစ်​နေတဲ့​ အချက်ပါပဲ။ ဒါကို ပြင်ဆင်နိုင်ဖို့​အတွက် နိုင်ငံတကာ​ငွေ​ကြေး​ရန်ပုံ​ငွေ အဖွဲ့​ကြီး​ရဲ့​ အကူအညီနဲ့​ အစိုး​ရအသစ်အ​နေနဲ့​ စတင်​ဆောင်ရွက်လာတာ ​တွေ့​ရပြီး​ ပုဂ္ဂလိက ဘဏ်​တွေကို နှစ်​ပေါင်း​ ၂၀ အတွင်း​ ပထမဆုံး​အကြိမ် နိုင်ငံခြား​ငွေ လဲလှယ်​ရောင်း​ဝယ်ခွင့်​ကို တရား​ဝင်ခွင့်​ပြုခဲ့​တယ်။
တရား​ဝင်​ ငွေလဲနှုန်း​ တမျိုး​တည်း​ဖြစ်​အောင် မ​ပြောင်း​လဲနိုင်​သေး​ပေမယ့်​ အသစ်ဖွင့်​လှစ်တဲ့​ ​ငွေလဲ​ကောင်တာ​တွေမှာ ​ဈေး​ကွက်​ပေါက်​ဈေး​အတိုင်း​ ​ငွေလဲနှုန်း​သတ်မှတ်လာပါတယ်။ ဒါ​ပေမယ့်​ မိမိမှာရှိတဲ့​ နိုင်ငံခြား​ငွေကို လဲလှယ်ချင်သူ​တွေအတွက် အဲ့​ဒီ​ငွေကို ဘယ်လို ရရှိထား​ကြောင်း​ အ​ထောက်အထား​တွေ ပြ​နေရပါ​သေး​တယ်။
ဒီလိုဖြစ်​ ပေါ်တိုး​တက်မှု အ​သေး​အဖွယ်​လေး​ကို ဆယ်စုနှစ်များ​အတွင်း​ ပထမဆုံး​အကြိမ် ​ငွေ​ကြေး​ဆိုင်ရာ ​ဖြေ​လျော့​မှုကြီး​တခုအဖြစ် ပြည်တွင်း​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေအကြား​ အား​ရ​ကျေနပ်​နေခဲ့​ရ​ပေမယ့်​ ​ဒေသတွင်း​နိုင်ငံ​တွေရဲ့​ ဖြစ်​ပေါ်တိုး​တက်မှုနဲ့​ နှိုင်း​ယှဉ်ကြည့်​ရင် ရယ်စရာ​တောင် ​ကောင်း​နေပါတယ်။
လွန်ခဲ့​တဲ့​ ၄ နှစ်အတွင်း​ က​မ္ဘောဒီယား​၊​ လာအိုနဲ့​ ဗီယက်နမ်နိုင်ငံ​တွေကို ​လေ့​လာ​ရေး​နဲ့​ အလည်အပတ်ခရီး​စဉ်အဖြစ် စာ​ရေး​သူ​ရောက်ခဲ့​စဉ်က အ​မေရိကန်​ဒေါ်လာအပါအဝင် နိုင်ငံခြား​ငွေ​ကြေး​မျိုး​စုံကို လမ်း​ဘေး​မှာ မည်သူမဆို အလွယ်တကူ လဲလှယ်လို့​ရပါတယ်။ လမ်း​ဘေး​ဈေး​သည်ကအစ သူတို့​နိုင်ငံကို လာလည်တဲ့​ နိုင်ငံခြား​သား​တွေကို အ​မေရိကန် ​ဒေါ်လာနဲ့​ ​ရောင်း​ဝယ်​နေကြပြီး​ နိုင်ငံခြား​ဝင်​ငွေ တိုက်ရိုက်ရရှိ ခံစား​နေကြပါပြီ။ လက်ထဲက နိုင်ငံခြား​ငွေ တကျပ် တပြား​ကို ဘယ်ကရသလဲဆိုတာ ဘယ်အစိုး​ရကမှ စစ်​ဆေး​မ​နေ​တော့​ပါဘူး​။
နိုင်ငံခြား​ ငွေလဲနှုန်း​ တခုတည်း​ ထား​နိုင်ရှိ​ရေး​က တိုင်း​ပြည်ရဲ့​ မက်ခရိုစီး​ပွား​ရေး​မူဝါဒ (Macroeconomic Policy) အတွက် အ​ရေး​ကြီး​သလို ကမ္ဘာ့​ငွေ​ကြေး​ဈေး​ကွက်မှာ ​ငွေမာ (Hard Currency) အဖြစ်သတ်မှတ်ထား​တဲ့​ ​ဒေါ်လာနဲ့​ ယူရိုလို နိုင်ငံတကာ​ငွေ​ကြေး​တွေကို နိုင်ငံသား​တွေ လွတ်လွတ်လပ်လပ် လက်ဝယ် ပိုင်ဆိုင်သုံး​စွဲခွင့်​ပေး​မယ်ဆိုရင် ဒါဟာလည်း​ မြန်မာနိုင်ငံသား​တွေအတွက် အ​ရေး​ပါတဲ့​ စီး​ပွား​ရေး​လွတ်လပ်ခွင့်​ ရရှိလိုက်တာပဲ ဖြစ်တယ်။
မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံ​တွေထဲမှာ ​ငွေထုတ်စက် (ATM) မရှိ​သေး​တဲ့​ တခုတည်း​သောနိုင်ငံပါ။ မြန်မာနိုင်ငံကို မ​ရောက်ဖူး​လို့​ အလည်အပတ်သွား​ချင်တဲ့​ မိတ်​ဆွေထိုင်း​လူမျိုး​ တချို့​က အကြံဉာဏ်​တောင်း​လာတဲ့​အခါ ပထမဆုံး​ ​ပေး​မိတဲ့​အကြံက ​ငွေ​ကြေး​တမျိုး​မျိုး​ကို လက်ထဲမှာ အလုံအ​လောက် ကိုင်​ဆောင်သွား​ဖို့​နဲ့​ မိမိမှာပါသွား​တဲ့​ ATM ကတ်ပြား​ကို အား​မကိုး​ဖို့​ မှာမိတတ်ပါတယ်။ လာအိုနိုင်ငံလို ကုန်တွင်း​ပိတ်ဖွံ့​ဖြိုး​မှု အနည်း​ဆုံး​နိုင်ငံမှာ​တောင်မှ ATM ကတ်​တွေကို အလွယ်တကူသုံး​လို့​ရ​နေပြီ။
ထိုင်း​ နိုင်ငံမှာ မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​ သန်း​နဲ့​ချီရှိ​နေပြီး​ သူတို့​ရဲ့​လုပ်အား​ခ​တွေနဲ့​ စု​ဆောင်း​ငွေ​တွေကို လစဉ် မြန်မာပြည်ကို ပြန်ပို့​နေတာ ထိုင်း​ဘတ်​ငွေ သိန်း​ပေါင်း​ရာနဲ့​ ချီရှိပါတယ်။ နှစ်နိုင်ငံအကြား​ ဘဏ်လုပ်ငန်း​ အဆက်အသွယ်မရှိလို့​ “ဟွန်ဒီ” လို့​ခေါ်တဲ့​ တရား​မဝင် ​ငွေလွှဲတဲ့​နေရာ​တွေက​နေ နည်း​လမ်း​အမျိုး​မျိုး​နဲ့​ လွှဲ​နေကြရပါတယ်။ ဒီလို အ​ခြေခံ​ငွေလွှဲစနစ် ဝန်​ဆောင်မှုကို အစိုး​ရတရပ်အ​နေနဲ့​ မလုပ်​ဆောင်နိုင်​သေး​သ​ရွေ့​ ထား​ဝယ်​ဒေသမှာ လာ​ရောက် အလုပ်လုပ်ကိုင်ကြမယ့်​ ထိုင်း​လူမျိုး​ အများ​ဆုံး​ပါဝင်နိုင်တဲ့​ နိုင်ငံခြား​သား​လုပ်သား​တွေ အတွက်လည်း​ အခက်အခဲ​တွေ့​ရပါလိမ့်​မယ်။
ငွေ​ကြေး​စီး​ ဆင်း​မှုနဲ့​ သုံး​စွဲမှုအဆင်​ပြေ​ရေး​ဟာလည်း​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်လို ဧရာမစီး​ပွား​ရေး​ စီမံကိန်း​ကြီး​တွေနဲ့​ ခရီး​သွား​လုပ်ငန်း​ ဖွံ့​ဖြိုး​ရေး​အတွက် အသက်တမျှ အ​ရေး​ကြီး​သလို အ​ခြေခံလူတန်း​စား​ အဆင့်​အထိ ဘဏ်လုပ်ငန်း​ ဝန်​ဆောင်မှု​တွေ ​ရောက်ရှိပါမှ ​ငွေ​ကြေး​လွတ်လပ်ခွင့်​တွေ ခံစား​ခွင့်​ရရှိပါမှ တိုင်း​ပြည် စီး​ပွား​ရေး​အနာဂတ် ​ကောင်း​မှာဖြစ်ပါတယ်။

Sunday, December 18, 2011

ကမ္ဘာကိုတုန်လှုပ်စေခဲ့သော၅၅ပေရှည်မြွေကြီး




တရုတ်ပြည် တောနက်ထဲမှာ တွေ့ရတဲ့ ၅၅ ပေရှည်တဲ့မြွေကြီးဟာ ယနေ့အချိန်မှာ ခေတ်အစားဆုံး သတင်း တပုဒ်ဖြစ်လို့လာခဲ့ပါပြီ ။ ဒီသတင်းကို မူရင်းစတင်ခဲ့တာကတော့ တရုတ်နိုင်ငံ Official Communist Party သတင်းစာဖြစ်တဲ့ People's Daily ရဲ့ သတင်း website မှာ ဖော်ပြထားခဲ့ပါတယ် ။

ဒီသတင်းကပြောဆိုထားတာကတော့ Jiangxi စီရင်စု မှ Guping မြို့တော်အပြင်ဖက်မှာရှိတဲ့ သစ်တောကို လမ်း အသစ်ဖောက်လုပ်ဖို့အတွက် အလုပ်သမားတွေ သစ်တောရှင်းလင်းစဉ်းမှာ ဒီ ဧရာမကြီးမားတဲ့ မြွေကြီး ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ် ။ ဒီမြွေကြီးဟာ အလွန်ကြီးမားတဲ့ မြွေကြီး ၂ ကောင်အနက်က တကောင်ဖြစ်ပြီး ဖြစ်စဉ်ကတော့ အလုပ်သမားတွေက မြေကြီးတွေကို ညှိဖို့ မြေတူးစက်နဲ့ ဆောင်ရွက်နေစဉ်မှာ မြေကြီးထဲမှာ အိပ် ပျော်နေတဲ့ နှစ်ချို့ မြွေကြီးတွေဟာ ပြန်လည် နိုးထလာခဲ့ရခြင်းဖြစ်ပါတယ် ။

" တတိယ အကြိမ်တူးလိုက်တဲ့အခါ အော်ပရေတာက မြေကြီးတွေပေါ်မှာ သွေးတွေကို တွေ့လိုက်ရပါတယ် ပြီး တော့ ဆက်ပြီးတူးလိုက်တဲ့အခါ သေနေတဲ့ မြွေကြီးကိုတွေ့ရတာပါပဲ " လို့ အလုပ်သမားတွေက ပြောပါတယ် ။

" အဲဒီတချိန်တည်းမှာပဲ ရွှေရောင်အဆင်းရှိတဲ့ နောက်မြွေကြီးတကောင်က ပါးစပ်ကြီးဟပြီး ပေါ်လာခဲ့ပါတယ်.. ကားမောင်းသမားဟာ ကြောက်လန့်လွန်းတဲ့အတွက် အလွန်ကို တုန်လှုပ်ခဲ့ပါတယ် တခြား အလုပ်သမား တွေကတော့ အဲဒီအချိန်မှာ အသက်ရှင်ဖို့အတွက် ထွက်ပြေးသွားကြပါပြီ .. အချိန်အတော်ကြာလို့ အလုပ်သမား တွေ ပြန်ရောက်လာတဲ့အခါ ဒါဏ်ရာရနေတဲ့ မြွေကြီးကသေဆုံးနေပါပြီ ဒါပေမယ့် နောက်မြွေကြီး တ ကောင်ကတော့ တောထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ် မြေတူးစက်မောင်းတဲ့သူဟာ ကြောက် လန့်လွန်းတဲ့ အတွက် စိတ်မူမမှန်ဖြစ်ခဲ့ရပြီး အခုဆိုရင် မတ်တပ်တောင်မရပ်နိုင်တော့ပါဘူး "

နောက်ဆက်တွဲ သတင်းမှာ ဖော်ပြခဲ့တာကတော့

" မြေတူးစက်မောင်းသမားဟာ အလွန်ကို ထိတ်လန့်ခဲ့တာကြောင့် နှလုံး တိုက်ခိုက်ခံရမှု ( Heart Attack) ရရှိခဲ့ပြီး ဆေးရုံကိုပို့ခဲ့ရပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ တော့ သေဆုံးသွားခဲ့ပါတယ် " လို့ဆိုပါတယ် ။

သေနေတဲ့မြွေကြီးဟာ ၅၅ ပေ (၁၆.၇ မီတာ) ရှည်လျှားပြီး ခန့်မှန်းခြေ နှစ်ပေါင်း ၁၄၀ သက်တမ်း ရှိပါပြီ ။

ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အစိုးရထုတ် သတင်းစာတွေကတော့ မြွေကြီးအကြောင်းကို အကျယ်တ၀င့် ရေးသား ခဲ့ကြပြီး ဓါတ်ပုံသတင်းတွေအရ အလွန်ကြီးမားတဲ့မြွေကြီးဟာ တကယ်တော့ ဒီဒေသဟာ သူ့ရဲ့ (စားကျက် )ကျက်စားရာနေရာမဟုတ် ပါဘူးလို့ဆိုထားပါတယ် ။

မူရင်းဆိုက် - http://english.peopledaily.com.cn/

မက္ကဆီကိုနိုင်ငံမှကျောချမ်းဖွယ်အရုပ်ကျွန်း




တိုးရစ်တွေ ခရီးသွားလာဖို့ ရည်ရွယ်ပြီးပြုလုပ်ထားတဲ့ မက်ဆီကိုနိုင်ငံမှ အရုပ်ကျွန်းဟာ တကယ် ပဲ ကြောက် မက်ဖွယ်ရာ ကျောချမ်းဖွယ်ရာကောင်းလှပါတယ် ။ အရုပ်တွေမှန်းသိပေမယ့် တိတ်ဆိတ်ငြိမ်သက်တဲ့ ကျွန်းဖြစ် တာရယ် ရာသီဥတု ပတ်ဝန်းကျင်အခြေအနေမှာ အရုပ်တွေကို ချိတ်ဆွဲထားပုံက အလွန်ပဲ ကြက်သီး ထဖွယ် ရာဖြစ်ပါတယ် ။ ကဲ ကျွန်တော်တို့လည်း ခရီးသည်တွေနဲ့အတူ မက်ဆီကိုမှ အရုပ်ကျွန်းကို တစ်ခေါက်လောက် လည်ပတ်ကြည့်ရှုရအောင်လားဗျာ ။




















စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.........

Saturday, December 17, 2011

ထားဝယ်စီမံကိန်းအကြောင်း ဗွီဒီယို

ထားဝယ်တိုင်းကြည့်သင့်တဲ့ဗွီဒီယိုဖိုင်လေးတစ်ခုဖြစ်ပါတယ်။
ငါတို့ဒေသရဲ့ကံကြမ္မာတွေကတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ
ဒါကိုကြည့်ပြီဆုံးဖြတ်နိုင်ရမှာပါ။ ထိုင်းမှာ ထားဝယ်တွေလုပ်ပေးနေလို့
ချမ်းသာသွားကြပေမဲ့ ထားဝယ်မှာထိုင်းတွေကြောင့်ထားဝယ်တွေစိတ်ဆင်းရဲနေကြ
ရပါပြီ။ စီမံကိန်း ကြောင့် ဘာမှထူးမလာရင်တော့ ထားဝယ်အကြောင်းကောင်းကောင်း
သိသွားစေရမယ်ကွ။ အများကောင်းဖို့အတွက် အသက် ၄ ချောင်းလောက်ရင်းလိုက်ရင်
မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း သတင်းစာ ရှင်းလင်းပွဲ


တော်ဝင် နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်သော ထားဝယ် ရေနက်ဆိပ်ကမ်း သတင်းစာ ရှင်းလင်းပွဲ
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့၌ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ထားဝယ် ဒေသခံ ပြည်သူများ စုပေါင်းပြီး ထားဝယ် ရေနက်ဆိပ်ကမ်း
တည်ဆောက်မည့် စီမံကိန်းအပေါ် ပြည်သူများ၏ သဘောထား ၊ အမြင်များကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆို ကျင်းပခဲ့ကြပါသည်။
ထိုသတင်းစာ ရှင်းလင်းပွဲကို ထားဝယ် ဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (DDA) က ဦးစီးကျင်းပခဲ့ပါသည်။ ၎င်းသတင်းစာ ရှင်းလင်းပွဲတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
အဖွဲ့တွေမှ ပညာရှင်တွေ ၊ သတင်းထောက်တွေ နှင့် ဒေသခံတွေ ကိုယ်တိုင် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စတင် တည်ဆောက်ချိန်မှစပြီး ဒေသခံတွေဆီမှ သိမ်းဆည်းထားသော မြေနေရာများကို ယခုအချိန်ထိ လျော်ကြေး မပေးတဲ့အတွက် လျော်ကြေး
ရရှိလိုကြောင်း ဒေသခံတွေမှ ပြောဆိုခဲ့ပါသည်။
ထိုသတင်းစာ ရှင်းလင်းပွဲတွင် တက်ရောက် လာသော ဒေသခံ ကိုယ်စားလှယ် များအနက် လက်ရှိ တည်ဆောက် နေသော စီမံကိန်းကို ကိုယ်စားလှယ် ၈ ဦးသည် ဆန့်ကျင်
တားဆီးလိုစိတ် မရှိပါ။ စီမံကိန်း နယ်မြေထဲ ပါသွားသော အိမ်ခြံမြေ ဥယျာဉ်တွေကို ညီမျှသော တန်ဖိုးနှင့် လျော်ကြေး ပေးဖို့ ၊ ယခင်ရှိနေသော ယဉ်ကျေးမှု နယ်မြေတွေကို
မပျက်စီးစေရန် စသည့် ထားဝယ် ဒေသခံ၏ ဆန္ဒတွေကို တောင်းဆို ခဲ့ကြပါသည်။
ထိုထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ စတုရန်း ကီလိုမီတာ ၂၅၀ အကျယ်အဝန်းကို အသုံးပြုမှာဖြစ်ပြီး ရွာပေါင်း ၁၉ ရွာ လူဦးရေ ၃၂၀၀၀ ကျော် ရွှေ့ပြောင်းပေးရမှာ
ဖြစ်ပါသည်။

Friday, December 16, 2011

မြန်မာပြည်ဖုန်းတွေမှာအင်တာနက်သုံးနည်း



ခေတ်နဲ့အညီ ရင်ဘောင်တန်းပြီး တိုးတက်နေတဲ့ ကျနော်တို့ မြန်မာပြည်ကြီးမှာ ဖုန်းတွေနဲ့ အင်တာနက်သုံးလို့ ရနေပြီဆိုတော့ အင်တာနက် Setting လုပ်တတ်ဖို့ လိုအပ်လာပြီ ထင်ပါတယ်။ အဲဒီအခါမှာ ကိုယ်က မလုပ်တတ်တော့ ဖုန်းဆိုင်ကိုပြေး။ ဖုန်းဆိုင်ကလည်း ခပ်တည်တည်နဲ့ ဘယ်လောက်ကျတယ်ဆိုပြီး မတန်တဆတောင်း။ အဲသလို အလကား ပိုက်ဆံကုန်မယ့်ဘေးက ဝေးရလေအောင် အင်တာနက်ကတွေ့လာတဲ့ Internet Setting လုပ်နည်းလေး ဝေမျှလိုက်ပါတယ်။ မိတ်ဆွေများ မိုဘိုင်းအင်တာနက်ဖြင့် ပျော်ရွှင်နိုင်ကြပါစေ။
ဒီမှာ ဖွင့်ပေးနေတဲ့ EDGE ကို Nokia ဖုန်းနဲ့ဘယ်လို setting လုပ်တယ်ဆိုတာလေး သိသလောက်ပြောပါမယ်။
Menuကနေ Menu > Setting > Connectivity > Setting > Destinationsကိုတဆင့်ခြင်းဝင်သွားပါ။ Destinations ထဲရောက်တာနဲ့ Access Point ရယ် Internet ရယ် WAP services ရယ် menu သုံးခုကိုတွေ့ရပါမယ်။
Access Point ထဲကိုဝင်လိုက်ပါ။ Automatically check for avaliable access points ကို Yes လုပ်ပါ။ Packet data ကို ၀င်လိုက်ပါ။ Packet data access point name ကို MPTNET လို့နာမည်ပေးပါ။ Select destination ကို Internet ဟုရွေးပေးပါ။
အခုနောက် menu ဖြစ်တဲ့ Internet ကိုဝင်ပါမယ်။ အဲ့ဒီမှာခုနနာမည်ပေးခဲ့တဲ့ MPTNET ဆိုတာကိုတွေ့ရပါမယ် အဲ့ဒီကိုဝင်လိုက်ပါ။ Connection name ရယ် Access Point name မှာ MPTNET ဆိုတာတွေ့နေရပါမယ်။ Data Bearer မှာတော့ Packet data လို့တွေ့နေရပါမယ်။ Username နဲ့ Password မှာမိမိနှစ်သက်ရာပေးပါ။ Prompt password ကိုတော့ internetသုံးတဲ့အချိန်မှာ ဖေါ်ပြစေချင်ရင် Yes ပေါ့။ Authentication မှာ secureပဲပေးပေး normal ပဲပေးပေးပါ။ Homepage ကတော့ none ပဲထားပါ။ ဘာထားထား Yatanarpon web page ပဲတက်မှာပါ။
ဒါဆိုပြီးသွားပါပြီ။ options ကနေ exit လုပ်ပြီး ထွက်လိုက်လို့ရပါပြီ။ ဖုန်းနဲ့ အင်တာနက်ထဲဝင်ချင်ရင် menu ထဲမှာရှိတဲ့ ကမ္ဘာလုံးပုံ web ဆိုတာနဲ့ အင်တာနက်ထဲဝင်ပါ။ ခဏနေတာနဲ့ Yatanarpon web page ပေါ်လာပါလိမ့်မယ်။
PC ကနေသွားမယ်ဆိုရင်တော့ PC နဲ့ချိတ်ဆက်ဖို့ USB ကြိုးလိုပါမယ်။ ပြီးတော့ Nokia Ovi suite (သို့) Nokia PC suite ကွန်ပြူတာမှာ install လုပ်ထားတာရှိရပါမယ်။ အဲ့ဒီ software ကနေ connect your computer to the internet ဆိုတာနိုပ်ပြီး connect လုပ်ပါမယ်။ ပြီးရင်တော့ ကြိုက်ရာ Broswer ကိုသုံးနိုင်ပါပြီ။ ဘာ proxyမှထည့်စရာမလိုပါ။
အချိန်ရရင် Sony Ericsson အတွက်ရေးပေးပါဦးမယ်။
ဒီနေ့ငွေသွင်းပြီးရင် ညနေ ငါးနာရီလောက်ဆိုသုံးနိုင်ပါပြီ။ 100MB လောက်ကို download ဆွဲတာတော့ တစ်နာရီလောက်ကြာပါတယ်။
ဒီပို့စ်ကို Nokia N8, C6, C7 တို့ကိုအခြေခံပြီးရေးပါသည်။
ကျေးဇူးတင်ပါတယ် ကြိုက်သလိုသုံးနိုင်ပါတယ်ခင်ဗျာ ပိုက်ဆံသာသွင်းလိုက်ရပြီး ဘာကိုမှမသိလိုက်ရတဲ့သူတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ ကြိုးစားရေးလိုက်တာပါ။ connection မိရင် E ဆိုတဲ့ စာလေး ဖုန်းရဲ့ Notification Area မှာပေါ်ကြောင်းလေးပါ ထပ်ဖြည့်ပေးပါ။
PS.....http://mmcpcommunity.net/showthread.php?10652-rdkbdkif-vufudkifzkef... မှ DD85 ရေးသားထားသော post ကို ပြန်လည် မျှဝေပါသည်။

Norton™ AntiVirus 2012 19.1.1.3 (110. Mb)

စာရေးသူတော်တော်ကြိုက်တဲ့ ဗိုင်းရတ် သတ်တဲ့ဆော့ဝဲလ်လေးတစ်ခုပါ။သူများတွေ ကစပါစကီး သုံး
နေတဲ့အချိန်မှာ ဒါလေးကိုသုံးနေတာတော်တော်အဆင်ပြေတယ် တစ်ခါမှ ဗိုင်းရတ်ကြောင့်
စက်ချို့ယွင်းတာမဖြစ်ဖူးဘူး။ ကစပါစကီးက တော်တော်များများဆော့ဝဲလ်တွေရဲ့ ကီးတွေကို
ဗိုင်းရတ်ထင်ပြီး စား ပြစ်တာတွေရှိပေမဲ့ ဒီကောင်လေးကတော့အဲလိုမဟုတ်ဘူး။တော်တော်များများ
ကိုလက်ခံနိုင်တယ်။သုံးရတာလဲလွယ်တယ်။ လိုချင်သူများ အောက်မှာ ဒေါင်းလော့ဆွဲသွားကြပါ။

မှတ်ချက် ဒေါင်းလော့ဆွဲတဲ့ဆိုဒ်ကိုရောက်ရင် Requst Download Ticket ဆိုတဲ့စာတန်းလေးကိုနှိပ်လိုက်ပါ
ပြထားတဲ့စာလုံးလေးတွေကိုနှိပ်ထည့်ပြီးင် ခဏစောင့်နေလိုက်ပါ ဒေါင်းလော့ဆွဲတဲ့အကွက်လေးပေါ်လာပါလိမ့်မယ်။

ကချင်ပြည်နယ်မှ သဘာဝအလှများ

မြန်မာပြည်ကကချင်ပြည်နယ်ဟာ တောတောင် ရေမြေ သဘာဝအလှတွေ များပြားလှတဲ့ နေရာတစ်ခုဖြစ်သလို အဖိုးတန် သယံဇာတများလည်း ပေါကြွယ်ဝလှပါတယ်.. စာရေးသူ စာရေးဖြစ်ပြီးတဲ့ နောက်ပိုင်း ကချင်ပြည်နယ်ရဲ့ နေရာ အချို့က စာရေးသူရောက် ခဲ့တဲ့ နေရာတွေရဲ့ အကြောင်းတွေ၊ ဓာတ်ပုံတွေကို ဘလော့ဂ်ပေါ်ကနေ တင်ခဲ့သလောက်လည်း တင်ခဲ့ပြီးပါပြီနော်.. ဒါပေမဲ့ စာရေးသူဟာ ကချင်ပြည်နယ်ရဲ့ နေရာအစုံကို မရောက်နိုင်သေးပါဘူး.. စာရေးသူတို့ ကချင်ပြည်နယ်မှာ သဘာဝတရားရဲ့ ဖန်တီးမှုတွေနဲ့ အင်မတန် လှပသာယာတဲ့ အိက်မက်ဆန်ဆန် နေရာလေးတွေ ရှိနေပါသေးတယ်.. စာရေးသူအနေနဲ့ အခြေအနေ၊ အချိန်အခါ အခွင့်အရေးများရှိခဲ့ရင် အဲဒီနေရာတွေ သွားချင်မိပါသေး တယ်။ 

ဒါအမှန်တကယ်ရှိတဲ့သဘာဝရှုမျှော်ခင်းတွေပါ မသွားနိုင်သေးသူများ ဓာတ်ပုံကြည့်ပြီးခံစားလိုက်ကြပါ။



ရေခဲဖုံးတောင်တွေကြားက ယုံကြည်ကိုးကွယ်ရာ

Image Hosted by PicturePush - Photo Sharing
တောင်ခိုးနှင့်တိမ် ရောယှက်လိမ်

Image Hosted by PicturePush - Photo Sharing
 ချမ်းယိန်းခူးရဲ့ မိုးရာသီ ( အစိမ်းရောင်တောင်ကုန်းများ...)

Image Hosted by PicturePush - Photo Sharing
 တောင်နဲ့ မိုးတဲ့အိမ်

Image Hosted by PicturePush - Photo Sharing
 ငွေမျှင်ကြိုးနဲ့ယှက်တဲ့ တိမ်

Image Hosted by PicturePush - Photo Sharing
 ပြာရီမှိုင်းကာမို့မို့ ညို့ညို့ညိုလွင်...


Image Hosted by PicturePush - Photo Sharing

တိမ်တွေနဲ့ မျက်နှာသစ်တဲ့ရွာ


Image Hosted by PicturePush - Photo Sharing
ပန်းချီလေလား ဝိုးတဝါး


နှင်းဖုံးတောင် နောက်ခံမြင်ကွင်းနဲ့အတူ လှပခမ်းနားနေတဲ့ ဘုရားရှိခိုးကျောင်း



Image Hosted by PicturePush - Photo Sharing
မြင့်မြင့်မားမား တောင်တန်းများပေါ်မှာသာ ပွင့်တဲ့ တောင်ဇလပ်နီ

ချင်းပြည်နယ်က တောင်တန်းတွေပေါ်မှာလည်း တောင်ဇလပ်ပန်းတွေ ရှိပါတယ်။ ဒီပုံကတော့ ကချင်တောင်တန်းပေါ်က တောင်ဇလပ်ပန်းအနီပါ။ ကချင်ပြည်နယ်သူ ကျွန်မ တောင်ဇလပ်ပန်းကို အပြင်မှာ တစ်ခါမှ မမြင်ဖူးသေးပါဘူး. သူကလည်း မြင့်မား တဲ့ တောင်ပေါ်တွေ မှာသာ ပေါက်တာကိုး.. အခါအခွင့် သင့်တဲ့ တစ်နေ့နေ့ တော့ တောင်ဇလပ်ပန်းကို ကြည့်နိုင်ဖို့ ရောက်အောင်လာခဲ့ပါဦးမည်။ 

Image Hosted by PicturePush - Photo Sharing
မြောက်မှတောင်သို့ စီးဆင်းနေတဲ့ ငေါ့ချန်းခ

Image Hosted by PicturePush - Photo Sharing

မြစ်တို့၏ မာယာ


ဒီလို လှပတဲ့ ပုံတွေကိုကြည့်ပြီး ကချင်ပြည်နယ်ရဲ့ သာယာလှပမှုတွေကို ကျွန်မရဲ့ မိတ်ဆွေ သူငယ်ချင်းတွေလဲ မြင်ရအောင် တစ်စု တစ်စည်းတည်း ဘလောဂ့်ပေါ် မှာ ပြန်လည် မျှဝေပေးချင်တာနဲ့ ဒီဓာတ်ပုံတွေကို ကိုယ်တိုင် ရိုက်ယူခဲ့တဲ့ ဆရာ ငြိမ်းအေးအိမ် ဆီက ခွင့်ပြုချက် ယူကာမြင်ရတဲ့အတိုင်း ဓာတ်ပုံတွေကို ဒီနေရာကနေ  ပြန်လည်ဝေ မျှတာ ဖြစ်ပါ တယ်။ တော်တော် များများလည်း ဆရာရဲ့ Facebook မှာ မြင်ဖူးကြမယ် ထင်ပါတယ်။ သို့သော်လည်း ကျွန်မအနေနဲ့ ဆရာရဲ့ ဓာတ်ပုံတွေကို အလွန် နှစ်သက် သဘောကျလွန်းတာမို့လို့ သိမ်းထားချင်တဲ့ စိတ်လည်း ဖြစ်မိ ပါတယ်.. ပြီးတော့လည်း အဲဒီပုံတွေကို မမြင်ရသေးတဲ့ သူတွေကိုလည်း ကချင်ပြည်နယ် မြောက်ဖျားရဲ့ အလှတွေကို ခံစား ကြည့်စေချင်မိပါတယ်.. ကြည့်ပြီးသား ဆိုရင်လည်း ထပ်မံ ခံစားကြည့်ရှုကြပါလို့ ပြောချင်တာပါရှင်။



Image Hosted by PicturePush - Photo Sharing
ဒီပုံထဲက အိမ်ကတော့ ဆရာနေခဲ့ဖူးတဲ့ ရစ်ဂျော်ဆိုတဲ့ ရွာကလေးဖြစ်ပါတယ်တဲ့

Image Hosted by PicturePush - Photo Sharing
ကချင်တောင်တန်းများကြားက လော်ဝေါ် တိုင်းရင်းသားတို့ရဲ့ ချစ်စရာ့ရွာကလေး..


Image Hosted by PicturePush - Photo Sharing
လန်ဆယ်ရွာကလေးရဲ့ အိမ်

Image Hosted by PicturePush - Photo Sharing
 ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည်...

Image Hosted by PicturePush - Photo Sharing
ဘဝကြမ်းကြမ်း လမ်းကြမ်းကြမ်းမှာ တစ်ဝမ်းတစ်ခါး ရှာသူများ

 ဆီးနှင်းတို့ဖုံးလွှမ်းနေတဲ့ တောင်ပေါ်လမ်းတစ်နေရာ


Image Hosted by PicturePush - Photo Sharing
ရေခဲတွေတစ်ဝက်တစ်ပျက်ဖုံးနေတဲ့ တောင်ထွတ်နောက်ခံနဲ့ တောင်ကုန်းပေါ် စေတီ

Image Hosted by PicturePush - Photo Sharing

ဆရာက ဒီပုံကို “ဆည်းလည်းသံတို့ရဲ့ နံနက်ခင်း” လို့ အမည်ပေးထားပါတယ်.


Image Hosted by PicturePush - Photo Sharing
 မြူမှုန်ခပ်ပါးပါး လွှမ်းခြုံထားတဲ့ ရောင်ခြည်ဖြာစ နံနက်ခင်း


အခု ဒီစေတီရှိရာ အရပ်ဒေသဟာ မြန်မာပြည်အရှေ့မြောက်ဖျား မြင့်မားတဲ့ တောင်တန်းကြီးတွေရှိရာ ပန်ဝါ လို့ အမည်ရတဲ့ ဒေသဖြစ်ပါတယ်. လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ခရီးဝေးတာကြောင့် လူတိုင်းရောက် ရှိဖို့ ခက်ခဲတဲ့ ဒေသဖြစ်ပါတယ်.. အဲဒီနေရာမျိုးမှာ ခုလို စေတီနဲ့ ဆည်းလည်းနဲ့ မြင်ရတဲ့ မြင်ကွင်းဟာ အင်မတန်မှ ကြည်နူးဖွယ် ကောင်းလှပါတယ်။ မြန်မာပြည်မှာ နှင်းတွေဖုံးနေတဲ့ တောင်အနီးမှာ ခုလို စေတီ ရှိတယ်ဆိုတာ သိသူနည်းပါးလှပါတယ်..

Image Hosted by PicturePush - Photo Sharing
မယုံမရှိပါနဲ့... တကယ်ကို မြန်မာပြည်ထဲမှာပါ.. ဓမ္မာရုံနဲ့ ဘုန်းကြီးကျောင်းတည်ရှိရာ တောင်ကုန်းပါ။

ကချင်မြေမှာ ဘာသာတရားနှင့် ပတ်သက်ပြီး ကန့်သတ်ချက်မရှိဘဲ မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်နိုင်သည်ဆိုတာ စေတီပုထိုးများနှင့် ဘုရားရှိခိုးကျောင်းတို့က အကောင်းဆုံး သက်သေ သာဓကများသာ ဖြစ်နေပေမည်။

Image Hosted by PicturePush - Photo Sharing

ဒီပုံကတော့ ဗန်းမော်အနီးမှာ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုင်းရင်းသားတို့ရဲ့ သဘာဝကို ဖော်ကျူးနေတဲ့ ဒီပုံကို ဆရာက “ မြစ်သို့လမ်း” လို့ အမည်ပေးထားပါတယ်..  အဲဒီပုံနဲ့ လိုက်ဖက်တဲ့ ကဗျာလေးကိုတော့ ကိုခင်အောင်အေးက အောက်ပါအတိုင်း ရေးစပ်ထားပါတယ်.. ပုံလေးနဲ့ အတူ တွဲဖက် ခံစားကြည့်ပါနော်။

မြစ်သို့လမ်း
 
တောင်ပေါ်တောလမ်း
ရွာနီးချုပ်စပ်တွေကို ဖြတ်သန်း
ခေတ်ဆန်းချိန် ဘယ်မှာ သိနိုင်မတုန်း..
ဆယ်နှစ်ကလည်း ဒီအတိုင်း
အနှစ်နှစ်ဆယ်တုန်းကလည်း ဒီအတိုင်း
ဟိုး အနှစ်ငါးဆယ်တုန်းကလည်း
ဒီလိုပဲ ..
ဘာမှ မပြောင်းမလည်းတဲ့လမ်း
အကွေ့အကောက်ကလေးတွေကိုကျော်
အပြေလေးတွေနဲ့ ကုန်းမော့လေးတွေ
တလှည့်စီဖြတ် ဒရွတ်တိုက်ပါနေကျ
ဘဝ လို လွယ်ထားတဲ့ ပလိုင်းနဲ့
ရေနည်းသွားတဲ့ မြစ်ဖက်ဆီ။ ။


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


လှေကားထစ်စိုက်ခင်း (သူများတွေဆီမှာတင် ဒီလိုရှုခင်းရှိတယ်မှတ်လား .. ကိုယ့်ပြည်တွင်းမှာလဲ ရှိနေပါတယ်) 


Image Hosted by PicturePush - Photo Sharing

 အဝေးကကြည့်ရင် ပုဝါတစ်စ လွှင့်ကျလာသလို ဝေ့ကာဝိုက်ကာ ကဗျာဆန်လှပေမဲ့ အားမာန်ပါတဲ့ ချောင်းရေစီးသံ


Image Hosted by PicturePush - Photo Sharing

သဘာဝရဲ့ လက်ဆောင်အဖြစ် ရရှိထားတဲ့ ကြည်လင်အေးမြနေတဲ့ စမ်းချောင်းရေ


Image Hosted by PicturePush - Photo Sharing
 ချီဖွေမြစ် ( လျှပ်စစ်ဓာတ်အားစက်ရုံဆီ ပို့လွှတ်ရလေတော့ ရေစီးကြောင်းက ဖြေးဖြေးချင်း နည်းပါးလာခဲ့ပြီ



Image Hosted by PicturePush - Photo Sharing


လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ကျော်ကတည်းက တည်ရှိခဲ့တဲ့ လော်ဝေါ်ရွာလို့ ဆရာကဆိုပါတယ်..


ဒီပုံတွေ အားလုံးကို အစိမ်းရောင်လွင်ပြင် ဆိုဒ်မှ ကူးယူထားပါသည်။

သဘာဝကပေးတဲ့လက်ဆောင် လူတွေပေးတဲ့ဒုက္ခများ

ကျွန်ုပ် ဘယ်သူလဲဆိုတာ သင်တို့ သိကြပါရဲ့လား။ ကျွန်ုပ်ဟာ သင်တို့အတွက် အကောင်းဆုံး လက်ဆောင်ကိုပေးခဲ့ သူပါ။ သင်တို့ရဲ့ဘဝအတွက် မရှိမဖြစ်အရာတစ်ခု ဖြစ်ပါတယ်။ ကျွန်ုပ်မရှိဘဲ သင်တို့ဘဝဟာ မရှင်သန်နိုင်ပါဘူး။ ကမ္ဘာလောကကြီးပေါ်က လူသားတွေ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ အတွက်  ကျွန်ုပ်က  ဘာတွေကို ပေးခဲ့တယ်ဆိုတာ သတိထားမိပါရဲ့လား။ 


Image Hosted by PicturePush - Photo Sharing

ကျွန်ုပ်ဟာ သင်တို့အတွက် သန့်စင်ကြည်လင်နေတဲ့ ရေချိုတွေ ပေးခဲ့တယ်။.


Image Hosted by PicturePush - Photo Sharing

ကြည်လင်ယာယာစွာ စီးဆင်းနေတဲ့ စမ်းချောင်းတွေ၊ မြစ်တွေကို ပေးခဲ့တယ်။  


Love The Mother Nature


သာယာလှပတဲ့ ရေတံခွန် စိမ့်စိမ်းတွေ ပေးခဲ့တယ်
Image Hosted by PicturePush - Photo Sharing

သစ်ပင်တွေ မျိုးစုံလှတဲ့ တောအုပ်တွေကို ပေးခဲ့တယ်.


Image Hosted by PicturePush - Photo Sharing





 အေးချမ်းသာယာလှတဲ့ ရေခဲတောင်တွေပေးခဲ့တယ်။.

ဖူးပွင့်ဝေဆာလှစွာ အရောင်အသွေးစုံပန်းကလေးတွေနဲ့ အလှပဆုံးရှုခင်းတွေ ပေးခဲ့တယ်။


Image Hosted by PicturePush - Photo Sharing

 မြေဆီမြေနှစ် ပြည့်ဝလှတဲ့ စိုက်ပျိုးမြေတွေ ပေးခဲ့တယ်။

ကျွန်ုပ် သင်တို့အတွက် အကောင်းဆုံး လက်ဆောင်တွေပေးခဲ့တယ်။ ဒါပေမဲ့ သင်တို့ဟာ ကျွန်ုပ် ပေးထားတဲ့ အရာတွေကို တန်ဖိုးမထားခဲ့ကြဘူး... တန်ဖိုးကို မသိမြင်နိုင်ခဲ့ဘူး။ ကျွန်ုပ် ပေးတဲ့ သဘာဝအလှအပတွေကို ဖျက်ဆီးပစ်ခဲ့ကြတယ်။ 


Love The Mother Nature

မြစ်ချောင်းရေကန်တွေကို ညစ်နွမ်းအောင်လုပ်တယ်

Love The Mother Nature

ပင်လယ်ကမ်းခြေကို ညစ်ပတ်စေခဲ့တယ်


Love The Mother Nature

အမှိုက်တွေကို စည်းကမ်းမရှိ ပစ်ထားကြတယ်


Image Hosted by PicturePush - Photo Sharing
လူတစ်ချို့ရဲ့ နမော်နမဲ့နိုင်မှုကြောင့်တောမီးတွေလောင်စေတယ်


Image Hosted by PicturePush - Photo Sharing

သစ်တောတွေ ပြုန်းတီးစေတယ်


Image Hosted by PicturePush - Photo Sharing

သစ်ပင်တွေ လောင်စာအဖြစ် အသုံးချလို့ တောတွေ ကုန်ပြီ။

Image Hosted by PicturePush - Photo Sharing 

တောတောင်တွေ ဖျက်ဆီးကြတယ်



သင်တို့လူသားတွေအတွက် ကျွန်ုပ်ပေးထားတဲ့ သဘာဝအလှအပ အရင်းအမြစ်တွေကို သင့်တို့ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ကြပြီ။ 


ဒါတင်မက ကျွန်ုပ်ဟာ သင်တို့အတွက် သဘာဝ တောတိရိစ္ဆာန်တွေကိုလည်း လက်ဆောင် အဖြစ် ပေးခဲ့သေးတယ်။

Image Hosted by PicturePush - Photo Sharing



Love The Mother Nature


Love The Mother Nature



lemurs


Love The Mother Nature


Image Hosted by PicturePush - Photo Sharing







ဒါပေမဲ့ သင်တို့ဟာ ကျွန်ုပ်ပေးတဲ့လက်ဆောင်တွေကို တန်ဖိုးမထားရက်စက် ကြမ်းတမ်းစွာ ဖျက်ဆီး ရက်ကြပါတယ်။


 seals 12 Killing Animals – Unethical and Immoral




Love The Mother Nature



 wolf 22 Killing Animals – Unethical and Immoral
ဂုဏ်သိက္ခာအတွက် သတ်ကြတယ်

wolves 12 Killing Animals – Unethical and Immoral
အမွှေးကိုလိုချင်လို့ သတ်တယ်

Whaling 32 Killing Animals – Unethical and Immoral



အဆီနဲ့အသားကိုလိုချင်လို့ သတ်တယ်

gorillas 23 Killing Animals – Unethical and Immoral
 ရှားပါးလို့ ဖမ်းဆီးကြပြန်တယ်



Image Hosted by PicturePush - Photo Sharing

 အလှထားဖို့ သတ်ကြတယ်


 အသုံးအဆောင်အတွက် သတ်ကြတယ် 

ကျွန်ုပေးတဲ့ လက်ဆောင်တွေအားလုံး သင်တို့လူသားတွေကိုယ်တိုင် လောဘစိတ်ကြောင့် ဖျက်ဆီးကုန်ကြပြီ။  ကျွန်ုပ်ဟာ သင်တို့ကို အသက်ရှိတဲ့အရာတွေကို ပေးထားခဲ့ပါလျှက်နဲ့ အသက်သေအောင် သင်တို့ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ဂုဏ်သိက္ခာနဲ့ သတ္တဝါတွေရဲ့အသက် ဘယ်ဒင်းက ပိုအရေးကြီးသလဲဆိုတာ ခွဲခြား နားမလည်တဲ့အခါ ကမ္ဘာကြီးဟာ လွင်တီးခေါင်ခေါင်ဖြစ်လို့ တောင်တွေ ကတုံး ဖြစ်သွားလိမ့်မယ်။



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ဒီလို အရိပ်မဲ့၊ အကာအကွယ်မဲ့၊ သားကောင်တိရိစ္ဆာန်တွေ ကင်းမဲ့နေတဲ့ကမ္ဘာမြေကြီးကို သင့် မိသားစု နောင်လာနောက်သားတွေ အတွက် ချန်ရစ်ခဲ့လိုပါသလား။ 

ကျွန်ုပ်အတွက်၊ ကမ္ဘာမြေကြီးအတွက်၊ နောင်လာနောက်သားတွေအတွက် တစ်ခုခုတော့ လုပ်ပေးခဲ့ပါ။ သင်မှမလုပ်ရင် ဘယ်သူတွေ လုပ်မလဲ။ အခု မလုပ်ရင်ရော ဘယ်ချိန်မှ လုပ်မှာလဲ..



Image Hosted by PicturePush - Photo Sharing

 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing







တိရိစ္ဆာန်တွေကို ကြင်နာပါ

Image Hosted by PicturePush - Photo Sharing
သင်ကိုယ်တိုင် သစ်ပင်စိုက်ပျိုးပါ။

Image Hosted by PicturePush - Photo Sharing
 ကလေးတွေကိုလည်း သစ်ပင်ကို ချစ်ခင်မြတ်နိုးတတ်အောင်၊ သစ်ပင်တစ်ပင်ရဲ့ တန်ဖိုးကို နားလည်အောင်


Image Hosted by PicturePush - Photo Sharing
သစ်ပင်စိုက်ပျိုးတတ်တဲ့ အကျင့်ကောင်းကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပါ။ 

 ဒါဆိုရင် ကျွန်ုပ်အတွက် သင့်အတွက်၊ နောင်လာနောက်သားတွေအတွက် စိမ်းစိုလှပ သာယာတဲ့ ကမ္ဘာမြေကြီးဟာ ဆက်လက် တည်ရှိနေမှာပါ။ ကျွန်ုပ်ဟာ သင်တို့ကမ္ဘာမြေကြီးအတွက် လက်ဆောင်များစွာ ပေးထားခဲ့တဲ့ သဘာဝတရား ဖြစ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
  


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls